Channel Myanmar

Jill Jane Clements

The Hunger Games: Catching Fire (2013) 7.5
The Hunger Games: Catching Fire (2013) The Hunger Games: Catching Fire (2013)IMDb Rating (7.5) / Rotten Tomatoes (90%)ကတ်နစ်အဲဗားဒင်းနဲ့ ပီတာမယ်လော့ခ်တို့ ၇၄ကြိမ်မြေက်ကစားပွဲမှာ အနိုင်ရခဲ့ပြီးနောက် သူတို့မွေးရပ်မြေကိုပြန်လည်လို့ရောက်ရှိလာပါတယ်။ ဒါပေမယ့် သူတို့ရဲ့တာဝန်တွေကတော့အဆုံးသတ်မသွားပါဘူး။ အနိုင်ရသူတွေအနေနဲ့ နယ်မြေတိုင်းကိုသွားရောက်ပြီးတော့ မိန့်ခွန်းပြော၊ကျန်ရစ်သူမိသားစုတွေနဲ့ စကားပြောပေးရမဲ့အပြင် နောက်ဆုံးခရီးစဉ်အဆုံးသတ်မှာ ကတ်ပီတယ်ကိုပြန်ပြီးတော့ ဥက္ကဌကြီးကျင်းပပေးတဲ့ပါတီပွဲကိုဆင်နွဲရမှာပါ။ ကတ်နစ်ရဲ့ဘဝကလွယ်လွယ်ကူကူနဲ့ ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့တယ်ရယ်လို့တော့ မဟုတ်လှပါဘူး။ တကယ်တမ်းတော့ ကတ်နစ်တို့လို အောင်နိုင်သူတွေဟာ ခရီးစဉ်ရဲ့ရထားပေါ်မှာပဲအချိန်ကုန်ပြီးတော့ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းသွားကြရတော့မှာဖြစ်ပါတယ်။ဒီမှာဥက္ကဌစနိုးအရမ်းကိုစိုးရိမ်နေတဲ့ ကိစ္စတစ်ခုတော့ ရှိပါတယ်။ အဲ့ဒါကတော့ တော်လှန်ရေးပါပဲ။ နယ်မြေအသီးသီးကမကျေနပ်ချက်တွေစုပြုံလာတဲ့အချိန်မှာ သူတို့အနေနဲ့ ဒီလိုအနေအထားမျိုးကိုလက်သင့်ခံ မပေးနိုင်တာကြောင့် ကတ်နစ်ကို စနိုးကိုယ်တိုင်သွားရောက်ပြီးတော့နှစ်ဦးသဘောတူပြောကြားခဲ့တာတွေရှိလာပါတယ်။ ဒါပေမယ့် စနိုးရဲ့အကြံကဒီလောက်နဲ့ အဆုံးသတ်လို့မသွားပါဘူး။ ဆိုးရွားတဲ့လုပ်ရပ်ကိုလုပ်ဖို့ဝန်မလေးတဲ့စနိုးတစ်ယောက် ကစားပွဲတစ်ခုကိုစတင်လိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ အရင်ပွဲတွေလိုမျိုးနယ်မြေအသီးသီးကယှဉ်ပြိုင်သူအသစ်တွေကို ရွေးချယ်တော့မှာ မဟုတ်ပဲ အောင်နိုင်သူတွေထဲကနေပြီးတော့ပဲ ထပ်မံရွေးချယ်မဲ့အကြောင်းကိုကြေညာလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ကတ်နစ်အဲဗာဒင်းတစ်ယောက် ကစားပွဲထဲကိုထပ်မံဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ ဘယ်လိုတွေရင်ဆိုင်ပြီးတော့ ဘယ်လိုလက်လွတ်ဆုံးရှုံးမှုမျိုးတွေကိုကြုံတွေရမယ်ဆိုတာကိုကြည့်ရှုလိုက်ရအောင်ပါ။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=the+hunger+games ကြည့်ပါ။ File size…(6.1 GB)/(1.8 GB)/(1.2 GB) Quality…BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:26:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wai Zin Wayne
movie

The Hunger Games: Catching Fire (2013)

