Channel Myanmar

Jesse C. Boyd

Reptile (2023) 6.8
Reptile (2023) Reptile (2023) =========== IMDb Rating - 6.8/10 Crime, Drama, MysteryMarvel နဲ့ Starwars ရုပ်ရှင်တွေထဲက မင်းသားကြီး Benicio Del Toro နဲ့ Justin Timberlake တို့ဦးဆောင်ပါဝင်ထားတဲ့ Crime, Mystery ကားကောင်း လေးဖြစ်ပါတယ်။တွန်နီကိုးလ်ဆိုတာ သေမှုသေခင်းနာမည်ကြီး စုံထောက်အရာရှိတစ်ယောက် ဖြစ်ပြီး ရဲဌာနတစ်ခုလုံးမှာ အတွေ့အကြုံအရမ်းများပါတယ်။ သူ့ရဲ့ တာဝန်ထမ်း ဆောင်မှု အနားယူတော့မယ့် အချိန်မှာ သူရဲကောင်းဘွဲ့ ချီးမြှင့်ခံရတော့မယ့်သူပါ။ ဒါပေမယ့် သူမနားခင်မှာ...အရမ်းထူးဆန်းတဲ့ လူသတ်မှုတစ်ခုကို ဖြေရှင်းဖို့ အကြောင်းဖန်လာပါတယ်။ ဒီလူသတ်မှုဟာ ပြင်ပကရာဇဝတ် ဒုစရိုက်သမား တွေတင်မဟုတ်ဘဲ သူ့ရဲဌာနက လုပ်ဖော်ကိုင်ဖက်တွေပါ တစ်မျိုးတစ်ဖုံပါဝင် ပတ်သက်နေကြောင်းသိလိုက်ရတဲ့အခါမှာ . . . နီကိုးလ်တစ်ယောက် ဘယ်သူ့ ကိုမှ မယုံကြည်နိုင်တော့ဘဲ ဒီလူသတ်မှုကိုစုံစမ်းရင်း တရားခံတွေကိုပါ ဖော် ထုတ်ရပါတော့တယ်။ Plot twist တွေအရမ်းကောင်းပြီး နာမည်ကြီးမင်းသား ၂ ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ကောင်းကောင်းပြန်ခံစားရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(3.23 ...
movie

Reptile (2023)

2023
12 Desperate Hours (2023) 4.9
12 Desperate Hours (2023) 12 Desperate Hours (2023)ဒီတစ်ခါတော့ Drama/Thrillerဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဗယ်လ်ဂျိန်းလို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ဟာ မိခင်ဝတ္တရား မယားဝတ္တရားကျေပွန်တဲ့ဇနီးတစ်ယောက်ဖြစ်ပြီး အိမ်မှုကိစ္စကိုလည်း အစစအရာရာဂရုစိုက်တတ်သူပါ။ တစ်နေ့မှာ သူ့ယောက်ျားဖြစ်သူအလုပ်သွားနေတဲ့အချိန် သူ့ကလေးနှစ်ယောက်နဲ့အိမ်မှာရှိနေတဲ့အချိန်မှာ လူတစ်ယောက်က သူတို့အိမ်ထဲကို သေနတ်နဲ့ဝင်လာပြီး ပြဿနာရှာပါတော့တယ်။အမျိုးမျိုးပြဿနာရှာတဲ့အချိန်မှာ ကလေးနှစ်ယောက်ကိုအရမ်းချစ်လွန်းတဲ့ အမေတစ်ယောက်အနေနဲ့ သူ့ကလေးတွေဒုက္ခမရောက်အောင်လို့ သေနတ်သမားကို ပထုတ်ဖို့ကြိုးစားပါတော့တယ်။ အဲ့ဒီလိုပထုတ်ဖို့ကြိုးစားရင် ဗယ်လ်တစ်ယောက် ဘယ်လိုတွေဆက်ဖြစ်မလဲ သေနတ်သမားရဲ့ဘဝကရောဘယ်လိုလဲ သူကရော ဘာလို့အဲ့ဒီလိုတွေလုပ်နေတာလဲ စသဖြင့် ဇာတ်လမ်းကို စိတ်ဝင်စားစရာကောင်းကောင်းနဲ့ ကြည့်ကြရမှာဖြစ်ပါတယ်။အညွန်း နဲ့ ဘာသာပြန်ကတော့ 10x05 ပဲ ဖြစ်ပါတယ်။Genre..... Drama, Thriller Quality…. 720p | 480p File size… 691MB | 337MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ..... 10x05 Encoder ..... Aaron
movie

