Channel Myanmar

Jimmy Bennett

Alabama Moon (2009) 6.4
Alabama Moon (2009) Alabama Moon (2009) ================= IMDb Rating - 6.4/10ဇာတ်ကားကတော့ လူ့အဖွဲ့အစည်းရဲ့ နေထိုင်မှုကို ရှု့ထောင့်တစ်မျိုး ကနေ တင်ဆက်ပေးတာပါ။ ဒီဇာတ်ကားကို ကလေးသရုပ်ဆောင် ကားအဖြစ်ပုံဖော်ထားပေမယ့်၊ နောက်ခံဇာတ်လမ်းကတော့ ကြည့်ရှု သူပရိတ်သတ်တွေ တွေးတောကြဖို့ပါပဲ။မွန်းနဲ့ သူ့ရဲ့အဖေတို့ဟာ အစိုးရရဲ့ ထိန်းချုပ်ကွက်ကဲမှုအောက်မှာရှိတဲ့ လူ့အဖွဲ့အစည်းကနေ လွတ်မြောက်ဖို့အတွက် သစ်တောထဲမှာ သီးသန့် ကလေးသွားနေကြတာပါ။ ဒီအခါမှာ ဖြစ်လာတဲ့ နောက်ဆက်တွဲ အကြောင်း အရာတွေကိုတော့ မွန်းဆိုတဲ့ ကလေးက ရင်ဆိုင်သွားရပါတယ်။အစိုးရရဲ့ ထိန်းချုပ်မှုအောက်က လူ့အဖွဲ့အစည်းရဲ့ အခက်အခဲနဲ့ တောထဲမှာ သွားနေကြတဲ့ သားအဖရင်ဆိုင်ရတဲ့ ပြသနာတွေကို ယှဥ်ထိုးပြီးတော့ ရိုက် ကူးသွားတာဖြစ်ပြီး ဘယ်နည်းလမ်းက ကောင်းသလဲဆိုတာကတော့ ကြည့် ရှုတဲ့ပရိတ်သတ်က ဆက်လက်တွေးတောရမှာပါ။ ဒီဇာတ်ကားနဲ့ပဲ မွန်း အဖြစ် သရုပ်ဆောင် ကလေး သရုပ်ဆောင် Jimmy Bennet ဟာ Young Best Artist ဆုအတွက် Best Performance in a Feature Film - Leading Young Actor ...
movie

Alabama Moon (2009)

2009
I Want a Dog for Christmas, Charlie Brown (2003) 7.0
I Want a Dog for Christmas, Charlie Brown (2003) I Want a Dog for Christmas, Charlie Brown (2003) ==================================== IMDb Rating - 7.0/10"Peanuts" ဆိုတဲ့ကာတွန်းတွေထဲက ချာလီဘရောင်းဆိုတဲ့ ကောင်လေးနဲ့ သူ့ရဲ့အချစ်တော်ခွေးလေးစနူပီဆိုတာကို တော် တော်များများပဲသိကြမှာပါ။ သူတို့နဲ့အတူ သူငယ်ချင်းတွေဖြစ် ကြတဲ့ လူစီတို့၊ လိုင်းနပ်စ်တို့ကိုပါတွဲမြင်ကြတယ်ဟုတ်။ ဒီ "I Want a Dog for Christmas, Charlie Brown" ဆိုတဲ့ဇာတ် လမ်းလေးထဲမှာတော့ လူစီနဲ့လိုင်းနပ်စ်တို့ရဲ့မောင်ငယ်လေးရီရန်းလ်ကို အဓိကဇာတ်အိမ်တည်ထားပါတယ်။ ဒါပေမယ့်လည်း သူ့ဇာတ်ကြောင်းအပြင် တခြားရယ်စရာ၊ ကြည်နူးစရာလေးတွေနဲ့ အချစ်တော်ခွေးလေးစနူပီရဲ့မိသားစုအကြောင်းလေးတွေပါ တစ်ပိုင်း တစ်စပါတော့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ပုဒ်ဆိုတာ တော့သေချာပါတယ်။ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင် ရီရန်းလ်ဆိုတဲ့ကောင်လေးဟာ တစ်နေ့တစ်နေ့ သူ့အမေစက်ဘီးနောက်ကနေ ရင်တမမနဲ့လိုက်စီး နေရတာတွေ၊ သူငယ်ချင်းဖြစ်သူတွေက သူ့ရဲ့ဘုဂလန့်အစ်မဖြစ်သူလူစီနဲ့၊ စောင်တကားကားနဲ့အလုပ်ရှုပ်နေတတ်တဲ့အစ်ကိုဖြစ်သူ လိုင်းနပ်စ်တို့ အကြောင်းတွေလိုက်မေးတာပဲခံနေရတာတွေကနေစိတ်ညစ်ငြီးငွေ့နေ ရတာပေါ့။ အဲဒီမှာ ချာလီဘရောင်းနဲ့သူ့ခွေးလေးစနူပီတို့ကိုမြင်တော့ အားကျမိပြီး ရီရန်းလ်တစ်ယောက် သူနဲ့အတူတူဆော့ပေးနိုင်မယ့်ခွေးလေး တစ်ကောင်လိုချင်လာပါတယ်။ ဒီတော့လည်း မကြာခင်ကျရောက်တော့မယ့် ခရစ္စမတ်စ်ပွဲတော်မှာ ဆန်တာကလော့စ်ဘိုးဘိုးကြီးကိုစာရေးပြီးပူဆာဖို့ ကြံမိတယ်ပေါ့။ပြဿနာက သူ့အမေကလည်း ခွေးတွေဆိုတာက ဒုက္ခများလွန်းတယ်ဆိုပြီး ခွေးမွေးခွင့်ကိုဘယ်လိုမှမပြုသလို အစ်မလူစီကလည်း ဆန်တာကလော့စ် ဆိုတာ မိဘဖြစ်သူတွေသဘောမတူတဲ့အရာကိုလာပေးမှာမဟုတ်ဘူးဆိုပြီး ပြောတော့ ရီရန်းလ်လေးမှာစိတ်ညစ်ပြန်ရတာပေါ့။ အဲဒါအပြင် ချာလီဘရောင်း ဆီခဏခဏသွားသွားပြီး စနူပီနဲ့ဆော့ဖို့ခေါ်တာကများများနေတော့ သူ့ကို ရှောင်ချင်နေကြပြန်သေးတယ်။ ...
movie

