Channel Myanmar

Jason Schwartzman

Walk Hard: The Dewey Cox Story (2007) 6.8
Walk Hard: The Dewey Cox Story (2007) (ကိုယ်လုံးတီးခန်းများ လိင်ဆက်ဆံခန်းများပါဝင်သဖြင့် မိသားစုဖြင့်ကြည့်ရှုရန်မသင့်တော်ပါ) အတ္တုပတ္တိ( Biopic) ရုပ်ရှင်တွေ အထူးသဖြင့်ဂီတလို့ ပြောလိုက်တာနဲ့ ကြည့်ရှုသူ အများစုကတော့သိကြမှာပါပဲ။အဆိုတော် ဒါမှမဟုတ် ဂီတလောကရဲ့ အနပညာရှင်တစ်ယောက်ယောက်ဖြစ်မယ်။ လူဖြူလည်းဖြစ်မယ်လူမည်းလည်း ဖြစ်ရင်ဖြစ်မယ်။ သူတို့ရဲ့ ဘ၀ခရီးလမ်း အခက်အခဲတွေ ဘယ်လိုမျိုး ကျော်ဖြတ်လာရမလဲဆိုတာကိုဝေဆာနေအောင် ကွန့်မြူးပြီး ပြောကြမယ်။ဒါပေမဲ့ ဒီကားကတော့ ဒီလိုမဟုတ်ဘူး။ ဖန်တရာတေဒီဇာတ်ကြောင်းတွေပဲ ထပ်နေတဲ့ ဒီရုပ်ရှင်အမျိုးအစားထဲကကိုမှ တကယ်မရှိတဲ့ ဒူဝီ ကော့စ် ဆိုတဲ့ အဆိုတော်ကိုဖန်တီးပြီး ဒီရုပ်ရှင်တွေကိုပဲ အကြီးအကျယ် ပြန်ဖဲ့သွားတာမျိုးဗျ။ဥပမာ ပြောရရင် ဒီအဆိုတော်က ငယ်ငယ်က တခုခုကြောင့်စိတ်ဒဏ်ရာရပြီး တစ်ခုခုဖြစ်နေရမယ်။ ဒီကားမှာကတော့ ဘာမဆိုင် ညာမဆိုင် တောခုတ်ဓားတစ်ချောင်းကြောင့်မင်းသားအကိုသေပြီး မင်းသားက စိတ်ဒဏ်ရာ ရသွားတာမျိုးက စလှော်တော့တာပါပဲ။ဂီတ အကျော်အမော်ကြီးတွေဖြစ်ကြတဲ့Bob Dylan, The Beatles, Elvisက အစလူပေါင်းစုံရဲ့ စတိုင်တွေ အကုန်ပြောင်။ အဲဒါမှ အားကိုမရသေးရင်အဓိပ္ပါယ်နှစ်ခွနဲ့ အောက်လုံး သီချင်းတွေကို မင်းသားကဆိုပြလိုက်ရမှ။မကျေနပ်သေးဘူးလား။ ဒါဆိုရင်လည်း ထုံးစံအတိုင်း ဆေးစွဲ မိန်းမရှုပ်တဲ့အခန်းတွေလာမယ်။ဒါပေမဲ့ ...
movie

Walk Hard: The Dewey Cox Story (2007)

The Darjeeling Limited (2007) 7.2
The Darjeeling Limited (2007) The Darjeeling Limited (2007)~ IMDb - 7.2/10, RT - 69%, Meta - 67% ~The Darjeeling Limited ဟာ နာမည်ကျော်အမေရိကန်သရုပ်ဆောင်တွေချည်းသုံးထားပေမဲ့ အိန္ဒိယမှာပဲ တစ်ကားလုံးနီးပါးပြီးသွားတဲ့ ရုပ်ရှင်ပါပဲ။ Wes Anderson ဟာ သူ့ထုံးစံအတိုင်း ဒီကားမှာလည်း နာမည်ကြီးစတားတွေ မြိုင်မြိုင်ဆိုင်ဆိုင်သုံးပြီး အိန္ဒိယခရီးစဉ်တစ်ခုကို ရိုက်ပြထားခဲ့တယ်။ အန်ဒါဆန်စကားအရတော့ "အိန္ဒိယဟာ သူမတူအောင် အရောင်အသွေးစုံလင်တဲ့ နိုင်ငံပေါ့။ အိန္ဒိယဟာ သိပ်မြူးကြွနေတဲ့ နိုင်ငံဆိုလည်း ဟုတ်တယ်။ အိန္ဒိယမှာ တစ်ယောက်တည်း အေးဆေးနေချင်လို့တောင် နေမရဘူး"တဲ့။ အိန္ဒိယဟာ ဒီဇာတ်ကားရဲ့ ဇာတ်အိမ်တည်ရာဖြစ်နေရုံတင်မဟုတ်ဘဲ အိန္ဒိယကိုယ်တိုင်ကိုက ဒီဇာတ်ရဲ့အကြောင်းအရာဖြစ်နေတယ်လို့လည်း ဆိုတယ်။ အန်ဒါဆန်ဟာ The Darjeeling Limited ကို ရိုက်တဲ့နေရာမှာ အိန္ဒိယကို သူ့ပုံစံအတိုင်းပဲထားပြီး ရိုက်ကူးခဲ့တယ်။ သူတို့ရိုက်ကွင်းမှာ ရှိနေတဲ့အရာတွေ ...
movie

The Darjeeling Limited (2007)

