Channel Myanmar

Jay Pharoah

The Blackening (2023) 6
The Blackening (2023) The Blackening (2023)လူဖြူလူမည်းခွဲခြားမှုဇာတ်လမ်းတွေကို ကြည့်ဖူးသလောက် များသောအားဖြင့်လေးနက်ကြတယ် ဇာတ်လမ်းအားဖြင့် ဟဲဗီးဖြစ်ကြတယ်။ ရုပ်ရှင်တွေထဲမှာလဲ ပုံသေကားကျသတ်မှတ်မှုတွေ ခွဲခြားမှုတွေရှိကြတယ်ပေါ့။ ဥပမာ လူသတ်ကားတွေမှာ အရင်ဆုံးသေသွားတာက လူမည်းဇာတ်ကောင်ပဲ။ လူဖြူတွေနောက်ဆုံးအသက်ရှင်ကျန်ဖို့ လူမည်းကအရင်စတေးပေးရသလိုပေါ့။ ဒါပေမဲ့ လူမည်းတွေကရောပြန်ခွဲခြားမှုမလုပ်ဘူးလားဆိုရင်လုပ်တာပဲ။ တစ်ခေတ်တစ်ခါကလူဖြူတွေလုပ်ခဲ့သလိုတော့မဟုတ်ပါဘူး။ မသိမသာခပ်ပါးပါးလေးတွေပေါ့။ ဥပမာ နစ်ဂါဆိုတဲ့စကားဆိုရင် အဖြူက အမည်းကိုခေါ်လို့မရဘူး ဒါပေမဲ့ အမည်းအမည်းအချင်းချင်းသုံးတယ် ပြီးတော့အမည်းကအဖြူကို နစ်ဂါလို့ပြန်ခေါ်ကြတယ်။ တစ်ခါတစ်ရံမှာလဲ ကိုယ်ကမရည်ရွယ်ဘဲ တခြားလူမျိုးကိုခွဲခြားမိတာတွေ ကိုယ့်အချင်းအချင်းမှာပဲ ပြန်ခွဲခြားမိတာတွေလဲရှိတတ်တာပဲ။ ဒီကားထဲတော့ အဲ့လိုအကြောင်းအရာတွေကို တစ်ကားလုံးခွီရင်းကြည့်ရမှာပါ။ အဲ့ဒါအပြင်သည်းထိတ်ရင်ဖိုလဲပါသေးတော့ တော်တော်ပြည့်စုံပြီပေါ့။ဇာတ်လမ်းအကျဥ်းပြောရရင် နစ်ဂါသူငယ်ချင်း၈ ယောက်ပေါ့ ဆယ်နှစ်ကြာမှပြန်ဆုံကြတယ်။ သည်းထိတ်ရင်ဖိုကားတွေထုံးစံအတိုင်း နေရာကောင်းကောင်းကိုမသွားကြဘဲ တောထဲကအိမ်လေးတစ်အိမ်ကိုရွေးလိုက်ကြရော။ အဲ့အိမ်ထဲကိုလဲရောက်တော့ သူတို့ဂိမ်းကစားရတယ်။ ဂိမ်းကလူမည်းနဲ့ပတ်သက်တဲ့အရာတွေကိုမေးပါလေရော။ အဲ့ဒါအပြင်ရုပ်ရှင်ကားတွေနဲ့လဲသက်ဆိုင်နေပါသေးတယ်။ ဥပမာ Friends စီးရီးထဲမှာပါဝင်ခဲ့တဲ့လူမည်းငါးယောက်နာမည်ကိုဖြေပါ။ အဖြေမှန်ရင်မှန် မမှန်ရင်သေပေါ့။ သူတို့လူမည်းစစ်မစစ်ကိုစမ်းနေသလိုပါပဲ။ ဒီဂိမ်းကို စီစဥ်နေတာကဘယ်သူဖြစ်မလဲ။ သူတို့ထဲကတစ်ယောက်ယောက်ပဲလား။ သူတို့ကိုအိမ်ဌားထားတဲ့လူဖြူတွေပဲလား။ ဘယ်သူတွေရောသတ်ခံရမလဲ။ရုပ်ရှင်တွေကြိုက်တဲ့ပရိသတ်ကြီးရော သူမေးတဲ့ရုပ်ရှင်နဲ့ပတ်သက်တဲ့မေးခွန်းတွေ ဘယ်လောက်ကိုဖြေနိုင်မလဲဆိုတာပါ ဝင်ဖြေကြည့်လိုက်ပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Comedy, Horror Quality…. 1080p | 720p File size… 1.1GB | 560MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar ...
movie

The Blackening (2023)

2023
The Venture Bros.: Radiant is the Blood of the Baboon Heart (2023) 8.4
The Venture Bros.: Radiant is the Blood of the Baboon Heart (2023) The Venture Bros.: Radiant is the Blood of the Baboon Heart (2023) =============================================== IMDb Rating - 8.4/10IMDB 8.4 လောက်အထိရထားပြီး အသစ်စက်စက်ထွက်ရှိထားတဲ့ Animation ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဒေါက်တာဗန်ချာရဲ့ သားနှစ်ယောက်အနက် သားကြီးဖြစ်သူ ဟန့်ခ်ဗန်ချာပျောက်သွားပြီး တစ်နိုင်ငံလုံး က လျှို့ဝှက်အဖွဲ့အစည်းတွေနဲ့အေဂျင်စီတွေ စွမ်းအားရှင်အဖွဲ့တွေ လိုက်ရှာကြတဲ့ ပုံစံကနေ စထားပါတယ်။တကယ်တော့ ဟန့်ခ်ဆိုတာ လိုတရဘဝကို ရခဲ့တဲ့လူငယ်တစ်ယောက်ဖြစ်ပြီး သူ ပျောက်ဆုံးသွားတာကလည်း သူကိုယ်တိုင်ပဲ သူ့ရဲ့ တည်ရှိမှုကို ပြန်ရှာဖွေဖို့အတွက် စွန့်စားခန်း ခရီးတစ်ခု ထွက်လာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပျောက်ဆုံးနေတဲ့ အမေနဲ့ ထင်ယောင်ထင်မှားဖြစ်နေတဲ့ ပုံရိပ်တွေကြားထဲကနေ ဟ့န်ခ်တစ်ယောက် ဖခင်ဖြစ် သူ ဗန်ချာရဲ့လျှို့ဝှက်ချက်တွေနဲ့ အန္တရာယ်ရှိ စွမ်းအားရှင်အဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ ဆုံမိတဲံအခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲ စိတ်ဝင်တစားဆက်လက်စောင့် ကြည့်ရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှဖြစ်ပါတယ်)File Size..........(1.4 GB) / (545 MB) Quality............WEB-DL 1080p / 720p Duration.........1Hr ...
movie

The Venture Bros.: Radiant is the Blood of the Baboon Heart (2023)