12 Desperate Hours (2023)

2023
Palmer (2021) 7.3
Palmer (2021) Palmer (2021)============IMDb Rating - 7.3/10ဇာတ်ကားအကျဉ်းပြောရမယ်ဆိုရင်တော့ ထောင်ထွက်တစ်ဦးနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ကလေးတစ်ယောက်ရဲ့အကြောင်းပေါ့။ ပါးလ်မာ က ထောင်ထဲ (၁၂)ကျော်နေခဲ့ပြီးမှ ခံဝန်နဲ့လွတ်လာသူဖြစ်ပြီး သူ့အဖွားအိမ်၊ သူ့ဇာတိမြို့မှာပဲပြန်လာနေခဲ့တယ်။ ဆမ် ဆိုတာကတော့ ပါးလ်မာရဲ့အိမ်ဘေးမှာနေတဲ့ ကလေး။ ဆမ့်အမေက ဆေးသမား၊ ပထွေးဖြစ်သူကလဲ အချိုးမပြေ။ မိသားစုအခြေအနေလုံးဝမကောင်းတဲ့ ကလေးတစ်ယောက်။ ထောင်ထွက် ပါးလ်မာနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ဆမ် တို့နှစ်ယောက်ရဲ့အကြောင်းကို ခပ်ငြိမ့်ငြိမ့်လေးနဲ့ တင်ဆက်သွားတဲ့ Drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီလို Drama ကားမျိုးကြည့်ရတာ စိတ်ထဲအတော်လေး ကျေနပ်သွားမိတယ်။ IMDB rating (7.3/10)၊ Rotten Tomato ကလည်း (74 %) ဆိုတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းဖြစ်မယ်ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါဘူး။ပါးလ်မာ အဖြစ် သရုပ်ဆောင်ထားသူကတော့ အဆိုတော်/သရုပ်ဆောင် Justin Timberlake ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jack ...
movie

Palmer (2021)

2021
Hillbilly Elegy(2020) 7.0
Hillbilly Elegy(2020) Hillbilly Elegy(2020)အညွှန်း*************************IMDb...7.0"လူတစ်ယောက်က သူဘယ်လိုဘ၀မျိုးမှာ မွေးဖွားလာသလဲဆိုတာကို ပြောင်းလဲလို့မရပေမဲ့ ….. ဘယ်လိုဘ၀မျိုးနဲ့ ဆက်လက်ရှင်သန်မလဲဆိုတာကိုတော့ ရွေးချယ်ခွင့်ရှိတယ်" လို့ J.D ကို သူ့ရဲ့အဘွားက ငယ်ငယ်လေးထဲက ဆုံးမလေ့ရှိပါတယ်.... ဒီဇာတ်ကားထဲမှာ J.D ရဲ့ အဘိုးအဘွားတွေက ခေတ်ပညာတွေတတ်ဖို့ဝေးစွ...ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းလို့တောင် ကင်ပွန်းတပ်လို့မရတဲ့ တောင်ပေါ်ကျေးလက်ဒေသကနေ....မြို့ငယ်လေးကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်.... မိမိကိုယ်တိုင်က စရိုက်ကြမ်းလွန်းတဲ့ အဖေဖြစ်သူနဲ့ နေခဲ့ရတဲ့အတွက်... J.D ရဲ့အမေဖြစ်သူ ဘက်ဗ် ဟာ J.D တို့မောင်နှမအပေါ်မှာ ပြုစုပျိုးထောင်ပုံတွေ စနစ်မကျခဲ့ပါဘူး... ငယ်ရွယ်ချောမောတဲ့ တစ်ခုလပ်အမျိုးသမီး တစ်ယောက်ဖြစ်တဲ့ ဘက်ဗ် ဟာ...သူ့သားသမီးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့...ယောက်ျားတွေနဲ့ ထည်လဲတွဲပါတယ်....  တစ်ဖက်မှာတော့ J.D အနေနဲ့ သူ့အမေရဲ့ ဒေါသကြီးတဲ့စရိုက်တွေ....ယောက်ျားတွေနဲ့ ရှုပ်တာတွေကို စိတ်ပျက်လာပြီး ဆယ်ကျော်သက်တို့ထုံးစံအတိုင်း....အပေါင်းအသင်းတွေမှားပြီး ပျက်စီးဖို့လမ်းစပြုလာတဲ့အခါ.....အဘွားဖြစ်သူဟာသူ့မြေးကို လမ်းမှန်ရောက်အောင် တည့်မတ်ပေးဖို့ ကြိုးစားပါတော့တယ်.... ဒီဇာတ်ကားဟာ အပြင်မှာအမှန်တကယ်ရှိခဲ့တဲ့ မိသားစုတစ်စုရဲ့ အိမ်တွင်းရေးပဋိပက္ခတွေအကြောင်းကို ဒါရိုက်တာ Ron Howard က ပြန်လည်ရိုက်ကူး ...
movie

