Channel Myanmar

Jimmy Shergill

Saheb, Biwi Aur Gangster 3  (2018) 4.4
Saheb, Biwi Aur Gangster 3 (2018) Saheb Biwi Aur Gangster 3 (2018) (သခင့်မိန်းမနှင့် လူမိုက်ကြီး ၃)ဒီဇာတ်ကားလေးကတော့ တော်ဝင်မိသားစုနဲ့ နိုင်ငံရေးအကြား အရှုပ်တော်ပုံကိုရိုက်ကူးတင်ဆက်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။မင်းသားကြီးဆန်​ဂျေးဒသ်နဲ့ ဂျင်မီရေှရဂီလ်တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အာဒိသယားပရတာဗ်ဆင်းဆိုတဲ့ တော်ဝင်မင်းသားလေးဟာ စွဲချက်တွေများစွာကြောင့် ထောင်နန်းစံနေရတဲ့အချိန် သူ့မိန်းမဟာလည်း သူ့ကို မလိုတမာနည်းနဲ့ ထောင်သက်ရှည်အောင် ကြိုးစားကြံစည်နေတယ်။တစ်ဖက်မှာလည်းချစ်ရသူနဲ့​ဝေးကွာနေရတဲ့ မင်းသား အူဒေးပရတာဗ်ဆင်းဟာလည်း ကမ်းကုန်အောင် မိုက်နေခဲ့တယ်။အာဒိသယားထောင်ကလွတ်လာတဲ့အခါမှာမိန်းမဖြစ်သူဟာ အာဏာရမ္မက်ကြောင့် ယောက်ျားဖြစ်သူကို သတ်ဖို့ကြိုးစားလာတဲ့အခါမှာတော့...။တော်ဝင်မျိုးရိုးတွေရဲ့အရှုပ်တော်ပုံ အာဏာလုဇာတ်တော်ကြီးကို ကြည့်လို့ရပါပြီနော်။ File size…1.8GB / 1GB Quality…WEB DL 1080p /720p Format…mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Saheb, Biwi Aur Gangster 3 (2018)

2018
Saheb Biwi Aur Gangster Returns (2013) 6.7
Saheb Biwi Aur Gangster Returns (2013) Saheb Biwi Aur Gangster Returns (2013) IMDb - 6.7 /10ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ မင်းသားကြီးအီဖန်ခန်းဦးဆောင်သရုပ်ဆောင်ထားတဲ့ ဘယ်သူဗီလိန် ဘယ်သူဇာတ်လိုက်မှန်းမသိနိုင်တဲ့ ရှူပ်ထွေးလှတဲ့လောကကြီးရဲ့ အကြောင်းကို ဇာတ်ခုံပေါ်တင်ဆက်ထားတဲ့အတိုင်း မြင်နိုင်စေမယ့်Drama Romanceကားကောင်းလေး တစ်ကားဖြစ်ပါတယ်မျိုးဆက်နဲ့ချီရှိခဲ့ကြတဲ့ အင်ဒီရာနဲ့ဆာဟစ်ဘ်တို့ရဲ့တိုက်ပွဲတစ်ခုဟာ အင်ဒီရာရဲ့ချစ်သူကိုဆာဟစ်ဘ်က ချစ်မိသွားတဲ့အချိန်မှ ပြန်စတင်လာခဲ့ပါတယ် ဆာဟစ်ဘ်ကိုချေမှုန်းနိုင်ဖို့ရာ ချစ်သူနှစ်ယောက်ကြိုးစားကြပေမဲ့ ကြားမှာဝင်မွှေလာတဲ့လူတွေကြောင့် သူတို့ရည်မှန်းချက်က အောင်မြင်လာပါ့မလားဘုရင်မျိုးဆက်သမိုင်းနဲ့ အချစ်ကြားကတိုက်ပွဲမှာ အလှည့်အပြောင်းတွေ ပူးပေါင်းကြံစည်မှုတွေ သစ္စာတရားတွေနဲ့ သေးမွှားတဲ့နားလည်မှုလွဲတာလေးက အစချီပြီး ဖြစ်ပျက်လာတဲ့ကိစ္စတွေကို လှည့်ကွက်ပေါင်းစုံနဲ့ တင်ဆက်ထားတဲ့ဒီကားက အခန်းတိုင်းမှာသင့်ကိုမမျှော်လင့်ထားတဲ့ ဇာတ်ကွက်တွေကိုယုတ္တိရှိစွာ ကြည့်ရှူ့စေမှာပါဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်သူကတော့ Khin Khinဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.5GB / 941MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Khin Khin
movie

Saheb Biwi Aur Gangster Returns (2013)

