Channel Myanmar

Jang Hyun-sung

Single in Seoul(2023) 7.0
Single in Seoul(2023) Single in Seoul(2023)*******************Lee Dong Wook  နဲ့ Im Soo Jung တို့ အဓိကပါဝင်ထားတဲ့ အချစ်၌ကိုးကွယ်ခြင်းနတ္ထိပုံစံဆန်ဆန်ကား လေးထွက်ရှိလို့လာပါပြီ....သရုပ်ဆောင်တွေနဲ့တင်ကြည့်ရတာတန်ပါတယ်...Lee Dong Wook ကတော့ ဒီကားထဲမှာ Single ဘဝကိုနှစ်ခြိုက်တဲ့  ဆယ်လီတစ်ယောက်ဆိုပါတော့..အသက်ကလေးရလာလေ တစ်ယောက်တည်းဘဝက ပိုပြီး စိုပြေတယ်ဆိုတဲ့အယူအဆကြောင့်သူ့ကို လူတချို့ကလည်းစိတ်ဝင်စားလာကြတယ်...Im Soo Jung ကတော့ သူနဲ့ဆန့်ကျင်ဖက်ဆိုပါတော့.....ဘဝမှာ အိမ်သာတက်တောင် ဖုန်းလေးနဲ့ ချစ်သူဆီ စာပို့ရင်းတက်မှ ပိုအရသာရှိတယ်လို့ ထင်တဲ့ အပျိုကြီးမမပေါ့...သူမ က အတည်တကျအတွဲလေးလိုချင်ပေမဲ့လည်း ဘဝက ချောတဲ့ကွီးယားမင်းသားတိုင်းကိုကျွန်မဘဲပါလို့  ဆိုရှဲမီဒီယာထက်မှာ ပိုစ်တင်တာမျိုးလို လွယ်ကူမနေဘူး...သူမရဲ့ အဓိက ရည်ရွယ်ချက်က စင်ဂဲဘဝကိုပိုင်ဆိုင်ထားတဲ့ဆယ်လီတစ်ချို့နဲ့  စာရေးဆရာတွေရဲ့ အကြောင်းကို စာအုပ်ထုတ်ဖို့ကြံစည်နေတာပေါ့...ဒီလိုနဲ့ အပျိုကြီးမမနဲ့ လူပျိုကြီး ဦးလေးကြီးနဲ့တွေ့တဲ့အခါမှာတော့...File Size :(1.3GB) (536MB) Quality : Web-Dl 1080p/720p Format…mp4 Duration…01:43:00 Genre :  Romance, Comedy Subtitle : Myanmar ...
movie

Single in Seoul(2023)

Rebound (2023) 6.9
Rebound (2023) Rebound (2023)၂၀၁၂ ခုနှစ်ကဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးတင်ဆက်ထားတဲ့ အားကစားရုပ်ရှင် Rebound ထွက်ရှိလာပါပြီဇာတ်လမ်းအကျဉ်းကတော့ အလားအလာမရှိဘူးလို့ သတ်မှတ်ခံထားရတဲ့ ဘူဆန်ဂျွန်အန်းအထက်ကျောင်းကိုယ်စားပြု ဘတ်စကတ်ဘောအသင်းဟာ နည်းပြအသစ် Kang Yang-Hyeon ရဲ့ ဦးဆောင်မှုအောက်မှာ ပြောင်းလဲလာခဲ့တဲ့အကြောင်းပါတစ်ချိန်က ထိပ်တန်းကစားဖြစ်ခဲ့ဖူးသူ Kang Yang-Hyeon ဟာ နည်းပြဖြစ်လာတဲ့အချိန်မှာတော့ သူ့ရဲ့ကစားသမားဘဝအတွေ့အကြုံကို အသုံးချပြီး ဘယ်လိုဗျူဟာတွေနဲ့ အသင်းကိုကိုင်တွယ်သွားမလဲအောက်ဆုံးမှာရောက်နေတဲ့အသင်းကို National Championship ပွဲစဉ်အထိ ဘယ်လိုများ‌ဆွဲခေါ်သွားမလဲဆိုတာအပြင် ကစားသမားတွေရဲ့ ဘတ်စကတ်ဘောအပေါ်ထားတဲ့ ခံယူချက်တွေ အိပ်မက်တွေကို သေချာကြည့်ရှုခံစားနိုင်မှာဖြစ်လို့ Sports Drama နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့ သဘောကျနှစ်ခြိုက်ကြမှာပါCasts တွေအနေနဲ့လည်း Fight for My Way ထဲက Ahn Jae-Hong နဲ့ Doctor Romantic S3 ထဲက အဆိုးလေး Lee Shin-Young နဲ့ Secret Romantic Guesthouse ထဲကအချောလေး Jung Gun Joo တို့အပြင် သရုပ်ဆောင်အားလုံးက Basketball ကိုပါ ...
movie

