Channel Myanmar

Jessica Brown Findlay

Munich: The Edge of War (2022) 7
Munich: The Edge of War (2022) ဒီရုပ်ရှင်ဟာ ၂၀၁၇ တုန်းက Gary Oldman ကြီး အော်စကာတွေသိမ်းပိုက်ခဲ့တဲ့ The Darkest Hour ဆိုတဲ့ ဒုတိယကမ္ဘာစစ်ရုပ်ရှင်ရဲ့ ရှေ့ကား ( Prequel) ဆိုပြီးပြောနေကြတယ်..ပထမကမ္ဘာစစ်အပြီးနောက်ပိုင်း နာဇီတို့အင်အားကြီးလာပြီး ဟစ်တလာအာဏာအထွတ်အထိပ်ရောက်နေချိန် ဖြစ်ပါတယ်။ ဂျာမနီရဲ့ တိုးပွားလာတဲ့ လူဦးရေ ၈၅ သန်းကျော်နဲ့အတူ ဂျာမနီပြည်ထောင်သစ်အတွက် နယ်မြေချဲ့ထွင်ဖို့ ဟစ်တလာရဲ့ကြွေးကြွော်သံတွေနဲ့ ဂျာမန်သားတွေလည်း သွေးဆူနေခဲ့ပြီဖြစ်ချင်တော့ ချက်ကိုစလိုဗားကီးယားရဲ့ ဆူဒန်တေနယ်မြေအရေးဟာ ပေါ်ပေါက်လာတယ် ဆူဒန်တေဆိုတာ ချက်ကိုစလိုဗားကီးယားနဲ့ဂျာမနီကြားက နယ်စပ်နယ်မြေဖြစ်ပါတယ် ဒီနယ်မြေကို ဂျာမနီနဲ့ ချက် ၂ နိုင်ငံလုံးက လက္မလွှတ်နိုင်ကြတဲ့အတွက် ဟစ်တလာကတော့ အင်အားသုံးပြီး ချက်ကိုစစ်ကြေြငာဖို့အသင့်ဖြစ်နေပါပြီ ဒါပေမယ့် ချုပ်ဆိုထားတဲ့သဘောတူညီမှုအတိုင်း ချက်နဲ့ဂျာမန်စစ်ဖြစ်တာနဲ့ ဗြိတိန်၊ပြင်သစ်တို့ကပါ မဟာမိတ်နိုင်ငံများစည်းမျဉ်းရ ချက်ဘက်က ဝင်ရောက်တိုက်ခိုက်ပေးရမှာပါ....နာဇီတွေနဲ့စစ်မဖြစ်ချင်တဲ့ ဗြိတိန်ဝန်ကြီး နဗလီချိန်ဘာလိန်ဟာ မြူးနစ်ကိုသွားပြီး ဟစ်တလာနဲ့တွေ့ကာ ဆူဒန်တေဒေသကို ဂျာမန်လက်ထဲထည့်ဖို့သဘောတူစာချုပ်ချုပ်လိုက်ပါတယ်ဒါ့အပြင် ဟစ်တလာနဲ့ချိန်ဘာလိန်ဟာ ဂျာမနီ-အန်ဂလို ဆိုတဲ့ ဗြိတိန်နဲ့ဂျာမနီ ၂ နိုင်ငံ ထာဝရငြိမ်းချမ်းရေး သဘောတူညီမှုကိုပါ တမင်ယူခဲ့ပါတယ် ဒါကိုလုပ်ခဲ့တဲ့အကြောင်းက ဟစ်တလာက ဒီသဘောတူညီမှုကို ဖောက်တာနဲ့ မဟာမိတ်နိုင်ငံများအသင်း တစ်ဖွဲ့လုံး ဂျာမန်ကိုအာခံကြတော့မှာပါ... ဒါပေမယ့် ...
movie

Munich: The Edge of War (2022)

