Channel Myanmar

Jennifer Griffin

A Perfect World(1993) 7.5
A Perfect World(1993) A Perfect World(1993)IMDb....7.5,,,,Rotten...79%အကျဉ်းထောင်တစ်ခုမှာ လူနှစ်ယောက်ထောင်ဖောက်ပြေးဖို့ ကြိုးစားကြသည်....သူတို့ကြည့်ရတာပြေးဖို့အတွက် အချိန်အတော်ကြာပြင်ဆင် ခဲ့ပုံရတယ်... အလွယ်တစ်ကူလွတ်မြောက်သွားတယ်..... ဒီရာဇဝတ်သား(၂)ယောက်ဟာ ထောင်ကထွက်ပြေးပြီးနောက်ပိုင်းမှာ ဓားစာခံအဖြစ် ကလေးလေးတစ်ယောက်ကိုပါခေါ်သွားခဲ့တယ်... ထောင်ပြေး(၂)ယောက်ဟာ အရင်တုန်းက ဘယ်လောက်ဆိုးသွမ်းခဲ့လို့ ထောင်ကျခဲ့တယ်မသိပေမယ့် ထွက်ပြေးစဉ်လုပ်ပုံကိုင်ပုံတွေကြည့်ရတာ တစ်ယောက်က သွေးအေးဉာဏ်ကောင်းစွာနဲ့ ရင်ဆိုင်ရတဲ့ပြသနာတွေကို ဖြေရှင်းနေပြီး နောက်တစ်ယောက်ကတော့ သေနတ်တစ်ယမ်းယမ်းနဲ့ ဦးဏှောက်မဲ့အဆင်ခြင်မဲ့ လုပ်ကိုင်နေတယ်.... သူတို့(၂)ယောက်လွတ်သွားတော့ ရဲဌာနတစ်ခုလုံးလည်း တိုင်ပတ်နေသလို မြို့တော်ဝန်ရဲ့ ဖိအားကြောင့် ရှိသမျှဌာနစုံက ဖမ်းဆီးဖို့ကြိုးစားနေကြတယ်....ဒီကားကတော့ ဒါရိုက်တာကြီး Clint Eastwood ရိုက်ကူးထားပြီး သူကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင် ထားသလို မင်းသားကြီး Kevin Costner က ထောင်ပြေးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားတယ်... ဒီကားက ဇာတ်လမ်းအစမှ အဆုံးထိစိတ်ဝင်စားဖို့ကောင်းသလို ထွက်ပြေးစဉ်ကာလတစ်လျောက်လုံး ကလေးတစ်ယောက်နဲ့ သူတို့ရဲ့ ထူးခြားတဲ့ဆက်ဆံရေးကိုတွေ့ရလိမ့်မယ်.... လောကကြီးထဲ ခုမှစဝင်တဲ့ကလေးတစ်ယောက်ကို ကားမောင်းထွက်ပြေးရင်းနဲ့ စီးကရက်ရှိုက်လိုက် မပြုံးမရယ်နဲ့ ပြောရင်းသင်ကြားနေတဲ့ ထောင်ပြေးသမားတစ်ယောက်ကို ခင်ဗျားတို့ အံအားသင့်စရာတွေ့ရလိမ့်မယ်.... သူတို့လွတ်မြောက်မလား ......ကလေးလေးကရော သူ့အပေါ်ဘယ်လိုသဘောထားလဲ... ခံစားကြည့်လိုက်ပါဦး........သေချာတယ် ဒီကားကြည့်ပြီး ခင်ဗျားတို့သဘောအကျဆုံးကားဟောင်းစာရင်းထဲမှာ ဒီကားပါသွားလိမ့်မယ်လို့..... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်.... File Size : (3.2GB) and (1.2GB) Quality : Blu-Ray 1080p/720p Format…mp4 Duration…02:18:00 Genre :  Crime, Drama, Thriller Subtitle ...
movie

A Perfect World(1993)