2013
Ajab Gajab Dhamal (2024)
Ajab Gajab Dhamal (2024) Ajab Gajab Dhamal (2024) (ကိုပေါတို့အရေးတော်ပုံ)အခုတစ်ခါမှာတော့ အချစ်ဟာသကာလေးကို တင်ဆက်ပေးပါတော့မယ်။ ဒီကားထဲက ဇာတ်လိုက်ကတော့ Mohabbatein ထဲက ရှာရွခ်ခန်းနဲ့အတူ တွဲဘက်သရုပ်ဆောင်သွားတဲ့ ကျောင်းသားလေးယောက်ထဲက တစ်ယောက်ပဲဖြစ်ပါတယ်။အချစ်စစ်တို့မည်သည်ဖြောင့်ဖြူးသည်ဟူ၍မရှိဆိုသည့်အတိုင်း ဒီဇာတ်ကားလေးမှာလည်း အချစ် အလွမ်း ဟာသ စတဲ့ရသပေါင်းစုံကို ခံစားရမှာဖြစ်ပါတယ်။ဇာတ်ညွှန်းကိုပြောရမယ်ဆိုရင် တစ်ခါတုန်းကပေါ့ကွာ ဒို့ရွာမှာ ဂျနယ်လ်ဆိုတဲ့ နို့ပို့သမားကောင်လေးတစ်ယောက်ရှိတယ်။ သူစုထားတဲ့ငွေလေးနဲ့ အာမန်းဆိုတဲ့ ကောင်မလေးတစ်ယောက်ကို တင့်တောင့်တင့်တယ်ထားပြီး ထိမ်းမြားလက်ထပ်ချင်နေသတဲ့...။သူရည်ရွယ်တဲ့အမျိုးသမီးဟာ သူ့ကို မချစ်မနှစ်သက်လို့ ငြင်းဆိုသတဲ့...။ဒီအချိန်မှာရသမျှအလုပ်ကို နေရာမချန်လုပ်ရင်းနဲ့ ရည်ရွယ်သူက ခေါင်းငြိမ့်လာခဲ့ပါတယ်။ သို့ပေမယ့် ကံခွေသူအလား ကံကြမ္မာက ကျီစားလာတဲ့အခါမှာတော့ ဘယ်လိုတွေအလွဲလွဲဖြစ်လာမလဲဆိုတာကိုတော့ ရယ်တစ်လှည့် ဆွေးတစ်လှည့်နဲ့ ခံစားကြည့်ရှုပေးပါဦးနော်...။( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2GB /  1GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Ajab Gajab Dhamal (2024)

2024
Fugly (2014) 4.7
Fugly (2014) Fugly (2014) အမှန်တရားဘက်တော်သား IMDb 4.7/10 Thriller/ Comedyဒီတစ်ခါမှာတော့ CMပရိသတ်ကြီးအတွက် မင်းသမီးချောလေး ကီယာရာရဲ့ ပွဲဦးထွက်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ပွဲဦးထွက်ဆိုပေမယ့်လည်း ကီယာရာရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာပါ ကီယာရာဆိုတာနဲ့ ကြည့်ကြမယ်ဆိုတာကို သိပေမယ့် ဝတ္တရားအရ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြပေးပါရစေ။ဒေ့ဗ် ၊ ဒေဗီ ၊ ဂူရာ့ဗ်နဲ့ အာဒီတို့ဟာ ငယ်ငယ်ကတည်းက ပခုံးဖက်ပြီးပေါင်းလာကြတဲ့ သူငယ်ချင်းတွေပေါ့ သူတို့လေးယောက်ထဲမှာ ဂူရာ့ဗ်ကတော့ ဝန်ကြီးရဲ့သားတစ်ယောက်ဖြစ်ပြီး ကျန်တဲ့သုံးယောက်ကတော့ သာမန်လူတန်းစားတွေပါ ဂူရာ့ဗ်က အမြဲတမ်းပြဿနာ‌ရှာလေ့ရှိပေမယ့် အဖေဖြစ်သူရဲ့အရှိန်အဝါကြောင့် ဘယ်သူမှမထိရဲကြတဲ့လူတစ်‌ယောက် ..သူငယ်ချင်းလေးယောက်က အမြဲတမ်းတပူးပူးတတွဲတွဲနေတတ်ကြပြီး တစ်ယောက်ကို ထိပါးလာပြီဆိုရင် ကျန်တဲ့သူတွေကလည်း ငြိမ်ခံမနေကြဘူးပေါ့ ဒီလိုနဲ့တစ်ရက်မှာတော့ သူတို့ရဲ့သူငယ်ချင်းမလေးဒေဗီကို ကုန်စုံဆိုင်ပိုင်ရှင်တစ်ယောက်က ထိကပါးရိကပါးလုပ်လာတဲ့အတွက် ပညာပေးဖို့ဆုံးဖြတ်လိုက်ပါတယ် ဆိုင်ပိုင်ရှင်ကို ကားနောက်ဖုံးထဲပိတ်ထားလိုက်ပြီး ကားပတ်မောင်းနေတုန်းမှာပဲ ကင်းလှည့်နေတဲ့ရဲနဲ့ပက်ပင်းတိုးပါလေရော ဂူရာ့ဗ်က ခါတိုင်းလိုပဲ အဖေဖြစ်သူရဲ့အရှိန်အဝါနဲ့ ရှောင်ထွက်ဖို့ကြိုးစားပေမဲ့ ဒီရဲကိုတော့ ခါတိုင်းလို ခြိမ်းခြောက်လို့မရခဲ့ပါဘူး နောက်ပြီးရဲအရာရှိဖြစ်တဲ့သူက ကားနောက်ဖုံးထဲမှာပါလာတဲ့လူကို လက်လွန်ကြက်သွန်တွေဖြစ်ပြီး သတ်လိုက်မိတဲ့အခါမှာတော့ ဒီအရှုပ်တော်ပုံကြီး သူတို့ခေါင်းပေါ်ရောက်ဖို့ဖြစ်လာပါတော့တယ် သူတို့တွေ ဘယ်လိုပြဿနာတွေကြုံရမလဲ ဘယ်လိုတွေ ဖြေရှင်းကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါရှင်(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood ...
movie

