Channel Myanmar

Jeffrey Donovan

J. Edgar (2011) 6.5
J. Edgar (2011) J Edgar (2011)IMDb Rating (6.5)ဒီတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ဆရာကြီး လီယိုနာဒိုက အဓိကဦးဆောင်ထားပြီး သူ့ထက်ဆရာ့ဆရာ ကလင့်စ်အိစ်ဝုဒ်က ပရိုဂျူဆာ ဒါရိုက်တာလုပ်ထားတဲ့ ဘိုင်အိုဂရပ်ဖီကားလေးပါပဲလူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ထားတဲ့ဘိုင်အိုဂရပ်ဖီကားဆိုပေမြ့ ဂျေအက်ဂါဆိုတဲ့ အမေရိကန်ရဲ့နာမည်ကြီး ထောက်လှမ်းရေး အဖွဲ့အစည်း FBI ကို စတင်တည်ထောင်ခဲ့တဲ့သူပါ အဲ့တော့ သူ့အကြောင်းဆိုတာက FBI အဖွဲ့ကြီးရဲ့သမိုင်းကြောင်းပါပဲ စစ်အေးတိုက်ပွဲကာလမှာ ကမ္ဘာမှာ ကွန်မြူနစ်စနစ်ကြီးစိုးချိန် အမေရိကန်နိုင်ငံမှာ ကွန်မြူနစ်တွေရဲ့အန္တရာယ်ကိုကာကွယ်ဖို့ ဒီအဖွဲ့ကြီးကို တည်ထောင်ခဲ့ရာကစပြီး အမေရိကန်ရဲ့ အကောင်းဆုံး ထောက်လှမ်းရေးအဖွဲ့အစည်းဖြစ်အောင် ဂျေအက်ဂါတစ်ယောက်သူ့ခြေသူလက်နဲ့ ဘယ်လိုတည်ထောင်ခဲ့လဲဆိုတာ သူ့ဘဝအကြောင်းနဲ့ ယှဉ်တွဲပြီးတော့ ပုံဖော်ပြထားတာပါ လီယိုနာဒိုကတော့ လီယိုနာဒိုပါပဲ လုံးဝကိုဇာတ်ကောင်နဲ့ထပ်တူညီတယ်လို့ခံစားရပြီး ရသလဲပေးနိုင်သလို အဲ့ခေတ်က အမေရိကန်အကြောင်း ဗျူရိုစနစ်တွေအကြောင်း တစေ့တစောင်းကို ဇာတ်လမ်းသွားလေးနဲ့ကြည့်ရမှာမို့ CM ပရိသတ်တို့ လက်မလွှတ်ကြဖို့ အကြံပေးလိုပါတယ်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Sai Thurein Lynn မှတင်ဆက်ထားပါတယ်။)  File size…(1.9 GB)/(970 MB) Quality….BluRay 1080p /720p Format…mp4 Duration….02:16:54 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Sai Thurein Lynn
movie

J. Edgar (2011)

Sicario: Day of the Soldado (2018) 7.3
Sicario: Day of the Soldado (2018)  Genre – Action, Crime, Thriller IMDB – 7.0/10 ၂၀၁၅ ခုနှစ်က ထွက်ခဲ့တဲ့ ပထမဆုံး Sicario ကားကိုကြည့်ဖူးပြီး ကြိုက်တယ်ဆိုရင်တော့ ဒီကားကလည်းရွှေပေါ့ဗျာ။ ပထမကား Rating 7.6 ကို မမှီပေမဲ့ ကြည့်ရတာလုံးဝ အရသာ မလျော့သွားပါဘူး။ ဒါတောင် ဒါရိုက်တာကပထမကားက Denis Villeneuve မဟုတ်တော့ပဲ StefanoSollima ပြောင်းသွားတာပါ ဒါပေမဲ့ ဒီ အငွေ့အသက်အတိုင်းပါပဲ။သရုပ်ဆောင်တွေကလည်း ရှေ့ကားထဲက ဘဲကြီးနှစ်ပွေJosh Brolin နဲ့ Benecio Del Toro တို့ပဲ ပြန်ပါဝင်ထားပါတယ်၊Emily Blunt ရဲ့ ဇာတ်ကောင်ကတော့ ဒီဇာတ်လမ်းအတွက်မလိုအပ်တော့လို့ ဖြုတ်ထားခဲ့ပါတယ်တဲ့။ ဇာတ်လမ်းအကြောင်းပြောရမယ်ဆို ရှေ့ကားရဲ့အဖြစ်အပျက်တွေဖြစ်ပြီး နှစ်နည်းနည်းမှာ တည်ဆောက်ထားတဲ့ပုံပါပဲ။ အစိုးရရဲ့လူသိမခံချင်တဲ့ ပြဿနာတွေ ဒိုင်ခံဖြေရှင်းတဲ့ မက်တစ်ယောက်လည်းအာဖရိကကို ရောက်နေပါပြီ။ အာလေဟန်ဒရိုကလည်း ပထမကားထဲမှာလုပ်စရာရှိတာလုပ်ပြီးတော့ ကိုလမ်ဘီယာမှာ သွားအနားယူနေပါပြီ။အဲဒီမှာပဲ အမေရိကန်နိုင်ငံမှာ အသေခံဗုံးခွဲပြီး ...
movie

Sicario: Day of the Soldado (2018)

2018
4K HEVC
Sicario (2015) 7.6
Sicario (2015)  Genre – Action, Crime, Drama IMDB – 7.6/10 ၂၀၁၅ ခုနှစ်တုန်းက အလန်းစားရုပ်ရှင်တွေထဲက တစ်ကားဆိုငြင်းရမယ် မထင်ဘူးဗျာ… သေသပ်လှပတဲ့ ရိုက်ကွက်၊ ပံ့ပိုးပေးထားတဲ့ နောက်ခံတီးလုံးက စိတ်လှုပ်ရှားစရာ၊ မထင်ထားတဲ့ဇာတ်လမ်းနဲ့ ဇာတ်ကောင်ဖွဲ့စည်းပုံတွေကြောင့် ပိုမိုက်တဲ့အက်ရှင်ကားကောင်း ဖြစ်သွားခဲ့ရတယ်။ အက်ရှင်ဇာတ်ကားက ကောင်းဆိုရိုက်ထားတဲ့ ဒါရိုက်တာကြီးက Blade Runner တို့ Dune တို့ Arrivalတို့ ရိုက်ထားတဲ့ Denis Villeneuve ပေါ့ သူ့ စတိုင်အတိုင်းခပ်အေးအေးနဲ့ သံစဉ်တွေ အမြင်တွေနဲ့ ဖော်ကျူးထားတယ်။သရုပ်ဆောင်တွေကလည်း လူတိုင်းသိကြတဲ့ လက်ဖျောက်တီးThanos ကြီး Josh Brolin ရယ် အမြဲမှုန်ကုပ်ကုပ်နဲ့ သရုပ်ဆောင်လေ့ရှိတဲ့ Benecio Del Toro ရယ် Quiet Place တို့ တွမ်ခရုနဲ့ရှယ်ကြမ်းထားတဲ့ Edge of Tomorrow ထဲက Emily Blunt ...
movie