Hillbilly Elegy(2020)

The Highwaymen(2019) 7.1
The Highwaymen(2019) The Highwaymen(2019)IMDb...7.1တောအုပ်တစ်ခုရဲ့ နေရာတစ်ခုတွင် ထောင်သားတွေအလုပ်လုပ်နေကြသည်....မြင်းကိုယ်စီ ဖြင့် လက်နက်ကိုင် ထောင်စောင့်အဖွဲ့တွေလည်း အသီးသီးစောင့်ကြတ်နေကြသည်...သို့ပေမယ့် ကြိုတင်စီစဉ်မှုတွေကြောင့် ထောင်သားတစ်ချို့ဟာ ဝှက်ထားတဲ့ လက်နက်များဖြင့်ထောင်စောင့်များကို သတ်ဖြတ်ကာ  သူတို့အား လာခေါ်သည့် ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားကြသည်...ပြေးနိုင်သည့် လမ်းများကိုလိုက်လံပိတ်ဆို့ထားသော်လည်း အစအနပင်ရှာမရချေ....ဒါတွေအားလုံးရဲ့အဓိက တရားခံက ဝရမ်းပြေးလင်မယား(၂)ယောက်ဖြစ်သည်..တကယ်တော့ သူတို့ကိုဖမ်းမမိသည်မှာ (၂)နှစ်ခန့်ပင်ရှိနေသည့်အပြင် ယ္ခုအခါ တခြားရာဇဝတ်သားအပေါင်းအပါတွေပါ ထောင်ကလာခေါ်ထုတ်သည့်အတွက် သတင်းစာခေါင်းကြီးပိုင်းမှာခမ်းခမ်းနားနားကြီးကိုပါလာခဲ့လေသည်..ဒီ့အတွက်ကြောင့် အုပ်ချုပ်ရေးပိုင်းက လူကြီးတွေ ခေါင်းမီးတောက်နေသည်...နောက်ဆုံးတော့ အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ ယခင်ကဖျက်သိမ်းခဲ့သည့် ရန်းဂျားတပ်ဖွဲ့ဝင်(၂)ဦးကို ပြန်လည်တာဝန်ပေးအပ်ဖို့ဖြစ်သည်...ရှေးယခင်က ရိန်းဂျိန်းတွေဟာဖမ်းမမိတဲ့သူတွေကို တရားဝင်သတ်ဖြတ်ပိုင်ခွင့်ရှိသည်..အုပ်ချုပ်ရခက်သည့်ရိန်းဂျားတွေဟု ယူဆက အဖွဲ့ကိုဖျက်သိမ်းခဲ့ခြင်းဖြစ်သည်..ယ္ခုအခြေအနေမှာတော့ ကျန်ရှိနေသေးသည့် အတော်ဆုံး(၂)ယောက်ကိုခေါ်သုံးဖို့ဖြစ်လာသည်...ကိုင်း သူတို့ ဖမ်းမိနိုင်မလား....ဒီရာဇဝတ်သားတွေကရော ဘယ်လိုမကောင်းမှုတွေဆက်ကျူးလွန်ဦးမလဲ...ခံစားကြည့်လိုက်ပါဦး...မင်းသားကြီး Kevin Costnerနဲ့ Woody Harrelsonတို့အဓိကပါဝင်ထားသည့်အပြင် IMDbလည်းအကောင်းဆုံးအနေအထားမှာရှိနေသည့် မှုခင်းဇာတ်ကားမို့ကားကောင်းတစ်ကားဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoonwahwah Theint ပဲဖြစ်ပါတယ်...File Size : (1GB) and (357MB)Quality : ...
movie

