Channel Myanmar

Jenny Rainsford

Coffee Wars (2023) 5.5
Coffee Wars (2023)  ကော်ဖီထဲမှာ နွားနို့ထည့်ပြီးတော့ မလိုင်အပြည့်နဲ့သောက်ရတာကိုအကုန်လုံးကြိုက်နှစ်သက်ကြမှာပါ။ ဒါပေမဲ့ နွားနို့ပါတဲ့ ကော်ဖီတစ်ခွက်သောက်လိုက်တိုင်းမှာ ကမ္ဘာကြီးအတွက် ဘေးအန္တရာယ်တွေအများကြီးဖြစ်စေတယ်ဆိုတာ သိပါသလား။ ကော်ဖီအထဲမှာ ထည့်တဲ့ နွားနို့တစ်ဂါလံရဖို့ ရေဂါလံပေါင်းများစွာကိုအသုံးပြုရပါတယ်တဲ့။ နွားနို့ရဖို့ နွားမတွေဆီက ညှစ်တဲ့အခါမှာလည်းနွားမတွေကို ဘေးအန္တရာယ်တွေဖြစ်စေတာ၊ နို့ထွက်အောင်လို့အတင်းသားဖောက်ခိုင်းတာ ဒါတွေဟာ ဘဘာဝရဲ့သယံဇာတဖြစ်မှုကိုဖျက်ဆီးနေတာပါပဲ။ ဒီဇာတ်ကားအထဲမှာ ဂျိုးဆိုတဲ့သူဟာ ကော်ဖီဆိုင်ဖွင့်ထားပြီး ကမ္ဘာကြီးအတွက်တိုက်ခိုက်နေတဲ့သူပါ။ "ကော်ဖီတစ်ခွက်ရောင်းရတိုင်း ကမ္ဘာကြီးကိုကယ်တင်မယ်"ဆိုတာ သူမရဲ့ဆောင်ပုဒ်ပါပဲ။ အဲဒီတော့ သူဟာ နွားနို့အစား အသီးအနှံတွေကိုအခြေခံပြီးထုတ်လုပ်တဲ့ ပဲနို့၊ ဂျုံနို့၊ almond နို့တွေပဲ သူ့ရဲ့ကော်ဖီထဲမှာထည့်သွင်းအသုံးပြုပါတယ်။သိတဲ့အတိုင်းပဲ မလိုင်အပြည့်နဲ့ နွားနို့လောက်တော့ အရသာမကောင်းတဲ့အတွက်ဆိုင်ကအရှုံးပေါ်လုနီးနီးဖြစ်နေတာပါ။Britain မှာ တစ်နှစ်တစ်ကြိမ် အကောင်းဆုံးကော်ဖီဖျော်ဆရာကို ရွေးချယ်တဲ့ပြိုင်ပွဲကျင်းပပါတယ်။ ဂျိုးက မနှစ်ကဝင်ပြိုင်ခဲ့ပေမဲ့ နွားနို့ကိုအသုံးမပြုဘူးလို့ငြင်းဆန်တဲ့အတွက် အရည်အချင်းမပြည့်မှီဘူးလို့ သတ်မှတ်ခံခဲ့ရပါတယ်။ဒီနှစ်မှာတော့ သူ့စီးပွားရေးအခြေအနေက ဆိုးရွားလာတဲ့အတွက် ပြိုင်ပွဲဝင်ပြိုင်ပြီးဆုငွေရမှဖြစ်မှာပါ။ကဲ ဂျိုးတစ်ယောက် သူ့ရဲ့အသင်းသားတွေနဲ့အတူတူ ပြိုင်ပွဲမှာ ဘယ်လိုအနိုင်ရအောင်လုပ်မလဲ၊ ကမ္ဘာကြီးကိုရော ကယ်တင်ဖို့ လုပ်ဆောင်နိုင်ပါ့မလားဆိုတာကိုဇာတ်ကားထဲမှာ ကြည့်ရှုကြရမှာပါ။ဇာတ်ကားကြည့်ပြီးရင် နွားနို့ကိုမရှောင်ဖြစ်ရင်တောင် တစ်နေ့မှာ ကော်ဖီတစ်ခွက်လောက်တော့ ...
movie

Coffee Wars (2023)

Persuasion (2022) 5.6
Persuasion (2022) အချစ်ကားကောင်း Fifty Shades of Grey မှာ သူမရဲ့ လှပမှု့တွေနဲ့ လူအတော်များများသိလာကြတဲ့ မင်းသမီး Dakota Johnson ရဲ့ နောက်ထပ် အချစ်ကားတစ်ကား ထွက်ရှိလာပြန်ပါတယ်အချစ်စစ် အချစ်မှန်ဆိုတာ နှစ်တွေ ဘယ်လောက်ကြာကြာ မေ့ပစ်လို့မရနိုင်ဘူးမှတ်လားဒီကားထဲမှာလည်း Anne ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်ဦးနဲ့ ‌‌‌‌ေ၀းခဲ့ပေမယ့် ၈နှစ်ကြာပြီးတာတောင် မမေ့နိုင်သေးဘဲ နောက်တစ်ခေါက် ပြန်ဆုံတဲ့အခါ နှလုံးသားက ဘယ်လိုခံစားရမလဲဆိုတာကို ရိုက်ပြထားတာပါအ၀တ်အစား အဆင်အယင်လေးတွေကလည်း ဒီကားကို ကြည့်ဖို့ ဆွဲဆောင်နေတဲ့အပြင်နာမည်ကြီး စာရေးဆရာမ Jane Austenရဲ့ ဝတ္ထုကိုပြန်လည်ရိုက်ကူးထားတာမို့ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ ။File Size__(1.9GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:47:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Myinn Encoded by Naing Aung Latt
movie

