Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Jim Sarbh
8.4
Sanju (2018)
ဂုဏ်သရေရှိ အမျိုးသမီး အမျိုးသားအပေါင်းတို့ ခင်ဗျာ ဒီနေ့ဟာဆိုရင် ကျွန်တော့်အတွက် အင်မတန်မှ ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့တစ်နေ့ပါ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ ကျုပ်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် ထွက်ရှိမှာ မို့လို့ပါကျွန်တော့်လောက် ကဏ္ဌစုံတဲ့လူ တစ်ယောက်ကို ဘယ်မှာမှတွေ့နိုင်ဖို့မရှိဘူးဗျ ကျွန်တော်က အရက်သမား၊ ဆေးသမား၊ မိန်းမပွေလွန်းတဲ့လူဗျ ဒါပေမဲ့ အကြမ်းဖက်သမားတော့ မဟုတ်ပါဘူးAK 56 ရိုင်ဖယ်တွေလက်ဝယ်တွေ့ရှိမှု၊ RDX တွေရှိနေလားဆိုတဲ့ မေးခွန်းပေါင်းများစွာကြောင့် အများအမြင်မှာ အကြမ်းဖက်သမားတစ်ယောက်ဖြစ်နေတဲ့ နာမည်ကျော်မင်းသားကြီး ဆန်ဂျေးဒတ်ဟာ ထောင်နန်းစံရတော့ပါမယ်အဲဒီအတွက်ကြောင့် ပြည်သူတွေကိုအမှန်တိုင်း သိစေဖို့ ရည်ရွယ်ပြီးနာမည်ကျော် စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ ဝင်နီဒိုက်(ဇ်)ကို သူ့ဘဝဇာတ်ကြောင်းရေးပေးဖို့ အကူညီတောင်းခဲ့ရပါတော့တယ်ဆန်ဂျေးဒတ်ရဲ့ ဘဝဇာတ်ကြောင်းက ဘာတွေလဲ ... တကယ်ပဲ သူက အကြမ်းဖက်သမား တစ်ယောက် ဟုတ်မဟုတ်ဆိုတာကိုတော့ ...နာမည်ကျော်မင်းသားကြီး ဆန်ဂျေးဒတ်ရဲ့ ဘဝဇာတ်ကြောင်းကို မင်းသား ရန်ဘီးကပူးရ်က အကောင်းဆုံးသရုပ်ဆောင်ထားပြီးပါလေသမျှ သရုပ်ဆောင်တိုင်းက ကဏ္ဌအသီးသီးကနေ အကောင်းဆုံးပုံဖေါ်ထားနိုင်လွန်းလို့ အင်မတန်မှ ကောင်းမွန်တဲ့ Bio, Drama ဇာတ်ကားကောင်း ...
movie
Sanju (2018)
2018
4K HEVC
7.5
Mrs. Chatterjee Vs Norway (2023)
Mrs Chatterjee Vs NorwayIMDb-7.4/10 Rotten Tomatoes-15%ညိုချောလေးရာနီးအဓိကသရုပ်ဆောင်ထားတဲ့ အိန္ဒိယမိခင်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်အာရှတိုက်သားတွေအတွက် နော်ဝေးတို့လိုဥရောပနိုင်ငံတွေဟာ dream land လို့ကိုပြောလို့ရပါတယ် ဒေဘီကာတို့ဇနီးမောင်နှံဟာ နော်ဝေးနိုင်ငံမှာနေတဲ့ အိန္ဒိမိသားစုလေးပါ အနောက်နိုင်ငံမှာနေပေမဲ့ အိန္ဒိယအိမ်ထောင်သည်ဘဝအတိုင်း ယောက်ျားကစီးပွားရှာ မိန်းမကအိမ်မှုကိစ္စနဲ့ ကလေးတွေကိုပြုစုထိန်းသိမ်းပါတယ်အနောက်နိုင်ငံမှာ ကလေးနှစ်ယောက်ရယ် အိမ်မှုကိစ္စရယ်နဲ့ တစ်ယောက်တည်းကသီလင်တနိုင်နေတဲ့ ဒေဘီကာတို့အခြေအနေကို နော်ဝေးအရာရှိတွေက အထင်အမြင်လွဲမှားသွားပါတော့တယ် အဲဒီအထင်နဲ့ပဲ ဒေဘီကာတို့မောင်နှံဟာကလေးကို စောင့်ရှောက်နိုင်စွမ်းမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ကလေးနှစ်ယောက် အတင်းဆွဲခေါ်သွားပါတော့တယ်လူ့အခွင့်အရေးအပြည့်အဝရတဲ့ နော်ဝေးလိုနိုင်ငံက မိခင်ရင်ခွင်ထဲရှိနေရမယ့် လူမမယ်ကလေးနှစ်ယောက်ကိုဘာကြောင့်များအတင်းဆွဲခေါ်သွားရပါသလဲ အင်အားကြီးနိုင်ငံရဲ့ ဥပဒေနဲ့ သာမန်မိခင်တစ်ယောက်ရဲ့မေတ္တာလွန်ဆွဲကြမယ့်ပွဲကို တစ်ရှူးဘူးလေးဘေးချပြီး ရှူစားကြည့်နိုင်ဖို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ် File size…1.79GB / 812MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~ThaikSan~Nyein~Sai
movie
Mrs. Chatterjee Vs Norway (2023)
7.0
Padmaavat (2018)
Padmaavat (2018)IMDb - 7.0/10_____Rotten - 56%သမိုင်းရာဇဝင်အခြေခံ ဒရာမာကားအမျိူးအစား Padmaavat ရုပ်ရှင်ဟာ ဒါရိုက်တာ Sanjay,Ranveer နဲ့Depika တို့ ၃ ဦးအတူရိုက်ကူးတဲ့တတိယမြောက် ရုပ်ရှင်ကားဖြစ်ပါတယ်။ဒါရိုက်တာ Sanjay ဆိုတာ ဘောလီးဝုဒ်မှာ Classic ရုပ်ရှင်တွေကို ဦးစားပေးရိုက်ကူးအောင်မြင်သူတစ်ဦးဖြစ်ပါတယ်။လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက စလ်မားန်ခါးန် နဲ့Aishwaray တို့ရဲ့ Hum Dil De Chup Ke Sanam၊ရှာရွခ်ခါးန် နဲ့Devdas စတဲ့ ရုပ်ရှင်ကားကောင်းတွေကို ရိုက်ကူးပြီး ဘောလီးဝုဒ်ပရိသတ်တွေကို ညို့ယူဖမ်းစားနိုင်စွမ်းရှိတဲ့ ဒါရိုက်တာတစ်ယောက်ပါ။ဒီဇာတ်ကား စရိုက်ကတည်းက ပြသနာပေါင်း သောင်းခြောက်ထောင်တက်ခဲ့ပြီး ရှုတင်ဖျက်စီးခံခဲ့ရပါတယ်။ဒါရိုက်တာ ပါးရိုက်ခံရပါတယ်။ဆက်တင်တစ်ခုလုံး မီးတင်ရှို့ခံခဲ့ရပါတယ်။မင်းသမီး ဒီပီကားနှာခေါင်းဖြတ်ပေး၊မုဒိမ်းကျင့်ပေး၊ခေါင်းဖြတ်ပေးရင် ရူပီ ကုဋေ ဘယ်လောက်ပေးမယ်၊ဒါရိုက်တာ ခေါင်းဖြတ်ပေးရင် ရူပီး ၅ ကုဋေပေးမယ် စသဖြင့်အကြီးအကျယ် ခြိမ်းခြောက်ခံခဲ့ရပြီး ကျော်လွှားခဲ့ရတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဒီဇာတ်ကားဟာ မွတ်စလင်မ်ဘုရင်တစ်ဦး ...