2007
The Hunger Games: The Ballad of Songbirds & Snakes (2023) 7.2
The Hunger Games: The Ballad of Songbirds & Snakes (2023)  နာမည်ကျော်ဟန်းဂါးဂိမ်းစ် ဇာတ်လမ်းရုပ်ရှင်တွဲတွေရဲ့ ၂၀၂၃ နောက်ဆုံးထွက်ရုပ်ရှင်လာပါပြီ။ "တေးသီငှက်တို့နဲ့မြွေတွေရဲ့ အချစ်သီချင်း" တဲ့။ လောလောဆည် ရုပ်ထွက်က Webrip အကြည်ဖြစ်ပေမဲ့ အသံက Cam အသံဖြစ်နေတုန်းပါပဲ။ Webdl နဲ့ 4K ထွက်လာရင် ထပ်အပ်ဒိတ်ပေးမှာပါ။ဟန်းဂါးဂိမ်းစ်ဒါရိုက်တာ Francis Lawrence ကပဲ ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်အဖြစ် Billy the Kid စီးရီးရဲ့မင်းသား Tom Blyth နဲ့ Shazam ထဲကမင်းသမီးလေး Rachel Zegler တို့ပါဝင်ထားပါတယ်။ ဇာတ်ပို့နေရာမှာတော့ Game of Thrones ထဲက အားလုံးရဲ့အချစ်တော် Peter Dinklage ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းဒီရုပ်ရှင်ကိုတော့ ဟန်းဂါးဂိမ်းတွေစတင်ပြီး ၁၀ နှစ်အကြာမှာ အခြေခံထားပါတယ်။ အဓိက ဇာတ်ဆောင်ကတော့ နောက်ပိုင်းမှာ ပါနမ်မြို့တော်ရဲ့ သမ္မတဖြစ်လာပြီး ဗီလိန်ကြီးဖြစ်လာတဲ့ ကိုရီရိုလေးနပ် စနိုး ပါပဲ။ Hunger Games ...
movie

The Hunger Games: The Ballad of Songbirds & Snakes (2023)

4K HEVC
Quiz Lady (2023) 6.8
Quiz Lady (2023)  Quiz Lady ရုပ်ရှင်ဟာ ၂၀၂၃ ခုနှစ်ထွက် ဟာသ ဇာတ်မြူးကားလေးတစ်ကားဖြစ်ပါတယ်. ဒီဇာတ်ကားမှာက တကယ့် လူသိများမင်းသားမင်းသမီးတွေဖြစ်တဲ့ Grey Anatomy က Sandra Oh,Crazy Rich Asians ထဲက Awkwafina, သက်ကြီးပိုင်း ဆရာကြီးတွေဖြစ်တဲ့Will Ferrel, Holland Taylor တို့ ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်..ဇာတ်ကားလေးက ဟာသကားဆိုပေမဲ့ ကလိထိုးရယ်ခိုင်းတာမျိူး မဟုတ်ပဲသူတိ့ကို ကြည့်ရင် တစိမ့်စိမ့်သဘောကျလာလို့ ရယ်မောပျော်ရွှင်နေရမဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေး ပြောပြရမယ်ဆိုရင်တော့ မင်းသမီးအန်းဟာငယ်ငယ်လေးကတည်းက TV က လာတဲ့ Quiz အစီအစဥ်တစ်ခုကို နေ့စဥ့်မပြတ်ကြည့်ပြီး ကြီးပြင်းလာတဲ့ အသက် ၃၀ကျော်အရွယ် အူတူတူကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့အမေကတော့ သူမကို အကြွေးတွေနဲ့ထားခဲ့ပြီးသူနေထိုင်ရာ လူအိုရုံကနေပါ ပြေးသွားခဲ့ပါတယ်။ လုပ်သမျှ မဖြစ်ထွန်းတဲ့သူအစ်မနဲ့ ပြန်ဆုံစည်းပြီး အမေဖြစ်သူရဲ့ အမွေဆိုးကို ရင်ဆိုင်ဖြေရှင်းရတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်ကားလေးတစ်လျှောက်လုံးမှာ မြင်တွေ့ရမှာကတော့ မင်းသမီးရဲ့ Character development, ...
movie

Quiz Lady (2023)

Scott Pilgrim vs. the World (2010) 7.5
Scott Pilgrim vs. the World (2010) Scott Pilgrim vs. the World (2010)~ IMDb - 7.5/10, Rotten Tomatoes - 82% ~ခင်ဗျားတို့အတွက် စီနီမာ (ရုပ်ရှင်) ဆိုတာ ဘာများလဲ။ မက်ဆေ့တစ်သီတစ်သန်းနဲ့ကားတွေလား။ ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေ သိပ်ကောင်းတဲ့ စီဂျီအိုင်တွေ တပြုံတမကြီးသုံးထားတဲ့ ခမ်းကြီးနားကြီးကားတွေလား။ ကျွန်တော့်အတွက်တော့ စီနီမာဟာ အရသာရှိနေခြင်းပဲ။ ခမ်းနားချင်မှလည်း ခမ်းနားမယ်၊ ဘာတစ်ခုမှမပါဘဲ ပြကွက်တစ်ကွက်တည်းကိုပဲ အကြာကြီးပြချင်လည်းပြမယ်၊ သောက်တလွဲတွေချည်း ပြောချင်လည်းပြောမယ်၊ ဂလည်အူကြောင်ပြကွက်တွေ ပြချင်လည်းပြမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်လို့ အရသာတော်တော်ကြီးရှိနေပြီဆိုရင် အဲဒီရုပ်ရှင်ဟာ ရုပ်ရှင်စစ်တယ်။ စီနီမာဖြစ်တယ်လို့ပဲ ပုဂ္ဂလိကအရ သတ်မှတ်လိုက်တာပဲ။Scott Pilgrim vs. the World ဟာ အဲဒီစီနီမာအရသာ အပြည့်ရှိနေတဲ့ကားပေါ့။ မသိတဲ့လူဆို ဘာမှမဟုတ်ဘူးထင်ရင်း ကြည့်နေရင်း ကြည့်နေရင်း အရသာက တဖြည်းဖြည်းတက်လာမယ့် ရုပ်ရှင်မျိုးပဲ။ ...
movie

