Channel Myanmar
Jim Gaffigan
Susie Searches (2022) 6.1
Susie Searches (2022) Susie Searches (2022)~ IMDb - 6.1/10, Rotten Tomatoes - 51% ~ခုမိတ်ဆက်ပေးချင်တဲ့ ကားကတော့ လျှို့ဝှက်ဆန်းကြယ် မြှုပ်ကွက်လေးတွေပါတဲ့ စုံထောက်ဆန်ဆန် Thriller ကားဖြစ်ပါတယ်။ငယ်စဉ်တည်းက စုံထောက်၀တ္ထုတွေ သူ့အမေက ဖတ်ပြရင် အမြဲ တရားခံကို ကြိုသိနေတတ်တဲ့... ဆူဇီကြီးလာတော့ Social ပြသာနာရှိနေပြီး အပေါင်းအသင်းမရှိဘဲ "Susie Searches" ဆိုတဲ့ Podcast မှာ မဖြေရှင်းနိုင်တဲ့ ရာဇ၀တ်မှုတွေ ဖြေရှင်းတာကို တင်ပြီး အချိန်ပိုင်း ကောလိပ်တက်နေတဲ့သူ။ သူ့ရဲ့ Podcast အင်တာနက်မှာ လူသိများသွားတဲ့ အခွင့်အလမ်းပေါ်လာတာကတော့ ဆူဇီတို့ကျောင်းက ဆယ်လီ သူဌေးသား ဂျက်စီပျောက်သွားတာကနေ စပါတယ်။ ဂျက်စီက ကိုယ်ပိုင် YouTube Channel ထောင်ထားပြီး တရားထိုင်တဲ့ ဗီဒီယိုတွေတင်တဲ့ နာမည်ကျော်ကောင်လေးပါ။ဂျက်စီပျောက်သွားတာကြာနေပြီး ဘာမှသတင်းမထူးတဲ့အခါ ဆူဇီက သူ့နည်းသူ့ဟန်နဲ့ စုံစမ်းပြီး ...
movie
Susie Searches (2022)
2022
Hot Pursuit (2015) 5.1
Hot Pursuit (2015) ခူပါ (Cooper) ဆိုတဲ့ကောင်မလေးဟာ သူ့အဖေခြေရာနင်းပြီး ရဲအရာရှိတစ်ယောက်ဖြစ်လာခဲ့တယ်။ဒါပေမဲ့ သူကအမြဲစာအုပ်ကြီးအတိုင်း လုပ်တတ်တဲ့သူဖြစ်တာကြောင့် သူလုပ်သမျှတိုင်းက တလွဲတွေဖြစ်ကုန်ပြီး အရာရှိအလုပ်မလုပ်ရတော့ဘဲ သက်သေစစ်ဆေးရေးဌာနမှာပဲ လုပ်ရတော့တယ်။ဒါပေမဲ့ တစ်ရက်မှာ ကာတယ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဗစ်ဆန်းတစ်ကော်တက်ဇ်ကို ဖမ်းမိသွားပြီး တရားရင်ဆိုင်ဖို့ဖြစ်လာတယ်။ဒါအတွက် သက်သေခံပေးမယ့် ရီဗာလင်မယားနှစ်ယောက်ကိုရဲတွေကကာကွယ်ရင်း တရားရုံးကိုပို့ပေးဖို့ဖြစ်လာတယ်။အဲဒီတာဝန်ကို ကပ္ပတိန်ဖြစ်သူက ခူပါကိုပေးလိုက်တော့သူ့မှာရဲအရာရှိလိုပြန်လုပ်ဖို့ အခွင့်အရေးရလာတာပေါ့။တာဝန်ကတော့ မစ္စစ်ရီဗာကို တရားရုံးဆီလိုက်ပို့ပေးရုံပဲဆိုပေမဲ့ သူ့အိမ်ဆီသွားတဲ့အခါမှာ မျက်နှာဖုံးဝတ်ထားတဲ့ သေနတ်သမားတွေဝင်ပစ်လို့ ခူပါဟာမစ္စစ်ရီဗာနဲ့အတူ ထွက်ပြေးကြပြီး အမှုကိုပြေလည်အောင် ဖြေရှင်းကြရင်း သူတို့နှစ်ယောက်ရဲ့အလွဲတွေကို ဟာသလေးနှောပြီး ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…  1.57 GB /  739 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre .....  Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi
movie
Hot Pursuit (2015)
2015
It’s Kind of a Funny Story (2010) 7.1
It’s Kind of a Funny Story (2010)  2010က ထွက်ရှိခဲ့တဲ့ ဒီကားကို Ned Vizzini ရဲ့ နာမည်တူ နာမည်ကြီး စာအုပ်ကို ပြန်လည်ရိုက်ကူးထားပြီးတော့ မျက်နှာသိသရုပ်ဆောင်တွေလည်းပါ ပါတယ်။ Emma Robert, Viola Davis တို့လို နာမည်ကြီးတွေနဲ့ Zach Galifianakusတို့လို ဟာသသရုပ်ဆောင်မင်းသား Atypical Serieက ခေါင်းဆောင် မင်းသား Keir Gilchrist တို့လည်း ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ Craigဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးက တစ်ညမှာ သေကြောင်းကြံစည်မယ့်အိမ်မက်ကနေ လန့်နို့လာပြီးတော့ သူ့အိမ်နဲ့ အနီးဆုံး ဆေးရုံမှာ သွားပြီး ပြခဲ့ပါတယ်။ သူ့အကြံအစည်ကတော့ ဆေးပဲ လိုချင်တာဆိုပေမယ့် ဆရာဝန်က သူ့ကိုဆေးရုံတင်ပစ်လိုက်ပါတယ်။ ဆေးရုံရဲ့ပေါ်လစီအရ အနည်းဆုံးဆေးရုံမှာ ငါးရက်ကတော့ မဖြစ်မနေ နေရတော့မှာပါ။ အစမှာတော့ ဆေးရုံကလူတွေနဲ့ သူတို့ရဲ့ထူးထူးဆန်းဆန်းပုံတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေဖို့ ခဲယဉ်းခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ နေသားကျလာပါတယ်။ဒါ့အပြင် Bobbyလို့ခေါ်တဲ့ လူကြီးတစ်ယောက်နဲ့လည်း ...