Sicario (2015)

2015
4K HEVC
Surrounded (2023) 5.5
Surrounded (2023) IMDb rating - 5.5/10 လွတ်လပ်တယ်ဆိုတာကို ပရိတ်သတ်ကြီးတို့ ဘယ်လိုခံယူထားပါသလဲ။ဒီရုပ်ရှင်မှာတော့ လူမည်းအမျိုးသမီးတစ်ယောက် ခံယူထားတဲ့ လွတ်လပ်ခြင်းရဲ့အနှစ်သာရကို ထိထိမိမိရိုက်ကူးတင်ဆက်ပြသထားပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... Mo Washington က လွတ်လပ်ခွင့်ရထားတဲ့ အမျိုးသမီးတစ်ဦးပါ။ အမေရိက civil war ဖြစ်ပြိးကတည်းက သူလွတ်မြောက်နေတာ ၅ နှစ်တာရှိပြီဆိုပေမဲ့ ဦးတည်ရာမဲ့နေတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ တစ်နေ့တော့ ကော်ရိုရာဒိုမှာ မြေပိုင်ဆိုင်ခွင့် သူမမှာရရှိခဲ့ပါတယ်။ ဒီတော့ သူမရဲ့မျိုးနွယ်စုအတွက် ခိုနားရာနေရာတစ်ခုအဖြစ် ဖန်တီးပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ယောက်ျားလေးအသွင်ယူပြီး ကော်ရိုရာဒိုကိုသွားမယ့် လှည်းနဲ့လိုက်ပါလာခဲ့‌ေပမဲ့ အဲဒီလှည်းက လမ်းမှာ အတိုက်ခိုက်ခံလိုက်ရတဲ့အခါမှာ ဘဏ်ဓားပြကြီး Tom Walsh ...အလိုရှိဆုံးတရားခံအဖြစ်သတ်မှတ်ခံထားရတဲ့သူနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာတော့ အမျိုးသမီးတစ်ယောက်က သူကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကြားကနေ ဘယ်လိုအောင်အောင်မြင်မြင် ရုန်းထွက်သွားမလဲဆိုတာကို ဒီကြည့်ရှူခံစားရမှာပါ။ File size…(1.3 GB)/(790 MB)/(370 Mb) Quality….Webrip 1080p / 720p ...
movie

Surrounded (2023)

Burn Notice: The Fall of Sam Axe (2011) 7.1
Burn Notice: The Fall of Sam Axe (2011)  2011 ခုနစ်ကထွက်ရှိခဲ့တဲ့ စစ်ဟာသကား တစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။The Last of Us မှဘဲကြီး Pedro Pascal ကလူဆိုးနေရာကပါဝင်သရုပ်ဆောင် ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆမ်အက်ဇ်လို့ခေါ်တဲ့ SEALရေတပ်မှူးက မိန်းမပွေတဲ့နေရာမှာ သူမတူဘဲ အထက်အရာရှိရဲ့မိန်းမတစ်ယောက်နဲ့ သွားမှားမိရာကစပါတယ်။အဲ့တာနဲ့သူ့အထက်ဗိုလ်မှူးယောကျ်ားလည်း မိရော သူ့ကို ကိုလံဘီယာဆီစစ်ဆင်ရေးအနေနဲ့အပို့ခံလိုက်ရပါတယ်။ ကံဆိုးလို့ပွေရှုပ်ရာကနေချောင်အပို့ခံလိုက်ရပေမဲ့လည်း ဆမ်ရဲ့ကံအကြောင်းမတိုက်ဆိုင်မှုက ဒီမှာတင်မရပ်သေးပါဘူး။ ဖြစ်ချင်တော့ သူရောက်သွားတဲ့လက်နက်ကိုင်တပ်ဖွဲ့က ထင်သလို လူကောင်းတွေ မဟုတ်နေပြန်ဘဲသူတို့ကယ်ထုတ်ရမဲ့ လူတွေကို ကိုယ်တိုင်ပြန်တိုက်ခိုက်ဖို့အစီအစဉ်ဆွဲနေမှန်း သိလိုက်ရပါတယ်။ဒါတင်မကဘဲ သူ့ကိုပါလုပ်ကြံနှုတ်ပိတ်မဲ့အကြောင်းကိုလည်းကြားရော ဆမ်ဟာ ထိုကနေထွက်ပြေးပြီးဆေးခန်းကသူတွေရှိရာကို သတိပေးဖို့ဉီးတည်လာခဲ့ပါတယ်။အဲ့မှာ ဆန့်ကျင်သူပုန်အဖွဲ့ဖြစ်တဲ့ အယ်စပါဒါ အယ်ဒီယန်တဲ ကလည်းသူတို့နဲ့ဝိုင်းဝန်းပြီး ကူညီခဲ့ပြန်ပါတယ်။ အပြစ်မရှိသူတွေကို ကိုယ့်ကိုယ်ကျိုးအတွက် ယုတ်မာပြီး တပ်ကူနဲ့ ဒေသဆိုင်ရာ ချုပ်ပိုင်နိုင်ခွင့်ရဖို့ကြိုးစားနေတဲ့ ဗယ်ရာခရူစ်တို့အဖွဲ့ကလည်း အခြေအနေတွေမလွယ်ကူတော့ဘဲ အရင်ကထက် အများကြီးရှုပ်ထွေးလာရောသူတို့အကြံအစည်အောင်မြင်ရေးအတွက် ဆမ်တို့ကို ရှင်းလင်းနှုတ်ပိတ်ဖို့ မြေလှန်ရှာပါတော့တယ်။အဲ့မှာ လယ်သမားတွေနဲ့ဖွဲ့စည်းထားတဲ့ဆမ်တို့ရဲ့တပ်ဖွဲ့က လက်နက်ကိုင်တပ်မကြီးကို ဘယ်လိုခုခံတွန်းလှန်သွားမလဲ။ ခုမှတွေ့ရတဲ့သူတွေ အတွက်ဆမ်ရဲ့ အနစ်နာခံမှုကဘယ်လိုရှိမှာလဲဆိုတာကိုတော့ ...
movie

Burn Notice: The Fall of Sam Axe (2011)