Scott Pilgrim vs. the World (2010)

2010
4K HEVC
Moonrise Kingdom (2012) 7.8
Moonrise Kingdom (2012) ဒီတစ်ခေါက်တော့ တစ်ခါထက်မကကြည့်ချင်ရလောက်တဲ့ Moonrise Kingdom လို့ခေါ်တဲ့ Comedy, Drama, Family ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်‌ဆက်ပေးချင်ပါတယ်။ ၁၉၆၀ခုနှစ်တွေကိုနောက်ခံထားထားတဲ့ ၁၂နှစ်အရွယ်လူငယ်စုံတွဲရဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ်။ အပယ်ခံမိဘမဲ့‌ကင်းထောက်ကောင်လေးက ဆူဇီဆိုတဲ့ကောင်မလေးနဲ့ ရင်ဘတ်ချင်းတူလို့ စာတွေအပြန်အလှန်ရေးရင်း တစ်နေ့ သူတို့အတူ ထွက်ပြေးခဲ့ကြပြီး ကျွန်းရဲ့ယခင်မူလနေထိုင်ခဲ့တဲ့လူတွေအတိုင်း ခြေရာခံရယလျှောက်သွားခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းတွေနဲ့ စွန့်စားခန်းတွေကို တွေ့ရမှာပါ။ ဒီဇာတ်လမ်းကိုကြည့်ရင်း လူငယ်ဘဝရဲ့ တဇွတ်ထိုးအကျင့်တွေနဲ့ နောက်ဆံမတင်းပဲ သတ္တိရှိရှိ ဆုံးဖြတ်ချက်ချခဲ့တာတွေဟာ ချစ်စရာကောင်းနေခဲ့ပြီး အနှစ်သာရပြည့်ဝတဲ့အမှားတွေဟာလည်း နောက်ထပ်အခွင့်အရေးရဖို့ ထိုက်တန်နေခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင်တော့ IMDb မှာ 7.8/10 ထိရထားပြီး Rotten Tomatoes 93% ထိရထားတာပါ။ ဒါ့အပြင် ဒီဇာတ်ကားဟာဆိုရင် ဒါရိုက်တာ Wes Anderson ရဲ့ လက်ရာကောင်းတွေထဲက တစ်ကားဖြစ်ပြီး Gotham Independent Film Award for Best Feature ဆုရရှိကာ အဓိကလူငယ်သရုပ်ဆောင်တွေဟာလည်း ...
movie

Moonrise Kingdom (2012)

2012
Spider-Man: Across the Spider-Verse (2023) 9.1
Spider-Man: Across the Spider-Verse (2023) IMDb 9.1 အထိရသွားပြီး အားပေးမှုတွေအပြည့်ရနေတဲ့ကာတွန်းကားလာပါပြီ။ ဒါကတော့ 2018 တုန်းက Spider-Man:Into the Spider-Verse ရဲ့အဆက်ပါပဲ။ အရင်ကာတွန်းမှာလည်းစပိုက်ဒါမန်းမျိုးစုံနဲ့ ဟာသတွေနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့လူကြိုက်များခဲ့သလို အခုကားမှာလည်း နောက်ထပ်တဆင့်ပါမြှင့်ထားလိုက်ပါပြီ။ 2 hours and 20 minutes ရှိလို့ ကာတွန်းကားတွေထဲမှာ အရှည်ဆုံးကာတွန်းလည်းဖြစ်သွားပါတယ်။ မိုင်းစ် မိုရားလစ်စ်ဟာ အပြိုင်စကြဝဠာတွေက သူငယ်ချင်းတွေနဲ့ခွဲခွာပြီးနောက် ပြန်မတွေ့ရတော့တာ ကြာပါပြီ။ သူသတိရနေပေမဲ့တစ်ယောက်မှ လာမတွေ့ဖြစ်ကြပါဘူး။ တစ်နေ့မှာတော့ အပြိုင်စကြဝဠာတွေကြားထဲကို ခရီးသွားနိုင်တဲ့ စပေါ့ဆိုတဲ့ စူပါဗီလိန်နဲ့ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ အဲဒီအချိန်မှာပဲ စပိုက်ဒါဂွမ်တို့ ပီတာပါကာတို့တွေနဲ့တွေ့ပြီး အပြိုင်စကြဝဠာတွေကို စောင့်ရှောက်တဲ့ အဖွဲ့ခေါင်းဆောင်စပိုက်ဒါမန်း မီဂဲဆီကိုရောက်သွားပါတယ်။ အဲဒီမှာမှ စကြဝဠာပေါင်းစုံကစပိုက်ဒါမန်းရာထောင်ချီနဲ့ထပ်တွေ့ပြီး စကြဝဠာကြီးကို ဘယ်လိုကယ်တင်ကြမလဲဆိုတာ ဆက်ကြည့်ရမှာပါပဲဖြစ်ပါတယ်။ File size… 1.93 GB , 4.21 GB , 5.16 GB Quality…Web-Dl  4k / 1080p ...
movie

Spider-Man: Across the Spider-Verse (2023)

