Channel Myanmar

Jan Kuželka

La Vie en Rose (2007) 7.6
La Vie en Rose (2007) La Vie En Rose ဆိုတဲ့ ဇာတ်လမ်းလေးကတော့ ပြင်သစ်အဆိုတော် အီဒစ်ပီအပ်ဖ်ရဲ့ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့အမည်ကိုလည်း အီဒစ်ပီအပ်ဖ် ရဲ့နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ La Vie En Rose ကိုမှည့်ခေါ်ထားပါတယ်။အီဒစ်ပီအပ်ဖ်ရဲ့ ငယ်ဘဝအကြောင်းအရာတွေကစပြီး သူသေဆုံးချိန်မတိုင်ခင်နဲ့ ပတ်ဝန်းကျင်အဖြစ်အပျက်တွေထိ ပရိသတ်သိထားတာတွေရောနောက်ကွယ်က အကြောင်းအရာတွေပါ စုံစုံလင်လင်တင်ဆက်ထားတဲ့ အထ္ထုပတ္တိဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။အီဒစ်ပီအပ်ဖ်ဟာ အောင်မြင်မှုကြီးမားသူတွေရဲ့ ထုံးစံအတိုင်းခက်ခဲကြမ်းတမ်းတဲ့ငယ်ဘဝကိုပိုင်ဆိုင်ခဲ့ရသူ ဖြစ်ပြီး ငယ်ငယ်ကလေးဘဝကတည်းကတာဝန်မယူတတ်တဲ့ အမေဖြစ်သူကြောင့်အဘွားဖြစ်သူ ရဲ့ ဆောင်ကြာမြိုင်မှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။အီဒစ်လေး ၉ နှစ် အရွယ်ရောက်ချိန်မှာ သူ့အဖေဖြစ်သူဆပ်ကပ်ကျွမ်းဘားသမားရဲ့ လမ်းပေါ်ကဖျော်ဖြေပွဲ တစ်ခုမှာ ပရိသတ်တစ်ယောက်တောင်းဆိုမှုကြောင့် "La Marseillaise" ကိုသီဆိုပြခဲ့ပြီးကမ္ဘာကြီးဆီကို "အီဒစ်ပီအပ်ဖ်" ကို စတင်မိတ်ဆက်ခဲ့ပေးပါတယ်။နှစ်တွေအများကြီးကြာခဲ့ပြီး ကလပ်ပိုင်ရှင်လူးဝစ်လပ်ပလီး နဲ့ တွေ့ဆုံပြီးချိန်မှာတော့ ကလပ်ရဲ့ပင်တိုင်အဆိုတော် ဖြစ်လာခဲ့ပါတယ်။ လူးဝစ်လပ်ပလီးကိုယ်တိုင်က သူ့ကို "စာငှက်ကလေး" လို့အဓိပ္ပါယ်ရတဲ့ ပီအပ်ဖ်ဆိုတဲ့ အမည်ကို တွဲပေးခဲ့လို့"အီဒစ်ပီအပ်ဖ်" ဆိုတဲ့ ...
movie

La Vie en Rose (2007)

Amadeus (1984) 8.3
Amadeus (1984) Amadeus (1984)[Unicode]အနုပညာတကာတို့ထဲမှာ ဂီတအနုပညာဟာ လူ့ရဲ့ စိတ်နှလုံးကို သိမ်းကျုံးယူနိုင်စွမ်းအရှိဆုံးအရာပါပဲ ။မိုးဇတ်ဆိုတာကတော့ ဂီတသမားတွေထဲ ပါရမီအထူးဆုံး အကျော်ကြားဆုံးတစ်‌ယောကပါ ၊ ဒီရုပ်ရှင်က မိုးဇတ်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။တစ်ရံတရာအခါတုန်းက ဝို့လ်ဖန် အာမာဒပ်စ် မိုးဇတ်လို့အမည်တွင်တဲ့ လူငယ်ကလေးတစ်ယောက်ရှိခဲ့ပါတယ် ၊ မိုးဇတ်ဟာ ဂီတအနုပညာနဲ့ပက်သက်ရင် အတော် ပါရမီကောင်းတဲ့ သူပါ ၊ အသက်လေးနှစ်မှာ စန္ဒားရားကျွမ်းကျွမ်းကျင်ကျင် တီးတတ်ခဲ့တဲ့အပြင် လေးနှစ်အရွယ်မှာ သီချင်းတစ်ပုဒ်စရေးခဲ့ပါတယ် ။သူ့ခေတ်သူ့အခါရဲ့ အနုပညာမြို့တော် ဗီယင်နာရဲ့ ဘုရင်ဟာ နာမည်ကျော် ဝို့လ်ဖန်း အမန်ဒပ်စ် မိုးဇတ်ကို သူ့ရဲ့ နန်းတော်ကို ဖိတ်ခေါ်ခဲ့ပါတယ် ၊ ပညာတော်သလောက် အနေမတော်တဲ့ မိုးဇတ်ဟာ စကားအပြောတတ်တဲ့ သူတစ်ယောက်လည်း မဟုတ်ခဲ့ပါဘူး ။ ဘုရင်နဲ့ သူ့ဂီတမှူးတွေက ဂီတကို ချစ်တတ်ပေမဲ့လည်း မိုးဇတ်ရဲ့ ဂီတတွေရဲ့ ပြည့်စုံမှုကို ခံစားနိုင်စွမ်းမရှိကြတာကလည်း မိုးဇတ်နေရာမရခဲ့တဲ့ အကြောင်းတစ်ကြောင်းဖြစ်ခဲ့ပါတယ်။မိုးဇတ်ရဲ့ ဂီတတွေဟာ ပရိတ်သတ်လက်ခံအားပေးမှုနောက်ကို ဘယ်တော့မှ မလိုက်ခဲ့ပါဘူး ၊ ...
movie