Fugly (2014)

2014
Bang Bang! (2014) 5.5
Bang Bang! (2014) မင်းသား Hrithik Roshan နဲ့ မင်းသမီး Katrina Kaif တို့အဓိကပါဝင်ထားတဲ့ ဒီ Bollywood ဇာတ်ကားက Hollywood ရဲ့နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ကားကို မှီငြမ်းထားတာဖြစ်ပါတယ်...။နိုင်ငံတော်တော်များများကို လှည့်ပတ်ပြီး ခမ်းနားစွာရိုက်ကူးထားတာကြောင့် ရှုခင်းတွေ အရမ်းလှပါတယ်။ ဒါ့အပြင် ဘောလိဝုဒ်ရဲ့အနှစ်လို့ဆိုရမယ့် အကအလှပိုင်းမှာလဲ ဒီဇာတ်ကားက လုံးဝပြည့်စုံတယ်ဆိုရအောင် မိုက်ပါတယ်... မိုက်ဆို မင်းသားရော မင်းသမီးရောက လုံးဝအလန်းတွေလေ။ဇာတ်လမ်းကတော့ အက်ရှင်ကြမ်းကြမ်း အချစ်ကြမ်းကြမ်း စွန်းစားခန်းကြမ်းကြမ်းတွေနဲ့ ဟာသလေးတွေလဲ ဖြည့်စွက်ထားပါသေးတယ်။ ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်ပြီးတော့ အချိန် ၂ နာရီခွဲလောက်ကြာတာကိုပါ မေ့သွားပါမယ်။ File size…(7.1 GB)/ (1.9 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:33:49 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Thaik San
movie

Bang Bang! (2014)

Operation Mayfair (2023) 6.3
Operation Mayfair (2023) Operation Mayfair ( 2023 ) ========================= IMDb 7.3/10 အသစ်ထွက်ထားတဲ့ အိန္ဒိယ မှုခင်း၊ သည်းထိတ်ရင်ဖိုရုပ်ရှင်မိုက်မိုက်လေးတစ်ခုကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးချင်ပါတယ်။မေဖဲရ်လူသတ်ကောင်ဆိုတဲ့ လူသတ်သမားဟာ ချောပေ့၊ လှပေ့ဆိုတဲ့ အရွယ်ကောင်း မိန်းကလေးတွေကိုမှ ရွေးပြီးသတ်တတ်ပါတယ်။ သူက လူသတ်ရင် ပစ်မှတ်မိန်းကလေးကို မျက်လုံးအောက်မှာ မျက်ရည်ပုံစံ အနက်ရောင်ဆေးရည်တွေသုတ်တယ်၊ နောက်ကျောကိုကြာပွတ်နဲ့ရိုက်ပြီး သေသွားရင်လည်း အလောင်းကနေ လက်ညှိုးကို ဖြတ်ယူသေးတယ်။ အဲဒီ မေဖဲရ်လူသတ်သမားဟာ ခြေရာဖျောက်သွားခဲ့ပြီး သုံးနှစ်နေမှ ပစ်မှတ်အသစ်နဲ့အတူ ပြန်ပေါ်လာခဲ့ပါတယ်။စုံထောက် အာမာဆင်းဂ်ကတော့ အဲဒီလူသတ်သမားကို ဖမ်းဖို့ကြိုးစားခဲ့ပေမဲ့ မမိခဲ့တာကြောင့် စိတ်ဖိအားတွေနဲ့ စုံထောက်ဘဝကနေ အနားယူပြီး အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ ပါမောက္ခလုပ်နေတဲ့သူပါ။ လူသတ်သမား ပြန်ပေါ်လာတဲ့နောက်မှာတော့ ပါမောက္ခအအမရ်ဆင်းဂ်လည်း မပြီးပြတ်သေးတဲ့အမှုအတွက် စုံထောက်အဖွဲ့ထဲကို ပြန်ဝင်ပြီး လူသတ်သမားကို မိအောင် ကြိုးစားဖမ်းဖို့ဖြစ်လာပါတော့တယ်။ဒီ Operation Mayfair ဆိုတဲ့ရုပ်ရှင်ဟာဆိုရင် မြင်နေကျအတိုင်း ပရိသတ်ဘက်က လူသတ်သမားဘယ်သူဆိုတာကို သိဖို့ကြိုးစားရတာမျိုးမဟုတ်ဘဲ လူသတ်သမားကို သိသိကြီးနဲ့ စုံထောက်တွေ ဖမ်းဖို့ကြိုးစားနေတာကို အသည်းတယားယား ကြည့်ရှုရမှာပါ။ ရုပ်ရှင်က ဇာတ်လမ်းအစကတည်းက Thriller vibe အပြည့်နဲ့ ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ ပရိသတ်တွေအတွက် ...
movie