movie
It’s Kind of a Funny Story (2010)
Peter Pan & Wendy (2023)
Peter Pan & Wendy (2023) PeterPeter Pan & Wendy (2023)ပီတာပန်က J.M.Barrie ဖန်တီးထားတဲ့ဇာတ်ကောင်လေးဖြစ်ပြီး ပြဇာတ်ကနေစပြီး ရုပ်ရှင်ပေါင်းများစွာရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ တစ်ခုမဟုတ်တစ်ခုမှာရင်းနှီးပြီးသားနေမှာပါ။ အခြေခံအားဖြင့်ဇာတ်ကားတွေမှာ ပီတာပန်က မကြီးပြင်းချင် အရွယ်မရောက်ချင်တဲ့ကောင်လေး၊ နဲဗားလန်းမှာသူ့လိုကလေးတစ်သိုက်နဲ့အတူနေတယ်။ သူ့ရန်သူကတော့ ပြောစရာမလိုပါဘူး ကပ္ပတိန်ဟုခ်ပေါ့။ သူကတစ်နေ့မှာဝင်ဒီ့ကို ကလေးငယ်တွေရဲ့မိခင်ဖြစ်ပေးဖို့လာခေါ်တယ်။ အဲ့လိုပေါ့။J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။ တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတာမျိုးမဟုတ်ပဲ ကြီးပြင်းမှုနှေးတာပါ။ အဲ့တော့ ပီတာပန်က ကြီးပြင်းတဲ့ကလေးတွေကို ပြဿနာရှာတယ်။ တစ်ခါတလေ သူ ပျင်းရင် အချင်းချင်းပြန်သတ်ကြတယ်။ ပီတာပန်က ဂျစ်တစ်တစ်ငဆိုးလေးပေါ့။ နောက်ပိုင်းမှာမှကလေးတွေကြားမှာ ပင်လယ်ဓားပြတွေရေပန်းစားလာတာကြောင့် စာရေးဆရာက ကပ္ပတိန်ဟုခ်ကိုဗီလိန်အနေနဲ့ထည့်ခဲ့တာပါ။ဒီ Peter Pan & Wendy ဇာတ်လမ်းမှာတော့ အပေါ်ကပြောခဲ့တဲ့ဇာတ်လမ်းသွားနှစ်ခုကြားမှာ မယုတ်မလွန်စည်းချထားတယ်ပြောရမယ်။ ပီတာပန့်ကို လူဆိုးဇာတ်မသွင်းသလို ဟီးရိုးအဖြစ်လဲပုံမဖော်ထားပါဘူး။ ပြီးတော့ ဝင်ဒီ။ တကယ်ဆိုပီတာပန်ဇာတ်လမ်းက အဓိကဝင်ဒီ့ရဲ့ဇာတ်လို့ပြောလို့ရတယ်။ လောကကြီးထဲကိုဝင်ရတော့မယ့် ကလေးတစ်ယောက်ရဲ့အကြောက်တရား မကြီးပြင်းချင်စိတ်တွေကနေ နဲဗားလန်းဆိုတဲ့အယူအဆကဖြစ်တည်လာတာပါပဲ။ ဒီဇာတ်လမ်းမှာ ဝင်ဒီ့ကိုလဲ တော်တော်အသားပေးထားသလို အရင်ကားတွေမှာမပါခဲ့တဲ့ ကွက်လပ်တွေကိုလဲဖြည့်ပေးထားပါသေးတယ်။ ရှေးရှေးကလက်ရာကောင်းများစွာလဲရှိတော့ အခုထွက်ရှိတဲ့ Peter Pan & Wendy ပေါ်ဝေဖန်သံ ...
movie
Peter Pan & Wendy (2023)
2023
Linoleum (2022) 6.7
Linoleum (2022) Linoleum (2022)~ IMDb - 6.7/10, RT - 80%, Meta - 80% ~အသက်၅၀ကျော်အရွယ် ကမ်မရွန်ဟာ ကလေးတွေအတွက် အာကာသသိပွံနဲ့ဆိုင်တဲ့ တီဗီ Program တင်ဆက်သူဖြစ်ပါတယ်။ သူဟာ သိပ္ပံပညာကို ရူးသွပ်ပြီး ငယ်စဉ်က အာကာသယာဉ်မှူးဖြစ်ချင်ခဲ့တာပါ။ လက်ရှိမှာတော့ နက္ခတဗေဒပညာရှင်ဘ၀နဲ့ပဲ တီဗီ Program Host လုပ်နေရတာပါ။ Program က ညသန်းခေါင်မှာလွှင့်တာဖြစ်ပြီး သိပ်မအောင်မြင်တဲ့အတွက် လွှင့်ဖို့အချိန်ကောင်းကိုလည်းမရတဲ့အပြင် တခြားလူဆီကိုပါ ပါသွားပါတယ်။ ကမ်မရွန်နေရာမှာ ၀င်လာတဲ့သူကတော့ ထူးချွန်ပြီး ဆုရထားတဲ့ အာကာသယာဉ်မှူး ကန့်ပါ။ ကန့်က ကမ်မရွန်ဖြစ်ချင်တဲ့အရာတွေကို ပိုင်ဆိုင်ထားတဲ့ အောင်မြင်တဲ့သူပါ။ အလုပ်ကအဆင်မပြေတဲ့အပြင် မိသားစုနဲ့ပါ ကတောက်ကဆတွေဖြစ်လာတော့ ကမ်မရွန်ဟာ သူ့ရဲ့လုပ်နိုင်စွမ်းကို သက်သေပြချင်ပြီး သူ့အိပ်မက်ကို အကောင်အထည်ဖော်ချင်နေခဲ့ပါတယ်။တစ်နေ့မှာ ရုရှားက ဒုံးကျည်အစိတ်အပိုင်းတစ်ခု ကမ်မရွန်တို့ခြံနောက်ကို မတော်တဆ ပျက်ကျလာတဲ့အခါ ကမ်မရွန်က ...