2023
4K HEVC
Asteroid City(2023) 7.0
Asteroid City(2023) Asteroid City(2023)******************* ဒီကားကတော့ တွမ်ဟန့်နဲ့ စကားလက်ဂျိုဟန်ဆန်တို့ ပါဝင်ထားတဲ့ ရုပ်ရှင်ဆရာကြီးဝက်စ်အန်ဒါဆန်ရဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ Wes Anderson ဟာ ရုပ်ရှင်ငါးကားနဲ့တင်အော်စကာ ဆန်ကာတင် ၇ ခု ရခဲ့ဖူးပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့ ထူးခြားတဲ့ အရေးအသားနဲ့ရိုက်ချက်အလှအပတွေကြောင့်ပါ။ Isle of Dogs, The Grand Budapest Hotel, Moonrise Kingdom တို့ကိုတော့အတော်များများသိကြမှာပါ။ ဒီရုပ်ရှင်ကတော့ သူ့ရိုက်သမျှထဲမှာ နာမည်ကျော်သရုပ်ဆောင်အများဆုံးပါပဲ။Jason Schwartzman, Scarlett Johansson, Tom Hanks, Jeffrey Wright,Tilda Swinton, Bryan Cranston, Edward Norton, Adrien Brody,Steve Carell, Hong Chau, Willem Dafoe စတဲ့ ဒိတ်ဒိတ်ကျဲတွေ စုပြီးပါဝင်ထားပါတယ်။စကားလက်အနေနဲ့ အရှေ့ပိုင်းဗလာအခန်းကို ရိုက်ရတာ ပြဿနာမရှိပေမဲ့ ဒါရိုက်တာကြီးကတော့အတော်ရှက်လို့ မျက်နှာပူစရာတွေဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ဒီရုပ်ရှင်မှာ ...
movie

Asteroid City(2023)

Rushmore (1998) 7.6
Rushmore (1998) Rushmore (1998)~ IMDb - 7.6/10, Rotten Tomatoes - 90% ~ဒီဇာတ်ကားဟာ Moonrise Kingdom, The Grand Budapest Hotel, Fantastic Mr. Fox တို့နဲ့နာမည်ကြီးတဲ့ဒါရိုက်တာ Wes Anderson ရိုက်ကူးခဲ့တဲ့ ဒုတိယမြောက်ကားဖြစ်ပါတယ်။ Wes Anderson ရဲ့ဇာတ်ကားတွေက ခေါက်ချိုးညီရိုက်ချက်တွေ၊ လှပတဲ့အရောင်တွေအလှတွေထည့်သွင်းအသုံးပြုတာတွေ၊ ဇာတ်လမ်းဇာတ်ညွှန်းထူးဆန်းမှုတွေနဲ့ နာမည်ကြီးပါတယ်။ ဒီဇာတ်ကားက ၁၉၉၀ ကျော်ကကားလို့မထင်ရအောင်ကိုခေတ်မှီပြီး ပုံစံကလုံးဝကို Unique ဖြစ်ပါတယ်။ ဟာသကားလို့ Genre တပ်ထားပေမဲ့လို့ လုံးလုံးဟာသကားမျိုးဖြစ်နေတာမဟုတ်ဘဲ Deep တဲ့သဘောသဘာဝတွေကိုနှစ်မြှုပ်ထားပါသေးတယ်။ဒီဇာတ်ကားရဲ့​ကျောရိုးကို ဇာတ်ဆောင်သုံးဦးနဲ့ဖွဲ့စည်းထားပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့မက်စ်က အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသားဖြစ်ပြီး ရက်ရှ်မိုးလို့ခေါ်တဲ့ ကိုယ်ပိုင်ကျောင်းမှာ စကောလားရှစ်နဲ့တက်ရောက်နေသူဖြစ်ပါတယ်။ စကောလားရှစ်ရထားတာဆိုပေမဲ့ အသင်းအဖွဲ့တွေ ဘာ Club ညာ Club ဖွဲ့တာတွေစတဲ့ Activity ...
movie

Rushmore (1998)

