Channel Myanmar

Jenna Lamia

The Box (2009)
The Box (2009)  sci-fi, thriller ဇာတ်ကားဖြစ်ပြီး လူတွေရဲ့လောဘ‌ကြောင့် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်းကို လျှို့ဝှက်ဆန်းကျယ်တဲ့ ဇာတ်လမ်းလှည့်ကွက်တွေနဲ့ရိုက်ပြထားတာပါဇာတ်လမ်းအကျဉ်း..... အာသာနဲ့နော်မာတို့ဟာ သားတစ်ယောက်နဲ့အတူပျော်ရွှင်တဲ့အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားကြပြီး သူတို့ကိုယ်ပိုင်ကမ္ဘာလေးထဲမှာနေပျော်နေတဲ့သူတွေဖြစ်ပါတယ် တစ်နေ့မှာတော့ ထူးဆန်းတဲ့သေတ္တာတစ်လုံးရောက်လာပြီး သေတ္တာထဲကခလုတ်ကိုနှိပ်ရင် ဒေါ်လာ တစ်သန်းရမယ်ဆိုတဲ့ကမ်းလှမ်းချက်ကြီးကိုလက်ခံလိုက်ရတဲ့အချိန်မှာ.... လင်မယားနှစ်ယောက် လောဘကိုရှေ့တန်းတင်ပြီးရွေးမလား အကျိုးအကြောင့်ချင့်ချိန်ပြီးရွေးမလားဆိုတာကိုကြည့်ရှုရမှာပါ......လွယ်လွယ်မရတဲ့လောကကြီးမှာလောဘနောက်လိုက်မိသွားရင် ခံရမဲ့အကျိုးဆက်တွေကလည်း မနည်းပါဘူး ဒီဇာတ်လမ်းလေးကတော့ ငွေမြင်တဲ့အခါလူတွေစုံလုံးကန်းသွားတတ်ကြပုံကို ထူးခြားတဲ့ရှုထောင့်ကနေရိုက်ပြထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…(1.6 GB)/(876 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre...Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

The Box (2009)

The Call (2013) 6.7
The Call (2013) The Call (2013)IMDb - 6.7/10_____Rotten - 44%    2013 ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb Rating မှာ 6.7 ရရှိထားတဲ့ The Call ဆိုတဲ့ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်... အရေးပေါ်ဖုန်းခေါ်စင်တာ မှာ အလုပ်လုပ်တဲ့ ဝါရင့်အော်ပဗေရေ တာ ဂျော်ဒန်ဟာ သူမရဲ့ နေ့စဉ်အလုပ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်..အကြမ်းဖက်မှုတွေ အန္တရာယ်ဖြစ်မှုတွေကို  ဖုန်းခိုးနားထောင်ရင်းနဲ့ ကယ်တင်လေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်.... တစ်နေ့မှာတော့ အမျိုးသမီးငယ်တစ်ဦးပြန်ပေးဆွဲခံလိုက်ရတဲ့အချိန်မှာ သူမကယ်တင်နိုင်ခဲ့တဲ့အတွက် အရမ်းကိုယူကြုံးမရဖြစ်ခဲ့ပါတယ် ဒီလိုနဲ့သူဟာ ဖိအားများများနဲ့ အလုပ်တွေကိုပိုမိုကြိုးစားတဲ့အပြင်ကွင်းဆင်းလေ့လာပြီး  ကူညီဖို့ပါပြင်ဆင်ပါတော့တယ်...ပြန်ပေးဆွဲသူဆီက ဖုန်းဝင်လာတဲ့အခါမှာတော့  ဂျော်ဒန်တစ်ယောက်အရင်တုန်းကသူမ တစ်ခါမှမလုပ်ဖူး..တာဝန်မယူဖူး ခဲ့တဲ့ အလုပ်တွေကို လုပ်ပြီးကောင်မလေး ကို ကယ်တင်ဖို့ကြိုးစားပါတော့တယ်.. ဒီဇာတ်ကားကို Blu-Ray720p ကို ဖိုင်ဆိုဒ်အသေးဖြင့်တင်ဆက်ထားပြီး ကြည်ကြည်လင်လင် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်    Filesize : 505 MB Quality : Blu-Ray Rip 720p Format : mkv Duration : 1:34:00 Subtitle : Myanmar Subtitle ( Hardsub ) Encoder : LK
movie

The Call (2013)

2013