2023
Spinning Gold (2023) 6.3
Spinning Gold (2023) Spinning Gold (2023)ဒါကတော့ မှတ်သားလောက်ဖွယ်ရာ လူတစ်ယောက်ရဲ့အတ္ထုပ္ပတ္ထိဇာတ်လမ်းပါ။ ဒီဇာတ်လမ်းကို သူ့ဘဝအကြောင်းသူပြန်ပြောနေပုံနဲ့ရိုက်ကူးထားပြီး ဒီဇာတ်လမ်းမှာ သူကလူတိုင်းကို စိန်ခေါ်ထားပါတယ်။"မင်းတို့ ငါ့နာမည်ကိုမမှတ်မိဘူးဆိုတာ မင်းတို့တစ်ယောက်ချင်းကို ဒေါ်လာတစ်ရာစီလောင်းရဲတယ် ဒါပေမဲ့ ငါက မင်းတို့ကို ကခုန်စေခဲ့တယ်တဲ့"သူ့ကိုမမှတ်မိရင်တောင် သူနဲ့ပတ်သက်ခဲ့သူတွေကိုတော့ ဂီတချစ်သူတွေဆို သေချာပေါက်သိကြမှာပါ။ Kiss, The Village People, George, Donna Summer, Bill Withers, Isley Brothers, Parliament နဲ့တခြားအဆိုရှင်ပေါင်းများစွာပါပဲ။ Donna Summer ရဲ့ Orgasmic moan တွေပါဝင်ပြီး ၁၇ မိနစ်တာကြာတဲ့ Love to Love You သီချင်းကိုလဲ ပရိသတ်ကစွဲစွဲထင်ထင်ရှိနေဦးမယ်လို့ထင်ပါတယ်။ ဒီအဆိုကျော်ကြီးတွေက သိပ်ကိိုထူးခြားပြည့်စုံသူတွေဖြစ်ကြပေမယ့် သူတို့ရဲ့ထူးခြားမှုကိုပရိသတ်တွေလက်ခံနိုင်ဖို့ သူတို့ဂီတတွေကိုလက်ခံနိုင်ဖို့ သူတို့အိပ်မက်တွေကိုအသက်သွင်းပေးခဲ့သူကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်ကောင် ကာဆာဘလန်ကာဓာတ်ပြားခွေထုတ်လုပ်ရေးရဲ့တည်ထောင်သူ နီးလ်ဘိုးဂတ်ပါပဲ။ ဒီဇာတ်လမ်းကသိပ်ပြည့်စုံလွန်းနေတာကြောင့် ဘာမှထပ်မညွှန်းလိုတော့ပါဘူး။ ဒီဇာတ်လမ်းကို နီးလ်ရဲ့သားဖြစ်သူကရိုက်ကူးထားတာပါ။ နီးလ်ကသူ့သားငယ်စဥ်မှာပဲဆုံးပါးသွားခဲ့တော့ အဖေ့ကိုသေချာ သိခွင့်မရခဲ့တဲ့သားက အဖေ့မိတ်ဆွေတွေကိုလိုက်မေးမြန်းပြီး ဒီဇာတ်လမ်းကိုရေးဖွဲ့ထားပါတယ်။ လူတွေရဲ့မှတ်ဥာဏ်ကထူးဆန်းတယ်တဲ့။ လူတွေကလဲသူတို့မှတ်မိချင်ရာကိုမှတ်မိကြပြီး မေ့ချင်ရာကိုမေ့ပစ်တတ်ကြတယ်။ အဲ့တော့ဒါအားလုံးကအမှန်လားဆိုရင်တော့ မဟုတ်ပါဘူး။ နီးလ်ဘိုးဂတ်လို ဘဝကတိုတောင်းခဲ့ပေမယ့် အဲ့ဒီဘဝတိုလေးမှာပဲ သူ့ရဲ့ကိုယ်ပိုင်အိပ်မက်တွေအပြင် သူများတွေရဲ့အိပ်မက်တွေအများကြီးကိုပါ အသက်သွင်းပေးခဲ့တဲ့လူတစ်ယောက်ရဲ့ဘဝဇာတ်လမ်းကို ဘယ်လိုလုပ်အတိအကျပြောနိုင်မလဲ။ နည်းနည်းလျှော့ပြောတာလေးတွေရှိမယ် ...
movie

Spinning Gold (2023)

2023
Ride Along(2014) 6.2
Ride Along(2014) Ride Along(2014)===============ကယ်လ်ဗင်ဟာ့တ် လို့ပြောလိုက်တာနဲ့ မသိတဲ့သူတော့ ရှားမယ်ထင်ပါတယ်။ဒီတစ်ခါ ပရိတ်သတ်ကြီးအတွက် တကယ်ခွီရမယ့် 2014မှာ ထွက်ရှိခဲ့တဲ့ ရဲ အက်ရှင်ဟာသဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်ဘန်ဟာ စာသင်ကျောင်းတစ်ခုမှာ လုံခြုံရေးအဖြစ် အလုပ်လုပ်ပြီး သူ့ရဲ့အားလပ်ချိန်တွေမှာတော့ ဂိမ်းတွေဆော့ပြီး ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်သူတစ်ယောက်ပါ။ ဘန်မှာ သိပ်ချစ်ရတဲ့အန်ဂျလာလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်လည်းရှိပါသေးတယ်။ သူတို့နှစ်ဦးဟာ လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေကြတဲ့ စုံတွဲဖြစ်ပါတယ် ဒါပေမယ့် ပြသနာကတော့ အန်ဂျလာရဲ့ အကို ဂျိမ်းစ်ပါ။ဂျိမ်းစ်ဟာ ရဲတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အလုပ်ကို တာဝန်ကျေအောင်လုပ်သူတစ်ယောက်ပါ။ အမှုတစ်ခုကို နှစ်နဲ့ချီပြီး လိုက်တဲ့အထိ ဂျိမ်းစ်ဟာ ဇွဲရှိသူတစ်ယောက်ပါ။ ဂျိမ်းစ်က သူ့ညီမဖြစ်သူ အန်ဂျလာကို အရမ်းချစ်ပြီး ယောက်ဖလောင်းဖြစ်သူ ဘန်ကိုတော့ ကြည့်မရလို သဘောလည်းမတူပါဘူးတစ်နေ့တော့ ဘန်တစ်ယောက် အတ္တလန်တာ ရဲသင်တန်းကျောင်းကို ဝင်ခွင့်ရသွားခဲ့ပါတယ်။ဒီအကြောင်းကို ဂျိမ်းစ်ကို ပြောပြလိုက်တဲ့အခါမှာတော့ ဂျိမ်းစ်ဟာ ဘန်ကိုရဲတစ်ယောက်ဖြစ်ရန် ထိုက်တန်သလားဆိုတာ ဆုံးဖြတ်ဖို့ သူကင်းလှည့်စဉ်မှာအကူအဖြစ်နဲ့ ခေါ်ဖို့ ...
movie

