Channel Myanmar

Jared Rushton

Honey, I Shrunk the Kids (1989) 6.4
Honey, I Shrunk the Kids (1989) Honey, I Shrunk the Kids (1989) ======================= IMDb Rating - 6.4/10ကာတွန်းစာအုပ်တစ်ခုကနေ Live Action ရိုက်ပြီး ဝက်ဝက်ကွဲအောင်မြင် သွားတဲ့ သိပ္ပံစိတ်ကူးယဉ် ဟာသ မိသားစုဇာတ်လမ်းတစ်ခု ဟောလိဝုဒ်နဲ့ ဒစ်စနေး ရုပ်ရှင်သမိုင်းမှာ ရှိခဲ့ဖူးပါတယ်။ လုံးဝမမျှော်လင့်ထားပဲ ဝင်ငွေ အရ အမြတ်အစွန်းကြီးသွားလို့ အတည်အခံ့ ရုပ်ရှင်ကြီးတွေကြားမှာတောင် ဝင်ငွေအကောင်းဆုံးကားတွေထဲ ကန့်လန့် ကန့်လန့် ပါသွားသေးတယ်။ ပထမကတော့ ရုပ်ရှင်ဆက်တင်တွေကို အသေးစိတ် ဖန်တီးထားပုံပါ။ဒီဘက်ခေတ်လို CGI တွေ တစ်လှေကြီးနဲ့ နုရွဖုထနေတာမျိုးမဟုတ်ဘဲ တစ်ခု ချင်းစီကအစ သေသေချာချာ လုပ်ထားရတာမလို့ အထင်ကြီးမိပါတယ်။ ဒုတိယကတော့ မိသားစုဇာတ်လမ်းပီပီ စိတ်ထားသင်ခန်းစာတွေ၊ မိဘနဲ့ သားသမီးကြားက အထင်အမြင်လွဲပုံလေးတွေ၊ မောင်နှမတွေကြားထဲက အချစ်တွေကို လှလှပပ ကြည့်ရဦးမှာပါ။အဲဒါနဲ့ပဲ တီဗီဇာတ်လမ်းတွဲတွေ၊ sequel ရုပ်ရှင်တွေ ဆက်ထွက်လာခဲ့တဲ့ အမှိုက်ထဲကရွှေဖြစ်ဇာတ်ကားပေါ့။ ဒီဇာတ်ကားကို Young Sheldon ထဲမှာ မစ်စီ က တဖွဖွ ထည့်ပြောနေတာ သတိထားမိမှာပါ။ Honey I Shrunk the ...
movie

Honey, I Shrunk the Kids (1989)

1989
Big (1988) 7.3
Big (1988) Big (1988)IMDb (7.3)......Rotten Tomatoes (93%)၁၉၈၈ ခုနှစ်မှာ မင်းသားကြီး Tom Hanks ဟာ အသက် ၃၂ နှစ်ပဲ ရှိပါသေးတယ်။ မင်းသားကြီးလည်း မဖြစ်သေးပါဘူး။ Big ဟာ Tom Hanks ကို အခုလို စူပါမင်းသားဖြစ်လာအောင် တွန်းပို့ပေးလိုက်တယ်ပြောလို့ရပါတယ်။ဇာတ်လမ်းက ရှင်းရှင်းလေးပါပဲ။ ကျနော်တို့ ကလေး ဘဝတုန်းက လူတိုင်းလိုလို ခံစားဖူးခဲ့ကြတဲ့ "လူကြီးဖြစ်ချင်တယ်" ဆိုတဲ့ ခံစားချက်လေး အပေါ်မှာ ရေးဖွဲ့ထားတယ်။ ၁၃ နှစ်အရွယ်ကောင်လေးတစ်ယောက် ကလေးဘဝမှာ မနေချင်တော့ဘဲ လူကြီးဖြစ်ချင်တယ်ဆိုတဲ့ ဆုတောင်းလေးပြည့် သွားပြီး နေ့ခြင်းညခြင်းပဲ အသက် ၃၀ အရွယ် လူကြီးကြီး ဖြစ်လာတယ်။ ခန္ဓာကိုယ်ကသာ လူကြီး ဖြစ်လာပေမယ့် စိတ်ကတော့ ၁၃ နှစ်ပဲရှိသေးတာပေါ့။ ဒါပေမယ့် လူကြီးဘဝ ဟာ ထင်ထားသလို မဟုတ်ပဲ စိတ်ညစ်စရာတွေလည်းတွေ့လာ တော့ ...
movie

