Channel Myanmar

Jesse Metcalfe

On a Wing and a Prayer (2022) 5.5
On a Wing and a Prayer (2022) On a Wing and a Prayer (2022)ယုံကြည်မှုနဲ့ပတ်သက်တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါ။ဒက်တို့မိသားစုမှာ ဒက်အကိုရယ် ဒက်ဇနီးရယ် သမီးလေး၂ယောက်ရယ်ရှိပြီး ဘ၀ကို ကောင်းကောင်းမွန်မွန် ပျော်ရွှင်စွာနေထိုင်ခဲ့ကြတာပါ။ သူတို့က ခရစ်ယာန်ဘာသာ၀င်တွေဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ပါတယ်။ ဒက်က သူ့ဝါသနာတွေထဲကတစ်ခုဖြစ်တဲ့ လေယာဉ်ပျံမောင်းတာကို သူ့မိတ်ဆွေရယ် အကိုရယ်နဲ့အတူစီးပြီး လေ့ကျင့်ခဲ့ပေမယ့် သိပ်အဆင်မပြေခဲ့တဲ့အတွက် လက်လျှော့ခဲ့ပါတယ်။ တစ်ရက်မှာတော့ ဒက်ရဲ့အကိုက ရုတ်တရက်နှလုံးဖောက်ပြီး သေဆုံးသွားခဲ့ပါတယ်။ ဒက်အတွက်တော့ တစ်ဦိးတည်းသောအကိုဆုံးသွားတဲ့အတွက် ယူကြုံးမရဖြစ်ခဲ့ပြီး ဘုရားသခင်ကို မယုံကြည်တော့ဘဲ သံသယ၀င်လာပါတယ်။နာရေးအခမ်းအနားပြီးလို့ မွေးရပ်ကနေ အိမ်ပြန်ဖို့ကို ဒက်ရဲ့မိတ်ဆွေ ပိုင်းလော့ဂျိုးက သီးသန့်လေယာဉ်ငယ်နဲ့ လိုက်ပို့ပေးဖို့စီစဉ်ထားတာပါ။ ကံဆိုးစွာနဲ့ လေယာဉ်ထွက်ခွာလာပြီး သိပ်မကြာခင်မှာပဲ သူ့မိတ်‌ဆွေ ဂျိုးက ရုတ်တရက် လေယာဉ်မောင်းနေရင်း သေဆုံးသွားပါတယ်။ ဒါကြောင့် ဒက်ကရွေးစရာမရှိဘဲ ဇနီးဖြစ်သူနဲ့အတူ လေယာဉ်မှူးခန်းမှာထိုင်ပြီး လေယာဉ်ကို ထိန်းချုပ်ဖို့ဖြစ်လာပါတယ်။ လေယာဉ်ကို ဘေးကင်းကင်းဆင်းသက်နိုင်ဖို့ ...
movie

On a Wing and a Prayer (2022)

2022
Fortress: Sniper’s Eye (2022) 4.3
Fortress: Sniper’s Eye (2022) Fortress: Sniper's Eye (2022)=====================ဒီကားထဲမှာတော့ အက်ရှင်မင်းသားကြီးBruce Willis က အငြိမ်းစား ထောက်လှမ်းရေးအရာရှိ Robert နေရာကသရုပ်ဆောင်ထားပါတယ်။ ဒီကားလေးက (၂၀၂၁)ကထွက်တဲ့ Fortress ရဲ့အဆက်ဆိုလည်းမမှားပါဘူး။ Russia မှာအဖမ်းခံထားရတဲ့ Sashaဆိုတဲ့ကောင်မလေးကိုကယ်ရင်း ဒဏ်ရာရခဲ့လို့နားနေရတဲ Robertတစ်ယောက် ပျော်ပျော်ရွှင်ရွှင်နေထိုင် ဒဏ်ရာတွေကုသနေရင်း မထင်မှတ်ထားတဲ့ သေပြီလို့ထင်ထားတဲ့ လူတစ် ယောက်ပေါ်လာပြီး သူ့ခိုးခဲ့တဲ့ပိုက်ဆံသန်း(၆၀၀)ကိုပြန်ယူဖို့အပြင် Robert တစ်ယောက်ကိုလက်စားချေဖို့လုပ်လာပါတော့တယ်။ဒါကတော့ Robertချစ်ရတဲ့လူတွေကိုဖမ်းပြီးသတ်ဖို့ပါပဲ။ ဒါပေမယ့်ထောက် လှမ်းရေးအရာရှိဟောင်းပီပီ Robertကလည်း ဉာဏ်နီဉာဏ်နက်ဉာဏ်ဝါတွေ ထုတ်ပြီး ပြန်လည်တိုက်ခိုက်ဖို့ကြံထားတဲ့ အက်ရှင်ကားကိုကြည့်ရှုခံစားလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်)File Size - (1.4 GB) / (650 MB) / (411 MB) Quality – Web-DL 1080p/ 720p / 480p Duration - 1Hr 27mins Subtitle – Myanmar Hardsub Format – MP4 Genre : Action Translator – Chit ...
movie