Operation Mayfair (2023)

2023
My Name Is Khan (2010) 7.9
My Name Is Khan (2010) IMDb Rating (7.9) / Rotten Tomatoes (83%)မင်းသားရှရွတ်ခန်းနဲ့ မင်းသမီးကာဂျိုးတို့တွဲရိုက်လိုက်တိုင်း နာမည်ကြီးနေကျဆိုသလို ဒီဇာတ်ကားကလဲ ကမ္ဘာ့အလည်မှာ နာမည်ရခဲ့တဲ့ Bollywood ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ရှရွတ်ခန်းဟာ ဒီဇာတ်ကားမှာ Asperger's syndrome ရောဂါဝေဒနာရနေတဲ့သူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး သူ့ရဲ့သရုပ်ဆောင်မှုတွေက ပြောစရာမရှိအောင် ပြည့်စုံခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့....Khan ဟာ Asperger's syndrome  လူမှုဆက်ဆံရေးချွတ်ချော်တဲ့ရောဂါလို ဂေါက်တောက်တောက်ပုံစံဖြစ်နေတာမလို့ သူ့ညီဖြစ်သူက သူ့ကိုဆို မကြည်ဖြူပေမယ့် မိဘတွေကတော့ သူ့ကိုအချစ်ပိုကြပါတယ်။ဒီလိုနဲ့သူ့မိဘတွေဆုံးတော့ Khan တစ်ယောက် အိန္ဒိယကနေ သူ့ညီရှိရာ အမေရိကကိုပဲ  လိုက်ပါသွားဖို့ ဖြစ်လာပါတော့တယ်။Spoiler Alert....(ဇာတ်ကားကြည့်မည့်သူများ အောက်ကစာကိုမဖတ်ဘဲ ကြည့်သင့်ပါတယ်။)သူဟာ သူ့ညီကုမ္ပဏီက အလှပြင်ပစ္စည်းတွေ ရောင်းချပေးနေရင်း Mandira နဲ့ တွေ့ဆုံမိပြီး  မြင်မြင်ချင်းသဘောကျသွားပါတော့တယ်။ Mandira ဟာ အလှပြင်ဆိုင်မှာလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့မှာ သားတစ်ယောက်ရှိပါတယ်။ သူ့ယောကျာ်းနဲ့တော့ ကွဲနေပါတယ်။ သူမဟာ မကြာခင် အိမ်ပြောင်းဖို့ရှိနေပြီး ကိုယ်ပိုင်အလှပြင်ဆိုင်လေးတစ်ခုဖွင့်ဖို့ ...
movie

My Name Is Khan (2010)

4K HEVC
Mohabbatein (2000) 7.1
Mohabbatein (2000) IMDb Rating (7/10)အမီတာဘချမ်း ၊ ရှရွတ်ခန်း ၊ Aishwarya Rai တို့နဲ့ ဒီဇာတ်ကားက Musical,Romanace,Drama အမျိုးအစား နာမည်ကြီး ဘောလိဝုဒ် ဇာတ်ကားဖြစ်ပါတယ်။ဟင်ဒီလို Mohabbatein ဆိုတဲ့ဇာတ်ကားနာမည်က မြန်မာလိုဆို " အချစ်ပုံပြင် " လို့ဆိုရမှာပေါ့...ဇာတ်လမ်းကတော့...ကျောင်းမှာ ကျောင်းသူကျောင်းသားအချင်းချင်း မချစ်ရမကြိုက်ရရိုမန့်တစ်ဆန်ခြင်းတွေကို မလုပ်ရဆိုပြီး တားမြစ်ထားတဲ့အရမ်းကိုစည်းကမ်းကြီးတဲ့ ကျောင်းအုပ်ကြီး...သူ့ရဲ့သမီးဖြစ်သူနဲ့ ကောင်လေးတစ်ယောက်ချစ်ကြိုက်နေကြတာကိုသိသွားတဲ့အခါမှာတော့...ချစ်သူနှစ်ဦးကို မကွဲကွဲအောင်ခွဲကြတဲ့ အတ္တမာန်မာနတွေကြား အချစ်ပုံပြင်တစ်ပုဒ်ဟာ ဝမ်းနည်းဖွယ်ရာဖြစ်သွားပါတော့တယ်။ဒါပေမယ့် နှစ်အနည်းငယ်ကြာပြီးနောက် ကောင်လေးက ကျောင်းအုပ်ကြီးကို လက်စားချေဖို့ ဂီတဆရာအဖြစ်နဲ့ ကျောင်းကိုပြန်လည်ရောက်ရှိလာတဲ့အခါမှာ....စည်းကမ်းအရမ်းကြီးပြီး အချစ်ကိုအယုံအကြည်မရှိတဲ့ ကျောင်းအုပ်ကြီးနဲ့ အချစ်ကိုအပြည့်အဝယုံကြည်ပြီး ချစ်တတ်တဲ့လူငယ်တစ်ယောက်ရဲ့ အားပြိုင်မှုတွေကို ခံစားမှုရသပေါင်းစုံနဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(ဘာသာပြန်သူနဲ့ အညွှန်းရေးထားသူကတော့ Iker Zaw ဖြစ်ပါတယ်။) File size…(4.6 GB) and (2.2 GB) Quality….BluRay 1080p HEVC and 720p Format…mkv/mp4 Duration….03:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated ...
movie