Bait (2000) 5.7
Bait (2000) Bait (2000) Genre – Action, Comedy, Crime IMDB – 5.7/10ဒေါ်လာ သန်း ၄၀ ကျော် တန်ဖိုးရှိတဲ့ ရွှေတွေကိုအစိုးရလက်ထဲကနေ ကွန်ပျုတာကျွမ်းကျင်သူနဲ့ယန္တရားစက်ကျွမ်းကျင်သူ ဂျက်စတာတို့ ၂ ယောက်ပေါင်းပြီး ဖောက်ထွင်းခဲ့ကြတယ်။ဒါပေမဲ့ ဂျက်စတာက လူမသတ်ရဘူး သေနတ်မပါရဘူးပြောထားတာကို တစ်ဖက်လူက အစောင့်တွေကိုသတ်လိုက်တော့ ဂျက်စတာတစ်ယောက် ရွှေတွေနဲ့ကိုယ်လွတ်ရုန်းပြီး တစ်နေရာသွားဖွက်ကာထောင်ထဲဝင်နေလိုက်တယ်။ဒီမှာ ကိုယ်တွေမင်းသား အယ်ဗင်က ဘာလဲဆိုတော့ပုဇွန်သွားခိုးပြီး ဖမ်းခံလိုက်ရာကနေ ဒီ ဂျက်စတာနဲ့အခန်းတူတူကျပါလေရော။ဂျက်စတာက အဲဒီအချိန် နှလုံးသိပ်မကောင်းတော့ရွှေရှိတဲ့နေရာကို အယ်ဗင့်ကို သူ့မိန်းမကို ပြောပေးပါဆိုပြီးတစ်ဆင့် မှာခိုင်းလိုက်ပါလေရော ပြီးတော့ တကယ်ပဲအဲဒီမှာတင် သေသွားခဲ့တယ်။ဒီမှာ အစိုးရဘဏ္ဍာမို့ အသေအလဲ ပြန်လိုချင်တဲ့ဘဏ္ဍာရေးက ထောက်လှမ်းရေးမှူးရယ်အတူတူဖောက်ရာကနေ သစ္စာဖောက်ခံလိုက်ရလို့ရွှေလိုချင်တဲ့ ကွန်ပျုတာသမားကျွမ်းကျင်သူလူသတ်သမားက အယ်ဗင့်ကို ပစ်မှတ်ထားကြပါတော့တယ်။ဒီမှာ ထောက်လှမ်းရေးမှူးက အကွက်မြင်တော့ခြေရာခံစက်ကို အယ်ဗင်ရဲ့မေးရိုးအောက်သူမသိအောင်ထည့်ပေးပြီး ထောင်ကနေ ခပ်တည်တည်နဲ့ လွှတ်ပေးလိုက်တယ်၊သူတို့အကြံကလည်း တစ်ဖက်က လူသတ်သမားကိုအမှောင်ထဲကနေ ထွက်လာအောင် ငါးစာမျှားတဲ့သဘော။ဆိုတော့ ထောက်လှမ်းရေးမှူးတို့ ...
movie

Bait (2000)

2000
R.I.P.D. 2: Rise of the Damned (2022)
R.I.P.D. 2: Rise of the Damned (2022)  2013 တုန်းက RIPD ရုပ်ရှင်ကို ကြည့်ဖူးသူကြည့်ဖူးမှာပါ။ Deadpool မင်းသားနဲ့ ရိုက်ထားတဲ့ကားရှိပါတယ်။ မကြည့်ဖူးသေးရင်လည်း ချန်နယ်မြန်မာမှာ တင်ထားပါတယ်။ အခုကားကတော့ အဲဒီ ၂၀၁၃ ကားရဲ့ ခေတ်မတိုင်ခင် ၁၈ ရာစု ကောင်းဘွိုင်ခေတ်က ရွိုင်ရဲ့ မူလဇာတ်လမ်းပါ။ ဒီတော့ ဓာတ်ဘူးမင်းသား ရိုင်ရန်ရေးနိုးတော့ မပါတော့ပါဘူး။ဒါပေမဲ့ RIPD 1 လိုပဲ အတော်လေး ကောင်းပါတယ်။ ကောင်းဘွိုင်ခေတ်အရသာတစ်မျိုးပေါ့။ ဇာတ်လမ်းအကျဉ်း ရွိုင်ဆိုတဲ့ ရဲမှူးတစ်ယောက်ဟာ ရထားတွဲကို လာတိုက်တဲ့ ဓားပြတွေကို ပြန်တိုက်ရင် သေသွားခဲ့ပါတယ်။ သူသေသွားပြီးတော့ ကောင်းကင်ဘုံနဲ့ငရဲကိုမရောက်ခင် RIPD ကိုရောက်သွားပါတော့တယ်။RIPDကတော့ငရဲပြည်ကနေထွက်ပြေးလာပြီးလူ့ပြည်မှာ သောင်းကျန်းနေတဲ့ ဝိညာဉ်တွေကို ဖမ်းဆီးနှိမ်နင်းရတဲ့ တမလွန်ရဲဌာနတစ်ခုပါပဲ။ ဒီရုပ်ရှင်မှာလည်းငရဲကနေ လွတ်လာတဲ့ ငရဲပြေးတစ်သိုက်ဟာ ငရဲတံခါးကိုဖွင့်ပြီး ငရဲကျဝိညာဉ်တွေအကုန်လုံးကို ကမ္ဘာကြီးထဲကိုဆွဲခေါ်ပြီး ကမ္ဘာကိုအုပ်စိုးဖို့ ပြင်ဆင်နေကြတာကို RIPD ရဲ့ အေးဂျင့်နှစ်ယောက်က ဘယ်လိုတားဆီးမလဲဆိုတာ တွေ့ရမှာပါပဲ။ ...
movie

R.I.P.D. 2: Rise of the Damned (2022)