Rebound (2023)

2023
Princess Aurora (2005) 6.5
Princess Aurora (2005) Princess Aurora (2005) =================၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမိုက်စား ကားဟောင်းတဖြစ် ကားကောင်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ ကုန်တိုက်ကြီးတစ်ခု ကနေ စခဲ့တဲ့ လူသတ်မှုပေါ့နော်၊ ကုန်တိုက်ရဲ့ အမျိုးသမီး သန့်စင်ခန်းထဲမှာ အမျိုးသမီးတစ်ယောက် ချွန်ထက်တဲ့ အရာ တစ်ခုနဲ့ ထိုးသတ်ခံထားရပါတယ်။ အဲအမျိုးသမီးကတော့ မသေခင်မှာ သူ့သမီးကို ဆူပူရိုက်နှက်တတ်တဲ့မိခင်မျိုးဖြစ်ခဲ့ ပါတယ်။ဒီအမှုကို စုံထောက်နှစ်ယောက်က တာဝန်ယူထားရပြီး သူတို့ ရတဲ့ တစ်ခုတည်းသော သက်သေအထောက်အထားကတော့ မှုခင်းနေရာမှာ "မင်းသမီး အော်ရိုရာ" စတစ်ကာလေးရှိနေတာပဲ ဖြစ်ပါတယ်။ မှုခင်းနေရာက အမျိုးသမီးသန့်စင်ခန်းဖြစ်တာကြောင့် သံသယရှိသူဟာ အမျိုးသမီးတစ်ယောက်လို့ယူဆထားကြပါတယ်။ နောက်နှစ်ရက်လောက်ကြာပြီးနောက်မှာ နောက်ထပ်အမျိုးသမီး တစ်ယောက် အသက်ရှူကြပ်ပြီးသေဆုံးနေပြန်တယ်။ ဒီနေရာမှာ လည်း "မင်းသမီး အော်ရိုရာ" စတစ်ကာလေးရှိနေပြန်ပါတယ်။ ဒီလိုနဲ့ နောက်ထပ် ဒီလိုပုံစံတူ လူသတ်မှုတွေလည်း ဆက်ဖြစ် လာပါတယ်။ဒီအမှုကို တာဝန်ယူထားတဲ့ စုံထောက်နှစ်ယောက်အနက် တစ် ယောက်ဖြစ်တဲ့ စုံထောက်အို (Moon Sung-Geun)ကတော့ ဒီကွင်းဆက်လူသတ်သမားဟာ သူ့ရဲ့ အရင်မိန်းမ ဂျောင်ဆွန်း ဂျောင်း(Uhm Jung-Hwa)ဖြစ်နိုင်တယ်လို့ သံသယဝင်နေခဲ့ ပါတယ်။ကိုရီးယားမှာ အဲအချိန်အခါကတည်းက ဇာတ်ကားရိုက်ကူးရေး နည်းပညာတွေ တိုးတက်နေခဲ့တဲ့အတွက် ဒီကွင်းဆက်လူသတ် ကားလေးဟာလည်း အခုခေတ်ကားတွေနဲ့ ယှဉ်ရလောက်အောင် ဒါရိုက်တာ(Pang Eun-jin)ရဲ့ လက်ရာပြောင်မြောက်လှပါတယ်။ သာမန် ...
movie

