Channel Myanmar

Jim Knobeloch

Ricky Stanicky (2024) 6.2
Ricky Stanicky (2024)  ယခုတင်ဆက်ပေမယ့်ဇာတ်ကားလေးကတော့မကြာသေးခင်ကမှ အသစ်ဆက်ဆက်ထွက်ရှိလာတဲ့Comedy ဇာတ်မြူးလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာPeacemaker ဇာတ်ရုပ်နဲ့လူသိများကြတဲ့ John Cena ကအဓိကသရုပ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးထားတာပါ။ဒါ့အပြင် High School Musical / The Greatest showmanတို့နဲ့လူသိများတဲ့ မင်းသားချော Zac Efron လည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်း ***************ဒင်း၊ ဝက်စ်နဲ့ ဂျေတီလို့ခေါ်တဲ့ ကလေးသုံးယောက်ဟာHalloween ညတစ်ခုမှာ လူမရှိတဲ့အိမ်တစ်လုံးကိုမတော်တဆ မီးရှို့လိုက်မိကြပါတယ်။ ဒီကိစ္စကို အပြစ်လွှဲချဖို့အတွက် ရစ်ကီ စတန်နစ်ကီဆိုတဲ့ စိတ်ကူးယဉ်သူငယ်ချင်းတစ်ယောက်ကို သုံးယောက်ပေါင်းပြီးလုပ်ကြံဖန်တီးခဲ့ကြပါတယ်။ အဲ့နောက်ပိုင်းကနေစပြီးသူတို့တွေအသက်တွေကြီးလာကြတဲ့အထိ ကိစ္စတစ်ခုခုရှိတိုင်း ရစ်ကီစတန်နစ်ကီဆိုတဲ့ သူငယ်ချင်းကို လွှဲချခေါင်းစဉ်တပ်တာမျိုးက အကျင့်လိုဖြစ်လာကြပါတယ်။တစ်နေ့မှာတော့ ဘယ်လိုမှရှောင်လွှဲလို့မရတော့တဲ့အကြောင်းအရင်းတစ်ခုကြောင့် ရစ်ကီစတန်နစ်ကီကိုမိသားစုမိတ်ဆွေတွေရှေ့ လူလုံးပြကြရဖို့အကြောင်းဖန်လာပါတော့တယ်။ အဲ့လိုအချိန် သူတို့နဲ့ ဘားတစ်ခုမှာမထင်မှတ်ပဲ ဆုံဖြစ်ခဲ့တဲ့ အပေါစားသရုပ်ဆောင် ရော့ဒ်(John Cena) ကို ရစ်ကီစတန်နစ်ကီအဖြစ် တစ်ပွဲထိုးသရုပ်ဆောင်ဖို့ ငှားရမ်းခဲ့ကြရာကနေ ပိုကြီးတဲ့ပြဿနာတွေအစပြုလာခဲ့ပါတော့တယ်။ဒီဇာတ်ကားဟာ Comedy/ Fantasy genre ဖြစ်တဲ့အလျှောက်ဟာသလေးတွေအဆဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှmဖြစ်တဲ့အတွက် ညစ်ညူးနေတဲ့စိတ်တွေကို ခဏတာအပန်းပြေသွားစေမှာပါလို့ ...
movie

Ricky Stanicky (2024)

King Kong (2005) 7.2
King Kong (2005) King Kong (2005)~ IMDb - 7.2/10, Rotten Tomatoes - 84% ~Directed By "Peter Jackson"" It was Beauty killed the Beast. "ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက် ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက်မမည်တဲ့။ အဲဒီခေတ်က နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အင်ပါယာစတိတ်ပေါ် တက်ကြဲခဲ့တဲ့ အသိဉာဏ်အရှိဆုံး တိရိစ္ဆာန်ဘဝကနေ အမိုက်မဲဆုံးကောင်ဖြစ်သွားတဲ့ ကင်းကောင်ကြီးကို မသိတဲ့သူလည်းမရှိလောက်ဘူး။ အသိဉာဏ်ရှိနေလို့ပဲ အရူးမိုက်ဆုံးဖြစ်ခဲ့သလား မသိနိုင်ပေမဲ့ ထင်သာမြင်သာအရှိဆုံး အဆောက်အဦးပေါ်တက် ကျည်ချက်ပေါင်းများစွာခံရင်း ၁၀၂ထပ်အမြင့်ကနေ ထိုးဆင်းသွားခဲ့တယ်။နယူးယောက်ရဲ့ကြမ်းပြင်မှာ အသက်မဲ့နေတဲ့ ကင်းကောင်ကြီးကို ကြည့်ပြီး "ဘာလို့ ဒီကောင် ဟိုးထိပ်ထိတက်ပြီး ချောင်ပိတ်မိခံလိုက်တာလဲ သူ့အန္တရာယ်သူမသိဘဲတော့မနေလောက်ဘူး" လို့ လူတစ်ယောက်က ပြောတယ်။ ဘေးကလူရဲ့အဖြေကတော့ "ဦးနှောက်မရှိတဲ့တိရိစ္ဆာန်ကြီးပဲကိုကွာ ဘာသိမှာလဲ" တဲ့။ ...
movie

