Channel Myanmar

Jay Santiago

Dead Man Down (2013) 6.4
Dead Man Down (2013)  “ကလဲ့စားဆိုတာ ချိုမြိန်တဲ့ဟင်းလျာတစ်ခုဆိုပေမယ့်တည်ခင်းတဲ့အချိန်မှာအေးစက်နေခဲ့ပါပြီ”နှစ်အနည်းငယ်အကြာက ရန်ကြွေးတစ်ခုကြောင့် အယ်လ်ဖွန်စေရဲ့ ဂိုဏ်းထဲကိုအယောင်ဆောင်ဝင်ရောက်ခဲ့တဲ့ ဗစ်တာကိုသူ့ကို စောင့်ကြည့်နေတဲ့ လမ်းတစ်ဖက်ခြမ်းက ကောင်မလေးဘီးထရစ်စ်က သူ့ရဲ့ မကောင်းမှုလုပ်ရပ်တစ်ခုကို မမျှော်လင့်ဘဲမြင်တွေ့ခဲ့ပါတယ်. ဗစ်တာရဲ့ စိတ်ထဲမှာလည်း သူ စနိုးစနောင့်ဖြစ်နေရတဲ့ကိစ္စကို ဖြေရှင်းဖို့ ဘီးထရစ်စ်ကို ချဉ်းကပ်ခဲ့သလိုဘီးထရစ်စ်ကလည်း သူ လိုချင်တဲ့လက်စားချေမှုကို ဗစ်တာကယူလာပေးနိုင်မှာလားဆိုတာသိချင်တဲ့စိတ်နဲ့ နှစ်ယောက်သားချိန်းတွေ့ခဲ့ကြပါတယ်. တစ်ယောက်ရဲ့ တကယ့်ရည်ရွယ်ချက်ကိုတစ်ယောက် သိသွားချိန်မှာတော့ လက်စားချေမှုကိုလိုချင်သူနှစ်ယောက် အချင်းချင်း ကူညီနိုင်မလား.ဗစ်တာကရော သူ့မိသားစုအတွက် လက်စားချေနိင်မလား. လူကြမ်းကြီး ဗစ်တာနဲ့ သိမ်ငယ်ရသူလေး ဘီးထရစ်စ်တို့ကြားထဲကသံယောဇဉ်တွေကရော သူတို့ရဲ့ ရည်ရွယ်ချက်တွေကို အနှောက်ယှက်ပေးလာနိုင်မလား ဆိုတာကိုအခက်အခဲ နှင့် အားပြိုင်မှုများ၊လျှို့ဝှက်ချက် နှင့် ဖုံးကွယ်မှုများ၊ဇာတ်ကွက်အလှည့်အပြောင်းစတာတွေကို အက်ရှင်ကြမ်းကြမ်းနဲ့ တင်ဆက်ပေးထားတဲ့ဇာတ်လမ်းလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.  File size…1.53GB / 551MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ..... Action , ...
movie

Dead Man Down (2013)