Mohabbatein (2000)

2000
1080p HEVC
Happy Phirr Bhag Jayegi (2018) 4.5
Happy Phirr Bhag Jayegi (2018) Happy Phirr Bhag Jayegi (2018)ဒီကားက ၂၀၁၆ တုန်းကထွက်ထားတာ Happy Bhag Jayegi ရဲ့နောက်ဆက်တွဲကားပါ။ပထမကားတုန်းက ပါကစ္စတန်မှာလွဲကြပြီးတော့ ဒီကားမှာတော့ တရုတ်ပြည်မှာ သွားလွဲကြမှာပါ။အခုလို စိတ်ညစ်စရာကောင်းတဲ့အချိန်မှာ ရယ်ရယ်မောမောနဲ့ ကြည့်လို့ကောင်းမဲ့ ဟာသကားလေးတစ်ကားဆိုလည်း မှားမယ်မထင်ဘူး။ ဒီတော့ ဇာတ်လမ်းအကျဥ်းချုပ်လေး နည်းနည်းပြောပြမယ်။ဇာတ်ကားထဲမှာ ဟတ်ပီးဆိုတဲ့ ကောင်မလေးနှစ်ယောက်ရှိတယ်ဗျာ။ လူဆိုးဂိုဏ်းက အလိုရှိနေတဲ့ ဟတ်ပီးနဲ့ ရုက္ခဗေဒပညာရှင်ပရော်ဖက်ဆာ ဟတ်ပီးတို့ပေါ့။ အဲ့ဒီမှာ တရုတ်လူဆိုးဂိုဏ်းက လေဆိပ်မှာ ပရော်ဖက်ဆာဟတ်ပီးကို မှားပြီးဖမ်းသွားမိရာကနေဇာတ်လမ်းကစတယ်။ ပရော်ဖက်ဆာဟတ်ပီးက သူ့ကိုလိုက်ဖမ်းတဲ့လူတွေလက်ထဲက အသက်လုပြီးပြေးနေရတဲ့အချိန်မှာ တဖက်မှာလည်း ဟိုဟတ်ပီးက ဘုမသိဘမသိနဲ့ မိန့်ခွန်းတွေပြောလို့ပြောပေါ့။ ဒီဟတ်ပီးနှစ်ယောက်လွဲသွားတဲ့အမှားနဲ့မပြီးသေးဘူး။ သူတို့ကနေ ဆက်မှားလိုက်တဲ့ မီးခိုးကြွက်လျှောက်အမှားတွေက ဇာတ်လမ်းရဲ့ရယ်ရတဲ့အသက်ပဲ။ဒီတော့ ဘယ်လိုအလွဲတွေလွဲပြီး အူတယားယားနဲ့ ရယ်ရမလဲဆိုတာ ဇာတ်ကားထဲမှာပဲ ဆက်ပြီးရှုစားကြပါဦးဗျာ။ပထမဇာတ်ကားကိုမကြည့်ရသေးရင် ဒီမှာ https://channelmyanmar.org/?s=Happy+Bhag+Jayegi ကြည့်ပါ။အညွှန်းနဲ့ ဘာသာပြန် ကတော့ Johnနဲ့ Intelligenceဖြစ်ပါတယ်။ File size…(2.8 ...
movie

Happy Phirr Bhag Jayegi (2018)

