Channel Myanmar

Jeremy Oliver

The 355 (2022) 4.8
The 355 (2022) The 355 (2022)ဒီတစ်ခါတော့ "The 355" ဆိုတဲ့ အလန်းစားဆိုက်ဘာအက်ရှင်ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် အင်တာနက်တွေ ဆိုက်ဘာနည်းပညာတွေ တိုးတက်လာတဲ့ခေတ်မှာ တီထွင်မှုတွေကလည်း အပြိုင်အဆိုင်ကို ပေါ်ပေါက်လာခဲ့ပါတယ် ကိုလံဘီယာ ဘိုဂိုဒါမှာ ကမ္ဘာကြီးရဲ့ ဘယ်အရာကိုမဆို ထိန်းချုပ်နိုင်တဲ့ ဒရိုက်ဗ်တစ်ခုကို တီထွင်နိုင်ခဲ့ပါတယ် အဲဒီဒရိုက်ဗ်ကို ကိုလံဘီယာအေးဂျင့် လူဝစ်က ရရှိသွားပြီးတော့ စီအိုင်အေကို ဒေါ်လာသုံးသန်းနဲ့ အပေးအယူလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါမှာတော့ အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ စီအိုင်အေ အေးဂျင် မေ့စ်နဲ့ သူ့ချစ်သူ နစ်ခ်တို့နှစ်ယောက် ပဲရစ်ကိုရောက်လာကြပါတော့တယ် အပေးအယူလုပ်တဲ့နေရာမှာ ဂျာမန်အေးဂျင့် မယ်ရီက ပိုက်ဆံထည့်ထားတဲ့ အိတ်ကို ကြားထဲကနေ ဖြတ်ယူသွားပါတော့တယ် မေ့စ်က မယ်ရီနောက်လိုက်နေတုန်း နစ်ခ်က ပစ်သတ်ခံလိုက်ရပါတယ် စီအိုင်အေကို ပြန်ရောက်တော့မှ မေ့စ်တစ်ယောက် နစ်ခ်အသတ်ခံလိုက်ရမှန်း သိသွားပါတော့တယ် မေ့စ်ရဲ့ အထက်လူကြီး မတ်ခ်က မေ့စ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဒရိုက်ဗ်ကို ပြန်ရအောင်ယူခိုင်းတဲ့အခါမှာတော့ မေ့စ်တစ်ယောက်ဘယ်လိုတွေလုပ်မလဲ- စီအိုင်အေ အေးဂျင့် မေ့စ် - ဂျာမန်အေးဂျင့် မယ်ရီ - ကွန်ပျူတာကျွမ်းကျင်သူ ခါဒီဂျာ - ကိုလံဘီယာစိတ်ရောဂါကုဆရာဝန် ဂရေစီယယ်လာသူတို့တွေ တတိယကမ္ဘာစစ်ကြီး မဖြစ်အောင် ဘယ်လိုတွေကာကွယ်ကြမလဲဆိုတာ ...
movie

The 355 (2022)

The One and Only Ivan (2020) 6.9
The One and Only Ivan (2020) IMDb 6.9/10 Rotten Tomatoes 71% ရရှိထားတဲ့ Disney ဇာတ်ကားအသစ်လေးပါ။ကလေးရော လူကြီးရော အကြိုက်တွေ့မယ့်ကားပါ။ကလေးတွေကြည့်ပြီး စံထားစရာ ဇာတ်ကောင်တွေ စကားတွေ အများကြီးပါ,ပါတယ်။Silverback မျောက်ဝံကြီး Ivan ဟာ သူနေ,နေရတဲ့Markရဲ့ပြပွဲရုံထဲက ဘဝကို ငြီးငွေ့နေသူပါ။Markရဲ့ တိရစ္ဆာန်ပြပွဲ အဖွဲ့မှာ Stella ဆိုတဲ့ ဆင်အိုမကြီးတစ်ကောင်လည်း ရှိတယ်။Stella က Ivan မိတ်ဆွေတွေထဲမှာ သက်တမ်းအရင့်ဆုံးနဲ့ အမျှော်အမြင်အရှိဆုံးသူပေါ့။Markက ပြပွဲ အရှုံးပေါ်နေချိန် ပွဲကြည့်သူများလာဖို့Ruby ဆိုတဲ့ ဆင်ပေါက်လေးကို တင်ဆက်ပြသဖို့ ဝယ်ယူခဲ့တယ်။Ruby လေးကို သူ့လို ကျဉ်းကျပ်တဲ့ ဘဝမှာ မနေစေလိုတဲ့Stella ဟာ Ivan ကို ကတိတစ်ခုနဲ့အတူ အကူအညီတောင်းခဲ့တယ်။Ivan က ...
movie

The One and Only Ivan (2020)