2013
4K HEVC
Sleepaway Camp II: Unhappy Campers (1988)
Sleepaway Camp II: Unhappy Campers (1988)  Sleepaway Camp 1 1983 အပြီး ၅နှစ်အကြာမှာ ဆက်ထုတ်ခဲ့တဲ့ နံပါတ်နှစ် ရုပ်ရှင်ပါ။ ရုပ်ရှင်နာမည်အတိုင်းပဲ ဒီတခေါက်မှာလည်း ကံမကောင်း အကြောင်းမလှတဲ့ စခန်းချသူတွေကို မြင်တွေ့ရမှာပါ။ဒီရုပ်ရှင်ဟာ Sleepaway Camp ရဲ့ အဆက်ဖြစ်တာကြောင့် နံပါတ်တစ်ကိုမကြည့်ရသေးဘူးဆိုရင်တော့ အရင်သွားကြည့်ဖို့ အကြံပေူချင်ပါတယ်။ နံပါတ်တစ်မကြည့်ထားဘဲ ကြည့်ရင်ရော ရလားဆိုတော့ ရတော့ရပါတယ် ဒါပေမဲ့ အဓိကဇာတ်ကောင်ဖြစ်တည်လာပုံကို ဂဃနဏသိချင်ရင်တော့ နံပါတ်တစ်ကိုအရင်ကြည့်မှ ပြီးပြည့်စုံသွားပါလိမ့်မယ်။ဒီရီဗျူးက နံပါတ်တစ်ရဲ့အဆက်ဖြစ်တာကြောင့် စပွိုင်လာကင်းကင်းပြောပြရရင်တော့ နွေရာသီစခန်းမှာအလုပ်လာလုပ်တဲ့ အကြံပေးဟာ ဆိုးသွမ်းတဲ့ကလေးတွေကို သူ့နည်းသူ့ဟန်နဲ့ လိုက်ဆုံးမတာပါ။အောက်ကရီဗျုးမှာတော့ စပွိုင်လာအနည်းငယ်ပါရှိမှာဖြစ်ပါတယ်။ဒီကားကတော့ နံပါတ်တစ်ရုပ်ရှင်က ဖြစ်ရပ်တွေအပြီး ၅နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လိုက်ကျော်အန်ဂျလာဟာ နွေရာသီစခန်းတခုမှာ အလုပ်လုပ်ဖို့ရာပြန်လည်ရောက်ရှိလာပါတယ်။ ဒါပေမဲ့ စခန်းချသူတွေဟာ သူ(မ)ရဲ့ တင်းကျပ်တဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းမရှိဘဲ မလျော်မကန်ပြုမူတာတွေ ရှိလာတဲ့နောက်မှာတော့ အန်ဂျလာဟာ နည်းဟောင်းတွေကိုသုံးပြီး ဆိုးသွမ်းတဲ့ စခန်းချသူတွေကို ပညာပေးဖို့ရာ ထပ်မံအကြောင်းဖန်လာပါတော့တယ်။ဒီရုပ်ရှင်ထဲမှာတော့ နံပါတ်တစ်ထဲကလိုမဟုတ်ဘဲ ...
movie

Sleepaway Camp II: Unhappy Campers (1988)

My Cousin Vinny (1992)
My Cousin Vinny (1992) နယူးယောက်မြို့တော်ကကောလိပ်ကျောင်းသားတွေဖြစ်တဲ့ ဘီလ်နဲ့စတန်တို့သူငယ်ချင်းနှစ်ယောက်ဟာ အယ်လာဘားမားကိုဖြတ်မောင်းလာရင်း ကုန်စုံဆိုင်တစ်ခုမှာဈေးဝင်ဝယ်ဖြစ်ပါတယ်။ သူတို့ထွက်သွားပြီးတဲ့နောက်မှာ စတိုးဆိုင်စာရေးလုယက်သတ်ဖြတ်ခံရပေမယ့်သူတု့ိမသိခဲ့ကြပါဘူး။တစ်ခုရှိတာက ဘီလ်ဟာ တူနားငါးသေတ္တာတစ်ဘူးကိုအလစ်သုတ်လာမိပါတယ်။နောက်ကရဲတွေလိုက်လာတဲ့အချိန်မှာရောသူတို့ကိုဖမ်းပြီး ရဲစခန်းမှာစစ်မေးနေတဲ့အချိန်မှာကော တူနားငါးသေတ္တာတစ်ဘူးအလစ်သုတ်မှုကြောင့်လို့ထင်ခဲ့ပေမယ့် တကယ်တမ်းမှာ သူတို့ကို စတိုးဆိုင်စာရေးသတ်မှုနဲ့ကြံရာပါအဖြစ် စွပ်စွဲဖမ်းဆီးထားတာပါ။သူတို့က ဝန်ခံမိရက်သားဖြစ်နေတဲ့အပြင် အထောက်အထားတွေအရလည်းသူတို့ကိုပဲညွှန်ကြနေတဲ့အတွက် အယ်လာဘားမားရဲ့ အလွန်တင်းကျပ်ပြီးကြမ်းတမ်းတဲ့ဥပဒေအရပြစ်မှုထင်ရှားရင် သေဒဏ်နဲ့မလွဲမသွေကြုံရတော့မယ့်အခြေအနေမှာ သူတို့အတွက်ကယ်တင်ရှင်ပေါ်လာပါတော့တယ်။ အဲ့ဒီလူကတော့ဘီလ်ရဲ့ကာဆင်တစ်ယောက်ဖြစ်တဲ့ ဗင်နီဆိုတဲ့ရှေ့နေပါပဲ။ရှေ့နေကျောင်းကိုခြောက်နှစ်တက်ခဲ့တဲ့၊ ဘယ်လိုတရားခွင်အတွေ့အကြုံမျိုးမှမရှိတဲ့၊အယ်လာဘားမားအကြောင်း သူတို့အမှုအကြောင်းကို ဘာတစ်ခုမှမသိပဲ ဒိအမှုကနေ သူတို့ကို ဘယ်လိုကယ်တင်မလဲဆိုတာက စိတ်ဝင်စားစရာအကောင်းဆုံးအချက်ဖြစ်နေလို့ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ ဟာသကားဖြစ်နေပေမယ့် ပေါတဲ့ဘက်ကိုမသွားပဲ သဘာဝကျကျဟာသတွေ၊ခိုင်မာတဲ့ဇာတ်လမ်း၊ဇာတ်အိမ်တွေနဲ့တည်ဆောက်ထားတဲ့ Underrated ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အကောင်းဆုံးအချက်ကတော့ ဗင်နီရဲ့ဇနီးလောင်းအဖြစ်သရုပ်ဆောင်ထားတဲ့ Marisa Tomei (tom holland spidey's aunty may) ပါပဲ။နုရွလှပနေတဲ့ အန်တီမေငယ်ငယ်လေးကို တမူထူးခြားတဲ့ဇာတ်ရုပ်နဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။  File size…(2 GB)/(1 GB)/(610 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie

My Cousin Vinny (1992)

A Loud House Christmas (2021) 5.0
A Loud House Christmas (2021) A Loud House Christmas (2021)=======================ခရစ္စမတ်အချိန်အခါလည်းနီးပြီဖြစ်လို့ Loud မိသားစုရဲ့ ခရစ္စမတ်အမွှေဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။၂၀၁၆ ခုနှစ်ကစတင်ထွက်ရှိခဲ့တဲ့ “The Loud House” animated series ကို ကြည့်ဖူးတဲ့သူတွေဆိုရင်တော့ Loud မိသားစုကိုစိမ်းမှာမဟုတ်ပါဘူး။ မိသားစုဝင်စုစုပေါင်း ၁၃ယောက်ရှိပြီး အဖေ၊ အမေ၊ အစ်မညီမ ၁၀ယောက်နဲ့ တစ်ဦးတည်းသောသားလေးLincoln တို့ပဲဖြစ်ပါတယ်။ခရစ္စမတ်အတွက် သီးသန့်ရိုက်ကူးထားတဲ့ ဒီကားလေးမှာတော့ Loud မိသားစုက နှစ်စဉ်နှစ်တိုင်းခရစ္စမတ်ဆိုရင် မိသားစုဝင်တွေအားလုံးအိမ်မှာတစ်စုတစ်စည်းနဲ့ ပျော်ပျော်ပါးပါးအချိန်ကုန်ဆုံးကြပါတယ်။ အစဉ်အလာမပျက်ပေါ့။ ဒါပေမယ့် ဒီနှစ်ရဲ့ခရစ္စမတ်မှာတော့ အကြောင်းအမျိုးမျိုးကြောင့်အိမ်မှာလူမစုံမယ့်အခြေအနေဖြစ်ခဲ့ရပြီး အဖေနဲ့အမေကလည်း ဒီခရစ္စမတ်ကိုတော့အိမ်မှာမနေဘဲ မိုင်ယာမီကိုခရီးထွက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို Lincoln ကလွဲပြီးအကုန်သဘောတူကြပေမယ့် Lincolnကတော့လုံးဝခါးခါးသီးသီးနဲ့ ခရစ္စမတ်ဆိုအိမ်မှာလူစုံတက်စုံရှိရမယ်ပဲဇွတ်လုပ်နေပါတော့တယ်။ ဒီလိုနဲ့ Lincoln တစ်ယောက်အကြံတူဉာဏ်တူ သူငယ်ချင်းဖြစ်သူ Clyde နဲ့အတူ မိုင်ယာမီခရီးစဉ်ကိုဘယ်လိုပြန်အောင်ဖျက်မလဲ .. သူ့အကြံအစည်ရော အောင်မြင်ပါ့မလား .. အိမ်မှာမောင်နှမနှစ်ယောက်လောက်ပဲရှိရင်တောင် ရန်သတ်ပြီးထိန်းမနိုင်တာ ...
movie

A Loud House Christmas (2021)

