Channel Myanmar

Jemaine Clement

What We Do in the Shadows (2014) 7.7
What We Do in the Shadows (2014) (Unicode) ဗီယာဂို ၊ ဒီယေဂို နဲ့ ဗလာဒစ်စလာဗ်တို့ဟာ တစ်အိမ်တည်းမှာ အတူနေထိုင်ကြတဲ့ ဗင်ပိုင်းယားသူငယ်ချင်း (၃)ယောက် သူတို့ရဲ့ သက်တမ်းတွေဟာလည်း နှစ်ပေါင်းရာချီနေကြပြီပဲဖြစ်ပါတယ်။ သူတို့လိုပဲ လူတွေနဲ့ရောနှောနေထိုင်ကြတဲ့ ဗင်ပိုင်းယားတွေ ၊ သမန်းဝံပုလွေတွေ ၊ စုန်းမတွေဟာလည်း ယနေ့ ခေတ်မှာအများအပြား တည်ရှိနေဆဲပဲဖြစ်ပါတယ်။ သူတို့တွေဟာ နှစ်စဉ်နှစ်တိုင်း စုပေါင်းပြီးပါတီပွဲကျင်းပလေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့နဲ့ ပူးပေါင်းကာ သူတို့ရဲ့ နေပုံထိုင်ပုံတွေ ၊ ရှာဖွေစသောက်ရပုံတွေကို လက်ခံရိုက်ကူးစေခဲ့ပါတယ်။ ဒီကားကတော့ ယနေ့ခတ်မှာ ဗင်ပိုင်းယားတွေ ဘယ်လိုနေထိုင်ရှာဖွေစားသောက်ရသလဲဆိုတာတွေ အခက်အခဲတွေ အလွဲတွေကို Documentory ဆန်ဆန်ရိုက်ကူးထားတဲ့ Comedy, Fantasy, Horror ကားပဲဖြစ်ပါတယ် ။ Documentory ကားဆိုပေမယ့် မူးနောက်စေမယ့် ရိုက်ကွင်းရိုက်ကွက်တွေ မပါဝင်ပါဘူး။ ဒီကားကိုပဲအခြေခံပြီး ဒီနှစ်ထဲမှာ What We Do in the Shadows (2019) ဆိုတဲ့ Series ထွက်ရှိထားပါတယ်။ ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှု့တွေကိုလည်း ရရှိထားတဲ့ ဟာသကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ...
7.7
IMDB: 7.7/10 131,219 votes
movie

What We Do in the Shadows (2014)

2014
Blu-Ray 720p
Men in Black 3 (2012) 6.8
Men in Black 3 (2012) ဒီ MIB 3 မှာလဲ အရင်လို Agent K နဲ့ J ကို ပြန်မြင်ကြရအုံးမှာပါပဲ အရမ်းဆိုးရွားလွန်းလို့ အာကသ ထဲမှာ အဆင့်ဆင့် ပိတ်လှောင်ထားတဲ့ အကျဉ်းထောင်ထဲက ဘိုးရစ် ဆိုတဲ့ ဂြိုလ်သားတစ်ကောင် ရှိပါတယ် သူနဲ့ အေးဂျင့် ကေ မှာ ရန်ညိုး ရန်စ တစ်ခု ရှိနေတယ်... အေးဂျင့် ကေ ကြောင့် ဘိုးရစ် ရဲ့ လက်တစ်ဖက် ပြတ်သွားဖူးပါတယ် နောက်ဆုံးမှာ အေးဂျင့်ကေ က မသတ်ပဲ အရှင်ဖမ်းပြီး အကျဥ်းထောင်မှာ လုံခြုံရေး တင်းကျပ်စွာ ချူပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်... တစ်ရက်မှာတော့ ဘိုးရစ် တစ်ယောက် အပြင်က အကူအညီ နဲ့ အကျဉ်းထောင်က လွတ်မြောက်သွားပြီး အေးဂျင့် ကေ ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်... သူလက်စားချေမယ့် အစီအစဉ်ကတော့ အေးဂျင့် ကေ ဘိုးရစ်ကို မဖမ်းခင် အချိန်ကို ပြန်သွားပြီး သတ်ဖို့ပါပဲ... ဘိုးရစ် ရဲ့ အစီအစဉ် အောင်မြင်သွားတယ် ...
6.8
IMDB: 6.8/10 311,513 votes
movie

Men in Black 3 (2012)