1998
Funny People(2009) 7.0
Funny People(2009) Funny People(2009)*******************လူတစ်ယောက်ဟာ အပြင်ပန်းမှာပျော်နေသလို၊ ရယ်မြူးနေသလို ထင်ရပေမယ့် အတွင်းစိတ်မှာတော့ ပူပန်မှုတွေ၊စိုးရိမ်သောကတွေ၊ အထီးကျန်ဝမ်းနည်းစိတ်တွေနဲ့ ရှင်သန်နေရတာမျိုး လူ့လောကမှာရှိတတ်ကြတာ သဘာဝပါ။အငြိမ့်စင်ပေါ်မှာ ကပြအသုံးတော်ခံနေတဲ့ လူရွှင်တော်တိုင်းဟာ သူတို့ထုတ်လိုက်တဲ့ပြက်လုံးတွေထဲကလိုဘဝကအမြဲရယ်မောပျော်ရွှင်စရာကောင်းချင်မှ ကောင်းပါလိမ့်မယ်။ဒါဟာ လူ့ဘဝရဲ့ ပုံမှန်ပြယုဂ်ပါပဲ။ အခက်အခဲ၊ အကျပ်အတည်းနဲ့ စိတ်အလိုမကျစရာတွေက"ဪ၊ သူကတော့ ပြက်လုံးတွေထုတ်တတ်တဲ့ လူရွှင်တော်ပဲ"ဆိုပြီး မကျရောက်လာတာမျိုး မရှိပါဘူး။ဒီလောကဓံတရားရဲ့ပြကွက်ကိုတော့ အခုဇာတ်ကားလေးထဲမှာ ခြယ်မှုန်းလှစ်ဟပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျော့ခ်ျဆင်မွန်ဟာ အောင်မြင်တဲ့ တစ်ခန်းရပ်လူပြက်တစ်ယောက်ဖြစ်ပါတယ်။တီဗီဇာတ်လမ်းတွေ၊ ဟာသရှိုးတွေဝက်ဝက်ကွဲရိုက်ရပြီး ပြောင်မြောက်တဲ့ ပြက်လုံးတွေကြောင့်ပရိသတ်ကြားရေပန်းစားရတဲ့ အထင်ကရလူပြက်တစ်ယောက်ပါ။ကိုယ်ပိုင်အိမ်၊ခြံဝန်းနဲ့ စတိုင်ကျကျနေနိုင်ပြီး ဂျက်လေယာဉ်ဝယ်စီးနိုင်လောက်တဲ့အထိ ဝင်ငွေကောင်းပါတယ်။ဒါပေမယ့် ကံအကြောင်းမလှစွာနဲ့ပဲ သူ့မှာ AML လို့ခေါ်တဲ့သွေးအားနည်းရောဂါဆန်းတစ်မျိုး စွဲကပ်လာပါတယ်။ရောဂါအသစ်ဖြစ်လို့ ကုသနိုင်မယ့်ဆေးမရှိသေးတာကြောင့် ဘဝကိုလက်လျှော့အရှုံးပေးရမလိုဖြစ်နေချိန်မှာတိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ကိုအထင်ကြီးအားကျတဲ့ လူပြက်ပေါက်စ အိုင်ရာရိုက်နဲ့ ဆုံမိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့...............ဒီဇာတ်ကားကိုကြည့်ရင်း မိတ်ဆွေတို့လည်း ကိုယ့်ဘဝကိုယ်တစ်ချက်လည်ပြန်စောင်းငဲ့ကြည့်မိကြမှာပါ။အဒမ်ဆန်ဒလာ၊ ဆာ့သ်ရော်ဂန်နဲ့ လက်စ်လီမန်းတို့ဦးဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ reviewကောင်းတွေလည်းရရှိထားတာဖြစ်ပါတယ်။File Size :(4.05 GB) (1.4 GB) and (445 ...
movie

Funny People(2009)

Klaus (2019) 8.4
Klaus (2019) ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးမှုကို လူသားတွေကနည်းလမ်းအမျိုးမျိုးနဲ့ ဝေမျှကြပါတယ်…ဒီခေတ်မှာ စာအိတ်ထဲထည့်ပေးကြတဲ့ပေးစာတွေ မရှိတော့ဘူးဆိုပေမယ့်လူမှုကွန်ယက်ပေါ်ကဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက်စာတွေပေးပို့နေကြတုန်းပါပဲ…ဒါပေမယ့် ပေးပို့တဲ့စာတွေထဲမှာ အမုန်းတရားတွေထက်ချစ်ခြင်းမေတ္တာတွေ ထည့်ပေးထားရင်မကောင်းဘူးလားဒီဇာတ်ကားလေးကတော့ အေးမြတဲ့ ခရစ္စမတ်အကြောင်းကိုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ပုံဖော်ထားတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်…ခရစ္စမတ်မှာ လက်ဆောင်တွေ လာပေးနေတဲ့ ခရစ္စမတ်ဘိုးဘိုးကြီးလို့ခေါ်တဲ့စန်တာကလောက်စ် အကြောင်း အခြေခံပြီး ပုံဖော်ထားတာပါ …အခွင့်ထူးခံ လူပေါ်ကျော့ ဂျက်စပါဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာအဖေ့ရဲ့စာပို့လုပ်ငန်းကြီးမှာ လက်ကျောတင်းအောင် မလုပ်ချင်ဘဲပျင်းရိနေတဲ့အတွက်ကြောင့် သူ့ကိုအပြစ်ပေးတဲ့အနေနဲ့ လူသူမနီးတဲ့ကျွန်းတစ်ကျွန်းပေါ်က မြို့ကလေးမှာ စာပို့သမားလုပ်ဖို့ ပို့လွှတ်စေခိုင်းခဲ့ပါတယ်…ရိုင်းပြပြီး အမြဲဒေါသထွက်နေတဲ့ လူတွေနေတဲ့ အေးခဲပြီး ခေါင်ဖျားလွန်းတဲ့စမီရင်ဘာ့ဂ် မြို့ကလေးကနေ တစ်နှစ်အတွင်းပေးစာ ၆၀၀၀ ထွက်လာအောင်လုပ်မှ ဒီမြို့ကနေပြန်ရမယ့်သူပါ…မဟုတ်ရင် အဖေကအမွေပြတ်စွန့်လွှတ်မတဲ့…Klaus ဆိုတဲ့ ဒီဇာတ်ကားလေးဟာ ၂၀၁၉ မှာထွက်ရှိထားပြီးIMDb – 8.4/10 နဲ့ Rottentomatoes – 89% တောင်ရရှိထားတာမို့လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်တယ်လို့ပဲပြောလိုက်ပါရစေ.။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်… File Size ...
movie

Klaus (2019)