Big (1988)

1988
Honey, I Shrunk the Kids (1989) 6.4
Honey, I Shrunk the Kids (1989) Honey, I Shrunk the Kids (1989) IMDb - 6.4/10_____Rotten - 76%ဒီဇာတ်ကားလေးကတော့ သိပ္ပံပညာရှင်အဖေတစ်ယောက်ရဲ့ မအောင်မြင်တော့ဘူးလို့ထင်ထားတဲ့ စက်တစ်ခုကနေပြီးတော့ ပေါက်တတ်ကရတွေဖြစ်သွားတဲ့ကားလေးဖြစ်ပါတယ်.... သိပ္ပံပညာရှင်သျှာလင့်စကီတစ်ယောက်အရာဝတ္တုတွေကိုသေးအောင်လုပ်တဲစက်တစ်ခုကို ဖန်တီးနေတာ နှစ်တွေအတော်ကြာခဲ့ပါပြီ...သူရဲ့ဖန်တီးစမ်းသပ်မှု့တွေကြောင့်လည်း  ဘေးအိမ်ပတ်ဝန်းကျင်ကလူတွေပါ နေ့ရောညပါအနှောင့်ယှက်ဖြစ်ခဲ့ကြပါတယ်.. နောက်ဆုံးမှာတော့ သူ့ကိုအရူးတစ်ယောက်လို့ပဲသတ်မှတ်လိုက်ကြပါတော့တယ်... တစ်နေ့မှာသူနှစ်ပေါင်းများစွာတီထွင်ပေမယ့်လည်း အောင်မြင်ခြင်းမရှိတဲ့ အရာဝတ္တုတွေကိုသေးအောင် ချုံ့တဲစက်ဟာ သူ့ရဲ့သားသမီးတွေဆော့ရင်းကနေ ထိခိုက်မိပြီး ပြန်လည်အသက်ဝင်လာခဲ့ပါတယ်....အဲစက်ကနေသူ့ရဲ့ကလေးတွေကိုအင်းစက်အရွယ်စားထိချုံ့ပစ်လိုက်ပါတယ်... အဲဒီနောက်မှာတော့ ထိုလူငယ်လေးတွေဟာ သူတို့ရဲ့ခြံဝန်းထဲကနေပြန်ပြီးတော့ အိမ်ကိုရောက်အောင် ပြန်နိုင်အောင်ကြိုးစားကြရမှာပဲဖြစ်ပါတယ်... သာမန်အနေထားဆိုရင် ခြံဝန်းနဲ့အိမ်ကို ခြေသုံးလှမ်းလောက်ပဲလှမ်းရမှာဖြစ်ပေမယ့်လည်း အင်းဆက်အရွယ်သာသာဖြစ်သွားတဲသူတို့အတွက်အိမ်ထဲကိုပြန်ပြီးရောက်အောင် မိုင်ပေါင်းထောင်ချီအောင် ခရီးဆက်ရတော့မှာပဲဖြစ်ပါတယ်.. ထိုသို့ခရီးဆက်ရင်းလမ်းခရီးမှာဘယ်လိုအန္တရာယ်တွေနဲ့ကြုံရမလဲဆိုတာကတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်... Disney ကတင်ဆက်ထားတဲ့ကားလေးဖြစ်ပြီးတော့ လူကြီးလူငယ်ပါကြိုက်နှစ်သက်စေမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်....   Quality…..BluRay 1080p Duration…..01:33:00 Format…Mp4 File Size…(737 MB) Translator…..Khin Chan Myae Tun Encoder…..Moe Myint Lwin
movie

Honey, I Shrunk the Kids (1989)

1989