I Want a Dog for Christmas, Charlie Brown (2003)

2003
Evan Almighty (2007) 5.4
Evan Almighty (2007) Evan Almighty (2007) =============ကမ္ဘာဦးအစမှာ အဖြစ်အပျက်တစ်ခု ဘုရားသခင်လက်ထက်မှာ ဖြစ်ပေါ်ခဲ့ဖူးတယ်လို့ ခရစ်ယာန် သမ္မာကျမ်းကဆိုပါတယ်။ အကျင့်ပျက် အကုသိုလ်တွေနဲ့ ဆိုးသွမ်းလာတဲ့ လူသားတွေအပေါ် ဘုရားသခင်က ကြီးမားတဲ့အပြစ်ပေးခဲ့တယ်။ လူသားတွေဟာ ကြီးမားတဲ့ရေလွှမ်းမိုးမှုကြီးအောက်မှာ သေကြေပျက်ဆီးသွားပြီး လူသားမျိုးနွယ် ချုပ်ငြိမ်းရမယ့်အဖြစ်ကို ရင်ဆိုင်ခဲ့ရတာပေါ့။ဒါပေမယ့် နောဧဆိုတဲ့ လူသားတစ်ယောက်ကိုတော့ ဘုရားသခင်က အခွင့်အရေးတစ်ခုပေးခဲ့ပါတယ် ကမ္ဘာကြီးကို restart ချတဲ့ပုံစံနဲ့ ရွေးချယ်ခံရတဲ့ လူသားတွေ တိရိစ္ဆာန်မျိုးစိတ်တွေကို ကယ်တင်နိုင်ဖို့ ကြီးမားတဲ့ အာ့ခ် လှေကြီးတစ်စင်း တည်ဆောက်ရန်အတွက် နောဧကို ဘုရားသခင်က သတိပေးခဲ့တယ်။ နောဧက ဇနီးတစ်ယောက် သားသုံးယောက်နဲ့ လှေကြီးကိုတည်ဆောက်ပြီး လူသားများနဲ့ တိရိစ္ဆာန်မျိုးစိတ်တစ်ခုမှာ အဖိုအမ တစ်စုံစီကို ရေလွှမ်းမိုးမှုကြီးကနေ ကယ်တင်နိုင်ခဲ့တယ်။အဲဒီလိုအဖြစ်မျိုး ယနေ့ကာလမှာ ထပ်မံပေါ်ပေါက်လာဖို့ အကြောင်းဖန်လာပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ရေလွှမ်းမိုးမှုကြီးက ဘုရားသခင်ရဲ့ အမျက်ကြောင့်ဖြစ်ပေါ်လာတာမဟုတ်ဘဲ လူသားတွေရဲ့ အမှားကြောင့်ဖြစ်ပေါ်လာတာပါ။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်တဲ့ ...
movie