2019
4K HEVC Web-DL
Marie Antoinette(2006) 7.0
Marie Antoinette(2006) Marie Antoinette(2006) အညွှန်း****************************IMDb...7.0၁၇ ရာစုမှာ ပြင်သစ်တော်လှန်ရေးဖြစ်ခဲ့ပြီး တော်လှန်ရေးမဖြစ်ခင် နောက်ဆုံးစိုးစံခဲ့တဲ့ ဘုရင်မက မာရီအန်တွီနက်ပါပဲသူကတော့ တခြားသူမဟုတ်ပါဘူး ‘ပေါင်မုန့်မရှိရင် ကိတ်မုန့်စား’ ဆိုပြီး ရာဇဝင်တွင်မယ့် စကားကိုဆိုခဲ့တဲ့သူပဲဖြစ်ပါတယ်ဒီဇာတ်ကားဟာ သူ့ကိုဗဟိုပြုပြီး ရိုက်ကူးထားတာဖြစ်ပြီးspiderman မင်းသမီးဟောင်း Christen Dunst ပါဝင်ထားပါတယ်မာရီတစ်ယောက် အမျိုးသမီးပင် ဖြစ်လင့်ကစားပြင်သစ်နန်းတွင်းမှာ ဝင်ဆန့်အောင်ကြိုးစားရပုံတွေထီးနန်းဆက်ခံမယ့်သားတော်မွေးစေချင်တဲ့ ဖိအားတွေကိုဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရှုခံစားရမှာပါ...File Size :(2.1GB)(1.1GB) and (239MB) Quality : Blu-Ray 1080p5.1Ch, 720P Format…mp4 Duration…02:03:00 Genre : , Drama ,Biography , History Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Marie Antoinette(2006)

Mainstream (2020) 5.1
Mainstream (2020) Mainstream (2020)===============Andrew Garfield ကို YouTuber အဖြစ်တွေ့ရမယ့် ကားလေးလာပါပြီ။ NoWayHome အပြီး လူပြော ပြန်များလာတာကြောင့် သူ 2020 က သရုပ် ဆောင်ဖူးတဲ့ Mainstream နဲ့မိတ်ဆက်‌ပေးချင်ပါတယ် ။အသုံးအနှုန်း‌ေတွ ကြမ်းတာကြောင့် ကိုယ့်ဟာကို ချင့်ချိန်ပြီးကြည့်ကြပါလို့။ ဒီကားမှာ Andrewရဲ့ ဇာတ်ကောင်စရိုက်ဟာ ခန့်မှန်းရခက်တယ်... Social media နဲ့ Internet တွေကို ဆန့်ကျင်လှောင်ပြောင်တဲ့ liberal တစ်ယောက် လို့သတ်မှတ်ရမလားပဲ... သူ့မှာ ဖုန်းတောင်မရှိ ကြုံရာနေ ကြုံရာအလုပ်လုပ်ပြီးဖြတ်သန်းနေတဲ့ လူတစ်ယောက် ဒါကို ဘားမှာအလုပ်လုပ်တဲ့ ဖရန်ကီဆိုတဲ့ကောင်မလေးကတွေ့ပြီး ဗီဒိရိုရိုက်တင်ရာကနေ အန်ဒရူးတို့ အင်တာနက်မှာ စပြီးနာမည်ကြီးလာပါတယ် ...ဒီအလားအလာကိုမြင်တဲ့ ဖရန်ကီဟာ အန်ဒရူးနောက်ကိုလိုက်ပြီး သူ့အတွေးအခေါ်နဲ့ ပြောင်းလဲရေးတရားတွေကို ဗီဒိရိုရိုက်တင်တယ် လူတွေကလည်း ဒါကို သဘောကျကြတယ်...အန်ဒရူးကိုယ်တိုင်လည်း Internet မှာနာမည်ကြီးနေတဲ့ လူတွေရဲ့လုပ်ရပ်တွေကို လှောင်ပြောင် သရော်တဲ့ အနေနဲ့ ဖရန်ကီနဲ့ပေါင်းပြီး No One Special ဆိုတဲ့ YouTube channel နဲ့ YouTuber ဖြစ်လာတယ်။ ...
movie

Mainstream (2020)

2020
The French Dispatch (2021)
The French Dispatch (2021) The French Dispatch (2021)ရုပ်ရှင်တစ်ပုဒ်ဟာ ပြဇာတ်တစ်ပုဒ်လို အိပ်ရာဝင်ပုံပြင်တစ်ပုဒ်လို စိတ်ကူးယဉ်ဆန်ပြီးလှပ​နေပြီဆိုရင် Director Wes Andersonရဲ့လက်ရာ​တွေနဲ့ မကင်းနိုင်ပါဘူး၊ သူ့ဇာတ်ကား​တွေရဲ့ narrativeပုံစံ ဇာတ်လမ်းတင်ဆက်ပုံနဲ့ Uniqueဖြစ်သလို Colorfulလည်းဖြစ်တဲ့ ရိုက်ကွင်းအပြင်အဆင်တွေ​ကြောင့် ရုပ်ရှင်နဲ့မတူဘဲ ပုံပြင်ကမ္ဘာထဲ လက်​တွေ့​ရောက်သွားသလို ခံစားချက်မျိုး၊ The Palais Garnier ပြဇာတ်ရုံမှာ ကိုယ်တိုင်ပြဇာတ်ကြည့်​နေရသလို ခံစားချက်မျိုး ရ​စေတာကို- The Grand Budapest Hotel (2014) နဲ့ - Moonrise Kingdom (2012)မှာ ခံစားခဲ့ရပြီးပါပြီ၊ဒီ ဇာတ်လမ်းကလည်း Wes Andersonရဲ့ ​နောက်ထပ် ရုပ်ရှင်မဟုတ်​သောရုပ်ရှင်၊ ပြဇာတ် မဟုတ်​​သော ပြဇာတ်လို့ ထပ်ရည်ညွှန်းရမယ်ထင်ပါတယ်ဒီဇာတ်လမ်းက​​တော့ Andersonရဲ့ ဝတ္ထုတို​တွေကို ချစ်မြတ်နိုးမှု၊ စာနယ်ဇင်း​လောကကို နှစ်ခြိုက်မှုအ​ပေါ် ရုပ်ရှင်ဇာတ်ကားအဖြစ် အသက်သွင်းလိုက်တဲ့ လက်ရာမွန်တစ်ခုပါပဲ၊ Cast​တွေကလည်း ​ပြေးကြည့်စရာမလို​​​​အောင်ကို ဒိတ်ဒိတ်ကြဲ​ဖြစ်တဲ့၊ သူ့လက်စွဲ​တွေ ဖြစ်တဲ့ - ...
movie