Princess Aurora (2005)

2005
The Advocate: A Missing Body(2015) 7.0
The Advocate: A Missing Body(2015) The Advocate: A Missing Body(2015)*********************************ဥပဒေရုံးကြီးတစ်ခုရဲ့နာမည်ကျော်ရှေ့နေဗြောန်းဟိုဆောင်းဟာ လိုက်သမျှအမှုတိုင်းလိုလိုနိုင်အောင်စွမ်းဆောင်နိုင်ပြီး"အနိုင်ရတာကတရားမျှတမှုပဲ" လို့ခံယူထားသူတစ်ဦးဖြစ်ပါတယ်။ဆေးဝါးကုမ္ပဏီကြီးအတွက် အမှုနိုင်အောင်လုပ်ပေးပြီးတဲ့နောက်မှာတော့ လူသတ်မှုနဲ့စွပ်စွဲခံထားရတဲ့ဥက္ကဌမွန်းဂျီဟွန်းရဲ့ဒရိုင်ဘာအတွက် အမှုလိုက်ပေးဖို့ ငှားရမ်းခံရပါတယ်။အလောင်းရော၊ သက်သေရောမရှိတဲ့လူသတ်မှုဖြစ်နေပေမယ့် ရှေ့နေဗြောန်းကသူ့ထုံးစံအတိုင်း တရားပြိုင် အပြစ်မရှိအောင် ခုခံချေပပေးခဲ့ပါတယ်။ဒီလိုနဲ့ တရားခွင်နောက်ဆုံးနေ့ အမှုနိုင်ခါနီးမှာမှ သူ့အမှုသည်က သူသတ်ခဲ့တာဖြစ်ကြောင်းရုတ်တရက်ထဝန်ခံလိုက်တဲ့အခါမှာတော့ အမှုရှုံးနိမ့်သွားပါတော့တယ်။ရှေ့နေဗြောန်းတစ်ယောက် အရှက်တကွဲဖြစ်ခဲ့ရတဲ့အပြင် မျက်မြင်သက်သေအတုဖန်တီးမှုနဲ့ပါသံသယဝင်ခံရတဲ့အတွက် ဂုဏ်သိက္ခာပြန်ဆယ်ဖို့ အမှုပြန်စုံစမ်းရင်းကနောက်ကွယ်မှာ သူမထင်ထားတဲ့ ဖြစ်ရပ်ပေါင်းများစွာရှိနေတဲ့အခါမှာတော့...File Size :(1.7GB) and (688MB) Quality :WEB-DL 1080P5.1Ch,720p Format…mp4 Duration…01:57:00 Genre : Crime , Thriller, Mystery, Comedy, Law Subtitle : Myanmar Subtitle (Hard Sub) Translated by  Ei Phyu Khin & Shoon Encoded by Phyo Pyae
movie

The Advocate: A Missing Body(2015)