2012
Blu-Ray 1080p
The Festival (2018) 6.1
The Festival (2018) CM ပရိတ်သတ်တွေအတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့... Rating 6.1 ရရှိထားပြီး ကိုယ်လိုအပ်တဲ့အချိန် ကိုယ့်ဘေးနာမှာ ရှိနေပေးပြီးအကူအညီပေးတဲ့ သူငယ်ချင်းမျိုးရှိနေတာကလဲ ကံကောင်းခြင်းတစ်မျိုးပဲဆိုတာကို ရိုက်ပြထားတဲ့ လူငယ်ဆန်ဆန် လွတ်လွတ်လပ်လပ်ဇာတ်ကားလေးပါ နစ်ဆိုတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ကောင်လေးဟာ ဘွဲ့ယူရတဲ့နေ့မှာပဲ ချစ်သူရဲ့လမ်းခွဲခြင်းကို ခံလိုက်ရပါတယ် သူခံစားနေရတာတွေကို သက်သာအောင်ဆိုပြီး သူ့အခင်ဆုံးသူငယ်ချင်း ရှိန်း က ၃ ရက်ဆက်တိုက်ကျင်းပတဲ့ EDM ပွဲကြီးကိုခေါ်သွားဖို့ စီစဉ်ပါတော့တယ် လမ်းမှာလဲ EDM ပွဲကြီးမှာရော နစ် တစ်ယောက် ဘယ်လိုအလွဲတွေနဲ့ ကြုံတွေ့ရမလဲ အသည်းကွဲတဲ့ ဒဏ်ရာကရောပျောက်ကင်းသွားမှာလား သူ့သူငယ်ချင်းရှိန်းကရော ဘယ်လိုတွေကူညီပေးမှာလဲဆိုတာ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားကြပါ....   File Size : (847 MB) and (245 MB) Quality : WebDL 720p Running Time :1hr 38min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by HMO Encoded by Moe Myint Lwin
6.1
IMDB: 6.1/10 1,260 votes
movie

The Festival (2018)

2018
The BFG (2016) 6.4
The BFG (2016) 2016 IMDb 6.4 နဲ့ fantasy ကားကောင်းတစ်ကား အကြည်ထွက်လာခဲ့ပါပြီ။ Disney ရဲ့ The BFG(Big Friendly Giant) ပါပဲ။ ဇာတ်လမ်းလေးကတော့ ရိုးစင်းပြီး လှပပါတယ်။ ဆိုဖီဆိုတဲ့ မိဘမဲ့ကလေးလေးကို ကြင်နာတတ်တဲ့ နှလုံးသားရှိတဲ့ မှင်စာဘီလူးကြီးက ဖမ်းခေါ်သွားခဲ့မိတာက စတာပါပဲ။ လူသားစားတဲ့ဘီလူးတွေနေထိုင်တဲ့ ဘီလူးတိုင်းပြည်မှာ အသီးအရွက်ပုတ်လေးတွေစားပြီး အကောင်အသေးဆုံး ဘီလူးကြီး၊ လူသားစားတဲ့ဘီလူးတွေကို မတားနိုင်တဲ့အတွက် လူသားကလေးလေးတွေအတွက် အိပ်မက်လှလှလေးတွေ လိုက်ဖမ်းပြီး လက်ဆောင်ပေးလို့ တတ်နိုင်သလောက် ပြန်ပေးဆပ်နေသူဘီလူးကြီးဟာ သူ့ရဲ့မိတ်ဆွေဆိုဖီလေးကို ကာကွယ်ရင်း ဆိုဖီရဲ့အားပေးမှုနဲ့ ဘီလူးတွေအားလုံးကို အပြီးအပိုင်မောင်းထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ.... ဒီဇာတ်ကားကိုတော့ စာတန်းထိုးအမှန်မထွက်တဲ့အတွက် နားထောင်ပြီးပဲ အတက်နိုင်ဆုံးဘာသာပြန်ပေးထားပါတယ်။ အင်္ဂလိပ်လေသံလည်းဖြစ် ဘီလူးတွေကလည်း လူစကားကို ကောင်းကောင်းအသံမထွက်တတ်တော့ အကုန်လုံးတော့ မမှန်ပါဘူး။ ဒါပေမယ့် အားလုံးနီးပါးတော့အနီးစပ်ဆုံးမှန်အောင် ကြိုးစားပေးထားပါတယ်။ ဒီကားလေးကိုတော့ မိသားစုနဲ့ကြည့်လို့ကောင်းပြီး ကလေး လူကြီးအကုန်နှစ်သက်ကြမယ်ထင်ပါတယ်။ ------------------------------------------------------- 2016 IMDb ...
6.4
IMDB: 6.4/10 74,283 votes
movie

The BFG (2016)