movie
Padmaavat (2018)
2018
4K HEVC
7.0
Gangubai Kathiawadi(2022)
Gangubai Kathiawadi (2022) =============== (ရုံတင်ခိုးရိုက်ဝါးတားတားမဟုတ်တဲ့ Netflix ရုပ်သံအကြည်ဗားရှင်းကို တင်ဆက်ပေးလိုက်ပါပြီ)IMDb Rating 7.0 နဲ့ Rotten Tomatoes (91%) ထိ ရရှိထားပြီး မင်းသမီး Alia Bhatt အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ မင်းသားကြီး Ajay လဲ အားဖြည့်ပါဝင်ထားပါတယ်။Bajirao Mastani,Padmaavat,Devdas တို့လို ရုပ်ရှင်ကားကြီးတွေရဲ့ ဒါရိုက်တာ Sanjay Leela Bhansali ရဲ့လက်ရာဖြစ်တာမို့ ပိုလို့လူကြိုက်များခဲ့ပါတယ်။ဇာတ်လမ်းကလဲ တကယ့်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပါ။ 1960ခုနှစ်များဆီက မွန်ဘိုင်းရဲ့ မာဖီးယားဘုရင်မတစ်ယောက်ဖြစ်တဲ့ Ganga Harjivandas ရဲ့ ဘဝဇာတ်ကြောင်းဖြစ်ပါတယ်။သူမဟာ ငယ်စဉ်ကဘောလီးဝုဒ်ရုပ်ရှင်စတားတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပေမဲ့ ချစ်သူရဲ့ လှည့်စားမှုကို ခံရပြီး ပြည့်တန်ဆာအဖြစ် ရောင်းစားခံလိုက်ရပါတော့တယ်။ ထက်မြက်တဲ့မိန်းမတစ်ယောက်ဟာခက်ခဲကြမ်းတမ်းတဲ့ဘဝကို ရင်ဆိုင်ပြီး ပြည့်တန်ဆာခေါင်းအဖြစ်ရှင်သန်ရပ်တည်လာတဲ့နောက်မှာ ယဉ်ကျေးမှုအစဉ်အလာအားကြီးတဲ့အိန္ဒိယနိုင်ငံရဲ့ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းက နှစ်တစ်ရာလောက်ရပ်တည်လာတဲ့ သူမတို့ ပြည့်တန်ဆာအိမ်က အမျိုးသမီး ၄၀၀၀ရဲ့ ဘဝတွေကို တိုက်ခိုက်ရန်စလာတဲ့အခါ... အနာဂတ်ကိုဆက်လျှောက်ရမယ့် ကလေးတွေနဲ့ ပြည့်တန်ဆာတစ်ယောက်မှာလည်း ရသင့်တဲ့ ...
movie
Gangubai Kathiawadi(2022)
2022
1080p HEVC
7.5
Taish (2020)
Taish 2020 (စ/ဆုံး) ================= တောင်းဆို နေကြတာမို့ တင်ဆက်ပေးလိုက်ပါပြီ။ "ထာဝရထက် နှစ်ဆ" မင်းသားလို့ နာမည်ကြီးတဲ့ Harshvardhan Rane၊ Jim Sarbh အပြင် မင်းသမီးချောလေးတွေကို ဇာတ်လမ်းထဲ ဝေဝေဆာဆာ ကြည့်ရှုရမှာပါ။ ဒီဇာတ်လမ်းထဲမှာ မိသားစု နှစ်စုရှိပါတယ်။ ဆရာဝန် မိသားစုနဲ့ ဂန်းစတား မိသားစုလို့ နာမည်ပေးလိုက်မယ်။ ဆရာဝန် မိသားစုကတော့ အင်မတန် ပျော်စရာကောင်းတဲ့ မိသားစုပါ။ ဆရာဝန်မိသားစုမှာ မင်္ဂလာပွဲ ရှိတယ်။ ဒါကြောင့် လန်ဒန်မှာ နေတဲ့ ဆရာဝန် ရိုဟန်ဟာ ညီဖြစ်သူရဲ့ မင်္ဂလာဆောင်အတွက် အိန္ဒိယကို ပြန်လာခဲ့ပါတယ်။ ဂန်းစတား မိသားစုမှာတော့ ညီအစ်ကို နှစ်ယောက်ရှိတယ်။ ညီအစ်ကို ဆိုပေမဲ့ အရင်းတွေ မဟုတ်ဘဲ ဦးလေးနဲ့ တူအရွယ်ပါ။ သူတို့ ညီအစ်ကိုနှစ်ယောက်က အချစ်ရေးနဲ့ ပတ်သက်ပြီး မိသားစုတွင်း ပဋိပက္ခတွေ ရှိလာပါတယ်။ ဒီမိသားစု နှစ်ခုဟာ ပထမမှာတော့ ဘယ်လိုမှ ဆက်စပ်ကြည့်လို့ မရဘဲ ကြည့်ရှုသူကိုတောင် အတွေးများစေမှာပါ။ ဒါပေမဲ့ တနေ့မှာတော့... အဲ့ဒီမိသားစု နှစ်ခု ဆက်စပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ဘယ်လို ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစား ကြပါတော့ဗျာ။ ပွေ့ဖက်ခန်းတွေအပြင် သတ်ဖြတ်ခန်းတွေနဲ့လည်း ဇာတ်လမ်းကို ဆွဲဆောင်ထားပါတယ်။ ဒီကားထွက်စတုန်းက ဆီးရီးလို့ ထင်ခဲ့ဖူးပါတယ်။ ဒါကတော့ စဆုံးပါပဲ၊ ...
movie
Taish (2020)
2020
7.6
Yeh Ballet(2020)
Yeh Ballet(2020)IMDB rating 7.6ရရှိထားတဲ့ Drama အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်။အာရှုဖ်ဟာဆေးခြောက်ရောင်းတဲ့သူတစ်ယောက်နဲ့အလုပ်တွဲလုပ်ပြီးအားတဲ့အခါသူငယ်ချင်းတွေနဲ့ ဝါသနာပါရာ အကပြိုင်ကြလေ့ရှိပါတယ်။ ရုပ်သံက လွှင့်တဲ့ အကပြိုင်ပွဲတွေကိုတွေ့ပြီးတဲ့နောက်မှာတော့ အာရှုဖ် တစ်ယောက်ဝင်ပြိုင်ဖို့ကြိုးစားပါတယ်... သူ့လိုပဲ နီးရှူးဆိုတဲ့လူငယ်လေးတစ်ယောက်ဟာလည်းအကကိုဝါသနာထုံတယ်...သို့ပေမယ့် (၂)ယောက်လုံးက ငွေကြေးအဆင်မပြေလို့ပါရမီပါပေမယ့် သင်တန်းကောင်းကောင်းမတက်နိုင်ဘူး..ဒါပေမယ့် သူတို့ဟာ အကသင်တန်းတစ်ခုတက်ပြီး နိုင်ငံကျော်အောင်လုပ်မယ်ဆိုပြီးနည်းအမျိုးမျိုးနဲ့ကြိုးစားပါတော့တယ်...ဒီ India ကားက တခြား အကကားတွေလို မဟုတ်ဘူး...တမူထူးခြားတယ်...စနစ်တကျ အကင်သင်တဲ့အခန်းတွေပါသလို သရုပ်ဆောင်တွေကလည်းတကယ်ကျွမ်းကျင်တယ်.... ကြည့်ရအတော်မိုက်တယ်... ကိုင်းသူတို့အောင်မြင်ကြမလားဆိုတာကိုတော့ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်...File Size : (950 MB) and (407 MB) Quality :WEB-DL 720p Format…mp4 Duration…01:57:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Thazin Myint Encoded by Phyo Pyae
movie
Yeh Ballet(2020)