Kill Boksoon(2023) 7.3
Kill Boksoon(2023) Kill Boksoon(2023)*****************Netflix က အသစ်ထပ်ထွက်လာတဲ့ ဒီ Action, Drama ရုပ်ရှင်ကတော့ လောလောဆယ်မှာRT 92% တောင်ရထားတာဖြစ်ပါတယ်...ဘို့ဆွန်းဆိုတဲ့ အမျိုးသမီးက နာမည်ကြီး ကြေးစားလူသတ်သမား‌တစ်ယောက်ဖြစ်တယ်..သူတို့လောက က တကယ်တော့ တရားဝင် ဟန်ပြကုမ္ပဏီထောင်ကြပြီး နောက်ကွယ်မှာတော့ကြေးစားလူသတ်သမားတွေမွေးထုတ်ပြီး ဒိတ်ဒိတ်ကျဲတွေကို အခကြေးငွေယူပြီးသတ်ပေးပါတယ်..ဒီလူတွေထဲမှာ ဘို့ဆွန်းကတော့ တိုက်ရည်ခိုက်ရည်ပြည့်ဝပြီးအောင်မြင်မှု ၁ ရာခိုင်နှုန်းပဲရှိရင်တောင် ဖြစ်အောင်လုပ်နိုင်လို့ သူတို့လောကမှာတော့အားလုံးက ကြောက်ရွှံလေးစားကြပါတယ်.. ဘယ်အလုပ်မဆို အနားယူရမဲ့ အချိန်ကာလဆိုတာရှိကြတယ်မလား..ဘို့ဆွန်းမှာလည်း သမီးလေးတစ်ယောက်ရှိသလိုဒီလောက က အနားယူပြီး အေးဆေး သာမန်မိခင်တစ်ဦးအနေနဲ့ နေချိန်တန်ပြီလို့သူမ ယူဆလာတယ်.. ဒါ့ကြောင့် အနားယူဖို့ ပြင်ဆင်ခါ မှသူမ မမျှောလင့်ထားတဲ့အရာအားလုံးဖြစ်ပျက်ခဲ့သလိုဒီလောကကြီးထဲက အတော်ဆုံးဆိုသော ကြေးစားလူသတ်သမားတွေ သူမနောက်ကိုတစ်ပြုံကြီးလိုက်လာကြတဲ့အခါမှာတော့.....ကိုရီးယားရဲ့ အထင်ကရမင်းသမီးကြီး Jeon Do Yeon နဲ့  မင်းသားကြီး Sol Kyung Gu တို့အဓိက ပါဝင်ကြမ်းရမ်းထားကြပြီး  Esom လေးကလည်း ဇပျင်းပျင်းနဲ့ဖိုက်တာ  ...
movie

Kill Boksoon(2023)

Shiri (1999) 6.5
Shiri (1999) Shiri (1999)၁၉၉၉ ခုနှစ်မှာ ကိုရီးယားရဲ့ရုပ်ရှင်လောကကို အရွေ့တစ်ခုဖြစ်စေခဲ့တဲ့ Shiri ရုပ်ရှင်ကတော့ ဇာတ်လမ်းဇာတ်အိမ်ရော သရုပ်ဆောင်တွေရော ဘယ်နေရာမှလက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။Dr. Romantic ဇာတ်လမ်းတွဲထဲက ဂင်ဆာဘူဇာတ်ရုပ်နဲ့ကျော်ကြားတဲ့ ၊ A Taxi Driver, Parasite စတဲ့ရုပ်ရှင်တွေနဲ့ လူတိုင်းအားပေးကြတဲ့ Song Kang Ho တို့အပြင် အခုခေတ်မှာ ပြိုင်စံရှားသရုပ်ဆောင်ကြီးတွေဖြစ်နေကြပြီဖြစ်တဲ့ Choi Min Sik, Kim Yunjin တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။မြောက်ကိုရီးယားက ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ကသူလျှိုတွေနဲ့ တောင်ကိုရီးယားကအေးဂျင့်တွေအကြောင်း အခြေတည်ထားတဲ့ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့် ဒီဘက်ခေတ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ ဇာတ်ကြောင်း၊ ရှုထောင့်တွေနဲ့ အသစ်အဆန်းခံစားချက်တစ်မျိုးခံစားရမှာပါ။ ကိုရီးယားရုပ်ရှင်တွေဟာ အဲ့ဒီအချိန်ကတည်းက ဘယ်လိုအဆင့်အတန်းရှိနေပြီလဲဆိုတာ တွေ့မြင်ရမှာဖြစ်သလို တကယ့်စူပါမင်းသားကြီးတွေရဲ့ ငယ်နုစဉ်ကာလကိုကြည့်ရတာနဲ့တင် တန်နေပြီဖြစ်တာကြောင့်Shiri ကတော့ လုံးဝကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality….  720p | 480p File size…2GB | ...
movie

Shiri (1999)