Bruiser (2022) 5.9
Bruiser (2022) Bruiser (2022) ===========ဒီဇာတ်ကားကိုတော့ အဖေနှစ်ယောက် သားလုတဲ့ကားလို့ပြောရ မလားပဲဗျ။ လူမည်းမိသားစုတစ်စုရဲ့အကြောင်းပေါ့။ ဒဲရီးယပ်စ်ဆိုတဲ့ ၁၄နှစ်အရွယ်ကောင်လေးတစ်ယောက် ကျောင်းပိတ်ရက်မှာ ဘော် ဒါဆောင်ကနေ အိမ်ပြန်လာရာက ဇာတ်လမ်းစပါတယ်။ သူ့အဖေရင်းကတော့ သူမွေးလာတုန်းက တာဝန်ယူဖို့အဆင်သင့်မဖြစ် သေးလို့ဆိုပြီး ပစ်သွားတာပါ။ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ ကျွေးမွေးစောင့်ရှောက်လာတဲ့သူက သူ့အမေရဲ့ခင်ပွန်းဖြစ်တဲ့လက်ရှိ အဖေပေါ့။ အဖေရင်းနဲ့လက်ရှိမိဘတွေက ငယ်သူငယ်ချင်းကြီးတွေ ဖြစ်ကြလေရဲ့။ တစ်ရက်ကျ သူ့အဖေရင်းဟာ ပြန်ရောက်ချလာပြီး ဒဲရီးယပ်စ်ရဲ့မိသားစုဘဝထဲကို ဝင်လာပါလေရော။သွေးသားရင်းဖြစ်တဲ့ အဖေရင်းဟာ သူ့အပေါ်နားလည်ပေးတယ်လို့ ဒဲရီးယပ်စ်တစ်ယောက် ခံစားလာရပါတယ်။ အဖေရင်းကလည်း သူ့ သားသူမတွေ့ရမနေနိုင်တော့ပါဘူး။ လက်ရှိအဖေကတော့ စည်းကမ်း တင်းကြပ်တာတွေ၊ ဆူဆူပူပူပြောတာတွေကြောင့် ဆယ်ကျော်သက် ဖြစ်တဲ့ ဒဲရီးယပ်စ်နဲ့ အစေးမကပ်ဘူးပေါ့။ လက်ရှိအဖေဟာ ဒဲရီးယပ်စ် အဖေရင်းရဲ့အကျင့်နဲ့ နေပုံထိုင်ပုံကြောင့် သူ့သားကို အဲ့လူနဲ့နီးနီးမှာ နေ ခွင့်မပေးနိုင်ဘူးဖြစ်ပြန်ပါတယ်။ပေါ့ပေါ့ပါးပါးနဲ့ သူ့ကိုပျော်အောင်လုပ်ပေးနိုင်တဲ့ အဖေရင်းနဲ့ စနစ်တကျ ရှိပြီး အခုချိန်ထိ သူ့ကိုကျွေးမွေးပေးလာတဲ့ လက်ရှိအဖေတို့ကြားမှာ ဒဲရီးယပ်စ်တစ်ယောက် ဝေခွဲရခက်နေပါတယ်။ အဖေနှစ်ယောက်ကလည်း မတည့်ကြတာမို့ သူ့သားငါ့သားဆိုပြီး ငြင်းကြပါတော့တယ်။ ကဲပါ ကြည့်ရှု ခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(1.82 GB) / (757 MB) / ...
movie

Bruiser (2022)

2022
Sweet Navidad (2021) 5.7
Sweet Navidad (2021) Sweet Navidad (2021)Christmas နားနီးပြီဆိုတော့ Christmas vibe ရစေမယ့် Romance ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်မှာပါတဲ့ Navidad ဆိုတာက စပိန်လို Christmas ကို ဆိုလိုတာဖြစ်ပါတယ်။ဇာတ်လမ်းထဲက အဓိကမင်းသမီး Carmen က ပေါ်တိုရီကိုလူမျိုး Pastry chef တစ်ဦးဖြစ်ပြီးတော့ ကိုယ်ပိုင်မုန့်ဆိုင်လေးတစ်ဆိုင် ဖွင့်ဖို့ အိပ်မက်ရှိသူဖြစ်ပါတယ်။ သူအလုပ်လုပ်နေတဲ့ဆိုင်ကိုလာနေကျ ဖောက်သည်တွေက သူ့ကို ခရစ္စမတ်နေ့ရန်ပုံငွေပွဲတစ်ခုအတွက် စားဖိုမှူး နေရာကိုဝင်ပြိုင်ဖို့ ဖိတ်ခေါ်သွားခဲ့ပါတယ်။ မုန့်လုပ်နည်းတွေကို မိသားစုဆီကပဲ သင်ယူထားတာဖြစ်ပြီးတော့ တခြားစားဖိုမှူးတွေလို ဟင်းချက်ကျောင်းမျိုးလည်း မတက်ဖူးတဲ့ Carmen က စိတ်လှုပ်ရှားပြီး ဝင်ပြိုင်ဖို့မဝံ့မရဲဖြစ်နေပါတယ်။ မိသားစုဝင်တွေရဲ့ တိုက်တွန်းမှုကြောင့် ဝင်ပြိုင်ဖြစ်ပြီး အရွေးခံရပြီးတဲ့နောက်မှာ Carmen က တခြား စားဖိုမှူးတစ်ယောက် Jax နဲ့ တွဲဖက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။Jax ကတော့ တိကျသေသပ်ပြီး စနစ်ကျတဲ့ Executive ...
movie

Sweet Navidad (2021)

2021