Amadeus (1984)

A Knight’s Tale (2001) 6.9
A Knight’s Tale (2001) A Knight's Tale (2001) IMDb - 6.9/10_____Rotten - 59%    Heath Ledgerရဲ့ ဇာတ်ကားကောင်းတွေထဲက တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်အိမ်ကလည်း ပြောစရာ မရှိအောင် ဒရာမာ ရိုးမန့် အဗန်းရှား အက်ရှင် ရသစုံပါတယ်။ Friendhood .. Fatherhood.. Sonhood... Loverhood အစုံအလင်ပါပါတယ်။ ဇာတ်လမ်းရဲ့ အခြေခံကလည်း ဂျော့ဖရေး ချောဆာလို့ခေါ်တဲ့ နာမည်ကျော် အလယ်ခေတ် ကဗျာဆရာစာရေးဆရာတစ်ယောက်ကနေ ဆင့်ကူးခံစား ထားတာဖြစ်ပြီး ဂျော့ဖရေးချောဆာတို့ အင်္ဂလန်သမိုင်းထဲက မင်းသားအက်ဒဝပ်တို့လို သူတွေလည်း ပါပါတယ်။ ကြည်နူးရင်ခုန် အားကျသွားစေမယ့် ရိုမန်တစ်အဆန်ဆုံး Sceneတစ်ခု ဟာလည်း တော်တော်အသက်ဝင်ပါတယ်။ ခရမ်းချဉ်သီး ၇၉လုံးနဲ့ အိုင်အမ်ဒီဘီ ၆.၉လည်း ရထားပါသေးတယ်။ စကားမစပ် အဗန်ဂျာဂိုဏ်းဝင် ဗီးရှင်းကြီးကိုလည်း ကိုယ်လုံးတီးနဲ့ပဲ ထပ်တွေ့ရဦးမှာပါ။    အလယ်ခတ်ကာလမှာ စီးချင်းထိုးပြိုင်ပွဲတွေရှိခဲ့ကြတယ်။ ချပ်ဝတ်ဝတ် မြင်းစီးပြီး ထိပ်တုံးထားတဲ့လှံရှည်အတုံးကို ကိုင်ဆွဲ ဟိုဘက်သည်ဘက် ထိုးနှက်တိုက်ခိုက်ကြရတဲ့ ပြိုင်ပွဲမျိုးတွေပါ။ ဒီလိုပွဲတွေဟာ မြင့်မြတ်တဲ့မျိုးနွယ်တွေ သူကောင်းပြုခံထား ရတဲ့လူတွေကိုသာ ဝင်ပြိုင်ခွင့် ပေးထားတယ်တဲ့။ အဲ့ဒီလို ပြိုင်ပွဲဝင်လူတွေကိုတော့ "Knight"လို့ခေါ်ခဲ့ကြတယ်။ Knight တစ်ယောက်ရဲ့ တပြည့်လက်ပါးစေကောင်လေးဖြစ်တဲ့ ဝီလီယမ်ဟာ စီးချင်းထိုးပွဲတစ်ဝက်တစ်ပျက်မှာ သူ့ဆရာ Knight သေသွားတဲ့အတွက် သူ့ဆရာဟန်ဆောင်ပြီး စီးချင်းဝင်ထိုးရင်း ကလေးကတည်းက ...
movie

A Knight’s Tale (2001)

2001