Happy Bhag Jayegi (2016) 6.5
Happy Bhag Jayegi (2016)  Happy Bhag Jayegi(2016) ************************* IMDb Rating (6.5)ဒီဇာတ်လမ်းလေးကတော့ မချစ်မနှစ်သက်သူနဲ့အတင်းပေးစားကြလို့ သူ့ချစ်သူနောက်ကို ခိုးရာလိုက်ပြေးတဲ့ အိန္ဒိယကောင်မလေးတစ်ယောက်အကြောင်းပေါ့...ခိုးရာလိုက်တာကတော့ မထူးဆန်းပေမယ့် ခိုးရာလိုက်လွဲပြီး အိန္ဒိယကနေ ပါကစ္စတန်နိုင်ငံထဲ ရောက်သွားတဲ့အခါမှာတော့.........။ဒီဇာတ်ကားက အဲ့လိုအလွဲတွေ တဝါးဝါးပွဲကျရမယ့်ဇာတ်ကားပါပဲ....ဟက်ပီးဆိုတဲ့ ကောင်မလေးဟာ အမြဲဖျတ်လတ်ပြီး ပျော်ပျော်နေတတ်တာကြောင့် ရောက်တဲ့နေရာတိုင်းကလူတွေကိုပါ အပျော်ကူးစက်သူလေးပါ...ဘဝကိုအပူအပင်ကင်းကင်းနဲ့ ပေါ့ပေါ့ပါးပါးပဲဖြတ်သန်းနေသူလေးပါ။အဲဒီလိုကောင်မလေးက သူမကြိုက်တဲ့သူနဲ့အတင်းပေးစားခံရတဲ့အခါမှာတော့ သူ့ချစ်သူနောက်ကို ခိုးရာလိုက်ပြေးဖို့ နှစ်ခါတောင်မစဉ်းစားခဲ့ပါဘူး။ မင်္ဂလာပွဲနေ့မှာ လိုက်ပြေးခဲ့တယ်ပေါ့။ ဒါပေမယ့် သူ့ကိုလာ‌ခိုးတဲ့ကားထင်ပြီး ပြတင်းပေါက်ခုန်ချလို့ လိုက်သွားခဲ့ပေမဲ့ ကားလွဲသွားတဲ့အခါ ... အကုန်တလွဲတွေဖြစ်ကုန်ပါတော့တယ်။ဒီဇာတ်လမ်းမှာ ပါကစ္စတန်နဲ့ အိန္ဒိယဆက်ဆံရေးကို ခပ်ပါးပါးလေးမြင်နိုင်မှာဖြစ်ပြီးတော့ အလွဲတွေနဲ့ရယ်နေရမှာပါ။ ဘဝကိုပျော်ရွှင်စွာ ပေါ့ပေါ့ပါးပါးဖြတ်သန်းဖို့နဲ့ ထွေထွေ‌ထူးထူးအတွေးလွန်မနေဖို့ ကျွန်တော်တို့ကို သင်ပြပေးသွားမယ့် ဟပ်ပီးဆိုတဲ့ ကောင်မလေးတစ်ယောက် ဘယ်လိုအခက်အခဲတွေကို ဘယ်လိုအလွဲတွေနဲ့ ဖြတ်ကျော်သွားမလဲဆိုတာ‌ ခံစားကြည့်ကြပါဦး။Happy Phirr Bhag Jayegi (2018) ဇာတ်ကားဆက်ထွက်ထားပြီး ဒီလင့်မှာ https://channelmyanmar.org/?s=Happy+Bhag+Jayegi ကြည့်ပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကတော့ Htoo Aung ...
movie

Happy Bhag Jayegi (2016)

Collar Bomb (2021) 6.2
Collar Bomb (2021) IMDb Rating (6.2)Disney+Hotstar က ထုတ်လွှင့်ထားတဲ့ Action , Thriller Bollywood ဇာတ်ကားကောင်းလေးကို တင်ဆက်လိုက်ပါတယ်....ဇာတ်လမ်းကတော့ ကြမ်းပါတယ်...အသေခံဗုံးခွဲသမားတစ်ယောက်က ဗုံးတွေအပြည့်ဝတ်ဆင်ပြီး ကျောင်းဆောင်ထဲဝင်လာပါတယ်...ကျောင်းထဲက ကလေးတွေရဲ့ အသက်ကို သူက အလဲအလှယ်လုပ်မှာပါ....ကလေးတွေ အသက်ရှင်ချင်ရင် ကလေးမိဘတွေက ကိုယ့်ဖာသာ အသေခံရမှာပါ...အပေးအယူကြမ်းတဲ့ ဇာတ်ကြောင်းနောက်ကွယ်မှာလဲ လျှို့ဝှက်ချက်တွေက ရှိနေပါသေးတယ်...အသက်ရှင်ဖို့ အလျော်အစားကြမ်းနေတဲ့ ၂၀၂၁ ကာလကြီးနဲ့ ကိုက်ညီမယ့် ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုပါတယ်..။ File size…(1.7 GB) and (1.1 GB) Quality…WEB-DL 1080p and 720p 5.1CH Format…mp4 Duration….01:27:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Thuya
movie

Collar Bomb (2021)