2021
Rings (2017) 4.5
Rings (2017) Rings (2017)_____IMDb - 4.5/10ငယ်ငယ်က တီဗီထဲက ထွက်လာတဲ့ သရဲမကား၊ ဒါမှမဟုတ် ရေတွင်းထဲက ထွက်လာတဲ့ သရဲမကားကို ရုပ်ရှင်ချစ်သူတွေ သိကြမယ်ထင်ပါတယ်။ ဒီသရဲကားကို စတင်သိခဲ့ရတာကတော့ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ "The Ring" ဆိုတဲ့ အမေရိကန်ဇာတ်ကားဖြစ်ပေမဲ့ သူ့ရဲ့မူလအခြေခံကတော့ Ring ဆိုတဲ့ ဂျပန်စာအုပ်နဲ့ Ring ဆိုတဲ့ အမည်နဲ့ပဲ ထွက်တဲ့ ဂျပန်သရဲကားတို့ပဲ ဖြစ်ပါတယ်။ ဂျပန်ကဇာတ်ကားကို မကြည့်ဖူးပေမဲ့ အမေရိကန်က ပြန်ရိုက်တဲ့ The Ring ကတော့ သရဲကားတွေထဲမှာ နာမည်ကြီးအောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပါတယ်။ အဲဒီကားရဲ့အဆက် ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Ring Two ကလည်း ပထမဆုံးကားရဲ့စံချိန်ကို မမီပေမဲ့ ကြည့်လို့ကောင်းဆဲပါပဲ။ ဒီလိုမျိုး သရဲကားကောင်းကောင်းမျိုးဆို ကြည့်ချင်ကြတဲ့ ရုပ်ရှင်ပရိသတ်တွေအတွက် ဟောလိဝုဒ်က တတိယမြောက် Rings ကားကို ဆယ်နှစ်ကျော် အကြာမှာ ရိုက်ကူးပြီး တီဗီထဲကသရဲမကို ပရိသတ်တွေနဲ့ ထပ်မံတွေ့ဆုံစေလိုက်ပါတယ်။ ဒီဇာတ်ကားတွေမှာ အဓိကကျတဲ့အရာတစ်ခုကို ပြောရမယ်ဆို ကျိန်စာသင့်နေတဲ့ ...
movie

Rings (2017)

2017
Masterminds (2016) 5.8
Masterminds (2016) Masterminds (2016)_____IMDb - 5.8/10   ယနေ့ခေတ် Hollywood ရဲ့Comedy ဇာတ်ကားများတွင် နေရာအရဆုံးလို့ပြောရမဲ့ သရုပ်ဆောင်တွေနီးပါး အကုန်ပါဝင်ထားတယ်။ Zach Galifianakis, Owen Wilson, Kristen Wiig, Kate McKinnon, Leslie Jones နဲ့Jason Sudeikis တို့ဆိုမှတော့ နောက်ထပ်ဟာသ သရုပ်ဆောင်တွေမလိုအပ်တော့လောက်အောင်ကို ပြည့်စုံနေပြီ။ ထို့အပြင် ဇာတ်လမ်းကလည်း ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုကို အခြေခံထားတာ။ 1997 ခုနှစ်တုန်းက America မှာ ထူးဆန်းတဲ့ ဘဏ်ဖောက်ထွင်းမှူကြီးတစ်ခုဖြစ်ခဲ့တယ်။ ဖောက်တဲ့သူက ထိုဘဏ်ရဲ့ဝန်ထမ်းကိုယ်တိုင်ဖြစ်နေခဲ့တော့ ပိုပြီးထူးဆန်းတယ်လို့ဆိုလို့ရတယ်။ ထိုဝန်ထမ်းဟာ ပိုက်ဆံတွေအကုန်ယူကာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့အာဏာပိုင်တွေအပါအဝင် လူတိုင်းကထင်ကြတယ်။ ဒါပေမဲ့ဖြစ်ရပ်မှန်က သူက အသုံးချခံသွားရတာပါ။ ပိုက်ဆံတွေကို အကုန်ရသွားတာ သူကိုယ်တိုင်မဟုတ်သလို ထိုပိုက်ဆံတွေကိုရသွားခဲ့တဲ့ လူတွေကလည်း သူ့ကိုသတ်ရန် လူသတ်သမားတစ်ယောက် လွှတ်လိုက်တယ်။ ထို့အပြင် ရဲတွေကလည်း သူ့နောက်ကို လိုက်နေကြပြီ။ အခုလိုပြောလိုက်လို့သဲထိပ်ရင်ဖိုကြီးလို့ဆိုလို့ရပေမဲ့ ရယ်ရတာတော့ ...
movie

Masterminds (2016)

2016