Channel Myanmar

Jenson Smith

Extremely Loud & Incredibly Close (2011) 6.9
Extremely Loud & Incredibly Close (2011) (Unicode)ဒီဇာတ်ကားဟာ The Good Doctor ဇာတ်ကားထဲကလို သာမာန်သူတွေလို မတွေးနိုင်တဲ့ ညဏ်ကြီးရှင်ဇာတ်ကားမျိုးလေးပါ။ဒါပေမဲ့ အပိုတွေလုပ်တာမျိုးလုံးဝမပါပါဘူး။ဇာတ်ကားမှာ မင်းသားကြီး Tom Hanksလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီကားလေးက ကျွန်တော်တို့ရဲ့လွဲမှားနေတဲ့အယူအဆတစ်ချို့ကိုလည်းထောက်ပြပေးထားပါတယ် အတော်ကိုဗဟုသုတရစေမှာပါ။အမှန်အတိုင်းပြောရရင် အစပိုင်းလေးတော့ နည်းနည်းရှုပ်မယ်ဗျ။ဇာတ်လမ်းကို အမေရိကန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဝေါ်ထရိတ်စင်တာ ဖြစ်ရပ်ကိုနောက်ခံပြီးသာမန်ကလေးတစ်ယောက်မဟုတ်တဲ့ Oskarအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။Oskarဟာ သူရဲ့ ဖခင်ကို ဝေါ်ထရိတ်စင်တာ ကိစ္စမှာဆုံးရှုံးခဲ့ရပြီး ဆောက်တည်ရာမရဖြစ်နေချိန်မှာ သူ့အဖေထားခဲ့တဲ့ သော့လေးကိုတွေ့ပြီး....ဘယ်မှာရှိနေမှန်းမသိတဲ့ သော့ခလောက်လေးကိုNewYork တစ်မြို့လုံးမှာ လိုက်ရှာရင်းဘဝသင်ခန်းစာတွေအများကြီးရသွားတဲ့ကားမျိုးလေးပါ။NewYorkမြို့ကို လေ့လာချင်သူတွေအတွက် ဒီကားလေးက အထောက်အကူပြုမှာတော့အသေချာပါပဲ။ဒါကြောင့် မြို့နဲ့ ရပ်ကွက်နာမည်တွေကို Googleခေါက်ရှာရလွယ်အောင် ကျွန်တော်နာမည်တွေကိုengအတိုင်းပဲ ထားခဲ့ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Ag Ko Khant ပါ)(Zawgyi)ဒီဇာတ္ကားဟာ The Good Doctor ဇာတ္ကားထဲကလို သာမာန္သူေတြလို မေတြးႏိုင္တဲ့ ညဏ္ႀကီးရွင္ဇာတ္ကားမ်ိဳးေလးပါ။ဒါေပမဲ့ အပိုေတြလုပ္တာမ်ိဳးလုံးဝမပါပါဘူး။ဇာတ္ကားမွာ မင္းသားႀကီး Tom Hanksလည္းပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ဒီကားေလးက ကြၽန္ေတာ္တို႔ရဲ႕လြဲမွားေနတဲ့အယူအဆတစ္ခ်ိဳ႕ကိုလည္းေထာက္ျပေပးထားပါတယ္ အေတာ္ကိုဗဟုသုတရေစမွာပါ။အမွန္အတိုင္းေျပာရရင္ ...
movie

Extremely Loud & Incredibly Close (2011)

2011