6.0
House Arrest(2019)
movie
House Arrest(2019)
2019
5.5
The Wedding Guest (2018)
လန်ဒန်က အမျိုးသားတစ်ယောက် ပါကစ္စတန်က မင်္ဂလာပွဲတစ်ခုကိုသွားဖို့ပြင်ဆင်နေတယ်...ဒါပေမယ့် သူ့မျက်နှာက မှိုင်းညိုလို့ ပျော်ရွှင်နေတဲ့ပုံလည်းမပေါက်ပါလား...ဒါတင်မကသေးဘူး သူယူသွားဖို့ ပြင်ဆင်နေတဲ့ပစ္စည်းတွေကလည်း သမာရိုးကျမဟုတ်ပြန်ဘူး ...ဒါဆို သူအဲ့မင်္ဂလာပွဲကို သွားရတဲ့ရည်ရွယ်ချက်က ဘာများလဲ..သူကရော ဘယ်သူလဲ...သူတက်မယ့် မင်္ဂလာပွဲကို ကျင်းပမယ့်သူတွေက သူနဲ့ဘယ်လိုတော်စပ်နေသလဲ...ဇာတ်ကားတစ်ကားလုံး စလယ်ဆုံးဘာဖြစ်မလဲဘာဖြစ်မလဲဆိုပြီးရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းတစ်ပုဒ်မို့ မ spoil တော့ပါဘူးကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ...(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ မေမြတ်သူ ပါ)File Size : (750 MB) and (380 MB) Quality : WEB-DL 720p Running Time : 1hr 38min Format : Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.DD5.1.H264-FGT Translated by May Myat Thu Encoded by THZ
movie
The Wedding Guest (2018)
2018
3.9
Raabta (2017)
Bollywood ပရိတ်သတ်တွေအတွက် ၂၀၁၇ထွက် အလန်စားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Magdheera , Anegan တို့လို ဇာတ်လမ်းတွေကို စိတ်ဝင်စားတဲ့ လူတွေအတွက် အကြိုက်တွေ့စေမှာပါ။ Raabta ဆိုတော့ မြန်မာလိုဆိုရင် ဆက်နွယ်မှု ညညဆို အိပ်မရပဲ အိပ်မက်ဆိုးတွေကနေလန့်လန့်နိုးနေတတ်တဲ့ ကောင်မလေး တစ်ယောက် သူ့အိပ်မက်ထဲမှာတော့ လူတစ်ယောက်ကို ကြိုးတုပ်ပြီး ရေထဲ ပစ်ချလိုက်သလိုလို သူကိုယ်တိုင်ပဲ ရေနစ်နေသလိုလိုနဲ့ အိပ်နေရင်း လန့်လန့်နိုးတတ်တဲ့ ဆိုင်ရာ ဆိုတဲ့ ကောင်မလေး ပျော်ပျော်နေတတ်ပြီး တွေ့မရှောင် ဆော်ကြောင်တတ်တဲ့ ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေတဲ့ လူငယ်တစ်ယောက် ဖြစ်တဲ့ ရှိဗ် ရှိဗ်ရဲ့ အကျင့်အတိုင်း ဆော်လိုက်ကြောင်ရင်း ဆိုင်ရာကို မြင်တွေ့ပြီး လိုက်ရင်းကနေ အမှန်တကယ် သံယောဇဉ်တွေ ဖြစ်လာတဲ့အခါမှာတော့ ဒီနှစ်ယောက်ရဲ့ ကြားကို ဇခ် ဆိုတဲ့ သူ တစ်ယောက် ရောက်လာတဲ့ အခါ့ ...
