Channel Myanmar

Jason Tremblay

Curious Caterer: Dying for Chocolate (2022) 6.4
Curious Caterer: Dying for Chocolate (2022)  Curious Caterer:Dying for chocolate ဆိုတဲ့ကားလေးကတော့ 2022မှာထွက်ရှိထားပြီး Crime ,Mystery အမျိုးအစားလေးဖြစ်ပါတယ်။ဂိုးဒီဘယ်ရီဆိုတဲ့ အမျိုးသမီးက ဧည့်ခံပွဲတွေအတွက်အစားအသောက်တွေ တည်ခင်းဧည့်ခံပေးတဲ့စားဖိုမှူးတစ်ယောက်ဖြစ်ပါတယ်။တနေ့မှာ သူမရဲ့အချစ်ဆုံးသူငယ်ချင်းဟာ ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီးတော့ သေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ မတော်တဆမှုမဟုတ်ဘဲ ကြံစည်မှုတစ်ခုဖြစ်နေပြီး သူမသူငယ်ချင်းဖြစ်သူဟာအသတ်ခံလိုက်ရတာလို့သိလိုက်ရတဲ့အချိန် အမှုရဲ့တာဝန်ခံစုံထောက်ဖြစ်သူနဲ့အတူ သူမကိုယ်တိုင်အမှု့ကို ပါဝင်စုံစမ်းပါတော့တယ်။ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris
movie

Curious Caterer: Dying for Chocolate (2022)

A Christmas Spark (2022) 6.0
A Christmas Spark (2022)  ဒီတစ်ခါမှာတော့ ကြည်နူးစရာကောင်းတဲ့ ခရစ္စမတ်အချစ် ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးသွားမှာပါ။မိုလီဆိုတဲ့အမျိုးသမီးဟာ အပြောင်းအလဲကို မကြိုက်တဲ့ အမျိုးသမီးတစ်ယောက်ပါ သူရဲ့ ခင်ပွန်းဟာလည်း လွန်ခဲ့တဲ့ ၂နှစ်က ဆုံးပါးသွားတာဖြစ်ပြီး သူ့သမီးဟာလည်း တခြားမြို့မှာ သူ့မိသားစုနဲ့ အတူနေထိုင်နေတာပါ။ မိုလီတစ်ယောက် အတိတ်ကို လက်မလွှတ်နိုင်ဘဲ နေအိမ်မှာ တစ်ယောက်တည်း အထီးကျန်စွာ နေထိုင်နေရတာပေါ့။တနှစ်မှာတော့ မိုလီရဲ့ သမီးမိသားစုဟာ သူ့အိမ်ကိုလာပြီး ခရစ္စမတ်ပွဲကို မကျင်းပနိုင်တာကြောင့် သူကိုယ်တိုင် သမီးဖြစ်သူရဲ့ နေအိမ်ကိုသွားဖို့ အကြောင်းဖန်လာပါတော့တယ်။ လေဆိပ်မှာ မိုလီနဲ့ တွေ့ခဲ့သူကတော့ ဂျာနယ်လစ်ဟောင်းတစ်ယောက်ဖြစ်ပြီး အသစ်အဆန်းတွေ အမြဲလုပ်ချင်နေတဲ့ ဟန့်ခ်ဆိုတဲ့သူပါ။ အကြောင်းအမျိုးမျိုးနဲ့ သမီးရဲ့မြို့မှာ ကျင်းပမယ့် ခရစ္စမတ်ပြဇာတ်အတွက် မိုလီဟာ ဒါရိုက်တာ တာဝန်ယူလိုက်ရပြီး သက်ကြီးပိုင်းထဲမှာ ရေပန်းစားနေတဲ့ ဟန့်ခ်နဲ့ ထပ်တွေ့ရပါတော့တယ်။အပြောင်းအလဲမကြိုက်တဲ့ မိုလီတစ်ယောက် အသစ်အဆန်းတွေ စိတ်ဝင်စားတဲ့ ဟန့်ခ်နဲ့တွေ့ပြီး ရှောင်လွှဲလို့မရတဲ့ အပြောင်းအလဲတွေ ကြုံလာရင်း သူကိုယ်တိုင်ရော ...
movie

A Christmas Spark (2022)