Ride Along(2014)

Out of Office (2022) 4.7
Out of Office (2022) Comedy Central ရဲ့ဟာသရုပ်ရှင်အသစ်လေးပါ။Eliza ဟာစိတ်လိုက်မာန်ပါလုပ်တတ်ပြီး စိတ်ထဲရှိတာကိုလွှတ်ခနဲပြောတတ်တဲ့အတွက် ဆက်ဆံရေးအဆင်မပြေလို့အလုပ်ခဏခဏအထုတ်ခံရသူပါ။Online ကနေ work from home ရတဲ့အလုပ်အသစ်ရလာတဲ့အခါမှာတော့ သူ့ရဲ့ Boss ဟာသူ့အိမ်ထောင်ရေးအဆင်မပြေတိုင်း Eliza ကိုပြဿနာရှာတတ်ပါတယ်။သူ့ဘော့စ်အိမ်ထောင်ရေးအဆင်ပြေဖို့ Eliza ကြိုးပမ်းရင် ပေါက်ကရတွေဖြစ်လာပါတာကိုကြည့်ရှုရမှာပါ။အခုခေတ် Work from home ကြတဲ့အခါကြုံရတတ်တဲ့ ပြဿနာတွေ ရယ်စရာကို ရိုက်ပြထားပါတယ်။ နာမည်ကျော် Comedian တွေဖြစ်ကြတဲ့ Ken Jong,Milana Vayntrub, Leslie Jones တို့အစုံအလင်ပါ၀င်ထားပါတယ်။File size…(1.4GB/(771MB)/(540MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

Out of Office (2022)

The Mitchells vs. The Machines (2021) 8.1
The Mitchells vs. The Machines (2021) The Mitchells vs. The Machines (2021)============================IMDb Rating - 8.1/10animation အလန်းစား တစ်ကား ရပါပြီ။ ရယ်လည်းရရယ်တယ် ကြည့်လို့လည်းကောင်းတယ်၊ သီချင်းတွေလည်းကောင်းတယ်။ ဇာတ်လမ်းကတော့ မစ်ချဲမိသားစုဆိုတာ အူကြောင်ကြောင် မိသားစုတစ်ခုရှိတယ်၊ အဖေက ဘာနည်းပညာမှ စိတ်မဝင်စားတဲ့ သဘာဝသမား၊ သမီးက ရုပ်ရှင်ဝါသနာအိုး၊ ဒါရိုက်တာရူး၊ သားက ဒိုင်နိုဆော ဝါသနာအိုးစသည်ဖြင့် တစ်ယောက်တစ်ပေါက်တွေပေါ့။ ဒါပေမယ့် တစ်နေ့မှာတော့ တစ်ကမ္ဘာလုံးက စက်ရုပ်တွေက အကြောင်းတစ်ခုကြောင့် ပုန်ကန်ပြီး လူသားတွေအားလုံးကို ဖမ်းဆီးလိုက်ပါတယ်။ အဲဒီမှာ ကပ်ခါသီခါ လွတ်ပြီး ကျန်ခဲ့တဲ့ မိသားစုဟာအလွဲခွဲအချော်ချော်တွေလုပ်ပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့ ကြိုးစားရတာကို တွေ့မြင်ရမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ littleneo ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 53minSubtitle – Myanmar ...
movie

The Mitchells vs. The Machines (2021)