1993
Match Me If You Can (2023)
Match Me If You Can (2023) လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ Match Me If You Can ဆိုတဲ့ Romance/ Comedy ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ IMDB rating 5.3 ရရှိထားပြီး ဇာတ်အိမ်ကလည်း တမူထူးခြားနေတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ကားလေးတစ်ကားပါပဲ။ ကစ်ပ်က ကွန်ပျူတာပရိုဂရမ်မာတစ်ယောက်ဖြစ်ပြီး တစ်ဘဝလုံးအချစ်နဲ့ဝေးရာမှာနေလာရတဲ့ စာဂျပိုးမလေးတစ်ယောက်ပါ။ သူ့အတွက်အဖော်ဆိုလို့ ရုံးကအူကြောင်ကြောင် သူငယ်ချင်းသုံးယောက်နဲ့ ဝင်ကစွပ်ကောင်လေးတစ်ကောင်ပဲ ရှိပါတယ်။ ရိုင်လေကတော့ I Promise လို့အမည်ရတဲ့ Online Dating ဝက်ဘ်ဆိုက်တစ်ခုကို ဦးစီးနေသူဖြစ်ပြီး သူ့ရဲ့ကုမ္ပဏီက လူငယ်တွေကြားမှာ ရေပန်းစားတဲ့ကုမ္ပဏီတစ်ခုပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ မထင်မှတ်ဘဲ I Promise မှာ sign up လုပ်ပြီး ရည်းစားရှာဖို့ကြိုးစားခဲ့တဲ့ကစ်ပ်ဟာ ကုမ္ပဏီဘက်က ကစ်ပ်အတွက် ရည်းစားရှာမရနိုင်ကြောင်း ပြန်စာကိုရရှိပြီးနောက်မှာတော့ အကြီးအကျယ်ပေါက်ကွဲပြီး I Promise ကို စတင်တိုက်ခိုက်ပါတော့တယ်။ ရန်သူတွေအဖြစ်စတင်ခဲ့တဲ့ ကစ်ပ်နဲ့ရိုင်လေရဲ့ဇာတ်လမ်းလေးက ...
movie

Match Me If You Can (2023)

Apollo 10½:  A Space Age Childhood (2022) 7.3
Apollo 10½: A Space Age Childhood (2022) Apollo 10 ½=============== လူသားမျိုးနွယ်ရဲ့ အာကာသခရီးဟာ ၁၉၆၉ခုနှစ် ဇူလိုင်လ ၁၆ရက်က လွှတ်တင်တဲ့ Apollo 11နဲ့အတူအစပျိုးခဲ့ပါတယ်။ လိုက်ပါသွားခဲ့တဲ့ Neil Armstrong နဲ့အဖွဲ့သားတွေဟာ လပေါ်ကို ပထမဆုံးအခြေချနိုင်သူတွေ ဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် အမှန်တကယ် ပထမဆုံး အခြေချနိုင်သူဟာ NeilArmstrong မဟုတ်ဘဲ မူလတန်းကျောင်းသားတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင်…ထိုအချိန်က Huston နယ်မြေမှာ အရာရာတိုင်းက အာကာသနဲ့ပတ်သက်တာတွေချည်း ဖြစ်ခဲ့တာပေါ့။ မူလတန်းကျောင်းသားလေး Stan အပါအဝင် ကလေးတော်တော်များများရဲ့ အိပ်မက်ဟာအာကာသယာဉ်မှူးကြီးဖြစ်ဖို့ပါပဲ။ တစ်နေ့မှာတော့ NASAက လူတချို့ဟာ Stan ကိုခေါ်ပြီးအာကာသယာဉ်ထိန်းခန်းဆောက်လုပ်ရာမှာ တွက်ချက်မှုအမှားလေးတွေကြောင့်သာမန်ထက်အနည်းငယ် သေးငယ်သွားပြီး အဲဒီယာဉ်ကိုမောင်းနှင်ပြီး လပေါ်ကိုသွားဖို့ကလေးတစ်ယောက်ကိုလိုက်ရှာနေတာဖြစ်ကြောင်း ပြောပြပါတယ်။ အဲဒီအကြံကို Stan ကလဲလက်ခံခဲ့ပြီး လပေါ်ကို ခရီးသွားနိုင်ခဲ့ပါတယ်။ အဲဒီပရောဂျက်ဟာ Apollo 10 ½ လို့ခေါ်ပြီး Apollo 11မတိုင်ခင် ဖြစ်ခဲ့တာပေါ့။ သို့သော် ဒီဖြစ်ရပ်ကို ပါးစပ်ပိတ်ထားရတဲ့ ...
movie

Apollo 10½: A Space Age Childhood (2022)

2022