1999
Kill Me Now (2022)
Kill Me Now (2022) Kill Me Now (2022)“မိဘမေတ္တာဆိုတာ အတိုင်းအဆ မရှိ” ဆိုတဲ့ စကားပုံလေးကြားဖူးကြမှာပါ…ဒီဇာတ်ကားမှာတော့ မသန်စွမ်းရောဂါရှင် သားဖြစ်သူနဲ့ သားအတွက် အိပ်မက်နဲ့ ဘဝကို စွန့်လွှတ်အနစ်နာခံရင်း အစွမ်းကုန်စောင့်ရှောက်သွားတဲ့ အဖေတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းလေးကို ခံစားကြည့်ရှုကြရမှာပါဂျန်မင်ဆော့ဟာ ငယ်ရွယ်စဉ်က နာမည်ရှိတဲ့စာရေးဆရာတစ်ဦးဖြစ်ပြီး အတော်လေးအောင်မြင်ခဲ့သူပါ။ ဒါပေမယ့် သူ့ရင်သွေးလေးဟာ မသန်စွမ်းရောဂါနဲ့ မွေးဖွားလာတာကို သိရှိပြီးနောက်ပိုင်းမှာ သူဟာ စာရေးဆရာဘဝကို စွန့်လွှတ်ပြီး အမေမဲ့ သားဖြစ်သူရဲ့ ကျန်းမာရေးအတွက် သူ့ရဲ့ ဘဝကို စွန့်လွှတ်မြှုပ်နှံထားခဲ့ပါတယ်။တစ်ဖက်မှာတော့ သားဖြစ်သူ ဂျန်ဟျွန်းဂျယ်ဟာ မိသားစုအကူအညီမပါဘဲနဲ့ နေ့စဉ်ဘဝမှာ အဆင်မပြေနိုင်တဲ့ မသန်စွမ်းတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အတွက် လူမှုရေးဝန်ထမ်းအကူအညီဖြစ်တဲ့ ရွယ်တူသူငယ်ချင်း ဆောင်ဂီချောရဲ့ မြှောက်ပင့်ပေးမှုကြောင့် သပ်သပ်အိမ်ခွဲ​နေချင်နေတာပါ။အဖေ့ကို တောင်းဆိုတဲ့အခါမှာတော့ အဖေဟာ မဖြစ်နိုင်ကြောင်း ငြင်းဆန်တဲ့အတွက် ကတောက်ကဆဖြစ်ကြရင်း မတော်တဆဖြစ်သွားပါတော့တယ်။ဒီမတော်တဆကနေမှတဆင့် အဖေဖြစ်သူဟာ ကုသလို့မရနိုင်တဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုရှိနေပြီး ပိုပြီးပြင်းထန်လာဖို့ပဲ ရှိတော့တာကို သိလိုက်ရတဲ့အခါမှာတော့ ………မာမားကားထဲက စစ်မှုရေးရာအမတ်ကြီး တဖြစ်လဲ ဝါရင့်သရုပ်ဆောင်မင်းသားကြီး Jang Hyun Sung ...
movie

Kill Me Now (2022)