King Kong (2005)

2005
4K HEVC
Iron Sky (2012) 5.9
Iron Sky (2012)  ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ နာဇီတချို့ဟာလရဲ့အမှောင်ခြမ်းမှာ ခံတပ်တခုသွားတည်ဆောက်ပြီးဟီလီယမ်-၃ ဓာတ်ငွေ့တွေကို တူးဖော်ရင်း နှစ် ၇၀ ကျော်ပုန်းအောင်းနေခဲ့ပါတယ်။ တနေ့မှာအမေရိကန်သမ္မတရဲ့ရွေးကောက်ပွဲ ပရိုမိုရှင်းတဖြစ်လဲ လဆင်းသက်ရေးယာဉ်တစီးက သူတို့စခန်းကို မတော်တဆတွေ့သွားတဲ့အခါမှာတော့ကမ္ဘာကြီးကို နာဇီတို့ရဲ့စစ်လက်နက်အသစ် ဂိုတာဒန်မယ်ယာဉ်ကြီးနဲ့အတူတူ ပြန်လည်ဆင်းသက်ပြီး ဂျာမန်စတုတ္ထအင်ပါယာကြီးရဲ့ကျူးကျော်စစ်စဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီဇာတ်ကားမှာ Marvel နဲ့ Disney တို့မတိုင်ခင်သူ့ခေတ်သူ့အခါရဲ့ ကွန်ပျူတာပြုလုပ်ချက် တွေအနေနဲ့အတော်လေးကောင်းမွန်သလို နိုင်ငံကြီးတွေရဲ့အကြောင်းမသိမသာ လှော်ထားတဲ့ဟာသတွေ နာဇီတွေနဲ့ပန်းကန်ပြားပျံသီအိုရီတွေ စသဖြင့်တွေ့ကြရမှာဖြစ်လို့ CMပရိတ်သတ်ကြီးကရှုစားအားပေးကြပါဦး...... File size…1.48GB / 656MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ..... Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Iron Sky (2012)

Predestination (2014) 7.5
Predestination (2014) Predestination (2014) IMDb - 7.5/10_____Rotten - 83% ## Bluray 1080p & 720p updated ##    ရုပ်ရှင်သမိုင်းတွင် အထူးခြားဆုံး ဇာတ်ကားတစ်ကားပါ။ ဘာကြောင့်ထူးခြားတယ်ဆိုတာ ကြည့်ဖူးသူတိုင်းသိကြပါလိမ့်မယ်။ ကျွန်တော်ဘာကြောင့်ဆိုတာ မပြောလိုပါ။ ဒီဇာတ်ကားအကြောင်း မသိလေ ပိုကောင်းလေပါပဲ။ ထိုမှသာ ဒီကားဘာကြောင့် ဘယ်လို ကောင်းတယ်ဆိုတာကို မျက်မြင်ကိုယ်တွေ့သက်သေထူနိုင်မှာ ဖြစ်သောကြောင့်ပင်ဖြစ်ပါတယ်။ ကျွန်တော် ဦးနှောက်ကို စဉ်းစားစရာ အတွေးတွေနဲ့ အလုပ်လုပ်စေခဲ့ပြီး တစ်ချိန်တည်းမှာပဲ ကျွန်တော်ရဲ့နှလုံးသားကို အရည်ပျော်သွား စေခဲ့တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကို အတိုချုံးပီး ပြောရမယ်ဆိုရင်တော့ Fizzle Bomber ဆိုတဲ့ အကြမ်းဖက် Bomber တစ်ယောက်ကို Time Travelling လုပ်ပြီး လိုက်ဖမ်းဆီးဖို့ကြိုးစားတဲ့ စုံထောက်တစ်ယောက်အကြောင်းပါပဲ။ ဒီလောက်သိရင် လုံလောက်ပါပြီ။ကျွန်တော်ကြည့်ဖူးသမျှ ရုပ်ရှင်ဇာတ်ကောင်တွေထဲမှာ ဒီ Predestination ရုပ်ရှင်ရဲ့ဇာတ်ကောင်ဟာ သနားဖို့အကောင်းဆုံးဇာတ်ကောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ဘဝရဲ့အဖြစ်မှန်ဟာ ...
movie

Predestination (2014)

2014