Channel Myanmar

Jay Hieron

Road House (2024) 7.7
Road House (2024)  ဂျိတ် ယီလင်ဟော အဓိကမင်းသားအဖြစ်ပါဝင်ထားပြီးUFC ဖိုက်တာကြီး Conor McGregor ကြီးဗီလိန်လုပ်ထားတဲ့ဒီရုပ်ရှင်ကို အတော်များများ မျှော်နေကြမယ်ထင်တယ်။တကယ်လည်း ကြမ်းပါတယ်။ ကြည့်ရတာ အားရတယ်။ဒါရိုက်တာကလည်း Edge of Tomorrow ကိုရိုက်ခဲ့တဲ့Doug Liman ပါပဲ။ ဂျိတ်ယီလင်ဟောဟာ ဒီရုပ်ရှင်မှာUFC ဖိုက်တာဟောင်းအဖြစ်သရုပ်ဆောင်ဖို့ တရားလွန်ကိုလေ့ကျင့်ခဲ့ပြီး ဒါရိုက်တာက ရိုက်ဖူးသမျှ ရုပ်ရှင်တွေထဲမှာဂျိတ်ရဲ့ သရုပ်ဆောင်ချက်ဟာ အကောင်းဆုံးပဲလို့ ပြောခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဒေါ်တန် ဆိုတဲ့ UFC ဖိုက်တာဟောင်းတစ်ယောက်ဟာအကြောင်းတစ်ခုကြောင့် လောကကြီးကိုစိတ်ကုန်နေပြီးလမ်းဘေးပွဲတွေမှာပဲလုပ်စားနေတာကြာပါပြီ။တစ်နေ့မှာတော့ Road House လို့ခေါ်တဲ့ ဘားရဲ့ ပိုင်ရှင်ကောင်မလေးက သူ့ဘားအတွက် လုံခြုံရေးလုပ်ဖို့လာကမ်းလှမ်းတာကိုလက်ခံလိုက်ပါတယ်။ ဒါပေမဲ့သူလုံခြုံရေးလုပ်ရတဲ့ဘားက သာမန်ရန်ဖြစ်တဲ့လူတွေတင်မကဘဲ လူမိုက်အဖွဲ့ကြီးတစ်ခုကပါ ဘားကိုတမင်ပျက်စီးအောင်လာလုပ်နေတာကိုတွေ့ရပြီး တစ်ယောက်တည်းနဲ့လူမိုက်အုပ်ကြီးကို ခံချရပါတော့တယ်။ အက်ရှင်အသားပေးမို့ဇာတ်လမ်းက ထွေထူးပြောစရာမလိုပါဘူး။ရှယ်ကြိတ်တာတွေသာ ကြည့်လိုက်ကြပါ။  4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ File size…6GB/2.81GB ...
movie

Road House (2024)

4K HEVC
Death on the Border (2023) 4.2
Death on the Border (2023) Death on the Border (2023) ====================အမေရိကန်နဲ့ မက္ကစီကို နယ်စပ်ဟာ တရားမဝင်တဲ့ အလုပ်တွေ အရမ်းပေါတဲ့အရပ်ဒေသတစ်ခုလို့ နာမည်ကြီးပါတယ်။ ဒီဇာတ် လမ်းကလည်း ဒီနယ်စပ်က လူကုန်ကူးမှုတစ်ခု အကြောင်းပါ။လူကုန်ကူးတဲ့ အဖွဲ့တစ်ဖွဲ့ဟာ အမေရိကန်ဘက်က မိန်းမငယ်လေး တွေကို အတင်းအဓမ္မခေါ်ဆောင်ပြီး နယ်စပ်လမ်းတစ်လျှောက် ကနေ လူကုန်ကူးပါတယ်။ အမေရိကန်ဘက်က ရဲစုံထောက်တစ် ယောက်ဟာလည်း လောင်းကစားကြွေးကြောင့် ဒီအလုပ်မှာ လာ ငြိစွန်းတော့ လူကုန်ကူးအဖွဲ့အတွက် ကိစ္စတွေက အဆင်ချောလို့ နေပါတယ်။ဒီလို ဥပဒေဘက်တော်သားတွေ ပါဝင်ပတ်သတ်နေတဲ့ ဒီလုပ်ရပ်ကို သိတဲ့ ရဲမေနှစ်ယောက်ဟာ သူတို့ကိုယ်သူတို့ ဝရမ်းပြေးအဖြစ်ခံပြီး အမေရိကန်-မက္ကစီကို နယ်စပ်တစ်လျှောက်က လူကုန်ကူးမှုတွေကို တားဆီးဖို့ ကြိုးစားကြမဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်)File Size..........(1.79 GB) / (683 MB) Quality............WEB-DL 1080p / 720p Duration.........2Hr 13Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Mystery Translator.......Act Molemy Encoder..........SWM
movie