Sleepers(1996) 7.5
Sleepers(1996) Sleepers(1996) အညွှန်း*******************IMDb...7.5,,,,Rt...73  Robert De Niro ,Kevin Bacon  နဲ့ Brad Pitt တို့ အဓိကပါဝင်ထားတယ်.. စာရေးဆရာ Lorenzo Carcaterraရဲ့ best sellerဖြစ်ခဲ့တဲ့ ဒီဇာတ်ကားဟာစာအုပ်အဖြစ်ထုတ်ဝေတုန်းမှာ ဝေဖန်သူတွေ၊ သတင်းရေးသူတွေကြားမှာ ဝေဖန်မှုတွေနဲ့ အငြင်းပွားဖွယ်ဖြစ်ခဲ့သလို ရုပ်ရှင်အဖြစ်ရိုက်ကူပြီးနောက်မှာလည်း အတော်လေးဂယက်ရိုက်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ရုပ်ရှင်ထဲမှာပါတဲ့ အကြောင်းအရာတွေဟာ နယူးယော့မြို့တော်အတွက် မေးခွန်းထုတ်စရာ ဖြစ်နေလို့ပါပဲ။ စာဖတ်သူတွေအနေနဲ့ ဒီဝတ္ထုဟာ အဖြစ်မှန်ဟုတ်သလား မဟုတ်ဘူးလားဆိုတဲ့အကြောင်းကို သို့လောသို့လောဖြစ်ရာမှာ ဝတ္ထုရေးဆရာ Lorenzo Carcaterraကတော့ အဖြစ်မှန်ဖြစ်ကြောင်း တစ်ခါအတည်ပြုဖူးပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာနေရာတွေကတော့ ဒီလိုအဖြစ်အပျက်မျိုးမရှိဖူးကြောင်း ငြင်းချက်ထုတ်တာပေါ့။ တစ်ခုသတိပေးချင်တာကတော့ ကလေးသူငယ်နှိပ်စက်မှုတွေပါဝင်လို့ စိတ်ခိုင်မှ ဒီကားကို ကြည့်စေချင်ပါတယ်။ နယူးယော့မြို့ ရွှေ့ပြောင်းလုပ်သားတွေနေထိုင်ကြတဲ့ Hell's Kitchenဆိုတဲ့ ဆင်းရဲသားရပ်ကွက်လေးမှာ သူငယ်ချင်းလေးယောက်ဟာ တခြားကလေးတွေလိုပဲ ရပ်ကွက်ထဲ ဆော့ကစားလိုက် ဘုရားကျောင်းတက်လိုက်နဲ့ပေါ့။ အားရင်အားသလို ဘုရားကျောင်းမှာ ဘုန်းတော်ကြီးအကူအဖြစ် ဝင်လုပ်လေ့ရှိသလိုပိုက်ဆံရရင်ရသလိုလည်း နာရေး‌တွေမှာ ဝင်ကူလေ့ရှိပါတယ်။ ဆင်းရဲကြပေမယ့် ရှိတာလေးနဲ့ ရောင့်ရဲစွာ ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတဲ့ ကလေးတွေပေါ့။သူတို့သူငယ်ချင်းတွေကြားမှာ နောက်ပြောင်ကျီစယ်ခြင်းကိုလည်း အလှည့်ကျလုပ်လေ့ရှိပါတယ်။ တစ်ခါမှာတော့ ...
movie

Sleepers(1996)

Breaking (2022) 6.3
Breaking (2022)  ဒီတစ်ခါ ပရိသတ်ကြီးကို တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားလေး တစ်ကားနဲ့ တင်ဆက်ပေးပါ့မယ် အစိုးရဌာနတွေဆိုတာ ဘယ်နိုင်ငံမှာဖြစ်ဖြစ် အကျင့်ပျက်ခြစားပြီး သူများရပိုင်ခွင့်ကို ရရင်ရသလို ညှစ်ထုတ်တတ်တဲ့သူတွေဆိုတာ ဒီကားကသက်သေပြနေတာပါ နိုင်ငံအတွက်အသက်နဲ့ရင်းပြီး တိုင်းတပါးမှာ စစ်ပွဲဆင်နွှဲရလို့ မသန်စွမ်းဖြစ်တဲ့သူအတွက် တိုင်းပြည်ကပေးထားတဲ့ လစာကို ဖြတ်စားလာဘ်စားလုပ်တာကတော့ တကယ့်ကို ရွံ့ရှာစက်ဆုပ်စရာပါပဲ ခေါင်းပုံဖြတ်ခံထားရတဲ့ ပိုက်ဆံလေးရခဲ့ရင် သမီးလေးကို ခွေးလေတစ်ကောင်ဝယ်ပေးချင်တဲ့ အလုပ်မလုပ်နိုင်တော့တဲ့ ဖခင်တစ်ယောက်ရဲ့ ဝမ်းနည်းစရာဇာတ်ကြောင်းကိုလည်းသေချာလေးခံစားရမှာပါ ဇာတ်လမ်းအကျဉ်း ဘရိုင်ရန်ဆိုတဲ့ မသန်စွမ်းစစ်ပြန်ကြီးဟာ အလုပ်မလုပ်နိုင်တော့လို့ မသန်စွမ်းလစာလေးကို မှီခိုပြီး စားသောက်နေရတဲ့သူပါ မိန်းမနဲ့ကလည်းကွဲ အလုပ်ကလည်းမလုပ်နိုင် စိတ်အခြေအနေကလည်းပုံမှန်မဟုတ်တဲ့သူတစ်ယောက်အတွက် သူမှီခိုနေရတဲ့ လစာကိုမှ စစ်မှုထမ်းဟောင်းရေးရာနဲ့ နည်းပညာ ကောလိပ် တစ်ခုတို့ ပေါင်းရိုက်ပြီး ဖြတ်စားနေတာကို သိသွားတဲ့အချိန်မှာတော့ အဲဒီပိုက်ဆံပြန်ရဖို့နဲ့ စစ်မှုထမ်းဟောင်းရေးရာရဲ့ အကျင့်ပျက်ခြစားတာကိုလူတိုင်းသိသွားအောင်လို့ ဘဏ်တစ်ခုကို အနုကြမ်းစီးပြီး သူတောင်းဆိုတဲ့အရာလုပ်ပေးဖို့ မလုပ်ပေးရင် ဗုံးဖောက်ခွဲပစ်မယ်ဆိုပြီးခြိမ်းခြောက်ခဲ့တာပါ အဲဒီလိုအနုကြမ်းစီးပြီးနောက်မှာပဲ ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ သူက အနုကြမ်းစီးပြီး ဘာကိုတောင်းဆိုချင်မှာလဲ ဓားစာခံတွေကိုရောဘယ်လိုဆက်ဆံမှာလဲ ...
movie

Breaking (2022)

