Channel Myanmar

Jamie Flatters

Avatar: The Way of Water (2022) 8.1
Avatar: The Way of Water (2022) Avatar: The Way of Water (2022) ======================== IMDb Rating - 8.1/10(function(f,b,n,j,x,e){})();2009 ခုနှစ်က ဆုပေါင်းများစွာနဲ့ ဝင်ငွေစံချိန်တင်ခဲ့တဲ့ Avatar ရုပ်ရှင်ရဲ့အဆက် Avatar 2 : The Way of Water ကြည်တောက် ရှင်း Version ရပြီမို့ တင်ဆက်ပေးထားပါပြီ။ဇာတ်လမ်းအကျဉ်း ............................ ဇာတ်လမ်းကတော့ ဂျိတ်ဆော်လီနဲ့ နတီးရီတို့ လက်ထပ်ပြီး ပန်ဒိုရာ တောထဲမှာ အတူနေကြတာကနေ ပြန်ဆက်ထားပါတယ်။ ကောင်းကင် လူမျိုးလို့ခေါ်တဲ့ ကမ္ဘာသားတွေကို ကမ္ဘာပေါ်ကို ပြန်ပို့ပြီး နာဗီတွေ သာယာအေးချမ်းနေကြပါပြီ။ ဂျိတ်ဆော်လီနဲ့နတီးရီတို့လည်း သားသမီး လေးယောက်နဲ့ မိသားစုကြီးဖြစ်နေပါပြီ။ ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာ တမဟုတ်ချင်းပျောက်ကွယ်တတ်တဲ့အရာမို့ ကမ္ဘာသားတွေ နောက်တစ်ခါ အင်အားအပြည့်နဲ့ ကျူးကျော်လာတဲ့အခါမှာတော့ နာဗီမျိုးနွယ်တွေ ပုန်း ရှောင်နေကြရပြီး ပြောက်ကြားစစ်နဲ့ ပြန်တိုက်ခိုက်ကြရပါတော့တယ်။အဲဒီတိုက်ပွဲတွေကိုလည်း ဂျိတ်ကပဲ ဦးဆောင်ပြီး သူ့ရဲ့ သားနှစ်ယောက်လည်း ပါဝင်တိုက်ခိုက်နေရပါတယ်။ ဒါပေမဲ့ ကမ္ဘာဘက်ကလည်း အက်ဗာတာ အထူးတပ်တွေထုတ်သုံးပြီး ဂျိတ်တို့ကို သတ်ဖို့လိုက်လာတဲ့အခါမှာတော့ ဂျိတ်တို့မိသားစု ရှင်သန်ဖို့ အသက်လုတိုက်ပွဲတွေ ဆင်နွှဲလာရပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ...
movie

Avatar: The Way of Water (2022)

2022
4K HEVC
The School for Good and Evil (2022) 5.8
The School for Good and Evil (2022) The School for Good and Evil (2022)(1080p ရပါပြီ)နက်ဖလစ်ရဲ့ သရုပ်ဆောင်အစုံနဲ့ နှစ်နာရီခွဲကြာတဲ့ မှော်စိတ်ကူးယဉ်ရုပ်ရှင်အသစ်လာပါပြီ။ဟိုးရှေးရှေးတုန်းက ပုံပြင်ကမ္ဘာထဲမှာ အရမ်းအစွမ်းထက်တဲ့ ညီအစ်ကိုနှစ်ယောက်ဟာ သူတော်ကောင်းနဲ့မိစ္ဆာကြားမှာ ဟန်ချက်ညီစေဖို့ မှော်ကျောင်းတစ်ကျောင်းကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာကြာလာတဲ့အခါ မိစ္ဆာညီဟာ စိတ်ပြောင်းပြီး စွမ်းအားအကုန်လုံးကို သိမ်းပိုက်ဖို့ သူ့အစ်ကိုကို သတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘဲ သေဆုံးသွားခဲ့ပါတယ်။အဲဒီကတည်းက သူတော်ကောင်းနဲ့မိစ္ဆာအတွက်ကျောင်းမှာ သူတော်ကောင်းတွေဘက်ကပဲ အရေးသာခဲ့တာ နှစ် ၂၀၀ လောက်ကြာခဲ့ပါပြီ။ အဲဒီကျောင်းမှာ မိစ္ဆာဆိုရင်လည်း ပုံပြင်တွေထဲက နာမည်ကြီး လူဆိုးကြီးတွေရဲ့ သားသမီးတွေတက်ရောက်နေတာဖြစ်ပြီ သူတော်ကောင်းတွေဘက်မှာလဲ ဘုရင်အာသာရဲ့သားတို့၊ စနှိုးဝိုက်ရဲ့သမီးတို့ စသည်ဖြင့် ပုံပြင်ဇာတ်လိုက်တွေရဲ့ မျိုးဆက်တွေ တက်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ သူတို့ဆီမှာ စာဖတ်သူဆိုတဲ့ ပုံပြင်မျိုးရိုးမဟုတ်တဲ့ အပြင်လောကက သူတွေလည်း တက်ခွင့်ရတတ်ပါတယ်သေးတယ်။ တစ်နေ့မှာတောာ့ အဲဒီကျောင်းကို ဆိုဖီဆိုတဲ့ စိတ်ထားကောင်းတဲ့ကောင်မလေးနဲ့ အက်ဂ်သာဆိုတဲ့ ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက် ...
movie