Iris Warriors (2022) 6.1
Iris Warriors (2022) Iris Warriors (2022) ဘာဆိုဘာမှ လုပ်ပေးဖို့စိတ်ကူးမရှိတဲ့ လူကောင်းပါဆိုတဲ့ ပုဂ္ဂိုလ်တွေကြောင့်ပဲ ဆိုးယုတ်ခြင်းက အောင်လံလွှင့်ထူနိုင်တာပါပဲလေ။ ကောင်းမွန်သန့်စင်ခြင်းအလင်းရောင်က လောကကို အလှဆင်ရုံနဲ့ တာဝန်ကျေပြီလား။ စေတန်နတ်ဆိုးကတော့ အမှောင်ကမ္ဘာမှာ သူ့တာဝန်ကို သူကျေတယ်။ မဆုတ်မနစ် ကြိုးစား၊ စဉ်ဆက်မပြတ်အားထုတ်၊ ကောက်ကျစ်ခြင်းအပြုံးရဲ့ အမှုန်တွေ လေထုထဲကို အဆိပ်ခတ်လို့ သူယုံကြည်ရာသူ့လမ်းကြောင်းကို တည်ဆောက်နေလေရဲ့။ လှပသွားတဲ့လောကကြီးကို ထိုင်ကြည့်ပြီး တာဝန်ကျေပါတယ်ဆိုတဲ့ အထာနဲ့ ပြုံးပြုံးကြီးထိုင်ကြည့်နေတဲ့ လူကောင်းကြီး‌တွေ။ ကာကွယ်သူမဲ့နေတဲ့ မြေကမ္ဘာကို သိမ်းပိုက် အမှောင်တိုက်လိုသူတွေကတော့ စက္ကန့်မလပ်အားထုတ်ရင်း ပန်းတိုင်ဆီကို ဖြည်းဖြည်းမှန်မှန် ဝေ့ဝဲပျံသန်းလာနေတုန်း။ အရွယ်မတိုင်ခင်မှည့်တဲ့ ပန်းသီးကိုစားပြီး ကိုယ်ကျင့်တရားလက်ဖက်တစ်ရိုးနဲ့ ကိုယ့်ကိုယ်ကိုယ် မျက်နှာလုပ်ကြသူတွေကတော့ လေးစားခံဘဝမှာ ယစ်မူးသာယာရင်း တာဝန်တွေမေ့၊ သေနေ့စေ့မှ " မတရားဘူး " ကုန်းအော်ကြတယ်။ ပင်လယ်ပြာတဝှမ်း ရေခမ်းရင်တော့ အသိတရား ရလောက်ရဲ့။ အစွန်းနှစ်ဖက်ဟာ သိပ်ဝေးကွာသလိုလိုနဲ့ သူ့ရဲ့အထိအတွေ့ကို ကျောဖက်မှာ ရှတတခံစားရတာမျိုး။ အမုန်းတရားနဲ့ ...
movie

Iris Warriors (2022)

2022
Monster Family 2 (2021) 6.2
Monster Family 2 (2021) Monster Family 1အပြီးမှာ မိသားစုရဲ့ပျော်ရွှင်မှုကို ပြန်လည်ရှာတွေ့အပြီး မကောင်းဆိုးဝါးဘဝမှ ကျိန်စာပြယ်ကာ လူသားအဖြစ်ကို ပြန်လည်ရောက်ရှိလာတဲ့ Wishboneမိသားစုတသိုက်ဟာ စုန်းမကြီး Baba Yagaနဲ့ ခင်ပွန်းလောင်း Renfieldတို့ အဖမ်းခံရတဲ့ကိစ္စကြောင့် မကောင်းဆိုးဝါးအဖြစ် ပြန်အသွင်ပြောင်းကာ ကယ်တင်ဖို့ ကြိုးစားရပြန်ပါပြီစုန်းမကြီးတို့ကို ဖမ်းဆီးသွားသူက Mila Starrလို့ခေါ်တဲ့ Monster Hunter ဖြစ်နေပြီး Baba Yagaတို့အပြင် ကမ္ဘာတစ်ဝှမ်းလုံးက မကောင်းဆိုးဝါးပေါင်းစုံကို လိုက်လံဖမ်းဆီးနေတဲ့အခါ...ဘာလို့ Mila Starrက မကောင်းဆိုးဝါးတွေကို လိုက်လံဖမ်းဆီးနေရတာလဲ၊ သူ့ရဲ့ရည်ရွယ်ချက်ကရော ဘာလဲ Wishboneမိသားစု ဘယ်လိုတွေ စွန့်စားခန်းဖွင့်ကြမလဲဆိုတာကို Animationတို့ ထုံးစံအတိုင်း ချစ်စရာကာတွန်းရုပ်လေးတွေ၊ အလွဲတွေနဲ့ ရယ်ရယ်မောမောကြည့်ရှုရမယ့်အပြင်တကယ်ကောင်းတဲ့ သင်ခန်းစာတွေလည်း ပါသေးတာကြောင့် ပိတ်ရက်မှာ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ကြည့်ရှုရမယ့် မိသားစုAnimationကားလေးပဲ ဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ )File Size__1.75 GB , ...
movie