Madaari (2016) 7.6
Madaari (2016) IMDb Rating (7.6) / Rotten Tomatoes (78%)အသက် ၁၀ နှစ်အရွယ် ရိုဟန်ဆိုတဲ့ကျောင်းသားလေးတစ်ယောက် ပြန်ပေးဆွဲခံရတယ်။ ရိုဟန်က ပြည်ထဲရေးဝန်ကြီးရဲ့ တစ်ဦးတည်းသော သား။ဆိုတော့ကာ စစ်တပ်ရော ဗဟိုထောက်လှမ်းရေးအဖွဲ့ပါ ပိုက်စိပ်တိုက် လိုက်ရှာကြရရော။ ဝန်ကြီးရဲ့သား ပျောက်နေတယ်ဆိုပြီး မီဒီယာတွေကို အသိပေးလိုက်ရင် ပြန်ပေးဆွဲတဲ့လူက ကြောက်လန့်ပြီး ကလေးကို သတ်ကာ တိမ်းရှောင်သွားနိုင်တာကြောင့် အတတ်နိုင်ဆုံး တိတ်တဆိတ်ပဲ စုံစမ်းထောက်လှမ်းကြတယ်။ရိုဟန်နဲ့ သူ့သူငယ်ချင်းတစ်ယောက်က တခြားကျောင်းသားတွေ အိပ်ပြီဆိုရင် အဆောင်ကနေ ခိုးထွက်ပြီး ညလယ်စာတွေ ဝယ်စားတတ်တယ်။ ရိုဟန် ပြန်ပေးဆွဲခံရတာဟာလည်း အဲဒီလိုမုန့်ထွက်စားတဲ့ညတစ်ညမှာ ဖြစ်ပျက်သွားခဲ့တာ။ ရိုဟန့်သူငယ်ချင်းက လမ်းပေါ်မှာ လဲကျပြီး အိပ်ပျော်ကျန်နေခဲ့တော့ စစချင်းမှာ ကလေးချင်း မှားပြီး ပြန်ပေးဆွဲခံရတာလို့ ကောက်ချက်ဆွဲကြသေးတယ်။ဝန်ကြီးတို့တစ်တွေ အခက်တွေ့ကြတဲ့ကိစ္စတစ်ခုကတော့ ရိုဟန့်ကို ပြန်ပေးဆွဲသွားတဲ့လူဆီကနေ ဘာတစ်ခုမှ ဆက်သွယ်မလာတာပဲ။ ပိုက်ဆံလိုချင်ရင်လည်း ပြန်ပေးသမားအနေနဲ့ ဆက်သွယ်သင့်ပြီ။ အခုကျ ...
movie

Madaari (2016)

Special 26 (2013) 8.0
Special 26 (2013) အားလပ်ချိန်မှာ ပေါ့ပေါ့ပါးပါးလေးနဲ့ Bollywood ဇာတ်ကားကောင်းကို ကြည့်ရှုခံစားချင်ရင်တော့ IMDB 8/10 အထိရရှိထားတဲ့ ဒီဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားမှာတော့ အဂျေး နဲ့ အပေါင်းအပါတွေရဲ့ လိမ်လည်မှုပညာ တွေကို အဓိက တင်ဆက်ထားပြီး လူလိမ်နဲ့ ရဲကြား အားပြိုင်မှုကို ဖော်ပြထားပါတယ်။ဒီနေရာမှာ အဂျေးနဲ့ အပေါင်းအပါတွေဟာ ခေသူတွေမဟုတ်ပါဘူး။ဝန်ကြီးချုပ်ကိုတောင် လိမ်လည်နိုင်စွမ်းရှိခဲ့သူတွေပါ။သူတို့တွေ ဘယ်သူတွေကို ဘယ်လို လိမ်ခဲ့ကြမှာလဲ။ရဲတွေလက်ကနေ ဘယ်လောက် ဖောက်ထွက်နိုင်မလဲ / အလွန်တော်တဲ့ စုံထောက်တွေကရော ဖမ်းဆီးနိုင်မလား ဆိုတာ ရင်ခုန်ခံစားရမှာပါ။အဂျေး အဖြစ် မင်းသားကြီး အရှေးကူးမားက ပါဝင်သရုပ်ဆောင်ထားပြီး Bollywood ဇာတ်ကားကောင်းတို့၏ ထုံးစံအတိုင်း ပဥ္စလက်ဆန်ဆန် လှည့်ကွက်တွေနဲ့ ဆွဲဆောင်သွားစေမှာ ဖြစ်လို့ ကြည့်ရှုအားပေး ခံစားကြည့်ကြစို့လားခင်ဗျာ။File Size         : 1 GB Quality           : Blu ray 720P Running Time : 2hr ...
movie

Special 26 (2013)

2013
A Wednesday! (2008) 8.1
A Wednesday! (2008) A Wednesday! (2008) IMDb- 8.1/10_____Rotten - 89%   "လူသားစစ်မှန်ခဲ့ရင် ဇီဝန်ခြွေတဲ့ အလုပ်ကို သာယာနေမှာမဟုတ်ဘူး " ဒါမှမဟုတ် အဲ့ဒီစကားပြောခဲ့တဲ့ဗုဒ္ဓဟူးနေ့လေးတစ်နေ့°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°နိုင်ငံတစ်နိုင်ငံ၏ တရားရေးကို သဘောမကျရင် ကိုယ်တိုင်စီရင်ပစ်ရမည်ဟု ဒီဇာတ်ကားလေးနဲ့ ပြောခဲ့ချင်ပုံရသည်။ထို့သို့အတိုင်းပင် အိန္ဒိယ၏ ဇာတ်ကားတော်တော်များများသည် တည့်မတ်စေလိုသော သဘောတရားအရင်းခံရင်း တရားရေးမဏ္ဍိုင်ကို ကြုံရင်ကြုံသလိုသရော်လိုက်ကြသည်။ ဤကားသည် ထို့သို့အတိုင်းပင်။ ဤဇာတ်ကား၏ အရှိန်သည် အစ၌ပင် စ၍ အဆုံးပြီးမှ ဆုံးလိုက်သည့် ရစ်သမ်ညီသည့်ဇာတ်မျိုးဖြစ်သည်။ IMDB - 8.1 အထိ ရရှိထားပြီး ဝေဖန်ရေး အရလည်း တော်တော်အောင်မြင်ခဲ့သည့် ကားမျိုးဖြစ်သည်။ဇာတ်လမ်း အကျဉ်းအားဖြင့် ဆိုသော် တစ်နေ့သော ဗုဒ္ဓဟူး နေ့လေးတွင်သာ ဖြစ်ပျက်ခဲ့၏။ ထိုနေ့လေးတွင် ရဲကော်မရှင်နာရာဟိုးလ် ထံသို့ အမည်မသိ ဖုန်း တစ်ခု ဝင်လာသည်။ အမည် ကို A ဟု သတ်မှတ်ပါစို့။ A ...
movie