movie
Linoleum (2022)
2022
Collide (2022) 4
Collide (2022) Collide (2022)ဇီး x လီလီ တမီရာ x ဟန်တာ အိန်ဂျလီကာx ပီတာသူတို့သုံးတွဲလုံးက တစ်ညမှာ Collide ဆိုတဲ့စားသောက်ဆိုင်မှာရှိနေခဲ့တယ်။ ဒီသုံးတွဲက တစ်ယောက်နဲ့တစ်ယောက်လုံးဝမသိကြဘူး။ဇီး နဲ့လီလီက စားသောက်ဆိုင်မှာအလုပ်လုပ်ကြတဲ့စုံတွဲလေး။ ဇီးကတစ်နေ့မှာ ရေထဲမျောလာတဲ့ကိုကင်းထုပ်ကြီးကိုမတော်တဆရပြီးနောက်မှာ မူးယစ်ဆေးအကြောင်းလဲသိပ်နားမလည်တော့ အဲဒါတွေကိုရရာစျေးလောက်နဲ့ရောင်းပြီး သူတို့ချစ်သူနှစ်ဦးဘဝကိုအသစ်စတင်ကြမယ်ပေါ့။တမီရာကတော့ စားသောက်ဆိုင်မှာတစ်ယောက်ယောက်ကိုအကြာကြီးထိုင်စောင့်နေခဲ့တယ်။ တော်တော်ကြာမှဟန်တာကရောက်လာတယ်။ ဟန်တာနောက်ကျတာလားဆိုတော့မဟုတ်ဘူး။ တမီရာက ဟန်တာတောင်မသိခဲ့တဲ့ဟန်တာ့ကြောင့်နစ်နာခဲ့ရမှုကို အကြွေးပြန်ယူဖို့အစောကြီးရောက်လာပြီးပြင်ဆင်ထားတာရှိတယ်။အန်ဂျလီကာကတော့ အသက်၄၀ ကျော်မမကြီး။ စားသောက်ဆိုင်ကမန်နေဂျာနဲ့ဖောက်ပြန်နေတာ။ သူ့ယောကျ်ားဖြစ်တဲ့ပီတာကလဲ ဆိုင်ပြင်မှာရှိနေတယ်။ ပီတာကအရမ်းရိုးအေးသူဆိုတော့ ဖောက်ပြန်တဲ့မိန်းမကိုသူပဲကားနဲ့ဝင်တိုက်ပစ်ရမလား သူ့ကိုယ်သူပဲသတ်သေပစ်ရမလား ကားထဲမှာထိုင်ပြီးဝေခွဲမရဖြစ်နေသူ။အဲဒီလိုလုံးဝမသိကြတဲ့ စုံတွဲသုံးတွဲရဲ့ဇာတ်လမ်းတွေက Collide စားသောက်ဆိုင်မှာ အရှိန်ပြင်းပြင်းတဲ့တိုက်ခိုက်မိချိန်မှာတော့......အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre.....Thriller Quality…. 1080p | 720p | 480p File size…1.33GB | 656MB | 352MB Format… mp4 Duration….1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator .....Rashida Encoder .....August
movie
Collide (2022)
17 Again (2009) 6.4
17 Again (2009)   ဒီဇာတ်ကားလေးကိုတော့ အတော်လေးသဘောကျမိပါတယ်..ပေါ့ပေါ့ပါးပါးရိုက်ကူးထားပြီးကြည့်ရှုသူရဲ့ ရင်ထဲမှာလည်း စိတ်လက်ပေါ့ပါးသွားစေမယ့်ဇာတ်ကားမျိုးလေးပါ..တစ်နေ့တာအတွက်စိတ်ပင်ပန်းသူတွေ စိတ်အပန်းဖြေ အပျင်းပြေ ကြည့်ဖို့အတွက် အထူးသင့်တော်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်...မင်းသား Zac Efron နဲ့ Friends စီးရီးထဲက ချန်ဒလာဘင်း တဖြစ်လဲ Matthew Perry , Eurotrip မင်းသမီး Michelle Trachtenberg,The Other Woman မင်းသမီး Leslie Mann တို့ပါဝင်သရုပ်ဆောင်ထားပြီး...IMDb Rating မှာ 6.4 ရရှိထားတဲ့ Comedy, Drama, Fantasy အမျိုးအစားဇာတ်ကားလေးပါ။ဇာတ်လမ်းလေးကစိတ်ဝင်စားဖို့ကောင်းပါတယ်...ပထမဆုံးဇာတ်လမ်းစစချင်းမှာ မိုက်ခ် က ဘတ်စကတ်ဘောကစားသမားတစ်ယောက်ပေါ့ အဲဒီ့ အားကစားမှာသူဟာထူးလည်းထူးချွန်တယ်..ဝါသနာလည်းအရမ်းပါတယ်..သူတို့ကျောင်းပွဲတစ်ပွဲက ကစားရမယ့်ပွဲက သူ့ရဲ့အနာဂတ်အတွက်ပေါ့..ဖြစ်ချင်တဲ့အဲ့နေ့ ကစားတဲ့ပွဲမစခင်လေးမှာ သူ့ချစ်သူ စတားလက် ရောက်လာပါတယ်..အဝေးကိုထွက်သွားရတော့မယ့်အကြောင်းပြောတယ်..မိုက်ခ်မှာလည်း သူ့ရဲ့အရမ်းဝါသနာပါတဲ့အားကစားနဲ့သူချစ်ရတဲ့ချစ်သူကို ရွေးချယ်ရမယ့်အချိန်မှာတော့ စတားလက် ကိုသာ ရွေးချယ်ခဲ့ပါတယ်.....နှစ်ပေါင်း 20 ကြာပြီးတဲ့နောက်မှာတော့ မိုက်ခ်တစ်ယောက် အလုပ်တွေကအဆင်မပြေ.. ဇနီးဖြစ်သူနဲ့လည်းအဆင်တော့ပါဘူး..