Monster Family 2 (2021)

Victor Frankenstein (2015) 6.0
Victor Frankenstein (2015) ဆပ်ကပ်မှာကပ်နေရတဲ့ခါးကုန်းလူရွှင်တော်တစ်ယောက်ရှိပါတယ် ဆပ်ကပ်ပိုင်ရှင်ကအစ ရထားတွဲစောင့်အဆုံး အကုန်လုံးက၀ိုင်းနှိမ်ပြီးအနိုင်ကျင့်ဆက်ဆံကြတဲ့အပြင် နာမည်တောင်မရှိရှာပါဘူး သူရဲ့အားနေတဲ့အချိန်လေးတွေကိုတော့ အသေးစိပ်ကျလက်တွေ့ဆန်ပြီးလှပလွန်းတဲ့လူခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပုံဆွဲနေလေ့ရှိပြီး အလုပ်ချိန်ဆိုရင်တော့သူကြိတ်ချစ်နေရတဲ့ကျွမ်းဘားမယ်လေးလော်ရယ်လိုင်းကို ခိုးကြည့်နေတတ်တဲ့တောက်တိုမယ်ရလူရွှင်တော်တစ်ယောက်ပါ သူရဲ့ဘ၀ကဆပ်ကပ်နဲ့လော်ရယ်လိုင်းရယ် ကာယဗေဒကိုပုံဆွဲနေရတဲ့အချိန်တွေရယ် အဲ့လိုဟာတွေနဲ့ပဲကုန်ဆုံးနေရတော့မယ်ဆိုပြီး အရာရာကိုလက်လျှော့ပြီးအရှုံးပေးထားပါတော့တယ် ဒါပေမယ့်ဖျော်ဖြေပွဲတစ်ခုမှာလော်ရယ်လိုင်းဟာမမျှော်လင့်ပဲမတော်တဆမှုတစ်ခုဖြစ်ရင်း ဒေါက်တာဖရန်ကင်စတိုင်းနဲလူရွှင်တော်တို့တွေ့ကြဖို့အကြောင်းဖန်လာပါတော့တယ် အဲ့ဖြစ်ရပ်ကသူ့ရဲ့ဘ၀တစ်ခုလုံးကို ကျွမ်းထိုးမှောက်ခံပြောင်းလဲသွားစေပါတော့တယ် ဒီကားကညီအစ်ကို၊ဆရာတပည့်ဆက်ဆံရေးကိုဖော်ကျူးထားပုံက တော်တော်ကြည့်လို့ကောင်းပါတယ် လော်ရယ်လိုင်းနဲ့လူရွှင်တော်ရဲ့ကြည်နူးစရာအခိုက်အတန့်တွေနဲ့ အင်မတန်ကျေနပ်စရာကောင်းမယ့်သမိုင်းလှန်ကားကောင်းတစ်ကောင်းပဲဖြစ်ပါတယ် အခုပဲဒေါင်းလုပ်ဆွဲပြီးကြည့်လို့ရပါပြီ Translated by Tariq L WalkerEncoded by sithu
movie