Ghost House (2004) 6.1
Ghost House (2004) Ghost House (2004)လောကမှာ လူတွေလောက် ကြောက်စရာကောင်းတာ မရှိဘူးသရဲကတောင် လူတွေလောက်ကြောက်စရာမကောင်းဘူးဆိုတဲ့ ဒီကားလေးထဲ စကားကို တကယ်သဘောကျမိသလို လက်လည်းလက်ခံမိပါတယ်အဖေတစ်ခု သားတစ်ခုဘဝနဲ့ အိမ်ပိုင်မရှိ ခဏတိုင်း အိမ်ပြောင်းနေထိုင်ခဲ့ကြရတဲ့ ပတ်ပီဂီတို့သားအဖ...တစ်နေ့ ပတ်ပီဂီ ငယ်ငယ်မှာပဲ အဖေဖြစ်သူ ဆုံးပါးခါနီး နောက်ဆုံးဆန္ဒဟာ သားဖြစ်သူကို ကိုယ်ပိုင်အိမ်ရှိစေချင်ခဲ့တာပါဒီလိုနဲ့ ပီဂီတစ်ယောက် ကြီးပြင်းလာတဲ့အခါ သဘောၤသားအဖြစ် အလုပ်ကြိုးစား ငွေစုပြီး ကိုယ်ပိုင်အိမ်လေးတစ်လုံးကို ဝယ်ယူပိုင်ဆိုင်ခဲ့ပေမယ့်ကံဆိုးချင်တော့ ဝယ်လိုက်တဲ့အိမ်မှာ မကျွတ်လွတ်သေးတဲ့ အိမ်စွဲသရဲမလေး ယွန်းဟွါရှိနေတဲ့အခါ...ရယ်ရခက် ငိုရခက် ပီဂီ့ခမျာ သရဲခြောက်လို့ ထံက်ပြေးရင်း မိုးကြိုးပစ်ခံရပြီး သေရွာပြန်ရာက သရဲတွေပါမြင်သွားရတော့သရဲနဲ့ အမောင်ပီဂီ ဘယ်လိုနှစ်ပါးသွားမလဲယွန်းဟွာ မကျွတ်လွတ်သေးတဲ့ အကြောင်းရင်းကို ဘယ်လိုဖော်ထုတ်ပေးမလဲဆိုတာ အခွီလေးတွေပါရောရင်း ကြည့်ရှုလိုက်ရအောင်ပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ )File Size__(2.2GB) / (1GB) Quality__1080p, 720p IMDb ...
movie

Ghost House (2004)

The Swordsman(2020) 7.0
The Swordsman(2020) The Swordsman(2020)အညွှန်း**************************IMDb...7.0ဂျိုဆွန်းပြည်ဟာ မြောင်နိုင်ငံကို စစ်ရှုံးပြီးတော့ နောက်ဆက်တွဲအကျိုးဆက်တွေက အတော်ဆိုးပါတယ်...စားနပ်ရိက္ခာတွေအပြင် မိန်းကလေးကျွန်တွေပေးနေရပါတယ်....တဖြည်းဖြည်း မြောင်နိုင်ငံဟာ နောက်ထပ်စစ်ပွဲတစ်ခုကိုဉီးတည်ချင်တဲ့ရည်ရွယ်ချက်ကြောင့်ပဲလားမသိ...ကျွန်အရေတွက်တွေ တိုးလို့တောင်းခံသလို အထူးလေ့ကျင့်ထားတဲ့ စစ်သည်တွေကိုလည်း ဂျိုဆွန်းကိုစေလွှတ်ထားပါတယ်...ဂျိုဆွန်းရဲ့ မှူးမတ်တွေရဲ့အကြံကလည်းတော်တော်ယုတ်မာပါတယ်..သူတို့သမီးတွေ ကျွန်အဖြစ်မပေးရရေးကိုစားဖို့တောင်အနိုင်နိုင်ြဖစ်နေတဲ့ ရွာလေးတွေက သမီးတွေကို မွေးစားသမီးလုပ်မယ်ဆိုတဲ့မက်လုံးနဲ့ခေါ်ယူမွေးပြီးကျွန်အဖြစ်ပေးဖို့ကြံကြပါတယ်...ဒီလိုနဲ့မွေးစားခံဖို့ခေါ်တဲ့အထဲမှာ သမီးလေးတစ်ယောက်ရဲ့အဖေဟာဇာတ်မြှုတ်နေတဲ့ အထူးဓားရေးကျွမ်းကျင်တဲ့ ဓားသမားတစ်ယောက်ဖြစ်လာတဲ့အခါမှာတော့...ဒီဇာတ်ကားက မင်းသားကြီး Hyuk Jang အဓိကသရုပ်ဆောင်ထားပြီး ဇာတ်လမ်းအစမှအဆုံးထိရှယ်ဗျင်းကြတဲ့အက်ရှင်ဇာတ်ကားပါ..ရိုက်ချက်တွေလည်း တော်တော်ကြီးမိုက်သလိုနောက်ခံတီးလုံးတွေလည်းလန်းပါတယ်..ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Hana ပဲြဖစ်ပါတယ်...File Size :((942MB) and (315MB) Quality : FHDRip 720p Format…mp4 Duration…01:40:00 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Translated by Hana Encoded by Phyo Pyae
movie