စတားလက်ကလည်း တရားရုံးကနေ တဆင့်ကွာရှင်းခွင့်တောင်းထားသလို မိုက်ခ်ကလည်း သားသမီးတွေနဲ့ နွေးထွေးတဲ့ဆက်ဆံမှုမျိုးသိပ်မရှိဘူး...တစ်နေ့သူ့သားနဲ့သမီးတက်နေတဲ့ ကျောင်းကိုရောက်သွားတော့ ဟိုးအရင်လူငယ်ဘဝတုန်းက အဲ့ကျောင်းမှာ ဘတ်စကတ်ဘောကစားခါနီး ရိုက်ထားခဲ့တဲ့သူ့ပုံကိုပြန်လည်တွေ့သွားတော့ မိုက်ခ်တစ်ယောက်အတိတ်ကို လွမ်းဆွတ်ဟန်နဲ့ပြန်စဉ်းစား မိသွားတယ်..သူ့စိတ်ထဲမှာတွေးနေခဲ့တဲ့အရာတခုက အဲ့အချိန်တုန်းက သူက ...
movie
17 Again (2009)
Hotel Transylvania: Transformania (2022) 6.7
Hotel Transylvania: Transformania (2022) အားလုံးချစ်တဲ့ ပါပါ ဒရက်ကူလာတို့ ပြန်လာပါပြီ။ ဒီတစ်ခေါက်တော့ ဒရက်ကူလာဟာ အနားယူပြီး သူ့ဟိုတယ်ကို သူ့သမီး မေးဗစ် နဲ့ သားမက် ဂျွန်နီကို လွှဲပေးခဲ့ချင်ပေမဲ့ ဂျွန်နီရဲ့ ပေါက်ကရ စိတ်ကူးတွေကို ကြောက်တာကြောင့် ဟိုတယ်ကို မွန်းစတားမဟုတ်တဲ့ လူသားတွေ ဆက်ခံခွင့်မရှိဘူးဆိုပြီး လိမ်ပြောလိုက်ပါတယ်။ အဲဒါကြောင့် ဂျွန်နီဟာ ဗန်ဟဲဆင်းရဲ့ အကူအညီနဲ့ မွန်းစတားအဖြစ် ပြောင်းလဲလိုက်ပေမဲ့ တလွဲတွေဖြစ်ပြီး ဒရက်ကူလာနဲ့ မိတ်ဆွေတွေပါ မတော်တဆ လူသားတွေ ဖြစ်ကုန်ပါတယ်။ ဒါကြောင့် အရင်အတိုင်းပြန်ဖြစ်အောင်လုပ်ပေးနိုင်မယ့် အရာကို ရှာဖို့ လူသားဒရက်ကူလာ နဲ့ မွန်းစတား ဂျွန်နီတို့တွေ ဘယ်လိုစွန့်စားခန်း‌တွေ ဖွင့်ကြမလဲဆိုတာFile size…1.6 GB / 823 MB Quality….Webrip 1080p / 720p  Format…mp4 Duration….01:038:00 Genre...Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….LK , Mr.Anderson Translated by ...
movie
Hotel Transylvania: Transformania (2022)
Luca 2021 + Ciao Alberto (2021) 8
Luca 2021 + Ciao Alberto (2021) ဒစ်စနေးနဲ့ ပစ်စာ တို့ ပူးပေါင်းတင်ဆက်လိုက်တဲ့ အနီမေးရှင်း လှလှလေး တစ်ကားလာပါပြီ။ ဇာတ်လမ်းလေးကလည်း ကောင်းပါတယ်။ အီတလီအခြေခံ ကာတွန်းလေးဖြစ်လို့ အီတလီ စကားလေးတွေ ညှပ်ပြောတာ၊ အီတလီနာမည်တွေ၊ အစားအသောက်တွေ ပါတာများပါတယ်။လူကာဆိုတဲ့ ကောင်လေးဟာ လူတွေက ပင်လယ်မိစ္ဆာလို့ခေါ်ကြတဲ့ ရေအောက်မှာ နေထိုင်တဲ့ ရေသူမျိုးနွယ်ကောင်လေးတစ်ောယက်ပဲ ဖြစ်ပါတယ်။ ရေထဲက လူကာတို့ မျိုးနွယ်တွေကလည်း လူတွေကို ကုန်းမိစ္ဆာဆိုပြီး ကြောက်ကြတာပါပဲ။ အပြန်အလှန်ပေါ့။ ဒီတော့ ကုန်းပေါ်ကိုမတက်ဖို့အသည်းအသန်တားမြစ်ထားတာပါ။ဒါပေမယ့် တစ်နေ့မှာတော့ ရေအောက်မျိုးနွယ်ကောင်လေးတစ်ယောက်နဲ့ အတူ ကုန်းပေါ်ကို ခိုးတက်သွားမိတယ်။ အဲဒီကုန်းပေါ်ကနေ ကမ္ဘာကြီးအနှံ့ကို ပတ်သွားချင်စိတ်ဖြစ်လာပြီး ဗက်စ်ပါဆိုတဲ့ ဆိုင်ကယ်လေးကို ပိုင်ဆိုင်ဖို့ကြိုးစားကြတာပေါ့။ ဒါပေမယ့် သူတို့မှာ ငွေမရှိတဲ့အတွက် တစ်ခုတည်းသော နည်းလမ်းက အဲဒီမြို့လေးရဲ့ သုံးဆင့်ပြိုင်ပွဲဖြစ်တဲ့ ပက်စတာ အစားပြိုင်ပွဲ၊ ရေကူး၊ စက်ဘီးစီးပြိုင်ပွဲမှာ နိုင်အောင်ဝင်ပြိုင်ဖို့ ကြိုးစားရပါတော့တယ်။သူတို့ ၂ ယောက်နဲ့အတူ မြို့ထဲက တံငါသည်ကြီးရဲ့ သမီးလေး ဂျူလီယာကပါ အတူပါဝင်ကြိုးစားကြတဲ့အခါ ဘာတွေဆက်ဖြစ်လာလဲဆိုတဲ့ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးကိုကြည့်လိုက်ပါဦး။ File size…(3.7 GB)/(1.7 GB) /(1 ...