First Love (2022) 4.7
First Love (2022) First Love (2022)“The After” series ရဲ့အချောလေး Hero Fiennes Tiffin ရဲ့ 2022 ထွက် နောက်ထပ် romance drama တစ်ကားပဲဖြစ်ပါတယ်။“ဘဝမှာ ပျော်ရွှင်မှုကိုစောင့်မျှော်နေလို့ပဲမရဘူး။ အဲဒီပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးယူမှပဲရနိုင်မှာ။” (Ann)“အမှတ်တရကောင်းတွေထက် ပိုပြီးခိုင်မာတဲ့အရာ .. ကောင်းတဲ့အရာမရှိဘူး။ အထူးသဖြင့် ကိုယ့်ရင်သွေးတွေနဲ့အတူဖြတ်သန်းရတဲ့အခါဆိုရင်ပေါ့ ..” (Greg)ရှက်တတ်ပြီး တော်ရုံဆိုဘယ်သူနဲ့မှလည်းမပေါင်း သူငယ်ချင်းတွေအတူတူလုပ်တဲ့ပါတီပွဲတွေလည်းတက်လေ့မရှိဘဲ သူ့ဟာသူတစ်ကိုယ်တည်းသာနေတတ်တဲ့ အထက်တန်းကျောင်းသားလေး Jimဟာ တစ်နေ့မှာတော့ သူနဲ့လုံးဝကိုအကျင့်စရိုက်ကွဲပြားပြီး သူငယ်ချင်းအပေါင်းသင်းများပြီးပျော်ပျော်နေတတ်တဲ့ Annကို စိတ်ဝင်စားသွားပါတော့တယ်။ ဒါကတော့ Jim ရဲ့ First Love အစပေါ့။ ဒီလိုနဲ့နှစ်ယောက်သား ပိုနီးစပ်သွားပြီး ချစ်သူတွေဖြစ်သွားပေမယ့်လည်း ရည်မှန်းချက်ကအစ အကျင့်စရိုက်အဆုံး ဘာမှမတူတဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ရေးက အဖုအထစ်လေးဖြစ်လာတဲ့အခါ ..တစ်ဖက်မှာလည်း Jim ရဲ့မိဘတွေဖြစ်တဲ့ Greg နဲ့ Kay တို့ကလည်း အသက် ၁၇ နှစ်အရွယ်ကစသိခဲ့တဲ့သူနဲ့ပဲ ချစ်ကြိုက်ပြီးလက်ထပ်ထားတဲ့ အချစ်ဦးနဲ့ဖူးစာပါထားတဲ့အတွဲပါ။ လက်ရှိမှာတော့ Gregဟာ 2008ခုနှစ် ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် စီးပွါးပျက်ကပ်ဆိုက်ပြီး အလုပ်ထုတ်ခံလိုက်ရတာကြောင့် ...
movie

First Love (2022)

2022
Changeling (2008) 7.7
Changeling (2008) Changeling (2008) ~ IMDb - 7.7/10, RT - 62%, Meta - 63% ~အခုတစ်ခါမှာတော့ Eternals ဇာတ်ကားနဲ့ ပရိသတ်ရင်ကို ပြန်လည်ဖမ်းစားနိုင်ခဲ့တဲ့ ဂျိုလီရဲ့ Crime/ Drama ဇာတ်ကားလေး Changeling ကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားဟာ ဒါရိုက်တာ​ Clint Eastwood ရိုက်ကူးခဲ့တဲ့ ဖြစ်ရပ်မှန်အခြေပြု ဇာတ်ကားတစ်​ကားဖြစ်ပြီး ဂျိုလီရဲ့သရုပ်ဆောင်ချက်တွေ ထိမိလွန်းလို့ Oscar ဆန်ခါတင်စာရင်းလည်း ဝင်ခဲ့ပါသေးတယ်။​အကျင့်ပျက်ခြစားမှုတွေနဲ့ လည်ပတ်နေတဲ့ ရဲဌာန...မတရားသဖြင့် ဖိနှိပ်အုပ်ချုပ်နေတဲ့ လော့အိန်ဂျလိစ်အစိုးရလက်အောက်မှာ...ဒုစရိုက်မှု​တွေပြည့် အလောင်းတွေထပ်နေခဲ့တဲ့အချိန်...Single Mother တစ်​ယောက်နဲ့ သူ့ရဲ့ ကိုးနှစ်သားငယ်လေးဟာ အမေတစ်ခု သားတစ်ခုဘဝမှာ အေးချမ်းစွာ နေနေခဲ့ပါတယ်...ဒါပေမဲ့ တစ်နေ့ အလုပ်ကပြန်လာတဲ့ မိခင်ဖြစ်သူဟာ သူ့သားလေးကို မတွေ့ရတော့တဲ့အခါ.....သူ့သားငယ်လေး ဝေါလ်တာက ဘယ်ရောက်သွားခဲ့တာလဲ၊ ဘယ်သူခေါ်သွားခဲ့တာလဲ၊ အမေဖြစ်သူနဲ့ ပြန်လည်ပေါင်းစည်းနိုင်ပါ့မလား ?? အစိုးရနဲ့ ရဲဌာနကရော ...
movie

Changeling (2008)

2008
Extremely Wicked, Shockingly Evil and Vile 6.8
Extremely Wicked, Shockingly Evil and Vile အမေရိက သမိုင်းရဲ့ အချောဆုံး အခန့်ညားဆုံး လူသတ်ကောင် . .(သို့မဟုတ်)Ted Bundy ဆိုတဲ့ စိတ္တဇ လူသတ်သမားတစ်ယောက်ရဲ့ အကြောင်း . ._________________ ဖြစ်ရပ်မှန် အဖြစ်အပျက်ပါ။ _________________၁၉၇၀ ဝန်းကျင်တုန်းက အမေရိက မှာ Ted Bundy ဆိုတဲ့ လူတစ်ယောက် ရှိဖူးခဲ့တယ်။ သူက ရုပ်ချောတယ်။ တဖက်သားကို အရမ်း လွမ်းမိုးနိုင်တယ်။ သူ့ကိုမြင်တဲ့ ကောင်မလေးတိုင်း တဖြုတ်ဖြုတ် ကြွေကြတယ်။ စကားပြောညက်တယ်။ လူကြီးလူကောင်း ပီပီသသ နဲ့ တကယ့် ယောကျာ်းဖြောင့်ကြီး တစ်ယောက်လို နေတတ်တယ်။ဒါပေမယ့် . . သူက လူ သတ်သမား တဲ့။ သတ်တာမှ ကောင်မလေးတွေ အမျိုးသမီးတွေကို သတ်တာ။ ပိုးစိုးပက်စက် ကို သတ်တာ။ လွှနဲ့ ခေါင်းဖြတ်သတ်တယ်။ မျက်နှာတစ်ခုလုံး ကြေမွသွားအောင် တုတ်နဲ့ ရိုက်တယ်။ မုဒိန်းကျင့်တယ်။ ဘာအကြောင်းမှ ...
movie