Evan Almighty (2007)

2007
Pooh’s Heffalump Halloween Movie (2005) 6.6
Pooh’s Heffalump Halloween Movie (2005) [Unicode]Winnie The Pooh, Heffalump Halloween The Movie ==============================‌ဟောလိုးဝင်းဟာ ကျွန်တော်တို့ နိုင်ငံမှာ မရှိပေမယ့် ကျွန်တော်တို့ငယ်ငယ်က KidZoneတို့ ပုတက်တို့ စွယ်စုံတို့ထဲမှာ ခရစ္စမတ်အထူးထုတ်တို့ ဟောလိုးဝင်းအထူးထုတ်တို့မှာပါတတ်တော့ ရင်းနှီးကျွမ်းဝင်ပြီးသား အရာတွေပါပဲ။ နောက်ပိုင်းSuperNaturalလို စီးရီးတွေမှာပါတဲ့ ဟောလိုးဝင်းspecial episodeတွေနဲ့လည်း ကျွန်တော်တို့ဟောလိုးဝင်းကို ပိုကျွမ်းဝင်ခဲ့ကြတယ်။ အခုWinnie The Pooh,Heffalump Halloween Movieက ဒီနှစ်ဟောလိုးဝင်းမှာ ခင်ဗျားတို့ ရွေးချယ်သင့်တဲ့ ဟောလိုးဝင်းVibeအရဆုံး Movieပါပဲ။ ဝကစ်ညဏ်ထိုင်းပြီး လုပ်သမျှတိုင်းက ချစ်ဖို့ကောင်းနေတဲ့ ကျွန်တော်တို့ရဲ့ Winnie The Pooh ကလေးနဲ့ ဟောလိုးဝင်းကို တွဲမြင်ရမှာပါ။ အဆက်အဟပ်မတည့်သလို ထင်ကြမှာပေမယ့် ဟောလိုးဝင်း Vibeအရဆုံး လို့ပြောရင်မလွန်ပါဘူး။ငယ်ငယ်တုန်းက ဝယ်ဖူးလို့ပဲဖြစ်ဖြစ် မွေးနေ့လက်ဆောင်ရဖူးတာဖြစ်ဖြစ် လူအတော်များများရဲ့ ဘဝကတော့ Winnie the Poohနဲ့ကင်းမယ်ထင်ဘူး။ မြန်မာနိုင်ငံမှာလည်း ပူးလ်က ရုပ်ရှင်ထက် အရုပ်လောကမှာ ပိုနာမည်ကျော်တာကိုး။ winnie the pooh စာရေးဆရာက လက်တွေ့ဘဝက ...
movie

Pooh’s Heffalump Halloween Movie (2005)

The Polar Express (2004) 6.6
The Polar Express (2004) ဒီဇာတ်ကားလေးကို Forrest Gump နဲ့ Cast Away ကို ပဲ့ကိုင်ခဲ့သူ ဒါရိုက်တာ Robert Zemeckis က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။IMDB Rating 6.6 ရှိပါတယ်။အဓိကဇာတ်ကောင်ဖြစ်တဲ့ကောင်လေး၊တခြားဇာတ်ကောင်တွေဖြစ်တဲ့ ကောင်လေးရဲ့အဖေ၊မီးရထားဂတ်ဗိုလ်၊ ဟိုဘို၊ရုပ်သေးရုပ်နဲ့ ဆန်တာ နေရာတွေကို မင်းသားကြီး Tom Hanks ကလည်း အသံကော CGI ဇာတ်ကောင်အနေနဲ့ပါ သရုပ်ဆောင်ပေးခဲ့ပါတယ်။ဇာတ်လမ်းလေးက ခရစ်စမတ်အကြိုညတစ်ညမှာ မှော်ဆန်ဆန်ရထားကြီးနဲ့ မြောက်ဝင်ရိုးစွန်းဒေသမှာရှိတဲ့ ဆန်တာကလော့စ်ရဲ့ နေရပ်ကိုရောက်သွားတဲ့ ကောင်လေးတစ်ယောက် အကြောင်းပါ။ပျော်စရာတွေဟာ ယုံကြည်မှုရှိသူတစ်ယောက်အတွက် အမြဲရှိနေမယ်ဆိုတာ သိလိုက်ရတဲ့ ကောင်လေးတစ်ယောက်ရဲ့ စွန့်စားခန်းဆိုပါတော့။မြောက်ဝင်ရိုးစွန်းကိုသွားတဲ့ ဒီခရီး တစ်လျှောက်မှာ ကောင်လေးက သူငယ်ချင်းတွေလည်းရခဲ့သလို ယုံကြည်မှုဆိုတဲ့စကားလုံးကို ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့ပါတယ်။ကိုယ့်လူတို့လည်း ခရစ်စမတ်မရောက်ခင် ဇာတ်လိုက်လေးနဲ့အတူ Polar Express ကြီးစီးပြီး ...
movie

