Channel Myanmar

Jessica Keenan Wynn

Clifford the Big Red Dog (2021) 6.0
Clifford the Big Red Dog (2021) ဒီ​နေ့မှာ​တော့ ချစ်စရာ​ကောင်းတဲ့ ဇာတ်ကား​လေးတစ်ကားကို တင်ဆက်​ပေးလိုက်ပါတယ်၊ IMDb 6 ရထားပြီး ကြည့်ရတာ​ပေါ့​ပေါ့ပါးပါးနဲ့ စိတ်အပန်း​​ပြေ​စေမယ့် ဇာတ်ကား​​လေးပါ၊ Universal ရုပ်ရှင်ကုမ္ပဏီက​နေ ထုတ်လုပ်ထားပြီး Clifford:The Big Red Dogဆိုတဲ့ နာမည်ကြီး က​လေးပုံပြင်စာအုပ်ကိုအ​ခြေခံရိုက်ကူးထားတာပါနယူး​ယောက်မြို့ကြီးကို မကြာ​သေးခင်ကမှ​ပြောင်းလာတဲ့ အလယ်တန်း​ကျောင်းသူ​အမ်မလီအတွက် အ​ပေါင်းအသင်းဆိုတာမရှိဘဲ အထီးကျန်​နေခဲ့ရတာပါ၊ ဒီလို​နေရင်းတစ်​နေ့မှာ ဘရစ်ဝဲလ်ဆိုတဲ့ တိရစ္ဆာန်ကယ်ဆယ်​ရေးသမားကြီးနဲ့ ​တွေ့ပြီး  ကလစ်ဖို့ဒ်ဆိုတဲ့ အ​မွေးနီနီရဲရဲနဲ့ ချစ်စရာ​ပါပီ​​လေးက သူ့ဘဝထဲကို ​ရောက်လာပါတယ် ဒါ​ပေမဲ့အမ်မလီဆီ​ရောက်ပြီး တစ်ရက်အကြာမှာပဲကလစ်ဖို့ဒ်​လေးဟာ အံ့ဩဖွယ်ကောင်း​လောက်​အောင် နေ့ချင်းညချင်း ၁၀​ပေ​အရွယ် ဧရာမပါပီကြီးဖြစ်သွားတဲ့အခါ အမ်မလီနဲ့ ဦး​လေးဖြစ်သူကေစီတို့ ဒီ​ခွေး​လေး ပုံမှန်အရွယ်ပြန်ဖြစ်​​အောင် ဘယ်လိုလုပ်ကြမလဲ၊ ​ ခွေး​လေးရဲ့ အရွယ်ကြီးသွားတဲ့အစွမ်းကို လိုချင်​နေတဲ့ နည်းပညာကုမ္ပဏီတစ်ခု​ပေါ်လာတဲ့အခါ သူတို့ ဘယ်လိုတားဆီးကြမလဲဆိုတာကို အလွဲအ​ချော်​လေးတွေ၊ ဟာသ​တွေအပြင် ချစ်စရာကောင်းတဲ့ ​ခွေး​လေးရဲ့အပြုအမူ​တွေကြည့်ပြီး ကြည်နူးရမှာပါ စိတ်ပင်ပန်းစရာ​တွေများ​နေတဲ့ အချိန်မှာ မိသားစု၊ သူငယ်ချင်း၊ ချစ်ရတဲ့သူ​တွေနဲ့တူတူ စိတ်အပန်း​​ပြေ​အောင် ကြည့်လို့ရမယ့် Comedy/ Family genre ဇာတ်ကား​လေးပဲ ဖြစ်ပါတယ် File Size : (1.8 GB) & (1 Gb) & ...
movie

Clifford the Big Red Dog (2021)

HEVC 1080p 5.1
Mamma Mia! Here We Go Again (2018) 6.7
Mamma Mia! Here We Go Again (2018) Mamma Mia! Here We Go Again (2018) IMDb - 6.7/10_____Rotten - 79%   ဒီတစ်ခါတော့ CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ မကြာသေးခင်ကမှ ရုံတင်ပြသထားတဲ့ "Mamma Mia! Here we go again" ဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းကတော့ 2008 တုန်းက ထွက်ခဲ့တဲ့ "Mamma Mia"ဇာတ်လမ်းပြီးနောက် ဒုတိယမြောက်ထွက်ရှိထားတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်...2008 ဇာတ်လမ်းကို ကြည့်ရှုပြီးသူများကတော့ ဒီဇာတ်လမ်းနဲ့ စိမ်းမယ်မထင်ပါဘူး....အရင်ဇာတ်လမ်းရဲ့ သရုပ်ဆောင်တွေအပြင် ဇာတ်လိုက်မင်းသမီးရဲ့ ငယ်ဘဝနေရာ သရုပ်ဆောင်သူကလဲ CM ပရိတ်သတ်တွေနဲ့ မစိမ်းပါဘူး.. သူလေးကတော့ Cindrella ဇာတ်လမ်းထဲက မင်းသမီး "Lily James" ပဲဖြစ်ပါတယ်...ဇာတ်လမ်းက musical/comedy movie ဖြစ်တာကြောင့် တစ်ကားလုံး သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် နားထောင်ရမှာပါ...ဒါကြောင့် ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ... အညွှန်းဖတ်ရှုကြပါဦး...အညွှန်း- ...
movie

Mamma Mia! Here We Go Again (2018)

2018