The French Dispatch (2021)

2021
Between Two Ferns: The Movie (2019) N/A
Between Two Ferns: The Movie (2019) Between Two Ferns Between Two Fernsရဲ့ အစီအစဉ်တင်ဆက်သူဇက်တစ်ယောက် သူ့ရဲ့စတူဒီယိုကြီးတစ်ခုလုံးရေလွှမ်းခံလိုက်ရပြီးတဲ့နောက်မှာတော့ ပိုင်ရှင်ဖြစ်တဲ့ဝေးလ်ဖယ်ရိုနဲ့ အပေးအယူတစ်ခုလုပ်ခဲ့လိုက်ပါတယ်။ အပေးအယူကတော့ အင်တာဗျူးအစီအစဉ်အတွက် ၁၀ပိုင်းရှာပေးရင် သူညစဉ်ညတိုင်းပါဝင်နိုင်တဲ့ကိုယ်ပိုင် တီဗီရုပ်သံအစီအစဉ်တစ်ခုပေးဖို့ပါပဲ ။ အပေးအယူကိစ္စအောင်မြင်ပြီးတာနဲ့ ဇက်တစ်ယောက် သူ့စက်အဖွဲ့သား ၃ယောက်နဲ့ နိုင်ငံအနှံ့လျှောက်သွားပြီး အင်တာဗျူးပါတော့တယ်။ သူ့အင်တာဗျူးက တကယ်နာမည်ကြီးသရုပ်ဆောင်တွေကို အဆိုးဖက်ကနေဦးတည်ပြီးတော့ အနောက်ပုံစံနဲ့မေးမြန်းပြီး အတည်ပေါက်နဲ့ ကိုယ့်မကောင်းကြောင်းတွေကို ပြောဆိုခံရတဲ့အနေအထားပါ။ ဆိုတော့ ဇက်တစ်ယောက်သူရဲ့အပေးအယူကိုအောင်မြင်စွာ လုပ်ဆောင်နိုင်မလား ကိုယ်ပိုင်တီဗီအစီအစဉ်တစ်ခုရနိုင်မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလို်က်ရအောင်ပါဗျာ။ အင်တာဗျူးခံရတဲ့သူတွေထဲမှာ ကိုယ်တွေရဲ့ မာဗယ်ဟီးရီုးတွေအများကြီးပါဝင်ပါတယ်နော်။ ကိုယ်တွေရဲ့ဒေါက်တာအဆန်းကြီးကိုဖဲ့တာ ဖဲ့တာဆိုတာ။File size…(1.28 GB) and (601.53 MB) Quality…1080p NF.WEBRip H264 FGT Format…mp4 Duration…1h 22min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator...Charm
movie


2019
Wine Country(2019) 5.5
Wine Country(2019) Wine Country(2019)"ဟဲ့ မသာမကြီး သေချင်းဆိုးကြီး အနူကြီး ဟိုကောင်မ" စတဲ့ ခပ်ရိုင်းရိုင်းအသုံးအနှုံးမျိုးနဲ့ နှုတ်ဆက်ပေမယ့် မျက်နှာတွေကပြုံးချိုနေတဲ့ ငယ်ပေါင်းကြီးပေါ်သူငယ်ချင်းတွေ လူတိုင်းမှာရှိကြတယ်.... အထူးသဖြင့် State ကျောင်းသား ကျောင်းသူဘ၀က သူငယ်ချင်းတွေပေါ့... အရွယ်လေးရောက်လာတော့ လောကကြီးကိုဖြန့်ကျက်ဖို့ရာ ကိုယ်အားသန်ရာနေရာကိုယ်စီကို လျှောက်လမ်းကြရင်း တဖြည်းဖြည်း ကျွန်တော်တို့ငယ်သူချင်းတွေဟာ ဝေးကွာမှန်းမသိဝေးကွာကုန်တယ်.. ဘ၀ကိုယ်စီရဲ့ ၀န်ထုပ်ဝန်ပိုးတွေကို ကစဥ့်ကလျှားမဖြစ်အောင် အံကြိတ်ထမ်းပိုးရင်း ငယ်သူငယ်ချင်းတွေနဲ့ပြန်ဆုံဖို့အခွင့်အရေးဆိုတာ နောက်ဆုံးမှလုပ်ရမယ့် အစီအစဉ်ထဲကိုရောက်မှန်းမသိရောက်ကုန်ကြတယ်... ခရီးအတူထွက်ဖို့ ဆိုင်မှာအတူဆုံပြီးစားကြဖို့မျိုးစုံကြိုးစားကြပေမယ့် ငယ်သူချင်းတွေနဲ့ပြန်ဆုံဖို့ဆိုတာ တိမ်ထဲမှာစာရေးသလိုပါပဲ... ကိုယ့်ဆန္ဒထက်ဦးစားပေးရမယ့် လက်ရှိဘ၀လေပွေလည်းတစ်ချက်တိုက်လိုက်ရုံနဲ့ ကျွန်တော်တို့အစီအစဉ်တွေပျက်ကုန်ကြတာပဲမဟုတ်လား.... ခင်ဗျားတို့အားလုံး ဒီလိုအဖြစ်မျိုးမကြုံဘူးတဲ့ သူခပ်ရှားရှားပါပဲ... ဇာတ်လမ်းအညွှန်း ************ ဒီကားထဲမှာတော့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေဟာ သူတို့အုပ်စုထဲက သူငယ်ချင်းတစ်ယောက်ရဲ့ အသက် ၅၀ပြည့် မွေးနေ့အတွက် ခရီးစုထွက်ဖို့ကြိုးစားကြတယ်... ကျွန်တော်တို့လိုတော့မဟုတ်ဘူးပေါ့.. သူတို့အဖွဲ့တွေကတော့တကယ်ကိုဆုံဖြစ်ခဲ့ကြတယ်... ငယ်သူငယ်ချင်းတွေပြန်ဆုံတော့ တကယ့်ကို ပွင့်ပွင့်လင်းလင်း ပြောစရာရှိပြောကြဆိုကြနဲ့ပေါ့... ဒီကားလေးကိုကြည့်ရင်း ရယ်စရာလေးတွေတွေ့ရသလို ပြန်ဆုံကြတဲ့အခိုက်အတန့်မှာ သူတို့သောင်းကျန်းတဲ့ပုံတွေကိုလည်း ဟာသလေးတွေနှောပြီးတွေ့ရလိမ့်မယ်... ခံစားကြည့်လိုက်ပါဦးလို့...ပြောပါရစေ....File Size : (952MB)and (358MB) Quality : WEB-DL 720p, Format…mp4 Duration…01:43:00 Genre :  Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Jthekoala Encoded by Phyo Pyae
movie