Extremely Wicked, Shockingly Evil and Vile

2019
Wrath of Man (2021) 7.4
Wrath of Man (2021) Wrath Of Man (2021) Web-Dl 720p & 1080p Web rip x264အကြည်ရပါပြီ --------------------------------(ခဏနေ 1080p ထပ်တင်ပေးပါ့မယ်)ဂျေဆန် စတေသန်ကြီးရဲ့ အက်ရှင်ကား အကြမ်းတစ်ခု လာပါပြီ။ ဒီကားကတော့ အတော်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့လော့စ်အန်ဂျလိမှာ ဖော်တီကိုဆိုတဲ့ ကုမ္ပဏီတစ်ခုရှိတယ်။ သူတို့တွေက ကာစီနိုတွေ၊ ကုန်တိုက်တွေကနေ ငွေတွေ သယ်ပို့ပေးတာတွေကို ဝန်ဆောင်မှုပေးတာပါ။ငွေသယ်ကားတွေနဲ့ လုံခြုံရေးကုမ္ပဏီတစ်ခုပေါ့။ အမြဲတမ်း ဒေါ်လာ သန်းချီပြီးသယ်နေရတာဖြစ်တော့ ဓားပြတွေ မျက်စိကျတဲ့ ကားတွေပါပဲ။ တစ်နေ့မှာ ကားတစ်စီး ဓားပြတိုက်ခံရပြီးအစောင့်နှစ်ယောက် သေသွားခဲ့တယ်။ အဲဒီနောက်မှာ လူသစ်ဝင်လာတာကတော့ ကျွန်တော်တို့ရဲ့ ဖိုက်တာကတုံးပေါ့။ ကတုံးဝင်လာပြီးပြီးချင်းဓားပြခြောက်ယောက် မသာပေါ်သွားအပြီးမှာ ကတုံးလည်း သူရဲကောင်းဖြစ်သွားတာပေါ့။ ဒါပေမယ့်သူဝင်လာရတဆက ရည်ရွယ်ချက်တွေ၊ ဓားပြမှုတွေ နဲ့ ဓားပြတွေ ဘယ်လိုဆက်စပ်နေသလဲဆိုတာကို ဇာတ်လမ်းထဲမှာ အဖြေရှာကြည့်ရမှာပါပဲ။...Translated by : ...
movie

Wrath of Man (2021)

2021
Honest Thief(2020) 6.5
Honest Thief(2020) Honest Thief(2020)IMDb...6.5 မင်းသားကြီး လီယန်နယ်ဆန်ကတော့ ဖန်တွေကို စိတ်မပျက်စေပါဘူး။အက်ရှင်ကားပီပီ သည်းထိပ်ရင်ဖို အက်ရှင်နဲ့ သဘာဝကျတဲ့ ဇာတ်လမ်းနဲ့ ရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ - ရှစ်နှစ်အတွင်း ဘဏ်ပေါင်း ၁၂ ခုကို သဲလွန်စ ရှာမရအောင်ဖောက်ထွင်းခဲ့တဲ့ သူခိုးကြီးတစ်ယောက် ရှိတယ်။အဲဒီသူခိုးကြီးက တစ်နေ့မှာ အကြောင်းတစ်ခုကြောင့်သူခိုးထားတဲ့ငွေတွေအကုန်ပြန်အပ်ပြီး အဖမ်းခံမယ်လို့ အက်ဖ်ဘီအိုင်ကို ဖုန်းဆက်လာပါလေရော။ဒါပေမယ့် သူ့ကိုဖမ်းရမယ့် အေးဂျင့် ၂ ယောက်က သူ ပြန်ပေးမယ် ငွေတွေကို လောဘတက်ပြီးသူ့ကိုသတ်ဖို့နဲ့ လူသတ်မှုတစ်ခုကို သူ့အပေါ် ပုံချဖို့ ကြိုးစားလာတဲ့ခါ.....ထုံးစံအတိုင်း ဒီဘဲကြီး ဘယ်လိုရုန်းကန်လှုပ်ရှားမလဲဆိုတာကိုတော့...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်...File Size :(900 MB) and (343MB) Quality : Blu-Ray 720p Format…mp4 Duration…01:39:00 Genre :  Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae
movie

Honest Thief(2020)

Let Him Go(2020) 7.0
Let Him Go(2020) Let Him Go(2020)IMDb.....7.0ဝါရင့်သရုပ်ဆောင် Diane Lane နဲ့ Kevin Costner ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး IMDB 7/10 ရရှိထားပါတယ်...ဂျော့နဲ့ မာဂရက်ဆိုတဲ့အဘိုးကြီး လင်မယားမှာ တစ်ဉီးထဲသောသားလေးတစ်ယောက်ရှိတယ်...အချိန်တန်အရွယ်ရောက်လို့ သားဖြစ်သူ အိမ်ထောင်ကျပြီး သားယောင်္ကျားလေးရလို့ အဘိုးအဘွားဖြစ်သူတို့အတွက်ပီတိတွေဖြာလို့ပေါ့...သားအချစ်မြေးအနှစ်ဆိုတဲ့အတိုင်း မြေးလေးကိုအရိပ်တကြည့်ကြည့်ပေါ့...တစ်နေ့ မြင်းပေါ်ကပြုတ်ကျပြီး သားဖြစ်သူဆုံးပါးသွားတယ်...နှစ်အနည်းငယ်ကြာတော့ ချွေးမဖြစ်သူလည်းနောက်အိမ်ထောင်ပြုသွားတယ်....မြေးလေးနဲ့ အိမ်မှာပဲနေစေချင်ပေမဲ့ ချွေးမဖြစ်သူလည်း သူ့အားကိုးရာရှာလေတော့အဘိုးအဘွားလင်မယားဟာ မြေးလေးနဲ့ခွဲရတော့တာပေါ့...အဘိုးအဘွားဆိုတာ ပထွေးနဲ့ ဘယ်စိတ်ချပါ့မလဲ..တစ်နေ့ အဘွားဖြစ်သူဈေးသွားတော့ ချွေးမနဲ့သားကို ပထွေးဖြစ်သူကရိုက်နှက်နေတာတွေ့သွားတယ်..အဘိုးအဘွားရဲ့စိုးရိမ်မှုတွေဟာ ပြောမပြနိုင်အောင်ပါပဲ..ဒါ့ကြောင့် မြေးလေးတို့အိမ်လိုက်သွားပေမဲ့အိမ်ပြောင်းသွားကြတယ်...မြေးလေးရဲ့ပထွေးဖြစ်သူဟာ ထစ်ခနဲရှိလက်ပါတတ်ပြီး သဘောထားကျဉ်းမြောင်းတဲ့သူဖြစ်နိုင်တာကြောင့် မြေးလေးကို ပြန်တွေ့ပြီး အိမ်ကိုပြန်ခေါ်ဖို့ ရေဆုံးမြေဆုံးလိုက်ပါတော့တယ်..တကယ်တော့ ဒီဇာတ်ကားဟာ ဆန်းပြားပြီးလှည့်ကွက်တွေပါတဲ့အမျိုးအစားမျိုးမဟုတ်ပေမဲ့မင်းသားကြီး မင်းသမီးတွေရဲ့သရုပ်ဆောင်မှုနဲ့အတူ အဘိုးအဘွားတွေရဲ့ချစ်ခြင်းမေတ္တာကို ခံစားရတဲ့ကားမို့တော်တော်ကြီးကိုကြည့်လို့ကောင်းပါတယ်...အမလေးငါ့မြေးလေးရဲ့ဆိုပြီး ငိုကြီးချက်မနဲ့ အာဗြဲကြီးနဲ့အော်ငိုနေတဲ့ပုံစံမျိုးတွေမပါဘဲ ခပ်တိုးတိုးစကားသံနဲ့ မျက်လုံးတွေကိုကြည့်ရုံနဲ့ သူတို့ဘယ်လောက်စိုးရိမ်ပြီးမြေးလေးကိုလွမ်းဆွတ်နေလဲဆိုတာ အလိုလိုခံစားရပါတယ်...မြေးလေးနဲ့ပြန်တွေ့နိုင်မလား..တခြားဘယ်လိုအခက်အခဲတွေရော မမျှော်လင့်ဘဲကြုံတွေကြရမလဲဆိုတာကိုတော့...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ May Myat Thu ပဲဖြစ်ပါတယ်... File Size :(900 MB) and ...
movie

