Channel Myanmar

Jenny Agutter

Queen of the Desert (2015) 5.7
Queen of the Desert (2015) Queen of Desert (2015)ဒီကားလေးက 2015 ခုနှစ်က ထွက်ထားတဲ့ လက်ရာမြောက် အတ္ထုပ္ပတ္တိ ဒရာမာကားကောင်းလေးဖြစ်ပါတယ်။ ကန္တာရရဲ့မိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ ကတ်ထရုဘဲလ်အကြောင်းကို အသက်(၂၀)နှောင်းပိုင်းကစပြီး စိတ်၀င်စားဖို့ကောင်းစွာတင်ဆက်ထားခြင်းဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာက Werner Herzog ပါ။ ဟားဇော့ဆို စီနီမာဖန်တွေကြား မသိတဲ့လူမရှိလောက်ပါဘူး။ နယူးဂျာမန်စီနီမာရဲ့ ပိုင်အိုးနီးယားတစ်ယောက်လည်းဖြစ်တဲ့ ဟားဇော့ရဲ့ ရုပ်ရှင်အများစုက ဂန္ထဝင်စံတင်ရတဲ့ကားတွေချည်းပါပဲ။ ဒီကားကတော့ သူ့ရဲ့ သိပ်မကြာသေးခင်ကကားပါ။ ခင်ဗျားတို့သိသလိုပဲ ဒီလိုဒါရိုက်တာတွေရဲ့ကားတွေက ရိတ်တင်မကောင်းရင်တောင် ကောင်းနေကြတာများပါတယ်။ ဘာလို့ဆို အကဲဖြတ်တဲ့ဘဲတွေက သူ့ရှေ့ကားတွေနဲ့ပါ ချိန်ထိုးဖြတ်ကောင်းဖြတ််နိုင်ကြတာကိုး။ကတ်ထရုရဲ့ဘ၀အစ ဆို့နင့်ဖို့‌‌ကောင်းတဲ့အချစ်ဇာတ်လမ်းကို ကျွန်တော်တို့ ဗမာတွေ မင်းယုဝေဘာသာပြန်တင်ဆက်သမှုနဲ့ မသိသူမရှိတဲ့ သူ့စာသားတွေကို ကဗျာဆရာတွေ တေးရေးတွေ ခဏခဏယူသုံးခံရတဲ့ ကဗျာဆရာအိုမာခယမ်ရဲ့ ရူဘိယက်ကဗျာနဲ့တင်ဆက်ထားတာကအစ လွမ်းမောစရာကောင်းပြီး အမျိုးသမီးတစ်ဦးအနေနဲ့ အရှေ့အလယ်ပိုင်းဒေသကို ခရီးလှည့်လည်သွားလာရင်း ကြုံတွေ့ရတဲ့အခက်အခဲတွေကို ကဗျာတလှည့် စာတလှည့်နဲ့ပြသထားပါတယ်။ ထူးတာက ဒီဇာတ်ထဲက အဓိကဇာတ်ကောင် ...
movie

Queen of the Desert (2015)

2015
The Railway Children Return (2022) 5.4
The Railway Children Return (2022)  ဒီတစ်ခါတော့ မျက်ရည်မခိုင်တဲ့သူတွေမကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ် ခင်ဗျာ လူ့တိရစ္ဆာန် အက်ဒေါ့ဖ်ဟစ်တလာ ကြောင့် ဒုတိယကမ္ဘာစစ်ဖြစ်လာပြီး၅နှစ်ကြာတဲ့အချိန်မှာပဲ ဂျာမန်ဗုံးကြဲလေယာဉ်တွေက ဗြိတိသျှမြို့တွေ့ကို ဗုံးကြဲတိုက်ခိုက်လို့ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ဗုံးလွတ်တဲ့ကျေးလက်ဒေသတွေဆီပို့ဖို့ ဆုံးဖြတ်ခဲ့ရတာပေါ့ အဲဒီလိုနဲ့ လီလီ, ပတ်တီ နဲ့ တက်ခ် ဆိုတဲ့မောင်နှမ ၃ယောက်ဟာ ရော့ရှိုင်းယားဒေသကိုရောက်ပြီး ၃ယောက်တောင်ဖြစ်နေလို့ဘယ်သူမှ ခေါ်ထားဖို့ မရွေးတဲ့အချိန်မှာပဲ အဲဒီမြို့က ကျောင်းအုပ်ဆရာမကြီးရဲ့အမေက သနားပြီးခေါ်ထားလိုက်တာပါသူ့ဆီမှာလည်း မြေလေးတစ်ယောက်ရှိတော့ အဖွဲ့ကျပြီး ကစားကြရင်းနဲ့ အမေရိကန်စစ်ပြေးရဲဘော်လေးတစ်ယောက်နဲ့ တွေ့ခဲ့ကြတာပါ အဲဒီအချိန်မှာပဲ ဇာတ်လမ်းလေးက စခဲ့ရတာပေါ့ ဒီကားထဲမှာ စိတ်ဓာတ်ညံ့ဖျင်းတဲ့ ဟစ်တလာကြောင့် တစ်ကမ္ဘာလုံးကြုံခဲ့ရတဲ့ စစ်အနိဌာရုံတွေ ရှင်ကွဲ ကွဲရတဲ့မိသားစုတွေ သေကွဲကွဲရတဲ့ မိသားစုအကြောင်းတွေ ကလေးတွေရဲ့ ဖြူစင်တဲ့မေတ္တာတွေ အမေရိကန်တွေရဲ့ အသားရောင်ခွဲခြားမှုတွေကို တဝကြီးခံစားပြီး တစ်ကားလုံး ဇာတ်ရှိန်မကျဘဲ တစ်သျှူးလေးဘေးချပြီး ကြည့်ရမဲ့ ကားကောင်းလေးမို့ လက်မလွှတ်ဘဲ ကြည့်လိုက်ကြပါဦးဗျာ...File ...
movie

The Railway Children Return (2022)