Fortress: Sniper’s Eye (2022)

2022
Fortress (2021)
Fortress (2021) ကျွန်တော်တို့ရဲ့ အက်ရှင်ဟီးရိုးကြီး Bruce Willis ရဲ့ အက်ရှင်ဇာတ်ကားသစ်တစ်ကား ထပ်မံထွက်ရှိလို့ လာပြန်ပါပြီ Rating အနေနဲ့ 3.5/5 ရထားတဲ့ ဇာတ်ကားတစ်ကားဆိုတော့ မဆိုးလှတဲ့ အက်ရှင်ကားတစ်ကားပေါ့ဗျာပွဲကြမ်းနေကြ အက်ရှင်မင်းသားကြီး Bruce Willis ကို ဒီကားထဲမှာလည်း အငြိမ်းစားယူသွားတဲ့ CIA အေးဂျင့်ဟောင်း Robert အနေနဲ့ မြင်တွေ့ရဦးမှာဖြစ်ပါတယ်ဇာတ်လမ်းကိုတော့ Paul ဆိုတဲ့ လူတစ်ယောက်က လူသူ‌ရောက်ဖို့မလွယ်လှ ဂျီပီအက်စ်လည်းမမိတဲ့နေရာတစ်နေရာကို ကားတစ်စီးငှားပြီး သွားရာကနေ စထားတယ် သူကတော့ တခြားမဟုတ်ပါဘူး Robert ရဲ့သား ဖြစ်ပြီး သူ့ ရဲ့ cryptocurrency ကုမ္ပဏီဖြစ်တဲ့ Invespia ဟာ အရှုံးပေါ်ကိန်းဆိုက်နေလို့ အဖေဖြစ်သူ Robert ဆီက ငွေချေးဖို့ လာခဲ့တာပဲ ဖြစ်ပါတယ်Paul ကတော့ သူ့အဖေ Robert ကို ဒီတိုင်း ပင်စင်ရိပ်သာမှာနေတဲ့ လူတစ်ဦးအဖြစ် သိထားတာပါ ...
movie

Fortress (2021)

Hard Kill (2020) 3.0
Hard Kill (2020) Action/Thriller အမျိုးအစားပါ။ Eva ဆိုတဲ့ ကောင်မလေးကလူတွေရဲ့ ဘဝကို ကယ်တင်ဖို့ဆိုပြီးကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်မယ့် A.I စနစ် နည်းပညာတစ်ခုကို တီထွင်ခဲ့တယ်။အဲ့ဒီနည်းပညာဟာ Pardoner ဆိုတဲ့psychopath အကြမ်းဖက်သမား လက်ထဲရောက်သွားတယ်။သူကတော့ အဲ့ဒီ A.I system ကြီးကိုသုံးပြီး တစ်ကမ္ဘာလုံးကprogram တွေ လုပ်ငန်းတွေအကုန်လုံးကို အပျောက်ဖျောက်ချင်တာပါတဲ့။တစ်မ္ဘာလုံးကို reset ချချင်တာမျိုးပေါ့။ဒါပေမယ့် အဲ့ဒီနည်းပညာကို သုံးဖို့က လျှို့ဝှက်ကုဒ်နဲ့ ဖြည်မှရမှာ။အဲ့ဒီကုဒ်ကိုသိတဲ့သူက Eva ရဲ့အဖေ Donovan ။ဒီတော့ Pardonerက Donovan ကို အကျပ်ကိုင်ဖို့ သူ့သမီးကို ဖမ်းထားလိုက်တယ်။အဲ့ဒီမှာပဲ Donovan က ဇာတ်လိုက် Miller ခေါင်းဆောင်တဲ့ကြေးစားအထူးတပ်ဖွဲ့ကို ငှားရမ်း တာဝန်ပေးတာနဲ့ ဇာတ်လမ်းစပါတယ်။ File ...
movie