movie
Luca 2021 + Ciao Alberto (2021)
4K HEVC
Experimenter (2015) 6.6
Experimenter (2015) Experimenter (2015)ဒီကားကတော့ နိုင်ငံရေးနဲ့ နှီးနွယ်တဲ့ စိတ်ပညာကို လေ့လာချင်တဲ့လူတွေ စိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ကားပါပဲ။တကယ့်အဖြစ်အပျက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။လူမှု စိတ်ပညာရှင် စတန်လေ မီလ်ဂရမ် ရဲ့ ၁၉၆၁ မီလ်ဂရမ် စမ်းသပ်ချက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီစမ်းသပ်ချက်ကတော့ လူတွေရဲ့နာခံမှု(Obedience) ကို စမ်းသပ်ချက်ပဲ ဖြစ်ပါတယ်။ လူစိမ်းနှစ်ယောက်ကို ခေါ်ပြီး တစ်ဘက်က သင်ယူသူ တစ်ဘက်က သင်ကြားသူအနေနဲ့ ထားပြီးတော့ မှားရင် လျှပ်စစ်ရှော့တိုက်တဲ့နည်းနဲ့ နာခံမှု ဘယ်လောက်ရှိတယ်ဆိုတာကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ Obedience ကို သိပ္ပံနည်းကျကျ အချက်အလက်တွေနဲ့ လေ့လာကြည့်ရအောင်။ ကောင်းတာတစ်ခုကတော့ ဒါက ဇာတ်လမ်းသဘောဖြစ်နေတဲ့အတွက် လုံးဝ ပျင်းအိုင်သွားခြင်း မရှိတာပါပဲ။မီလ်ဂရမ် ဟာ အခြားစမ်းသပ်ချက်တွေဖြစ်တဲ့ Small World Experiment နဲ့ Lost letter experiment တို့ကိုလည်း လုပ်ခဲ့ပါသေးတယ်။"ကျွန်တော်တို့က ...
movie
Experimenter (2015)
2015
Being Frank (2018) 6.0
Being Frank (2018) [Unicode]Jim Gaffigan လို့ပြောလိုက်တာနဲ့ ဟာသကားကြိုက်တတ်သူတွေအဖို့တော့ စိမ်းလှမယ်မထင်ပါဘူး။မင်းသားကြီးဟာ ဟာသကားပေါင်းများစွာမှာ ဇာတ်ကောင်အမျိုးမျိုးအဖြစ် ပိုင်ပိုင်နိုင်နိုင် ပါဝင်သရုပ်ဆောင်ပြီးတဲ့နောက်မှာ အခုလည်း ၂၀၁၈ထွက် being frank ဆိုတဲ့ဟာသကားလေးမှာ frank နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပြန်ပါတယ်။ဇာတ်လမ်းလေးကတော့ အသက် ၁၇နှစ်အရွယ်သာရှိသေးတဲ့ ဖီးလစ်ဟာ နေရာတကာ ကလေးတစ်ယောက်လို ဆက်ဆံလွန်းတဲ့ ဖခင်ဖြစ်သူ ဖရန့်ခ်နဲ့ မတည့်လှပါဘူး။အမြဲတမ်း မိသားစုထက် အလုပ်ကိစ္စကိုသာ ဦးစားပေးလေ့ရှိပြီး အလုပ်ကိစ္စနဲ့သာ ခရီးခဏခဏ ထွက်နေရတဲ့ ဖရန့်ခ်ကို သားသမီးအကြောင်း ဘာမှမသိသူတစ်ယောက်အဖြစ်နဲ့ ဖီးလစ်က သတ်မှတ်ထားတာဖြစ်တယ်။ဒါပေမယ့် တစ်နေ့နွေရာသီ အားလပ်ရက်တစ်ခုမှာ ဖီးလစ်ဟာ သူ့ဘဝတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမယ့် လျှို့ဝှက်ချက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိပြီးတဲ့နောက် သူဘာဆက်လုပ်မလဲ?ဖရန့်ခ်ကရော အိမ်မှာ အမြဲလိုလိုမရှိတတ်တာ အလုပ်ကိစ္စနဲ့ ခရီးသွားတာကြောင့်ဆိုတာ သေချာရဲ့လား?ဖရန့်ခ်နေရာမှာတော့ မင်းသားကြီး Jim Gaffigan က ပါဝင်သရုပ်ဆောင်ထားပြီး ဖီးလစ်နေရာမှာတော့ I'm in the band ထဲက မင်းသား ...