2015
The Guernsey Literary and Potato Peel Pie Society (2018) 7.1
The Guernsey Literary and Potato Peel Pie Society (2018) ဒီဇာတ်ကားလေးက English ရေလက်ကြားက Normandy ကမ်းရိုးတန်းနားမှာရှိတဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်တွေ သိမ်းယူပြီး ခံတပ်တစ်ခုအဖြစ်ပြောင်းလဲခံထားရတဲ့ Gurnsey ဆိုတဲ့ကျွန်းလေးပေါ်က အဖြစ်အပျက်လေးတစ်ခုအဖြစ် ဖန်တီးရိုက်ကူးထားတာပါ။စစ်အတွင်းကအကြောင်းတွေရေးပြီး နာမည်ကြီးလာခဲ့တဲ့ စာရေးဆရာမလေး Juliette Ashton တစ်ယောက် သူရဲ့ဘဝကို မပျော်ပိုက်သလိုဖြစ်နေတဲ့အချိန်မှာGurnsey ကျွန်းပေါ်က Dorsey Adam ဆိုတဲ့ လယ်သမား စာအုပ်ချစ်သူတစ်ယောက်က စာအုပ်တစ်အုပ်ကိုရှာပေးဖို့အကူအညီတောင်းတဲ့ စာကိုလက်ခံရခဲ့ပါတယ်။သူတို့ရဲ့ စာဖတ်အသင်းနာမည်က ဂန်ဆီစာပေနှင့်အာလူးပိုင်မုန့်အသင်းတဲ့။အဲဒီရယ်စရာ ထူးဆန်းတဲ့ နာမည်နဲ့ စာဖတ်အသင်းကိုစိတ်ဝင်စားမိပြီး ကူရှာပေးဖို့ပြောတဲ့စာအုပ်ကို တစ်ခါတည်းပို့ပေးပြီးတော့ အဲ့ဒီအသင်းဖြစ်ပေါ်လာပုံတွေ ဘာလို့အဲဒီနာမည်ဖြစ်နေရတာလဲဆိုတာကိုမေးရင်းနဲ့ အဖြေတွေရလာတဲ့အခါမှာ သူကိုယ်တိုင် Gurnsey ကျွန်းကိုသွားချင်စိတ်တွေပေါ်လာပြီး Gurnsey ကျွန်းကိုရောက်တဲ့အခါမှာ သူနောက်ထပ်ဘယ်လိုဇာတ်လမ်းတွေကိုရှာတွေ့မယ်ဖန်တီးမယ်ဆိုတာကို ကြည်နူးစရာ၊ ဝမ်းနည်းစရာ တွေ့ရမှာပါ။ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 7 ပါ။ကျွန်တော်တို့မှာ မတွေ့ဖူးခင်ကတည်းကရင်းနှီးနေတဲ့မျက်နှာတွေရှိနေပါသလား ရှိခဲ့မယ်ဆိုရင် အဲဒီသူနဲ့ ကျွန်တော်တို့ သက်ဆိုင်သလို အဲဒီလူကလည်းကျွန်တော်တို့နဲ့ သက်ဆိုင်နေမှာအသေအချာပါပဲ။(d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်)File ...
movie

The Guernsey Literary and Potato Peel Pie Society (2018)

2018
Monster Family (2017) 4.6
Monster Family (2017) မိသားစုတစ်စုဆိုတာ အမြဲတမ်းပျော်ရွှင်နေရတယ်မဟုတ်တောင် စိတ်ညစ်စရာလေးတွေ နည်းနိုင်သမျှနည်းရင်ပိုကောင်းတယ်ဗျ..ဟုတ်တယ်မို့လား?ဒီဇာတ်ကားလေးထဲက အမ်မာတို့ မိသားစုဟာလည်း ခုလက်ရှိ အပြင်မှာကြုံတွေ့နေကြတဲ့အတိုင်း...အိမ်ထောင်ဦးစီးဖြစ်သူ အမ်မာရဲ့ အမျိုးသားကလည်း တစ်နေတစ်နေ့ အလုပ်နဲ့ အိမ်ပဲကူး၊အမ်မာကိုယ်တိုင်ကလည်းသူ့အလုပ်နဲ့သူ တိုင်ပတ်၊သားသမီးတွေအတွက် အချိန်ကောင်းကောင်းမပေးနိုင်ကြ၊ဒီလိုနဲ့ ကလေးတွေကလည်းကျောင်းမှာ တစ်မျိုးတစ်ဖုံ ပြဿနာလေးတွေ ကိုယ်စီနဲ့...မိသားစုအတူရှိတဲ့အချိန်က အတော်နည်းတယ်ပေါ့ဗျာ၊ရှိတဲ့အချိန်ကျလည်း ဘုနဲ့ဘောက်ပေါ့ဒီလိုတွေဖြစ်နေတဲ့ မိသားစုလေးဟာ သူတို့ကို အပြောင်းလဲကြီး ပြောင်းလဲပေးမယ့် နေ့တစ်နေ့ကို ကြုံလိုက်ရပါတယ်။အဲ့ဒီနေ့ပြီးတဲ့ နောက်ရက်တွေမှာ သူတို့မိသားစုလေး ဦးတိုးကြီးရဲ့ "အေးအတူပူအမျှ" လိုပဲဖြစ်မလား..ဒါမှမဟုတ် ဘစိုင်းရဲ့ "ကြိုးပျက်ခဲ့တဲ့ အိမ်ထောင်မျိုး" လိုပဲ ဖြစ်သွားမလားဆိုတာကတော့.....စိတ်အပန်းဖြေတဲ့သဘောနဲ့ ထိတွေ့ကြည့်လိုက်ပါဦးနော...(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဝေယံမောင်ပါ)File Size : (750 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 33min Format : Mp4 Genre : Animation, Comedy, Family Subtitle : ...
movie

Monster Family (2017)

2017