movie
Raabta (2017)
2017
7.7
Neerja (2016)
၁၉၈၆ခုနှစ် စက်တင်ဘာလမှာတော့အိန္ဒိယရဲ့ သတင်းခေါင်းကြီးပိုင်းအဖြစ်ပါလာခဲ့တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့တယ် ပန်အန်လေကြောင်းလိုင်း ၇၃ကိုအကြမ်းဖက်သမားတစ်စုကပြန်ပေးဆွဲခဲ့တဲ့အမှုဖြစ်ပါတယ် ကြိုတင်စီမံမှုတွေနဲ့အတူအစွန်းရောက်အဖွဲ့ရဲ့ ပြန်ပေးဆွဲမှုဟာ တကယ့်ကို ထိတ်လန့်စရာပါသေနတ်တရမ်းရမ်း လက်ပစ်ဗုံး တကားကား နဲ့အကြမ်းဖက်သမားတွေကြားမှာ တန်ဆာခံခရီးသည် ၃၇၉ရဲ့အသက်ဟာ လက်ဖြောက်တစ်ချက်အတွင်း အသက်ပျောက်သွားနိုင်ပါတယ် ဒီလိုအခြေအနေမျိုးမှာ နီဂျာလို့ခေါ်တဲ့လေယာဉ်မယ်လေးကြောင့် တန်ဆာခံအသေအပျောက်နည်းပါးစွာ လွတ်မြောက်ခဲ့ပါတယ် သူရဲကောင်းဆိုတဲ့ ဝေါဟာရနဲ့ထိုက်တန်တဲ့သူကို ကျနော်တို့တွေ့ရခဲပါတယ် မထင်မရှား အားနွဲ့တဲ့ လေယာဉ်မယ်လေးကတော့ သူရဲကောင်းဆိုတဲ့ဘွဲ့နဲ့ထိုက်တန်ခဲ့ပါတယ် ခရီးသည်တွေရဲ့အသက်ကိုဦးစားပေးပြီး အစွန်းရောက်အကြမ်းဖက်သမားတွေကြားမှာ မျက်ရည်တွေကို ထိန်းချုပ်ရင်း ကိုင်တွယ်သွားတဲ့ပုံကတော့အရမ်းကို အံသြစရာပါတကယ်တော့နီဂျာကခရီးသည်တွေရဲ့အသက် ကိုတင် ကယ်တင်ခဲ့တာမဟုတ်ပါဘူး နိုင်ငံရဲ့အုပ်ချုပ်မှုယန္တရားကိုပါကယ်တင်နိုင်ခဲ့တာပါ ဒီကားထဲမှာချီးကျူးရမှာ မင်းသမီးချော Sonam Kapoor အပြင်သူမရဲ့အမေအဖြစ်သရုပ်ဆောင်တဲ့ Shabana Aamiကိုပါ သမီးးအတွက် ဗျာများနေတဲ့အမေတစ်ယောက်အဖြစ်ရုပ်လုံးပေါ်တဲ့အပြင် တုန်ယင်နေတဲ့အသံတွေနဲ့ပြောစကားတွေကလွမ်းမောဖွယ် ဂန္တ၀င်တေး သွားတစ်ခုလိုရင်ထဲရိုက်ခတ်နိုင်စွမ်းရှိလို့ပါဒီဇာတ်ကားကြည့်နေရင်း အသက်ရှင်ဖို့အဓိကအစိတ်အပိုင်းဖြစ်တဲ့ လေထဲကအောက်ဆီဂျင်ကိုရှုနေရပါ့လားဆိုတဲ့အသိပါပျောက်သွားပါလိမ့်မယ်ငုတ်တုတ်မေ့သွားတယ်ဆိုတာ ကြီးကိုလည်း ခင်ဗျားကိုယ်တိုင်ကြုံဖူးသွားလိမ့်မယ် ပရိတ်သတ်ကြီးကို ပြောချင်တာက ရင်ထဲဘာမှမခံစားခဲ့ရဘူးလို့ဆိုခဲ့ရင် သေချာတယ် ခင်ဗျားနှလုံးသားက ကျောက်တုံးတွေနဲ့ဖွဲ့ဆည်းထားတာပါလို့ ကဲ IMDB 8.0 ရပြီဆိုကထဲက ထပ်မညွှန်းတော့ပါဘူး ခံစားကြည့်လိုက်ပါဦးဗျာ............File Size : 870 MB Quality : Blu ray 720P Running Time : 2hr ...
movie
Neerja (2016)