Demonic(2021) 4.7
Demonic(2021) လူနာတစ်ယောက် ကိုမာ ဝင်သွားပြီဆိုတာနဲ့ လူနာလိုအပ်တာကိုပြုစုပေးဖို့ ဆရာဝန်တွေ၊ လူနာစောင့်တွေအတွက်တော်တော်ခက်ခဲပါတယ်။ လူနာက ဘာမှမပြောနိုင်တော့ဘူးလေ...အဲ့ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ မိုက်ကယ်ဒိုလော့စ် တို့အုပ်စုက နည်းပညာအသစ်တစ်ခု တီထွင်နိုင်ခဲ့ပါတယ်။အောင်မြင်သင့်သလောက် အောင်မြင်ပေမယ့် လူနာက ဖန်တီးထားတဲ့ပုံရိပ်ယောင်ထဲမှာ စကားမပြောဘူးဖြစ်နေပါတယ်။ကိုမာဖြစ်ပြီး အသိစိတ်ရှိနေသေးတဲ့ လူနာ အန်ဂျလာ က သူ့နဲ့စကားပြောဖို့ သူ့သမီး ကာလေ ကိုခေါ်ပေးပါတဲ့...ကာလေ ကတော့ အမေ့ကို နာနာကျည်းကျည်းမုန်းနေပြီး အမေကျူးလွန်ခဲ့တဲ့ လူသတ်မှုအတွက် အဖြေရှာမရဖြစ်နေသူပါ။တစ်မြို့လုံးက ဝိုင်းပြောကြတယ်။ သူ့အမေက လူသတ်သမားတဲ့။ သူငယ်ချင်းဖြစ်သူ မာတင် ကတော့ သူ့အမေကတစ်ခုခုတွန်းအားပေးမှုကြောင့်ဖြစ်နေတာတဲ့။ အခုတော့.... နည်းပညာနဲ့ပုံဖော်ထားတဲ့ အိမ်မက်လိုလို ပုံရိပ်ယောင်ထဲမှာ အမေက သူ့နဲ့တွေ့ချင်တယ်တဲ့ ။ကာလေ တစ်ယောက် ပုံရိပ်ယောင်ထဲကနေ သူ့အမေရဲ့အကြောင်းစုံကို ရအောင်ဖော်ထုတ်နိုင်ပါ့မလား ?သူ့အမေပြောတဲ့ စွမ်းအား ဆိုတာရောဘာလဲ? မာတင်ပြောတဲ့ စိတ္တဇဆန်ဆန် ဖိအားပေးမှုဆိုတာတွေရော?အားလုံးကို ကြက်သွန်နီအခွံခွာသလို တစ်လွှာချင်းတစ်လွှာချင်းအဖြေထုတ်သွားမှာမို့ စိတ်ဝင်စားဖို့ကောင်းတဲ့ ကားကောင်းလေးဆိုလည်း မမှားပါဘူးနော်။နည်းပညာဗဟုသုတတွေလည်း ...
movie

Demonic(2021)

2021
Spontaneous (2020) 6.5
Spontaneous (2020) Spontaneous (2020)================IMDb Rating - 6.5/10 ဘဝမှာ ကံဆိုးမိုးမှောင်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ သင်သာဆိုရင် ထိပ်တိုက်ရင်ဆိုင်မလား? ရှောင်ဖယ်နေမလား?သေချာတာတစ်ခုကတော့ ဖြစ်မလာသေးတဲ့ အနာဂတ်ကြိုတွေးရင်း စိတ်သောကရောက်နေမယ်ဆိုရင် လူဖြစ်ရှုံးရချည်ရဲ့......ဒီကားအကြောင်းပြောရမယ်ဆိုရင် ကျောင်းတစ်ကျောင်း ဘယ်ကနေ ဘယ်လိုဖြစ်လာမှန်းမသိတဲ့ ပေါက်ကွဲမှုတွေဖြစ်ပြီးကျောင်းသားအတော်များများ သေကြေ ပျက်ဆီးကြပါတယ်။ ဘာကြောင့်လဲဆိုတာကို ဘယ်သူမှ မသိပါဘူး။ ဇာတ်ကားပြီးဆုံးတဲ့အထိ ဘာကြောင့်ဖြစ်လဲဆိုတာကို ခင်ဗျားလည်း သိမှာမဟုတ်ပါဘူး။ဒါဆို ဘာသိလိုက်မှာလဲ......မျက်စိတမှိတ်အတွင်း အသက်ဘေးအန္တရာယ်တဲ့ ရင်ဆိုင်နေရတဲ့အချိန် ကိုယ်ချစ်တဲ့သူတွေနဲ့ ဘဝကိုဘယ်လိုမျိူး ရှေ့ဆက်ဖြတ်သန်းကြလဲ.....အသက်ရှင်ဖို့အတွက် ဘယ်လိုတွေ ကြိုးစားရုန်းကန်ကြလဲ.....ခင်ဗျားဆိုရင်ကော ဘာဆက်လုပ်မလဲ၊ ဒီဇာတ်ကားက rating 6.5 ရှိပြီး rotten tomatoes 98% ထိရထားတာပါ။Aaron Starmer ရေးတဲ့ Spontaneous စာအုပ်ကို အခြေခံထားပြီး ၂၀၁၆မှာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ တစ်ကားထဲမှာပဲ Romance, comedy , Sci-fi ပေါင်းစုံပြီး ရသမျိုးစုံ ခံစားနိုင်မှာ အသေအချာပါပဲ.......(ဒီဇာတ်လမ်းရဲ့ ...
movie

Spontaneous (2020)