The Highwaymen(2019)

2019
The Choice (2016) 6.6
The Choice (2016) The Choice (2016)_______IMDb....6.6/10  တိကုဆရာဝန်ကောင်လေးတစ်ယောက် သူပိုင်ဆိုင်ထားတာ ပင်လယ်ကမ်းးနားဘေးက အိမ်လေးတစ်လုံးရယ် ခွေးလေးတစ်ကောင်ရယ်..... အလုပ်သွားတယ် ....သူငယ်ချင်းတွေနဲ့အတူနေတယ်... ညနေဘက်ဆိုလည်း ခြံဝန်းအစပ်ကသစ်ပင်အောက်မှာ ခွေးကလေးကလည်းနံဘေးမှာထားရင်း ထိုင်ခုံလေးတစ်လုံးပေါ်ထိုင်ပြီး လောကကြီးကို ဟိုဒီငေးပြီး ပင်လယ်ပြင်ကိုဖြတ်တိုက်လာတဲ့လေနွေးနွေးလေးတွေကိုရှုရှိက်ရင်းပေါ့..... မိန်းကလေးတွေဆိုတာလည်းသူ့အတွက် ခပ်ပါးပါးနမ်းရှိုက်စရာ ရာသီအလိုက်ပွင့်ဖူးတဲ့ပန်းလေးတွေလို့ သဘောထားတဲ့သူ ......သူ့ဘဝက ပြည့်စုံတယ် ငြိမ်းအေးတယ်လို့ယူဆထားတဲ့သူ .....သို့သော်လည်း ငြိမ်းအေးခြင်းရဲ့နောက်ကွယ်မှာ အချစ်မရှိတော့အထီးကျန်ခြင်းဆိုတဲ့ တိတ်ဆိတ်မှုကရှိနေပြန်တယ်...။ ဒီလိုနဲ့ သူ့အိမ်နံဘေးကို ကောင်မလေးတစ်ယောက်ပြောင်းလာတယ် ... အဲ့ဒီကောင်မလေးက ဆေးကျောင်းသူတစ်ယောက်ဖြစ်သလို လက်ထပ်ဖို့ရည်စူးထားတဲ့သူလည်းရှိနေတယ် .....အဲ့ဒီသူနဲ့လည်းဘဝကိုဖြတ်သန်းမယ်လို့ ယုံကြည်ထားတဲ့ဂျွတ်ဆတ်ဆတ်ကောင်မလေးပေါ့.... ဒီလိုနဲ့တိကုဆရာဝန်နဲ့ကောင်မလေးက အဆင်မပြေမှုတွေနဲ့ဆုံတွေ့ခဲ့ကြတယ်.... မြစ်တစ်စင်းရယ် လတစ်စင်းရယ်ရဲ့ဖြားယောင်းမှုအောက်မှာ သူတို့ဘာဆက်ဖြစ်ကြမလဲ ဆရာဝန်ကောင်လေးကရော အားလုံးကိုရင်ဆိုင် ဖို့ခွန်အားတွေဘာကြောင့်ရခဲ့လဲ??? NS ရဲ့အရောင်းရဆုံးဝတ္ထုတစ်ပုဒ်ကိုပုံဖော်ထားတဲ့အတွက်အချိုးအကွေ့အလှည့်အပြောင်းတွေနဲ့ အရမ်းကောင်းတဲ့ဇတ်ကားလေးတစ်ကားပါ.... ငြိမ့်ညောင်းတဲ့နောက်ခံသီချင်းလေးတွေရယ် သာယာတဲ့မြစ်ကမ်းနံဘေးရယ် ခွေးလေးတွေရယ် ကဲ နူးညံတဲ့နှလုံးသားပိုင်ရှင်ပရိတ်သတ်ကြီးရေ ..........ခံစားကြည့်ပါဦးလို့......။ (ဇာတ်ကားအညွှန်းနဲ့ဘာသာပြန်သူကတော့ Phyo Pyae ပဲဖြစ်ပါတယ်။)   File size...(796 MB) Quality...BR-Rip 720p Format...mp4 Duration....01:51:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay
movie

The Choice (2016)

2016