The Swordsman(2020)

The Perfect Couple (2007) 5.8
The Perfect Couple (2007) [Unicode]ဒီတစ်ခေါက်မှာတော့ ကိုယ်တွေရဲ့ အချစ်တော် မင်းသားချော Lee Dong Wook ရဲ့ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် Comedy-Romance မို့ ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေကြည့်ရှုကြရမှာပါနော်ဇာတ်လမ်းအကျဉ်းဂန်ဂျယ်ယော့ဟာ သူအရမ်းဖြစ်ချင်တဲ့ စုံထောက်ဖြစ်ဖို့ ရဲသင်တန်းကျောင်းကို တက်ခဲ့ပါတယ်သူ့မှာ ချွန်ထက်တဲ့ အရာတွေကို ကြောက်တတ်တဲ့ရောဂါရှိပေမယ့် ကြိုးစားကုသပြီး စုံထောက်ဖြစ်အောင်လုပ်ခဲ့ပါတယ်အဲ့လိုနဲ့ တစ်နေ့မှာ ခါးပိုက်နှိုက်နောက်လိုက်ရင်း ပြဿနာရှာတတ်လွန်းတဲ့ သတင်းထောက် ချွဲဆူဂျင်းကို ဝင်တိုက်မိပါတော့တယ်ပြဿနာအိုး ချွဲဆူဂျင်းကလည်း နာမည်နဲ့လိုက်အောင် ပြဿနာတစ်ခုပြန်ဖန်တီးလိုက်ပါတယ်သူမစားနေတဲ့ ငါးကိတ်ချောင်းရဲ့ တုတ်နဲ့ ဂန်ဂျယ်ယော့ရဲ့ ဗိုက်ကို ပြန်ထိုးလိုက်ပါတယ်ချွန်ထက်တဲ့ အရာတွေ ကြောက်သူဖြစ်တဲ့အတွက် ဂန်ဂျယ်ယော့တစ်ယောက် အဲ့နေရာမှာတင် သတိလစ်သွားပါတယ်နောက်နေ့မှာတော့ ဒီသတင်းဟာ မီဒီယာမှာ ပျံ့နှံ့သွားခဲ့ပြီး ဂန်ဂျယ်ယော့လည်း ချွဲဆူဂျင်းကို အကြီးကျယ်ဒေါသထွက်ပါတော့တယ်ဲတိုက်ဆိုင်စွာနဲ့ စုံထောက်တွေ လူဆိုးဖမ်းပုံတွေကိုရိုက်ပြတဲ့ reality show တစ်ခုမှာ သူတု့ိ ၂ ယောက် ပူးပေါင်းတင်ဆက်ဖို့ ဖြစ်လာတဲ့အခါမှာ...ဘာတွေဆက်ဖြစ်ကြမှာလဲ...သူတို့ ၂ ယောက်ပေါင်းပြီးတော့ ဘယ်လို ...
movie

The Perfect Couple (2007)