2020
Wonder (2017) 8.0
Wonder (2017) Wonder (2017) IMDb - 8.0/10_____Rotten - 85%   ကျွန်တော်တို့ငယ်စဉ်ကတည်းကလူ့အသိုင်းအဝိုင်းနဲ့စတင်ထိတွေ့ချိန်မှာ အခက်အခဲမျိုးစုံကြုံတွေ့ရလေ့ရှိပါတယ်။အခြေအနေအလိုက် ပိုမိုရုန်းကန်ရတဲ့သူတွေရှိသလို သက်တောင့်သက်သာရဲ့ဖြတ်သန်းသွားရသူတွေလည်းရှိပါတယ်။ဒါပေမယ့် လူတိုင်းဟာကိုယ့်အပူနဲ့ကိုယ်၊ ကိုယ်ပိုင်ဖြေရှင်းစရာပြဿနာတစ်ခုခုကတော့ရှိနေတတ်တာပါပဲ။ဒါတွေကို သေချာမြင်အောင် ကြည့်နိုင်မယ်ဆိုရင်တော့ အားလုံးသာသူ့နည်းသူ့ဟန်နဲ့တိုင်ပတ်နေတာဖြစ်ပြီး ဘယ်သူရယ်မှ သူဟာပုံမှန်လူ သူဟာပုံမှန်မဟုတ်တဲ့လူရယ်လို့ ရှိတော့မှာမဟုတ်ပါဘူး။ဒီဇာတ်ကားလေးဟာ လူတိုင်းကြည့်သင့်တဲ့ဇာတ်ကားလေးပါ။အဓိကဇာတ်ကောင်လေးဖြစ်တဲ့ အော်ဂီဟာမွေးရာပါချို့ယွင်းချက်တွေနဲ့ခွဲစိပ်မှုပေါင်းများစွာပြုလုပ်ခဲ့ရတဲ့ ကလေးတစ်ယောက်။ပုံမှန်လူတွေရယ်လို့သတ်မှတ်ထားတဲ့သူတွေရှိတဲ့ မျက်နှာအသွင်အပြင်မရှိရှာတဲ့သူတစ်ယောက်။သူ့မိသားစုလေးမှာ တစ်မိသားစုလုံးကို ရယ်မောပျော်ရွှင်စေပြီး အမြဲတမ်းအားပေးတတ်တဲ့အဖေ၊ ကိုယ့်သားသမီးတွေကို အရာအားလုံးစွန့်လွှတ်ပြီး ဂရုစိုက်တတ်တဲ့အမေ၊ ကိုယ့်မိသားစုကိုပြန်ထောက်ကြည့်တတ်တဲ့ အစ်မဖြစ်သူအိုလစ်ဗီယာ ဆိုပြီးမိသားစုသုံးယောက်ရှိပါတယ်။ဒီဇာတ်ကားမှာ မွေးဖွားလာစဉ်ကတည်းကချို့ယွင်းရှာတဲ့သားဖြစ်သူကို အားလုံးထက်ပိုဂရုစိုက်တတ်တဲ့မိခင်၊ ဘယ်တော့မှလက်မလျှော့ပဲ ကိုယ့်သားသမီးအပေါ်ယုံကြည်စိတ်မပျက်တတ်တဲ့ မိဘတွေရဲ့စိတ်၊ ကိုယ့်သားသမီးတွေတစ်ခုခုလိုအပ်နေပြီဆိုရင် အမြဲပြန်လည်ဖြည့်ဆည်းပေးဖို့ကြိုးစားတတ်တဲ့ မိဘတွေရဲ့မေတ္တာ၊ ကိုယ့်မောင်လေးအတွက် မိဘတွေရဲ့မေတ္တာကို ကြည်ကြည်ဖြူဖြူခွဲဝေပေးတဲ့ အစ်မတစ်ယောက်ရဲ့မေတ္တာ၊ သည်းခံစိတ်၊ စွန့်လွှတ်စိတ်၊ မိဘမောင်နှမတွေရဲ့ အားပေးမှု၊ ကူညီရိုင်းပင်းထောက်ပံ့မှုတွေနဲ့ အားတင်းအရှုံးမပေးတတ်တဲ့ အော်ဂီ၊ သူ့အတွက်ထိုးနှက်မှုများစွာနဲ့ ကြိုဆိုနေတဲ့ လောကကြီးထဲ ရဲရဲဝင့်ဝင့်မိသားစုရဲ့အင်အားနဲ့ ကြံကြံခိုင်ရပ်တည်နိုင်တဲ့ အော်ဂီ၊ စသည်ဖြင့် မိသားစုတစ်ခုမှာရှိရမယ့် မိသားစုစိတ်ဓာတ်ကိုအပြည့်အဝဖော်ညွှန်းပြထားပါတယ်။ဒါပေမယ့် လူဆိုတာမျိုးဟာ ...
movie

Wonder (2017)

2017