Hard Kill (2020)

Escape Plan 2: Hades (2018) 3.8
Escape Plan 2: Hades (2018) Escape Plan 2: Hades (2018)ဒီတစ်ခါမှာတော့ စတားလုံးလို့ အများသိကြတဲ့ မင်းသားကြီးSylvester Stallone ရဲ့ 2018 ခုနှစ်ထွက် အက်ရှင်ဇာတ်ကြမ်းကားကို ထွက်ထွက်ချင်းပဲ တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားဟာ ဒိတ်ဒိတ်ကြဲအက်ရှင်မင်းသားကြီးဖြစ်တဲ့ စတားလုံးနဲ့အာနိုးတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် Escape Plan ရဲ့နောက်ဆက်တွဲဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ မင်းသားကြီးအာနိုးပါဝင်မှာမဟုတ်တော့ဘဲ Guardian of the Glaxy မှာ Drax အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူ WWE အကျော်အမော် Dave Bautista က စတားလုံးနဲ့အတူ အတွဲညီညီပါဝင်သရုပ်ဆောင်ထားပါတယ်။ဒါ့အပြင် နာမည်ကျော် အမေရိကန် Rapper ကြီး "50 cent" လည်းပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ==========Ray Breslin ဟာ ထောင်ကိုဖောက်ထွင်းပြီးအရေးကြီးတဲ့လူတွေကို ကယ်တင်ဖို့အတွက် အထူးလေ့ကျင့်ထားတဲ့ အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးပါ။တစ်ရက်မှာသူ့ရဲ့ယုံကြည်ရသူတစ်ဦးဖြစ်တဲ့ Shu Ren ဆိုသူဟာ Hades လို့ခေါ်တဲ့ ကမ္ဘာ့အတင်းကျပ်ဆုံးထောင်ထဲမှာ ပျောက်ဆုံးသွားတာကြောင့် သူ့ရဲ့အဖွဲ့ကိုပြန်ဖွဲ့စည်းပြီး ကယ်ဆယ်ဖို့ကြိုးစားပါတော့တယ်.....။မင်းသားကြီးစတားလုံးရဲ့ဇာတ်ကားဖြစ်တာကြောင့် ...
movie

Escape Plan 2: Hades (2018)

2018
The Other End of the Line(2008) 6.2
The Other End of the Line(2008) "The other end of the line" "လေလိုင်းတစ်ဘက်က" *လေလိုင်းတစ်ဘက်မှာ ဘယ်သူရှိလဲ *လေလိုင်းတစ်ဘက်မှာကိုယ်မတွေ့သေးတဲ့ ဖူးစာရှင်လေးရှိမလား *လေလိုင်းတစ်ဘက်မှာ ကိုယ်မသိသေးတဲ့ ကံကြမ္မာတစ်စုံတစ်ရာရှိလေမလား CM ပရိတ်သတ်တွေအတွက်ပိုးဆိုးပတ်ဆတ် ရိုလွန်းတဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ... ဇာတ်လမ်းနာမည်က "The other end of the line"တဲ့... ပရိတ်သတ်တွေထဲမှာ ကိုယ်နဲ့ မတူတဲ့ နိုင်ငံခြားသူတစ်ယောက်နဲ့ ဆုံစည်းမယ်လို့ တွေးခဲ့ဖူးလား.... ကိုယ့်ရဲ့ မသိသေးတဲ့ ဖူးစာက အခြားတစ်ဘက်ခြမ်းမှာဆိုရင် ဘာလုပ်မလဲ.... ဂရင်ဂျာဆိုတဲ့ ကောင်လေးက အမေရိကန်နိုင်ငံသားတစ်ယောက်... သူနဲ့အကြောင်းပါလာခဲ့သူလေးက အိန္ဒိယနိုင်ငံသူ ပရီယာစီသီးတဲ့...ပရီယာက မွန်ဘိုင်းမြို့ စီးတီးဝမ်းလို့ခေါ်တဲ့ အမေရိကန်ဘဏ်တစ်ခုမှာ အလုပ်လုပ်တဲ့သူပါ.. သူ့ရဲ့ အမေရိကန်နာမည်က ဂျနီဖာဒေးဗစ်တဲ့... သူ့အလုပ်က အင်္ဂလိပ်အသံထွက်ကောင်းကောင်းနဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ အကြွေးဝယ်ကတ်ပြဿနာ ကိုဖြေရှင်းပေးရတာပါ... ဂရင်ဂျာ အကြွေးဝယ်ကတ်ခိုးခံလိုက်ရတယ်.. ပရီယာက ဒါကိုကူညီဖြေရှင်းပေးသူပါ...သူတို့နှစ်ယောက်ဟာ လေလိုင်းပေါ်မှာပဲ သံယောဇဉ်ဖြစ်ခဲ့ကြတယ်... ထူးဆန်းတဲ့ မျက်လှည့်ဆန်ဆန် ခံစားချက်မျိုး ဖြစ်ခဲ့ကြတယ်... ...
movie