Persuasion (2022)

The Favourite (2018) 7.8
The Favourite (2018) Director- Yorgos Lanthimos ရိုက်ကူးပုံဖော်ထားပြီးမင်းသမီး Olivia Colman, Emma Stone, Rachel Weisz တို့အပြိုင်သရုပ်ဆောင်ထားတဲ့ ၁၈ ရာစုခေတ်အင်္ဂလန်ရာဇဝင်ကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ။IMDb ration 7.7, Rotten Tomatoes 93% rating ရထားပြီး ၉၁ ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ  မင်းသမီး ၃ ယောက်လုံးAcademy Nomiation  ဝင်ခဲ့ပြီး ဇာတ်လမ်း၊ဇာတ်ညွှန်းဒါရိုက်တာ ဓါတ်ပုံ အဝတ်အစားဒီဇိုင်း စတာတွေအတွက်Nomination ဆု (၁၀) ခုထိ ဝင်ထားပြီး Best Actress ဆုကိုမင်းသမီးကြီး Olivia Colman က ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကလေးကတော့ ၁၈ ရာစုခေတ်မှာအင်္ဂလန်နဲ့ ပြင်သစ်က စစ်ပွဲတွေ ဆင်နွဲနေတဲ့အချိန်ပါ။မုဆိုးမတစ်ဦးဖြစ်ပြီး သားသမီးမရှိတဲ့ ဘုရင်မကြီး အန်းနီကတော့အင်္ဂလန်ထီးနန်းကို ဆက်ခံနေပြီး သူ့ငယ်သူငယ်ချင်း ဆာရာကအကြံပေးတဲ့အတိုင်း တိုင်းပြည်ကိုအုပ်ချုပ်နေပါတယ်။ဘုရင်မကြီး အန်းနီက အာဏာရှိပေမယ့် ရိုးအပြီးပညာမဲ့ထုံထိုင်းတဲ့သူမို့ ...
movie

The Favourite (2018)

2018
About Time (2013) 7.8
About Time (2013) About Time (2013)IMDb - 7.8/10_____Rotten - 68%   ဒီကားလေးထဲမှာတော့ တင်မ် ဆိုတဲ့ကောင်လေးတစ်ယောက် သူအချိန်ခရီးသွားနိုင်တယ်ဆိုတာကို သူ့အဖေဆီကထူးဆန်းစွာသိခဲ့ရပါတယ်။မကြာခင်မှာပဲ သူတို့အိမ်ကို ခဏလာလည်တဲ့ သူ့ညီမရဲ့သူငယ်ချင်း ရှားလော့ကို ချစ်ကြိုက်မိရာက အချိန်တွေနောက်ပြန်လှည့်ပြီးအမျိုးမျိုးကြိုးစားရုံနဲ့ အချစ်စစ်ကိုမရနိုင်ဘူးဆိုတာ တင်မ်သိသွားခဲ့ပါတယ်။ဒီလိုနဲ့ တင်မ်တစ်ယောက် ချစ်သူရှာဖို့ လန်ဒန်ကို ရောက်လာခဲ့ပြီး တစ်နေ့မှာ မေရီဆိုတဲ့ ကောင်မလေးနဲ့ တွေ့ပြီးချစ်မိခဲ့ပါတယ်။သူ့ရဲ့နေ့စဉ်ဘဝအလွဲတွေကို အချိန်တွေနောက်ပြန်လှည့်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားရင်း မေရီနဲ့ ရည်းစားတွေဖြစ်ခဲ့ပါတယ်။တစ်နေ့မှာ သူတဖက်သတ်ချစ်ခဲ့ရတဲ့ ရှားလော့နဲ့ လန်ဒန်မှာပြန်တွေ့တော့ ရှားလော့ကသူ့ကို လက်ခံဖို့ အရိပ်အယောင်တွေပြနေတဲ့အချိန်မှာ သူ မေရီ့ကို တကယ်ချစ်နေပြီဆိုတာသိခဲ့ပြီး မေရီ့ကို ရိုမက်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့တဲ့ အပိုင်းလေးကိုတော့ အပျိုဖျန်းလေးတွေ တကယ်အားကျသဘောကျကြမှာပါ။ဒီလိုနဲ့ သူတို့နှစ်ယောက် ဘဝခရီးလမ်းလေးဖြောင့်ဖြူးဖို့ အချိန်တွေနောက်ပြန်လှည့် အမျိုးမျိုးကြိုးစားရင်း တင်မ်တစ်ယောက် ဘဝရဲ့ အဓိပ္ပာယ်ကို နားလည်သွားခဲ့ပြီး အချစ်အရှုံးသမားလေးတင်မ်က နောက်ဆုံးမှာ ပျော်ရွှင်စရာမိသားစုလေးတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ဇာတ်လမ်းတစ်လျှောက်လုံးမှာ တင်မ်နဲ့ သူ့သူငယ်ချင်းတွေရဲ့အလွဲတွေကို ...
movie

About Time (2013)

2013