The Polar Express (2004)

2004
The Amityville Horror (2005) 6.0
The Amityville Horror (2005) CM Fan တွေ အတွက် Deadpool မင်းသား Ryan Reynolds ပါဝင်သရုပ်ဆောင်ထားတဲ့ Horror ဇတ်လမ်းကောင်း တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဂျော့ နဲ့ ကပ်သီ တို့ဟာ ညားခါစ အကြင်လင်မယားတွေ ဖြစ်ပေမယ့် ကပ်သီ ဘက်က ပါလာတဲ့ မယားပါ သားသမီး တစ်ချို့ကို ဂျော့က ကြည်ဖြူစွာ လုပ်ကျွေးနေခဲ့ပါတယ်...မကြာသေးတဲ့ အချိန်အတွင်းမို့ ကလေးတွေကတော့ ဂျော့ ကို သိပ်မကြည်ဖြူသေးဘူးပေါ့... မိသားစု များလာတဲ့အခါ ကိုယ်ပိုင်အိမ်လေးနဲ့နေချင်လာလို့ အိမ်ပွဲစားကနေ တဆင့် စျေးသက်သာတဲ့ အိမ်ရှာတဲ့အခါမှာ မြို့အစွန် တစ်နေရာမှာ ပေးရတဲ့ စျေးထက်မတန်တဆ ကို တန်နေတဲ့ ၂ ထပ်အိမ်ကြီးတစ်လုံးကို ရှာတွေ့ခဲ့ပါတယ် အိမ်ပွဲစားကတော့ ဒီအိမ်မှာ လူသေဖူးတယ်ဆိုတဲ့ သတင်းလောက်ကလွဲလို့ ဘာမှ ရေရေ ရာရာ မပြောပေမယ့် ကပ်သီ က အရမ်းလိုချင်နေတာမို့ ...
movie

The Amityville Horror (2005)

2005
Poseidon (2006) 5.7
Poseidon (2006) Poseidon (2006)______IMDb - 5.7/10ခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Poseidon ဆိုတဲ့ဇာတ်ကားလေးပါ ။ MS Poseidon ဆိုတဲ့ အပျော်စီးသင်္ဘောဟာ အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်းနေခဲ့ပါတယ် ။ ဒီသင်္ဘောပေါ်မှာ အရင်က နယူးရော့ခ်မြို့အုပ်ဟောင်းဖြစ်ခဲ့တဲ့ ရောဘတ်ရယ် ၊ သူ့သမီးဂျနီဖာရယ် ဂျနီဖာရဲ့ကောင်လေးခရစ်ရှန်ရယ် လိုက်ပါလာခဲ့ကြပါတယ် ။ သင်္ဘောပေါ်မှာ နှစ်သစ်ကူးပွဲတော်ကျင်းပနေချိန်မှာ ပင်လယ်ပြင်တစ်နေရာကို ဗဟိုပြုပြီး ငလျင်လှုပ်ရာကနေ ကြီးမားလှတဲ့ ဆူနာမီ လှိုင်းလုံးကြီးကြောင့် သင်္ဘောဟာ တိမ်းမှောက်ခဲ့ရပါတယ် ။ အားလုံးနီးပါးသေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ ခြောက်ယောက်ရှိခဲ့ပါတယ် ။ သူတို့ဟာ သူတို့အသက်ဆက်ရှင်နိုင်ဖို့ ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ ကြိုးစားကြပါတယ် ။ သူတို့တွေ နောက်ဆုံးမှာ အသက်ဆက်ရှင်ကြမလား ၊ ကယ်ဆယ်မယ့်သူတွေနဲ့ရော တွေ့ရပါ့မလားဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးပါလို့ ညွှန်းပေးချင်ပါတယ် ။ ဒီရုပ်ရှင်မှာ လူသားဆန်မှု ၊ တစ်ကိုယ်ကောင်းဆန်မှုတွေကို တွေ့ရပြီး အသက်နဲ့ မေတ္တာတရား တကယ်တမ်း ယှဉ်ပြိုင်လာတဲ့အခါမှာတော့ .......... (ဘာသာပြန်သူကတော့ ကိုစည်သူထက်ပါ)File Size : (701 MB) Quality : Bluray ...
movie

Poseidon (2006)

2006