Hwayi: A Monster Boy (2013) 7.0
Hwayi: A Monster Boy (2013) [Unicode]ဒီဇာတ်ကားလေးမှာတော့ မင်းသား Yeo Jin Goo က Hwayi အဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် အသက်ငယ်ပေမယ့် တကယ် မခေတဲ့ မင်းသားပါနော်ဒီဇာတ်ကားနဲ့ 2013 (33rd) Korean Association of Film Critics Awards ပွဲနဲ့ 2013 (34th) Blue Dragon Film Awards ပွဲတွေမှာ Best New Actor ဆုကို ရရှိခဲ့ပါတယ် ။ဇာတ်လမ်းအကျဉ်းလူ ငါးယောက်ပါဝင်တဲ့ လူဆိုး အဖွဲ့တစ်ဖွဲ့ဟာ ကလေးတစ်ယောက်ကို ပြန်ပေးဆွဲလာခဲ့ပါတယ် ဒါပေမယ့် အဲ့ကလေးက ကံကောင်းပြီး အသက်ရှင်နေခဲ့တာကြောင့် ကလေးကို ကျွေးမွေးစောင့်ရှောက်ပြီး ဟွာရီလို့ အမည်ပေးခဲ့ပါတယ်ဟွာရီက အရမ်းထက်မြက်ပြီး အတတ်လွယ်တဲ့ ကလေးပါ ဟွာရီက သူတို့လို ဆိုးမိုက်ပြီး ကြီးပြင်းလာတာ မဟုတ်လို့ အခြားအဖေတွေက နိုင်ငံခြားပို့ပြီး သူတို့နဲ့ မတူတဲ့ လမ်းကိုလျှောက်ခိုင်းချင်ကြပါတယ်ဒါပေမယ့် အဖေတစ်ယောက်ဖြစ်တဲ့ ဆော့ထယ်ကတော့ဟွာရီကို သူ့လို ...
movie

Hwayi: A Monster Boy (2013)

Steel Rain (2017) 7.1
Steel Rain (2017)  ဒီဇာတ်ကားလေးမှာ နိုင်ငံရေးလှည့်ကွက်တွေ၊ ကွန်မြူနစ်နဲ့အရင်းရှင်ကွာခြားမှုတွေ၊ လူသားဆန်မှုတွေ စတာတွေကို အချိတ်အဆက်မိမိ ရိုက်ပြထားပါတယ်တောင်နဲ့မြောက်ဆိုပြီး တိုင်းပြည်ကွဲနေပေမယ့် ကံအကြောင်းတိုက်ဆိုင်ပြီး သက်ဆိုင်ရာအစိုးရဆီမှာ တာဝန်ထမ်းဆောင်နေကြတဲ့ နာမည်တူလူနှစ်ယောက်ကွက်ချိုလ်ယူနဲ့ အွမ်ချိုလ်ယူမြောက်ကိုရီးယားမှာ သုတ်သင်ရှင်းလင်းရေးဖြစ်ပြီး နံပါတ်တစ်ခေါင်းဆောင် လုပ်ကြံခံရပါတယ်ဒါပေမယ့် အွမ်ချိုလ်ယူတစ်ယောက် ကယ်တင်ပြီး တောင်ကိုရီးယားဖက်ထွက်ပြေးသွားပါတယ်နံပါတ်တစ်ခေါင်းဆောင်တစ်ယောက် အသက်ရှင်နိုင်ပါ့မလား.......အွမ်ချိုလ်ယူတစ်ယောက် သူနဲ့နာမည်တူတဲ့လူနဲ့ ဘယ်လိုများသွားဆုံမလဲ.......သုတ်သင်ရှင်းလင်းရေးကရော တောင်နဲ့မြောက်ဆက်ဆံရေးကြား ဘယ်လိုရှုပ်ထွေးလာစေမလဲမဟာမိတ်နိုင်ငံတွေကရော ဘယ်လိုပါဝင်ပက်သက်ကြမလဲတောင်နဲ့မြောက် ချစ်ကြည်ရေးပြန်လည်တည်ဆောက်နိုင်မလား ပိုဆိုးရွားသွားမလားဒီဇာတ်ကားက နိုင်ငံရေးဇာတ်ကားဆိုပေမယ့် ကိုရီးယားကားပီပီ ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်ပြီး ပျင်းစရာမကောင်းပါဘူူးIMDB Rating ကလဲ 7.2/10 ရထားတာဆိုတော့ ဇာတ်ကားကောင်းဖြစ်တယ်ဆိုတာ ငြင်းစရာမလိုတော့ပါဘူးနော်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ)နဏဖတ်ခဲ့သည်။File Size : (0.99 GB)  Quality : WEBRip 720p Running Time : 2hr 19min Format : Mp4 Genre :Action, Drama Subtitle : Myanmar Subtitle (Hard Sub) Source :1080p NF ...
movie

Steel Rain (2017)

2017