movie
Being Frank (2018)
Tesla (2020) 5.2
Tesla (2020) ဒီရုပ်ရှင်အကြောင်းကိုမပြောခင်မှာ Teslaဆိုတာဘယ်သူလဲဆိုတာကိုပြောချင်ပါတယ်။တောမတ်စ်အယ်ဗာအယ်ဒီဆင်လို့ပြောလိုက်ရင် ကမ္ဘာအနှံ့ကလူတိုင်းကလေးကအစခွေးအဆုံးသိပြီး သမိုင်းမှာရော ကျောင်းသင်ခန်းစာတွေမှာပါတခမ်းတနားနဲ့အလေးပေးဖော်ပြခံရတဲ့ ၁၉ရာစုရဲ့တီထွင်သူကြီးပေါ့။နီကိုလာတက်စ်လာကတော့ အယ်ဒီဆင်နဲ့ခေတ်ပြိုင်ပြောင်မြောက်လှတဲ့လျှပ်စစ်ဆိုင်ရာတီထွင်မှုတွေလုပ်ခဲ့ပြီး အိုင်းစတိုင်းကတောင်သူ့ထက်တော်တယ်လို အသိမှတ်ပြုပြီးလေးစားရတဲ့ ဉာဏ်ကြီးရှင်တီထွင်သူတစ်ယောက်ပါ။ဒါပေမယ့် ဒီနေ့ခေတ်မှာ သူ့ကိုမသိတဲ့သူအများအပြားပါပဲ။AC Vs DCဆိုတာ Tesla Vs Edisonပါပဲ။ကနဦးမှာ တက်စ်လာဟာ အယ်ဒီဆင်ရဲ့အလုပ်မှာ လုပ်ခလေးနည်းနည်းနဲ့အလုပ်လုပ်ခဲ့တယ်။သူကြံဆတဲ့ Alternating currentကို အယ်ဒီဆင်က စိတ်မဝင်စားတဲ့အပြင်ACဟာလက်တွေ့မကျဘူး အန္တရာယ်များတယ်လို့ပြောခဲ့တယ်။DC generation plantsတွေကိုတိုးတက်အောင်လုပ်ပေးနိုင်ရင်ဒေါ်လာငါးသောင်းပေးမယ်ဆိုပြီး လောင်းကြေးထပ်ခဲ့ပေမယ့်တကယ်ဖြစ်လာတဲ့အခါ အယ်ဒီဆင်က'မင်းက ငါတို့အမေရိကန်တွေနောက်ပြောင်တာကိုနားမလည်ဘူးပဲ'ဆိုပြီးလျှော်သွားတဲ့အတွက် တက်စ်လာဟာ အလုပ်ထွက်ပြီး ကိုယ်ပိုင်ACကုမ္ပဏီထောင်ခဲ့ပါတယ်။နောက်ပိုင်းလျှပ်စစ်ဖြန့်ဖြူးရာမှာ ACက DC (Direct Current)ထက်အကျိုးများလာတဲ့အခါအယ်ဒီဆင်ဘက်က AC currentကြိုးကိုဆင်မှာပတ်ပြီးသေစေတဲ့အကွက်‌တွေထိပါသုံးပြီး ACကိုတိုက်ခိုက်ခဲ့တယ်။ဒါပေမယ့် နိုင်ရာဂါရာရေတံခွန်ကိုအခြေခံပြီး ACရေအားလျှပ်စစ်သုံးစက်ရုံကိုတည်ဆောက်နိုင်ပြီး‌ အောင်မြင်တဲ့အတွက် ကမ္ဘာတစ်ဝှမ်းက ...
movie
Tesla (2020)
Target Number One 6.2
Target Number One ဒီဇာတ်လမ်းကတော့ ၁၉၈၉ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်ကားပါ။ Most Wanted ဆိုတဲ့ အမည်ခွဲလည်း ပေးထားပါသေးတယ်။ ထိုင်းနိုင်ငံမှာ ဘိန်းမှောင်ခိုမှုနဲ့ အဖမ်းခံခဲ့ရတဲ့ ကနေဒါ နိုင်ငံသားတစ်ယောက်ကို ကယ်တင်ခဲ့တဲ့ ကနေဒါနိုင်ငံက ဂျာနယ်လစ်တစ်ယောက်ရဲ့ကြိုးပမ်းမှုကို တင်ဆက်ထားတာပါ။ အကျင့်ပျက် ခြစားတဲ့ ရဲတချို့ရဲ့ လုပ်ရပ်ကြောင့် သာမန်ပြည်သူတစ်ယောက် ဒုက္ခရောက်ခဲ့ရတဲ့အကြောင်းပါ။ မီဒီယာရဲ့အခန်းကဏ္ဍက ပြည်သူတွေအပေါ်မှာ ဘယ်လောက်အရေးပါတယ်ဆိုတာကို ရိုက်ပြထားတာပါ။ အတ္ထုပ္ပတ္တိကို တင်ပြထားတာဆိုပေမယ့် ဇာတ်လမ်းက လုံးဝကို ပျင်းစရာကောင်းမနေခဲ့ပါဘူး။ ကြည့်ရင်းကြည့်ရင်းနဲ့ ဘာဖြစ်လာမလဲဆိုပြီး စိတ်ဝင်တစားနဲ့ ကြည့်ရှုရမယ် ဇာတ်ကားကောင်းတစ်ကားပါ IMDb - 6.2/10 ရထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။   File Size - 1.3 gb Quality - web-dl 1080p Subtitle - burmese Translator - August Encoder - Thit San Khant
movie
Target Number One
2020
Light from Light(2019) 6.0
movie
Light from Light(2019)
Troop Zero (2019) 7.0