Death on the Border (2023)

2023
The Equalizer 2 (2018) 6.7
The Equalizer 2 (2018) The Equalizer 2 (2018)IMDb Rating (6.7) / Rotten Tomatoes (52%)မင်းသားကြီး Denzel Washington ဆိုတာ ရုပ်ရှင်လောကထဲမှာတင်မက တခြားပြင်ပလောကတွေမှာပါ ဩဇာကြီးမားတဲ့ အနုပညာရှင်တစ်ဦးပါ...ဒီလိုမင်းသားကြီးကို အသုံးပြုပြီး လောကကြီးရဲ့ တလွဲတွေကို ချိန်ညှိသူအဖြစ် ရိုက်ကူးထားတဲ့The Equalizer  ရုပ်ရှင်ကားတွေဟာ တကယ့်ထိပ်တန်း အက်ရှင်ဇာတ်ကားတွေပါပဲ..နိုင်ရာစားလောကကြီးကို ကျွန်တော်တို့ မျက်မြင်မှာ လုပ်ငန်းခွင်တွေမှာ ဘဝတွေမှာ နေ့စဉ်မြင်တွေ့ ခံပြင်းနေကြမှာပါ...ဒီလိုနိုင်ရာစားလောကကြီးကို တရားသဖြင့် ချိန်ညှိပေးမယ့်သူအဖြစ် Denzel Washington ကတကယ့်တရားသူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်စွာသရုပ်ဆောင်ထားပါတယ်။ထူးခြားတာကတော့ သူက လောကကြီးကို ချိန်ညှိဖို့အတွက် ရက်စက်ဖို့လဲ ဝန်မလေးတဲ့ယမမင်းတစ်ပါးလို လက်သံပြောင်သူအဖြစ် အားရစွာမြင်တွေ့ရမှာပါ။The Equalizer 2 (2018) မှာလဲ ပထမဇာတ်ကားထဲကလိုပဲ မတရားမှုတွေကို ဆက်လက်ချိန်ညှိနေတဲ့ Robert McCall အဖြစ် ဒန်ဇဲကိုဆက်လက်ရှုစားရမှာပါ။The Equalizer ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=the+equalizer ...
movie

The Equalizer 2 (2018)

2018
4K HEVC
Bleach (2022)
Bleach (2022) Bleach (2022)ဒီကားလေးကတော့ Horror ပရိတ်သတ်တွေ သဘောကျမယ့် ကားမျိုးဗျ။ ဇာတ်လမ်းဆုံးထဲ အထိ ရင်တမမနဲ့ ကြည့်နေရသလို ကြောက်နေရတယ်။ မြန်မာပေါသရဲကားတွေလိုတော့ မဟုတ်ဘူးပေါ့ဗျာ။ ဇာတ်လမ်းကလည်း နည်းနည်းဆန်းတယ် ဆိုမလား။ သူ‌ဌေးတစ်ယောက်ကနေ သူများအသားနာကျင်မှုကနေ ကျေနပ်မှုရှာတက်တဲ့ ရုပ်ရှင်ဒါရိုက်တာကို ငွေတွေ ပုံပေးပြီး အရက်စက်ဆုံး အပြင်းထန်ဆုံး ဇာတ်ကားကို ရိုက်ခိုင်းလိုက်တာပါပဲ။ အဲ့ဒီမှာ ဒါရိုက်တာဖြစ်တဲ့ ဂျိုနာပက်တန်ဟာ သူရက်ရက်စက်စက် သတ်ဖြတ်ခဲ့ဖူးတဲ့သူတွေရဲ့ တစ္ဆေတွေနဲ့ တကယ့်အပြင်မှာ သူ့နောက်လိုက်နေတဲ့ စုံထောက်တွေကို ဘယ်လို တစ်ပက်ရိုက်မလဲဆိုတာ ကြည့်ရူရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းဟာ သာမန်ကြည့်နေကျ ဇာတ်လမ်းလို မဟုတ်တာကြောင့် ထူးဆန်းတဲ့ ဇာတ်ကားတွေမှ ကြည့်ရူချင်တဲ့သူတွေက အကြိုက်တွေ့ပါလိမ့်မယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetang ပဲ ဖြစ်ပါတယ်။Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 680MB | 329MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar ...
movie