Let Him Go(2020)

Villains(2019) 6.5
Villains(2019) Villains(2019)(Unicode)ဒီတစ်ခေါက်တော့ အမှန်အကန်လန်းတဲ့ ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ စိတ်ထားကောင်းပေမယ့် ဘဝကိုပေ့ါပေါ့နေပြီး ဖြတ်သန်းချင်တဲ့ အရမ်းချစ်တဲ့စုံတွဲတစ်တွဲ ဟာ လိုအင်ဆန္ဒတစ်ခုကြောင့် လုယက်မှုတစ်ခုလုပ်ပြီး ဖလော်ရီဒါအိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်တယ် .... လမ်းတဝက်မှာကားဆီပြတ်သွားပြီးတော့ ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေတဲ့အချိန် နောက်ကားတစ်စီးရှာဖို့ လုပ်ကြရင်းနဲ့ လူမနေဘူးလို့ထင်ရတဲ့ ခမ်းနားတဲ့အိမ်ကြီးကိုရောက်သွားတဲ့အချိန်မှာ စပြီး ပြဿနာအကြီးကြီးတက်ပါတော့တယ်... ဘယ်လိုပြဿနာတွေ သူတို့ကို အိမ်ကြီးက ဆီးကြိုနေမလဲ... သူတို့ရဲ့ အိပ်မက်ကိုရော အကောင်အထည်ဖော်နိုင်သွားမလား...သူတို့ မထင်မှတ်တာတွေ ဘယ်လိုကြုံကြမလဲ... တစ်ယောက်ချင်းဆီရဲ့ သူရုပ်ဆောင်မှုတွေကို အာရုံစိုက်ကြည့်ရင် သို့လောသို့လောနဲ့ တကယ် စိတ်ဝင်စား လှုပ်ရှားစရာကောင်းလွန်းတာမို့ မလွတ်တမ်းကြည့်ရှုဖို့ ပြောလိုက်ပါရစေ... နည်းနည်းဂေါ်တဲ့အတွဲမို့ စကားလုံးအသုံးအနှုံးတွေတော့ အနည်းငယ်ကြမ်းနိင်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ MarTizas ပဲဖြစ်ပါတယ်...(zawgyi)ဒီတစ်ခေါက်တော့ အမှန်အကန်လန်းတဲ့ ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ စိတ်ထားကောင်းပေမယ့် ဘဝကိုပေါ့ပေါ့နေပြီး ဖြတ်သန်းချင်တဲ့ အရမ်းချစ်တဲ့စုံတွဲတစ်တွဲ ဟာ လိုအင်ဆန္ဒတစ်ခုကြောင့် လုယက်မှုတစ်ခုလုပ်ပြီး ဖလော်ရီဒါအိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်တယ် .... လမ်းတဝက်မှာကားဆီပြတ်သွားပြီးတော့ ရှေ့မတိုးသာနောက်မဆုတ်သာဖြစ်နေတဲ့အချိန် နောက်ကားတစ်စီးရှာဖို့ လုပ်ကြရင်းနဲ့ လူမနေဘူးလို့ထင်ရတဲ့ ...
movie

Villains(2019)

2019
Wonder Woman: Bloodlines (2019) N/A
Wonder Woman: Bloodlines (2019) Wonder woman ဇာတ်လမ်းတွေထဲက ဝန်ဒါးဝူးမန်းတစ်ယောက်အဖြစ်သို့ရောက်ရှိလာခဲ့ပုံနဲ့ သူ့ရဲ့ဇာတိမွေးရပ်မြေဖြစ်တဲ့ သစ်မီစစီရာကို ရန်သူတွေရဲ့လက်ကနေပြန်လည်ကာကွယ်တိုက်ခိုက်ခဲ့ပုံတို့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ အန်နီမေးရှင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်. ဒီနှစ်မှထွက်ရှိထားတဲ့ဇာတ်ကားသစ်ဖြစ်ပြီးတော့ အစပိုင်းတစ်ချို့ကအရင်နှစ်များကထွက်ရှိထားတဲ့ကားတွေအတိုင်း အနည်းငယ်တော့ဆင်တူဖြစ်နေပါတယ်. ဒါကလဲ ဝန်ဒါးဝူးမန်းဖြစ်ပေါ်လာပုံရယ်ဆိုတော့လဲ ဒီအတိုင်းပဲရိုက်ရမှာပေါ့နော်. ဝန်ဒါးဝူးမန်းတစ်ယောက်သူ့ရဲ့အမိမြေကိုကာကွယ်ဖို့ ဘယ်လောက်ထိ အမေဇုန်သူကောင်းတစ်ယောက်ပီသစွာ ပေးဆပ်ခဲ့ရတယ်ဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်ဗျ. Unicode Wonder woman ဇာတ်လမ်းတွေထဲက ဝန်ဒါးဝူးမန်းတစ်ယောက်အဖြစ်သို့ရောက်ရှိလာခဲ့ပုံနဲ့ သူ့ရဲ့ဇာတိမွေးရပ်မြေဖြစ်တဲ့ သစ်မီစစီရာကို ရန်သူတွေရဲ့လက်ကနေပြန်လည်ကာကွယ်တိုက်ခိုက်ခဲ့ပုံတို့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ အန်နီမေးရှင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်. ဒီနှစ်မှထွက်ရှိထားတဲ့ဇာတ်ကားသစ်ဖြစ်ပြီးတော့ အစပိုင်းတစ်ချို့ကအရင်နှစ်များကထွက်ရှိထားတဲ့ကားတွေအတိုင်း အနည်းငယ်တော့ဆင်တူဖြစ်နေပါတယ်. ဒါကလဲ ဝန်ဒါးဝူးမန်းဖြစ်ပေါ်လာပုံရယ်ဆိုတော့လဲ ဒီအတိုင်းပဲရိုက်ရမှာပေါ့နော်. ဝန်ဒါးဝူးမန်းတစ်ယောက်သူ့ရဲ့အမိမြေကိုကာကွယ်ဖို့ ဘယ်လောက်ထိ အမေဇုန်သူကောင်းတစ်ယောက်ပီသစွာ ပေးဆပ်ခဲ့ရတယ်ဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်ဗျ. File size…(1.16gb) and (599mb) Quality…1080p WEB-DL.DD.5.1 H264 FGT Format…mp4 Duration…1h 23min Subtitle….Myanmar Subtitle (Hardsub) Encoder…sithu Translator…Charm
movie