Troop Zero (2019) unicodeမိတဆိုးလေး Christmas ဟာ အာကာသအကြောင်းဂြိုဟ်သားအကြောင်းတွေ အလွန်စိတ်ဝင်စားတဲ့သူတစ်ယောက်ပါ။သူက ရေဒီယိုလေးတစ်လုံးနဲ့ ဂြိုဟ်သားတွေဆီအမြဲတမ်း အဆက်အသွယ်လုပ်ဖို့ ကြိုးစားနေတတ်တယ်။ကျောင်းမှာတော့ သူ့ကို အိပ်ယာထဲသေးပေါက်ချတတ်တယ်ဆိုပြီးကျောင်းသူကျောင်းသားတွေက အမြဲနောက်ပြောင်ကြတယ်။တစ်နေ့ NASA အဖွဲ့ဝင်တစ်ယောက် သူတို့ကျောင်းဆီရောက်လာပြီး ပွဲတော်မှာအနိုင်ရမယ့်အဖွဲ့ကို ဂြိုဟ်သားတွေဆီစာပို့နိုင်ဖို့ ဆုချမယ်လို့ ကြေညာလိုက်တယ်။Christmas လေးက အရမ်းစိတ်ဝင်စားသွားပြီး ပွဲတော်မှာအနိုင်ရဖို့အတွက် ကြိုးစားချင်လာတော့တယ်။ဒါပေမဲ့ ကျောင်းသူအဖွဲ့က သူ့ကို လက်မခံကြတဲ့အခါသူ့ကိုယ်ပိုင်အဖွဲ့တစ်ဖွဲ့ ဖွဲ့ဖို့ကြိုးစားရတော့တယ်။ဒီဇာတ်ကားလေးက ၁၉၇၀ ခုနှစ်တွေဆီ အခြေခံပြီး ဇာတ်အိမ်တည်ထားတဲ့Comedy-Drama ဇာတ်လမ်းလေးပါ။အရမ်းလည်း Motivation ရစေမယ့် ဇာတ်ကားတစ်ကားဆိုရင် မှားမယ်မထင်ပါဘူး။File Size : ( 904 MB , 292 MB ) Quality : WEB-DL 720p Running Time : 1 hr 34 min Format : Mp4 Genre : Comedy , Drama ...
movie
Troop Zero (2019)
Playmobil: The Movie (2019) 4.6
Playmobil: The Movie (2019) ကာတွန်းကားလေးတွေကိုကြိုက်နှစ်သက်သူများအတွက်ပေါ့ပေါ့ပါးပါးကာတွန်းကားလေးပါ။Anya Taylor-Joyအပြင် အသံသရုပ်ဆောင်တွေအနေနဲ့Daniel Radcliffe, Adam Lambert နဲ့ Meghan Trainorတို့ကပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းလေးကတော့ မာလာဆိုတဲ့ကောင်မလေးကငယ်စဉ်ကသူ့မောင်လေးနဲ့အတူ ခရီးတွေထွက်ပြီးစွန့်စားခန်းတွေဖွင့်ချင်ခဲ့ပေမယ့်မိဘတွေသေဆုံးသွားတဲ့အတွက်ကြောင့်လက်တွေ့ဘဝထဲမှာပဲကျင်လည်နေရပါတယ်။တစ်နေ့မှာတော့ အပြင်ထွက်သွားတဲ့သူ့မောင်လေးနောက်လိုက်ရင်းနဲ့သူတို့မောင်နှမ Playmobilကမ္ဘာထဲရောက်သွားပြီးရုပ်လေးတွေဖြစ်သွားပါတယ်။Vikingဖြစ်သွားတဲ့သူ့မောင်လေးဖမ်းဆီးခံလိုက်ရတဲ့နောက်မှာတော့မာလာတစ်ယောက်စွန့်စားခန်းတွေဖွင့်ရင်းလိုက်လံကယ်ဆယ်ရပါတော့တယ်။ဇာတ်လမ်းကခမ်းခမ်းနားနားကြီးမဟုတ်ပေမယ့်ပေါ့ပေါ့ပါးပါးနဲ့ချစ်စရာ‌ကောင်းတဲ့ ကာတွန်းကားလေးပါ။ File Size : ( 928 MB , 347 MB )Quality :  Web-DL 720pRunning Time : 1 hr 39 minFormat : Mp4Genre :  Animation , Adventure , ComedySubtitle : Myanmar Subtitle (Hard Sub) ...
movie
Playmobil: The Movie (2019)
2019
Them That Follow (2019) 5.4
Them That Follow (2019) Drama/Thriller ကားတစ်ကားပါ။ဝေးလံခေါင်ပါးတဲ့ တောင်ပေါ်ဒေသလေးတစ်ခုမှာပေါ့အရမ်းဘာသာရေးကိုယုံကြည်အစွန်းရောက်နေတဲ့သူတွေနေကြတာပေါ့။ဘယ်လိုမျိုးလဲဆိုရင် သူတို့ဘုရားကျောင်းမှာနှစ်ခြင်းဖျန်းခြင်းတွေလုပ်တာမျိုးမဟုတ်ဘဲမြွေတွေကိုလည်ပင်းမှာပတ်ခိုင်းပြီးဘုရားသခင်အပေါ်ယုံကြည်မှုကိုစမ်းသပ်တာပေါ့။မြွေကလည်းရိုးရိုးမြွေမဟုတ်ဘဲအဆိပ်အင်မတန်ပြင်းလှပါတယ်ဆိုတဲ့ ခလောက်မြွေတွေပေါ့။(မြွေကိုသုံးရတဲ့အကြောင်းအရင်းကစေတန်ကအိဗ်ကိုပန်းသီးစားဖို့ မြူဆွယ်တုန်းကမြွေယောင်ဆောင်ခဲ့လို့ဒါကိုစမ်းသပ်ချက်တစ်ခုအဖြစ်လုပ်ဆောင်တာလို့ ကျွန်မယူဆမိပါတယ်။)အဲ့လိုမျိုးတင်းကြပ်တဲ့ဒေသမှာ သင်းအုပ်ဆရာရဲ့သမီးမှာစစ်စတာတစ်ယောက်ရဲ့သားနဲ့ရတဲ့ကိုယ်ဝန်ရှိလာပါလေရော။စစ်စတာရဲ့သားက အဲ့တောင်ပေါ်မှာဘာသာရေးကိုမယုံကြည်တဲ့တစ်ယောက်တည်းသောသူ။ဒါနဲ့ကောင်မလေးက သူတို့နှစ်ယောက်မဖြစ်နိုင်ဘူးဆိုတာလည်းသိပြန်၊သူ့ကိုကြွေနေပြီး သူ့အဖေကလည်းသဘောတူထားတဲ့ကောင်ကလည်းရှိ‌ဆိုတော့အဲ့ကောင်ကိုပဲ ဂျိုတပ်ဖို့လုပ်တာပေါ့။ဒါပေမယ့် အဲ့အကြောင်းကို စစ်စတာသိသွားပြီးသူ့သားကိုပြောလိုက်တဲ့အခါမှာတော့ဘာသာရေးကိစ္စတွေပါရောထွေးပြီး ဗြောင်းဆန်ကုန်တော့တာပါပဲ။အစပိုင်းမှာပျင်းစရာကောင်းပေမယ့်နောက်ကြအရှိန်တက်လာပါတယ်။ ခံစားကြည့်ရှုလိုက်ပါအုံး။ File Size : ( 918 MB , 341 MB)Quality :  WEB-DL 720pRunning Time : 1 hr 38 minFormat : Mp4Genre : ...