2021
All My Life (2020)
All My Life (2020) IMDb Rating (6.2) ရရှိထားတဲ့ အသစ်စက်စက် အချစ်ဇာတ်ကားလေးကို တင်ဆက်လိုက်ပါတယ်...ဇာတ်လမ်းကတော့...ဆောလ်မွန်ချောင်နဲ့ ဂျန်နီဖာကာတာတို့ဟာ အမှတ်မထင်တွေ့ဆုံရာကနေ အရမ်းချစ်ကြတဲ့စုံတွဲလေးဖြစ်လာခဲ့ပါတယ်.. ပျော်ပျော်နေတတ်တဲ့သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီရင်း လက်ထပ်ဖို့ထိဆုံးဖြတ်ခဲ့ပါတယ်..ဒါပေမဲ့ သူတို့နှစ်ယောက်ကြား မမြင်ရတဲ့ လောကဒါဏ်တစ်ခု ရောက်ရှိလာတဲ့အခါမှာတော့... သူတို့နှစ်ဦး အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ကြမလဲ.. သူတို့ရဲ့ အိမ်မက်တွေနဲ့ စီခြယ်ထားတဲ့ မျှော်လင့်ခြင်း ကောင်းကင်ကြီး တောက်ပနေဦးမလား...စိတ်ဝင်စားစရာပါ...ဒီဇာတ်ကားလေးမှာ ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကိုသာမက သူငယ်ချင်းသံယောဇဉ်နဲ့မေတ္တာကိုပါခံစားရမှာဖြစ်တဲ့အပြင် စကားလုံးတွေ စာသားတွေကလည်း အချစ်ကို ကိုးကွယ်လာဖို့ ထိုက်တန်နေခဲ့ပါတယ်...ထူးခြားတာကတော့ ဒီဇာတ်လမ်းက ဖြစ်ရပ်မှန်ပါ...ကျွန်တော်တို့ကိုယ်တိုင်ပါဝင်ခံစားဖို့ လက်တွေ့ဆန်လွန်းနေမှာပါ..။ချစ်ခြင်းကို ယုံကြည်သူများအဖို့ Romantic, Heart-warming ဇာတ်လမ်းလေးကို ကြည့်သင့်တယ်လို့ ညွှန်းဆိုချင်ပါတယ်။  File size…(1.6 GB) and (900 MB) Quality….WEB-DL 1080p and 720p Format…mp4 Duration….01:31:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Su Myat Now Maung
movie

All My Life (2020)

Unsane (2018) 6.5
Unsane (2018) ဒီတစ်ခါမှာတော့ IMDb 6.6 ရရှိထားတဲ့ Psychological Thriller ဇာတ်ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဒါရိုက်တာကတော့ Steven Soderbergh ဖြစ်ပြီးတော့ Clarie Foy က ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ထူးခြားချက်တစ်ခုအနေနဲ့ကတော့ နာမည်ကျော်ကြီး Matt Damon ဟာ ဒီဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်း ========== Sawyer Valentini ဟာ ဘဏ်ဝန်ထမ်းတစ်ဦး၊ သူ့မှာနောက်ယောင်ခံလိုက်တဲ့သူရှိတယ်လို့ ထင်ယောင်ထင်မှားဖြစ်နေတာကြောင့် လုပ်လက်စအလုပ်တွေကိုပါပစ်တခြားမြို့ကိုပြောင်းပြီး အဲဒီစိတ်ရောဂါကို ပျောက်အောင်ကုဖို့ကြိုးစားတယ်။ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ သူဆေးကုသမှုခံယူမယ့်ဆေးရုံကအာမခံကြေးလိုချင်တာကြောင့် လာသမျှလူနာကို အရူးတံဆိပ်ကပ်ပြီး အာမခံကြေးရမှ ပြန်လွှတ်ပေးတဲ့ဆေးရုံဖြစ်နေတယ်။သူဟာ အဲဒီဆေးရုံမှာ အလိုမတူဘဲ ဘုမသိဘမသိနဲ့ စိတ်ရောဂါဝေဒနာရှင် အမည်ခံပြီးဆေးကုသမှုကိုတစ်ပတ်ခန့်ခံယူဖို့အကြောင်းဖန်လာတော့တယ်။ပိုဆိုးတာက အဲဒီဆေးရုံကဝန်ထမ်းတစ်ဦးက သူ့ကိုနောက်ယောင်ခံလိုက်နေတဲ့David Strine ဆိုတဲ့လူဖြစ်နေတဲ့အခါမှာတော့...။အကုသိုလ်အပြွှတ်လိုက်ဝင်နေတဲ့ မင်းသမီးတစ်ယောက်အခက်အခဲတွေကိုကျော်ဖြတ်နိုင်မလား မကျော်ဖြတ်နိုင်ဘူးလာဆိုတာကိုတော့ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုမျိုးသန့်ပါ)File Size : (800 MB) and (360 MB) Quality : Blu-Ray 720p Running Time : ...
movie

Unsane (2018)

2018