Wonder Woman: Bloodlines (2019)

2019
Hitch (2005) 6.6
Hitch (2005) Hitch (2005) IMDb - 6.6/10_____Rotten - 69%   (Warning - FA များ၊ ရည်းစားမရှိသူများ စိတ်မခိုင်လျှင် မကြည့်သင့်ပါ။ အခန့်မသင့်လျှင် ဤကားကြည့်ပြီး မကြာခင် ရည်းစားရသွားနိုင်ပါသည် :P ရည်းစားရှိသော်လည်း မိန်းကလေးတွေအကြောင်း အထာမနပ်သူများ ကြည့်သင့်ကြည့်ထိုက်သော ကားကောင်းတစ်ကားဖြစ်သည်)ဒီကားလေးကို ကြည့်ပြီးသွားကြရင်တော့... ယောက်ျားလေး အများစု မိန်းကလေးတွေနဲ့ ပတ်သတ်ပြီး "ငါမဖြစ်နိုင်ပါဘူးကွာ၊ ငါ့ပုံစံကြီးက သူနဲ့မကိုက်လောက်ပါဘူးကွာ" ဆိုတဲ့ ခံယူချက်၊ ခံစားချက်တွေ လျော့ပါးသွားမှာတော့အသေအချာပါပဲ ဒီကားထဲမှာ ကျွန်တော်တို့ ယောက်ျားလေးအများစုအတွက် ကိုယ်ချစ်ကြိုက်နေတဲ့ ခွက်နေတဲ့ မိန်းကလေးတစ်ယောက်ကို ရည်းစားစကားပြောဖို့ဆိုတာ ဘယ်လောက်တောင်မလွယ်လိုက်လဲဆိုတာ တွေ့ရပါလိမ့်မယ်...(လွယ်လွယ်ကြိုက် လွယ်လွယ်ပြတ် ခေတ်ကြီးထဲမှာ ဒီစကားက ရယ်စရာလဲ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်)ဒီဇာတ်ကားလေးထဲမှာ... * မိန်းကလေးတစ်ယောက်ကိုတကယ်ချစ်ကြိုက်မိသွားရင် မိန်းမကျမ်းကျေပါတယ်ဆိုတဲ့သူတောင် အထစ်ထစ်အငေါ့ငေါ့ ဖြစ်တတ်ပုံတွေ... >>> မိန်းကလေးတွေ ဘယ်လိုပြုမူပြီ ဘယ်လိုပြောဆိုပြီဆို အဲ့တာဘာကိုဆိုလိုချင်တာ... >>> ပထမဆုံးအနမ်းတစ်ခုအပေါ်မှာ မိန်းကလေးအများစုရဲ့သဘောထား... >>> အချစ်တစ်ခုဖြစ်ပေါ်လာဖို့ဆိုတာ မလွယ်ကြောင်းတွေ အစုံအလင်တွေ့ရပါလိမ့်မယ်* ဇာတ်လမ်းအကျဉ်းလေး ပြောရရင်...>>> အဲလပ်စ်ဟစ်ရှ်(Will Smith)ဆိုတာ Date doctor တစ်ယောက်ပါ(ဖူးစာရေးနတ် ...
movie

Hitch (2005)

2005
Shot Caller (2017) 7.5
Shot Caller (2017)  ဒီဇာတ်လမ်းလေးက ဒုစရိုက်ဂိုဏ်းသားတွေရဲ့ ထောင်ထဲမှာ ဘယ်လိုခြယ်လှယ်နေတယ်ဆိုတာကို ပုံဖော်ထားတဲ့ Action ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးက လူတိုင်းက အားကျလောက်ရအောင် စီးပွားရေးလည်းအောင်မြင်မိသားစုပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့ ဂျေကော့ လို့ခေါ်တဲ့လူတစ်ယောက်တစ်နေ့မှာတော့ ကံဆိုးပြီး ကားမတော်တဆဖြစ်ပြီး ကားပေါ်ပါတဲ့သူ့သူငယ်ချင်းသေသွားသလိုတစ်ဖက်လူလည်း အပြင်းအထန် ထိခိုက်မိတဲ့အတွက် ထောင်ကျသွားပါတယ် ။အကုသိုလ်ကံဆိုးမှုတွေဟာ အဖော်အပေါင်းနဲ့လာတတ်တဲ့ဆိုတဲ့အတိုင်းပဲ ထောင်ကျသွားမှပိုပြီးတာ့ ကံဆိုးမိုးမှောင်ကျသွားပါတော့တယ်။ထောင်ထဲမှာ ဒုစရိုက်သမားတွေရဲ့ ဖိနှိပ်ကွပ်ကဲမှုကို ခုခံဖို့ကြိုးစားရင်းနဲ့ သူကိုယ်တိုင်လည်းမဖြစ်ချင်ဘဲနဲ့ တဖြည်းဖြည်း လူဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်လာပါတယ်။ထောင်ကအထွက် သူ့ကိုလက်နက် မှောင်ခိုတစ်ခု ကွပ်ကဲဖို့ သူ့မိသားစုအသက်အန္တရာယ်ခြိမ်းခြောက်ပြီး စေခိုင်းခံလိုက်ရပါတယ်။ဂျေကော့တစ်ယောက် ဘယ်လိုနည်းလမ်းတွေ ရှာကြံပြီး သူ့မိသားစုလည်း ဘေးအန္တရာယ်မရောက်အောင်လက်နက်မှောင်ခိုမှုကို လည်းဖော်ထုတ်ပြီး ရာဇဝင်လူဆိုးတွေကိုပညာသားပါပါ ဘယ်လိုရင်ဆိုင်သွားလဲဆိုတာ စောင့်ကြည့်လိုက်ပါ ။အိမ်ထောင်ဦးစီး ဖခင်တစ်ယောက် ဒုက္ခအခက်အခဲတွေကို ကြံကြံခံရင်ဆိုင်ရင်းမိသားစုအတွက် ဘယ်လိုကာကွယ်သွားတယ်ဆိုတာကို စောင့်ကြည့်လိုက်ပါ။(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က Little Twinlay ပါ)Quality : Bluray 720p Running Time : 2hr 01minutes Format : Mp4 Genre : Crime, ...
movie

Shot Caller (2017)

2017