movie
Them That Follow (2019)
2019
The Day Shall Come(2019) 5.5
movie
The Day Shall Come(2019)
2019
Drunk Parents (2019) 6.4
Drunk Parents (2019) ဒီရုပ်ရှင်ကား ဟာ ဟာသ ကားလို့ ပြောလို့ရသလို မိသားစု အဓိပါယ်ကို ဖော်ဆောင်တဲ့ ရုပ်ရှင်ကားမျိုးလဲ ဖြစ်ပါတယ်... ဖရန့် နဲ့ နန်စီ မှာ သမီးလေး တစ်ယောက်ရှိပြီး သူတို့ သမီးလေး အထက်တန်းအောင်ပြီး သက္ကသိုလ် တက်ဖို့ အဆောင်မှာထားခဲ့ပြီး အိမ်ပြန်လာတဲ့ အခြေအနေကနေ ဇတ်လမ်းကို စတင်ထားပါတယ်... ဖြစ်ချင်တော့ ဖရန့် ဟာ စီးပွားပျက်နေတဲ့ သူတစ်ယောက်ဖြစ်ပြီး သမီးလေး စိတ်အားငယ်မှာဆိုးလို့ ဖွင့်မပြောပဲ ကျောင်းလခ အတွက် လင်မယား ၂ ယောက် ပိုက်ဆံ ကြံဖန်ရှာဖွေ ပေးပြီး ကျောင်းထားပေးခဲ့တာပါ အိမ်ပြန်ရောက်လာတဲ့ လင်မယား ၂ ယောက်မှာတော့ အကြွေးတွေ လည်ပင်းနစ်နေပြီမို့ ပိုက်ဆံ ရှာဖွေဖို့ အချိန်ကတော့ တစ်ပတ်ပဲ ရပါတော့တယ်... အဲ့ဒီ တစ်ပတ် ဆိုတဲ့ အချိန်အတွင်း ဒီလင်မယား ၂ ယောက် ဘယ်လိုတွေ ကြိုးစားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး ရုပ်ရှင်ကားကို ညို့မျက်ဝန်း က ဘာသာပြန်ပေးထားပြီး Thit San Khant မှ အညွှန်းရေးပေးထားပါတယ်
movie
Drunk Parents (2019)
2019
Hotel Transylvania 3: Summer Vacation (2018) Blu-Ray 1080p 5.1 CH x264 6.3
Hotel Transylvania 3: Summer Vacation (2018) Blu-Ray 1080p 5.1 CH x264 Blu-Ray 1080p 5.1 CH x264 Hotel Transylvania 3: Summer Vacation (2018) IMDb - 6.3/10_____Rotten - 62%   သွေးစုပ်ဖုတ်ကောင်ကြီး ဒရက်ကူလာခေါ် ဒရက်ဟာ မုဆိုးဖို ဖြစ်ပြီး နောက်ပိုင်းမှာ အထီးကျန်  ဝေဒနာ ခံစားနေရတာကြောင့် သူ့ သမီးမေးဗစ္စက သူ့အတွက် ချစ်သူအသစ် ရှာပေးရင်း ပင်လယ်ကူး အပျော်စီးသင်္ဘောကြီးနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ပေးပါတယ်။ဒရက်၊မေးဗစ္စနဲ့ သူမခင်ပွန်းဂျော်နီတို့ ဦးဆောင်ပြီး ဒရက်မိသားစုပိုင် ဟိုတယ်မှာ လာတည်းတဲ့ ဧည့်သည်တွေအားလုံး ဂယ်လက်ဇီသင်္ဘောကြီးနဲ့ ခရီးထွက်ကြတော့  ချောမောလှပတဲ့ လူသားရေယာဉ်မှူး အဲရစ်ကာကို ဒရက်က မြင်မြင်ချင်း ချစ်မိသွားတယ်။ဒရက်အလစ်မှာ  အဲရစ်ကာက သင်္ဘောအောက်ထပ်မှ ာ ပုန်းပြီး လိုက်ပါလာတဲ့ သူမအဘိုး ဗင်ဟဲလ်ဆင်းနဲ့ သွားတွေ့တယ်။ဗင်ဟာ သွေးစုပ်ဖုတ်ကောင်နဲ့ တ ခြား ကြောက်စရာ သတ္တဝါကောင်တွေ အားလုံးကို မျိုးဖြုတ်သုတ် ...
movie
Hotel Transylvania 3: Summer Vacation (2018) Blu-Ray 1080p 5.1 CH x264
2018