The Other End of the Line(2008)

2008
John Tucker Must Die(2006) 5.8
John Tucker Must Die(2006) ကျောင်းရဲ့အထင်ကရ ဘစ်စကတ်ဘော ကပ္ပတိန်ခေါင်းဆောင်နာမည်က John Tucker....အရပ်က ၆ပေ၀န်းကျင် ရူပါခပ်ဖြောင့်ဖြောင့် ...တစ်ချက်လောက်စိုက်ကြည့်ပြီး ပြုံးရင်းပြောလိုက်တဲ့ စကားလုံးတွေကြောင့် မာနတွေမြေခသွားတဲ့ မိန်းကလေးတွေ ဒုနဲ့ဒေး....ဥာဏ်ကလည်း ခပ်များများ. ချမ်းသာတဲ့မိသားစု အသိုင်းအ၀န်းက လာတဲ့သူ... ပြောရရင် John က သူ့မှာရှိတဲ့အားသာချက်တွေ အကုန်အသုံးချပြီး မိန်းကလေးတွေကိုတွဲနေတဲ့သူ.....ခုလောလောဆယ်သူ လက်ရှိတစ်ပြိုင်နက် တွဲနေတာ ကောင်မလေး ၃ ယောက်....အဲ့ဒီ ၃ယောက်လုံး အချင်းချင်းမသိနိုင်အောင်လည်း သူကထိန်းထားနိုင်တယ်.... သို့ပေမဲ့ ....တစ်နေ့တော့ သူတွဲနေ့တဲ့ကောင်မလေး ၃ယောက်က John Tucker လူရှုတ်လူပွေတစ်ဦးဖြစ်တဲ့အကြောင်း ကိုသိသွားတယ်.....၀က်သားဒုတ်ထိုး၊ယိုးဒယား သင်္ဘောသီးထောင်း၊ရှောက်သီးသုတ် ဒီသရေစာတွေသာ ဝေစားမယ် အချစ်ကိုတော့ ဝေမစားချင်ကြဘူး ပြောရရင် အချစ်ကြီးတော့အမျက်ကြီးတယ်ပေါ့ဗျာ ဒီတော့ မိန်းကလေး ၃ယောက်ဟာ ခပ်ရိုးရိုးကောင်မလေးတစ်ယောက်နဲ့ပေါင်းပြီး John Tucker ကို ပြန်လက်စား ချေဖို့ စီစဉ်ကြတော့တယ်...ခပ်ရိုးရိုးကောင်မလေးကိုအသုံးချပြီးတော့ John အသည်းကိုကွဲအောင် လုပ်ကြတယ်...သူတို့က အသေးစိတ်အစီအစဉ်တွေဆွဲတယ် အချင်းချင်းတိုင်ပင်တယ် ကိုင်းပြိတ်သတ်ကြီး John Tucker တစ်ယောက် ဘယ်လိုတွေဖြစ်မလဲဆိုတာကိုတော့ ကြည့်လိုက်ပါဦး...... John Tucker Must Die ဆိုတဲ့ ဒီကားလေးဟာ ...
movie


2006