The School for Good and Evil (2022)

2022
The Forgotten Battle (2020) 7.4
The Forgotten Battle (2020) The Forgotten Battle (2020)====================IMDb Rating - 7.4/10The Forgotten war ဆိုတဲ့ နာမည်လေးအတိုင်း သမိုင်းတွင်ခဲ့ပေမဲ့ သမိုင်းစာမျက်နှာထက်မှာအကျယ်တဝင့်ဖော်ပြခြင်းမခံခဲ့ရတဲ့ စစ်ပွဲလေးအကြောင်းကိုအခြေတည်ရိုက်ထားတဲ့ဇာတ်ကားလေးပါ။D-Day လိူ့ဆိုလိုက်တာနဲ့ မဟာမိတ်တွေ ဂျာမာန်တွေကိုအနိုင်ယူခဲ့တဲ့ နောမန်ဒီကမ်းတက်စစ်ပွဲကြီးကိုတစ်ခါတည်းတွဲမြင်တတ်ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီစစ်ပွဲကြီးဖြစ်တည်ဖို့ လမ်းဖောက်ပေးခဲ့တဲ့ Scheldtတိုက်ပွဲလေးအကြောင်းကိုတော့ လူတွေသိပ်မသိခဲ့ကြပါဘူး။နော်မန်ဒီတိုက်ပွဲအတွက် ရိက္ခာလက်နက်ထောက်ပံ့ပို့ရန်ဆိပ်ကမ်းတစ်ခုအသည်းအသန်လိုအပ်နေခဲ့တဲ့မဟာမိတ်တွေဟာ ဘယ်ဂျီယံနိုင်ငံထဲက Antwerp ဆိပ်ကမ်းလေးကိုတွေ့ရှိပြီး စစ်သင်္ဘောတွေဆိုက်ကပ်နိုင်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ Scheldt မြစ်ကြောင်းတစ်လျှောက်မှာ ဂျာမာန်တွေကခြေကုပ်ယူထားတဲ့အခါမှာတော့....ဒီဇာတ်ကားလေးဟာ Scheldt တိုက်ပွဲမှာအောင်ပွဲဆင်နိုင်ဖို့ လူမသိသူမသိအညတရသူရဲကောင်းလေးတွေရဲ့ကိုယ်စီအားထုတ်ကြိုးစားခဲ့မှုလေးတွေ အခက်အခဲတွေကိုဖြတ်ကျော်ခဲ့ရပုံတွေကို အလေးပေးရိုက်ကူးထားတဲ့စစ်ကားကောင်းလေးတစ်ကားပါ။ဒီကားထဲမှာ Tom Felton (harry potter ထဲမှ မက်ဖွိုင်း) လည်း ပါဝင်ထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူများကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRipDuration - 2hr 04minSubtitle – Myanmar ...
movie

The Forgotten Battle (2020)

2021