Bleach (2022)

2022
Asher (2018) 5.3
Asher (2018) ဇာတ်​လမ်းအကျဉ်း စစ်​မှုထမ်း​ဟောင်းကြီး အာရှာ ဟာ တပ်​ကထွက်​ပြီး ​နောက်​မှာ​ကြေးစားတစ်​​ယောက်​အဖြစ်​အသက်​​မွေးခဲ့ပါတယ်​ အာရှာဟာ အသက်​ကြီး​နေပြီဆို​ပေမယ့်​ အလုပ်​​ကောင်း​ကောင်းလုပ်​နိုင်​​သေးတာ​ကြောင့်​ သူ့အသက်​ထက်​ ထက်​ဝက်​​လောက်​ငယ်​တဲ့ ​ကြေးစား​တွေကြားမှာလည်း အသက်​ကြီး​ပေမယ့်​မပျက်​စီး​သေး ဆိုတဲ့ဂုဏ်​ကိုရ​နေ​သေးတုန်းပဲ ​ဒီလို​လောက​သား​တွေရဲ့ထုံးစံအတိုင်း ​အာရှာရဲ့ တပည့်​ နဲ့ သူငယ်​ချင်းတို့ဟာ သူတို့အားလုံးရဲ့အလုပ်​ရှင်​ကြီး ​အေဗီ ကိုရှင်းပြီး အာဏာလုဖို့ကြိုးစားတဲ့ အခါမှာ​တော့. .အာရှာဟာ ဒီကိစ္စ​တွေကိုဘာမှမသိရပါပဲနဲ့ ​အေဗီက အထင်​အမြင်​မှားပြီး လိုက်​လံလုပ်​ကြံတာကိုခံ​ရပါ​တော့တယ်​... ​သေနတ်​ပစ်​ကား​တွေမှကြိုက်​ပါတယ်​ဆိုတဲ့ ပရိတ်​သတ်​ကြီးအတွက်​ အာရှာ ဆိုတဲ့ဒီကား​လေးက​ဖျော်​​ဖြေမှုတစ်​မျိုး​ပေးနိုင်​လိမ့်​မယ်​လို့​မျှော်​လင့်​မိပါ​တယ်... ဇာတ်လမ်းဘာသာပြန်နဲ့ အညွှန်းကိုတော့ Chanyein Soe ကာဘာသာပြန်တင်ဆက်ပေးထားပါတယ်....  
movie

Asher (2018)

2018
Brawl in Cell Block 99 (2017) 7.3
Brawl in Cell Block 99 (2017)  နောက်ဆုံးအလုပ်ဆိုပြီးလုပ်လိုက်တဲ့အလုပ်မှာလွဲမှားမှုတွေဖြစ်ပြီးဘရက်ဒ်တစ်ယောက်ထောင်ကျတော့တာပါပဲ။အဲဒီကစလို့ပွဲကြမ်းတော့တာပဲ။ဘယ်လိုပွဲကြမ်းမလဲဆိုတာတော့ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။အသည်းယားတတ်သူများကတော့ဝေါင်ဝေါင်ရှေးထားပေါ့ဗျာ။အမှန်အကန်ကြမ်းပြတာပါပဲ။လောကမှာအကြောင်းအကျိုးနဲ့ဖြစ်လာသမျှကိုဘယ်သူမှရှောင်လို့မရတာကိုပြသွားတာပါ။ကိုယ်မျှော်လင့်သလိုဖြစ်မလာနိုင်တာကိုလည်းတွေ့ရမှာပါ။Ratingကလည်းကောင်းတယ်ဆိုတော့ အပန်းပြေဇာတ်ကြမ်းလေးအားပေးလိုက်ကြပါဦး။Qty - 720p Web dlIMDb : 7.3/10Genre : Crime/ThrillerDuration : 2Hours and 12MinutesSubtitle - Myanmar HardsubReview - Thura Zarni AungTranslator - Thura Zarni AungEncoder - Kyaw Ye Aung
movie

Brawl in Cell Block 99 (2017)

2017