Fantastic Beasts: The Crimes of Grindelwald (2018) 6.6
Fantastic Beasts: The Crimes of Grindelwald (2018) Fantastic Beasts 2: The Crimes of Grindelwald (2018) IMDb - 6.6/10_____Rotten - 36%   2018 ထွက် မှော်ရုပ်ရှင်ဇာတ်လမ်းအသစ်ကို တင်ပေးထားပါတယ်။ဒီရုပ်ရှင်ကိုတော့ စာရေးဆရာမ ဂျေကေရိုးလင်းရေးသားခဲ့တဲ့ စိတ်ကူးယဉ်မှော်ကမ္ဘာထဲမှာပဲ အခြေခံထားပါတယ်။ဒီဇာတ်လမ်းတွေရဲ့ အရှေ့မှာတော့ ဟယ်ရီပေါ်တာ ရုပ်ရှင် ၈ ကား ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။လက်ရှိရုပ်ရှင်ကတော့ ဟယ်ရီပေါ်တာတို့ မမွေးခင် ကျောင်းအုပ်ကြီး ဒမ်ဘယ်လ်ဒိုး လူလတ်ပိုင်းကာလကို အခြေခံထားပါတယ်။ဒါဟာ ဒုတိယမြောက်ရုပ်ရှင်ဖြစ်ပြီး ပထမရုပ်ရှင်ကတော့ 2016မှာ ထွက်ခဲ့ပြီး ဖြစ်ပါတယ်။အဓိကဇာတ်ကောင်ကတော့ နျု့ စကာမန်ဒါဆိုတဲ့ မှော်ဆရာပါပဲ။သူက မှော်ဝင်သတ္တဝါဆန်းတွေကို စိတ်ဝင်စား လေ့လာနေပြီး သူရေးခဲ့တဲ့ စာအုပ်ဟာ ဟယ်ရီပေါ်တာတို့ခေတ်မှာ ကျောင်းသုံးဖတ်စာအုပ်ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း ============ရှေ့ကထွက်ထားတဲ့ ရုပ်ရှင်မှာ အဲဒီခေတ်ရဲ့ အတော်ဆုံးမှော်ဆရာနှစ်ယောက်ထဲက တစ်ဦးဖြစ်တဲ့ ဂရင်ဒယ်ဝေ့ါဒ် ကို နျု့ရဲ့ အကူအညီနဲ့ နယူးယောက်မှာ ဖမ်းမိခဲ့ပါတယ်။အော့စကူးရပ်စ်ဖြစ်တဲ့ ခရီးဒန့်စ်ကတော့ မသေဘဲ လွတ်မြောက်သွားခဲ့ပါတယ်။ခရီးဒန့်စ်ကတော့ သူ့ရဲ့ ...
movie

Fantastic Beasts: The Crimes of Grindelwald (2018)

2018
The Current War (2017) 6.4
The Current War (2017) (Unicode)ဒီရုပ်ရှင်ကတော့ ၁၈၈၅ ဝန်းကျင်မှာ ဖြစ်ခဲ့တဲ့ သောမတ်အက်ဒီဆင်၊ နီကိုလာ တက်စလာ၊ ဂျော့ ဝက်စတင်ဟောက် တို့ရဲ့ အားပြိုင်မှုတွေကို အခြေတည်ထားတာပါ။အက်ဒီဆင်ဆိုတဲ့ ဥာဏ်ကြီးရှင်ကို မကြားဖူးတဲ့သူ ရှားပါလိမ့်မယ်။ဒီရုပ်ရှင်မှာလည်း ဥာဏ်ကြီးရှင်ဇာတ်ရုပ်တွေအတွက် မွေးလာသလို့ထင်ရတဲ့ မင်းသားပဲ သရုပ်ဆောင်ထားတာပါ။ဘန်နီဒစ် ကမ်းဘားဘက်ခ်ျ ပါပဲ။သူ့ရဲ့လက်ထောက်အဖြစ်တော့ စပိုက်ဒါမန်းမင်းသား တွမ်ဟော်လန် က ပါဝင်ထားပါတယ်။နီကိုလာတက်စလာ အဖြစ်တော့ နီကိုလတ်ဟောက်ထ် က သရုပ်ဆောင်ထားပါတယ်။သူ့ကိုတော့ x-men အဖြစ်ရော warm bodies ထဲက ဇွန်ဘီးအဖြစ်ရော သိကြမှာပါ။သူတို့တွေရဲ့ အဓိက အားပြိုင်မှုကတော့ လျှပ်စစ်ဖြန့်ဖြူးရေး စျေးကွက်မှာပါပဲ။အက်ဒီဆင်က DC Current ကိုအသုံးပြုပြီး AC ဟာ လူသေနိုင်ချေ အရမ်းများတဲ့အတွက် အသုံးမပြုခဲပါဘူး။ဂျော့ဝက်စတင်ဟောက်နဲ့နီကိုလာတို့ကတော့ ဒီစီထက် သုံးဆလောက် စျေးသက်သာမယ့် အေစီနဲ့ စျေးကွက်ကို ယှဉ်ပြိုင်လာပါတယ်။ဒီတော့ အက်ဒီဆင်က အေစီတွေဟာ လူသေစေနိုင်ကြောင်း သက်သေပြဖို့ ကြိုးစားရင်းနဲ့လျှပ်စစ်ကုလားထိုင်ကို တီထွင်ဖို့ ...
movie

The Current War (2017)

2017