Wine Country(2019)

2019
Big Eyes (2014) 7.0
Big Eyes (2014) Big Eyes (2014) IMDb - 7.0/10_____Rotten - 72%ဒီကားရိုက်ရဲ့ ဒါရိုက်တာ Tim Burton ရိုက်ထားတဲ့ Big Fish, Alice In Wonderland, Edward scissorhands တို့ Charlie and the chocolate Factoryတို့လို ဇာတ်ကားကောင်းတွေကို ကြည့်ဖူးကြမှာပါ။ Tim Burtonရဲ့ ကားတွေဟာ ရိုက်ဟန်ထူးခြားပြီး ပစ်ရတဲ့ကားလည်း မရှိသလောက်ပါပဲ။ အခု Big Eye ကလည်း သူရိုက်ခဲ့တဲ့ Biography ကားတစ်ကားပါပဲ။အနုပညာဆိုတာ ကိုယ်ရေးကိုယ်တာ အရမ်းဆန်ပါတယ်။ ကိုယ်ပိုင်ခံစားချက်ကို စကားလုံး ရုပ်ပုံ နိမိတ်ပုံ သံစဉ် အစရှိသဖြင့်ကူးပြောင်းရတာမျိုးပါ။ နှလုံးသားထဲက ထွက်လာတယ်ဆိုလည်း မမှားဘူးပေါ့ဗျာ။Margaretဆိုတဲ့ ပန်းချီဆရာမ တစ်ယောက်ဟာ သူ့ခံစားချက်တွေကို ပန်းချီဆွဲတဲ့ အခါတိုင်း မျက်လုံးကို အရှိတရားထက် ကြီးအောင် ရေးဆွဲပြီး ခံစားချက်ပေါ်လွင်အောင် ဆွဲလေ့ရှိတယ်။ သူ့စကားအတိုင်းဆို " မျက်လုံးဆိုတာ စိတ်ဝိညာဉ်ရဲ့ ...
movie

Big Eyes (2014)

2014
Fantastic Mr. Fox(2009) 7.8
Fantastic Mr. Fox(2009) Fantastic Mr. Fox(2009) IMDb...7.8,,,,Rotten....92%Mr. Foxဟာ သတင်​းစာဆရာတစ်​​ယောက်​အဖြစ် အသက်​​မွေးပြီး  သိပ်ချစ်စရာကောင်း အမျိုသမီး နဲ့သားလေး Ashတို့နဲ့အတူဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေတယ်...အိမ်ထောင်ရက်သားမကျခင်တုန်းတုန်းက  Mr. Fox ဟာ အပေအတေ သူခိုးဖြစ်ခဲ့ပုံရတယ်...တစ်နေ့့ သူ့တူဖြစ်သူအိမ်ကိုအလည်လာ ​ရောက်​လာတဲ့ အချိန်​မှာ Mister fox ဟာ အရင်ဗီဇတွေပြန်ပေါ်လာပုံရတယ်...သူ့တူရောက်လာတာခြင်းဟာ သူ့အတွက်လက်ထောက်ကောင်းရပြီဆိုး အရင်​က ကြက်​ခြံ ဘဲခြံ​တွေကို ဝင်​​မွှေခဲ့ဘူးတဲ့ စွန် ့စားခန်​း အချိန်​​တွေ ပြန်​ရ​အောင်​ကြိုးစားပါ​တော့တယ်​...အင်​မတန်​ ရက်​စက်​ပါတယ်​ဆိုတဲ့ ​မွေးမြူ​ရေးခြံပိုင်​ရှင်​ ၃​ယောက်​နားမှာ အိမ်​ဝယ်​ပြီး Mister Fox ရဲ့စွန့်​စားခန်​း​တွေ စတင်​တဲ့အခါ......Rating 7.8 ရထားပြီး Comedy Adventure အမျိုးအစား Animation ကား​ကောင်​း​လေးဖြစ်​ပါတယ်​...Animation ကား​ကောင်​းကြိုက်​တဲ့သူ​တွေအတွက်​  ကားကောင်းလေးတစ်ကားပါ...Mr. Fox  ရဲ့ အသံကိုတော့ မင်းသားကြီး George Clooneyက သရုပ်ဆောင်ပေးထားပါတယ်...File Size : (800 MB) and (348 MB) Quality ...
movie

Fantastic Mr. Fox(2009)

2009