Channel Myanmar

Jeanne Goursaud

The Magic Flute (2022) 5.6
The Magic Flute (2022) The Magic Flute (2022) =================သီချင်းသံစဉ်တွေဟာ ကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကို ရသ အမျိုးမျိုးပေးနိုင်စွမ်းရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက် ချင်းမတူညီရင်တောင်မှ ခံစားချက်တွေတူညီနေခဲ့လို့ နှစ်လွှာပေါင်းမှ တစ်ရွက်တည်းဆိုတဲ့ဘဝတွေ ဖြစ်တည်လာခဲ့တာပါ။ ဘဝမှာ တစ်ခု ခုလိုအပ်နေတဲ့အခိုက်အတန့်ကို လူတိုင်းခံစားဖူးကြမှာပါ။ အချစ်လား ငွေကြေးလား ပျော်ရွှင်ခြင်းလား အရာရာကို ကြုံတွေ့ခံစားရပြီးမှ ကိုယ် ဖြစ်ချင်တဲ့အရာကို သိနိုင်ခွင့်ရလာမှာပါ။ ဒီဇာတ်လမ်းကို သီချင်းသံစဉ်နဲ့ ဖောင်ဖွဲ့ထားတာဖြစ်လို့ တခြားရုပ်ရှင်တွေနဲ့မတူတဲ့ ရသမျိုးကိုခံစားရမှာပါ။Timဆိုတဲ့ကောင်လေးရဲ့အိပ်မက်က မိုဇတ်ဂီတကျောင်းတော်ကြီးကို တက်ခွင့်ရဖို့ပါ မိုဇတ်ကျောင်းသားဟောင်းဖြစ်တဲ့အဖေဖြစ်သူက မသေ ခင်မှာ စာအုပ်တစ်အုပ်ပေးခဲ့တယ်။ အဲဒီစာအုပ်ကို သူနဲ့သက်ဆိုင်တဲ့နေ ရာမှာ ထားပေးဖို့မှာခဲ့တယ်။ ကျောင်းတက်တဲ့နေ့ညမှာတော့ ‌ဝိဉာဉ်အလုံး‌ လေးသုံးလုံးထွက်ပေါ်လာပြီး Timကို ထူးဆန်းတဲ့ကမ္ဘာကြီးဆီပို့ဆောင် ပေးလိုက်ပါတယ်။ ဒီလိုနဲ့ အဆိုတော်ဖြစ်ချင်ခဲ့တဲ့ Tim တစ်ယောက် ကမ္ဘာနှစ်ခုကြား ဘယ်လိုတွေစီးချင်းထိုးမလဲဆိုတာ‌တော့ ဇာတ်လမ်းလေး ထဲမှာ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zwe Win Tun ဖြစ်ပါတယ်)File Size..........(1.7 GB) / (733 MB) / (408 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 55Mins Subtitle...........Myanmar ...
movie

The Magic Flute (2022)

2022
The 15:17 to Paris 5.0
The 15:17 to Paris အက်ရှင်ကားတွေ အချစ်ကားတွေကို ရိုးအီနေပြီဆိုသူတွေအတွက် အရသာအသစ်ပေးစွမ်းနိုင်မယ့်The 15.17 to Paris ဆိုတဲ့ ကိုယ်ရေးအတ္ထုပတ္တိအမျိုးအစားဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားဟာ ၂၀၁၅ တုန်းကဖြစ်ပွားခဲ့တဲ့ ISIS  ရထားအကြမ်းဖက်မှုကို ပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်အခြေပြုဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ အဆိုပါအကြမ်းဖက်မှုမှာ အသက်နဲ့ရင်းပြီးကယ်တင်ခဲ့တဲ့အမေရိကန်လူမျိုးသူငယ်ချင်သုံးဦးဖြစ်တဲ့ စပန်ဆာစတုန်း၊ အဲလက်စကာလာတို့စ် နဲ့ အန်တိုနီဆက်ဒ်လာ တို့ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင်ဒါရိုက်တာဟာလည်းတစ်ချိန်ကဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အော်စကာလေးဆုရမင်းသားကြီး Clint Eastwood ပဲဖြစ်ပါတယ်။ဒီဇာတ်ကားကို ဇာတ်လိုက်သုံးယောက်ရဲ့ငယ်ဘဝကနေ စတင်ပြီး ရိုက်ကူးပြသထားတာဖြစ်တဲ့အတွက်ကြည့်ရှုသူတွေအနေနဲ့ အတန်ငယ် ပျင်းကောင်းပျင်းနေနိုင်ပါတယ်။ ဒါပေမယ့်ကိစ္စမရှိပါဘူး ဆက်သာကြည့်ကြပါ။ကြည့်ရင်းနဲ့ဇာတ်လမ်းဟာတဖြည်းဖြည်းနဲ့အရှိန်တက်လာပြီး ဇာတ်လမ်းအဆုံးထိ ပါအောင်ဆွဲခေါ်သွားပါလိမ့်မယ်။ဒါ့အပြင် ဇာတ်လိုက်သုံးဦးရဲ့ ဥရောပခရီးစဉ်အစဖြစ်တဲ့ဗင်းနစ်မြို့ရဲ့ရှုပျော်ဖွယ်ရာကောင်းတဲ့အလှနဲ့ အမ်စတာဒမ်မြို့ရဲ့အရိုင်းဆန်တဲ့ အလှတွေကိုပါခပ်ပါးပါးလေးပြသွားတဲ့အတွက် ခရီးထွက်ရတာကို ကြိုက်နှစ်သက်သူတွေလက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။Qty - 720p Web DLDuration - 1hr 54minGern - History/ ActionTranslator - Myo Thant KyawReview - ...
movie

The 15:17 to Paris

2018