A Wednesday! (2008)

2008
Lage Raho Munna Bhai(2006) 8.1
Lage Raho Munna Bhai(2006) Lage Raho Munna Bhai (2006) °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° " Hello ; Good Morning ; Mumbai " ဆိုတဲ့ နှုတ်ဆက်စကားလေးဟာ ရေဒီယို လေးကနေ ပျံ့လွင့်လို့လာခဲ့တယ်။ သာယာတဲ့ အသံပိုင်ရှင်ဟာလည်း ချောမောလှတဲ့ ကောင်မလေးတစ်ယောက်ပါပဲ။ အသံလွှင့် သူလေးက "ဂျန်ဗီ" ။ဒီအသံလေး ကို ရင်ဘတ်နဲ့ စွဲငြိနေခဲ့မိသူကတော့ လူကြမ်းကြီး မူနာပါပဲ။ တစ်နေ့မှာတော့ "ဂျန်ဗီ "ဟာ ရေဒီယို ကဏ္ဍ လေးတစ်ခုကို ကြေငြာလိုက်ပါတယ်။ ဒီ ကဏ္ဍ လေးမှာတော့ အိန္နိယနိုင်ငံရဲ့ နှလုံးလှဖခင်ကြီး ဂန္ဒီ အကြောင်း ကို ဖြေဆိုရင်း သူမနှင့် တွေ့ဆုံနိုငိမယ့် အခွင့်အရေးလေးပါပဲ။ ဒီ ကဏ္ဍ အတွက် မူနာ ဟာ အစွမ်းအကုန် အားထုတ်နေခဲ့မိပါတယ်။ မရတာ မရှိ မဖြစ်နိုင်တာ မရှိလေတဲ့ လူကြမ်း မူနာအတွက်တော့ ...
movie


2006
Munna Bhai M.B.B.S. (2003) 8.2
Munna Bhai M.B.B.S. (2003) ဒီကားကို 3 idiot ဒါရိုက်တာ Rajkuma Hirani ရိုက်ကူးခဲ့ပြီး နာမည်ကြီးမင်းသား (Sanjay Dutt)မင်းသမီးချော Gracy Singh နဲ့ 3 idiot ထဲက ဗိုင်းရပ်ကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ (Roman Irani)တို့ က အဓိကပါဝင်ခဲ့ပါတယ်. Sanjay ဟာ လူမိုက်ခေါင်းဆောင်တစ်ယောက်ပါ ပြန်ပေးဆွဲတယ် လိုချင်တာကို မရ ရတဲ့နည်းနဲ့ ယူတယ် တပည့်လူမိုက်တွေလည်း အများကြီး ....သို့ပေမဲ့ သူ့မိဘတွေသိထားတဲ့အဖြစ်က Sanjay ဟာသိပ်ကိုထူးချွန်တဲ့ ဆရာဝန်တစ်ယောက် ဒီလိုဖြစ်အောင်လည်း Sanjay က လိမ်ထားနိုင်တယ် မိဘတွေသူ့ဆီအလည်လာရင် သူတို့နေတဲ့ အဆောက်အဦးဟာ ဆေးရုံဖြစ်သွားပြီး တပည့်တွေက လူနာတွေဟန်ဆောင်ကြတယ် မိဘတွေက တစ်နေ့တော့ ဆရာဝန်မတစ်ယောက်နဲ့ စေ့စပ်ပေးကြတယ်...စေ့စပ်ပွဲမှာ သူဆရာဝန်အဖြစ် လိမ်ထားမှန်းအားလုံးက သိသွားကြတဲ့အပြင် တန်ဘိုးတစ်စက်မှမရှိတဲ့လူအဖြစ် ဆက်ဆံခံလိုက်ရတော့ Sanjay ဟာ မခံချင်စိတ်နဲ့ရည်မှန်းချက်ကြီးတစ်ခုထားလိုက်တယ်...အဲ့ဒါက သူတကယ့်ဆရာဝန်အစစ်အမှန် ဖြစ်ရမယ် သူတကယ်ကြိုးစားမယ်ဆိုတာပဲ.....သူဘယ်လိုတွေကြိုးစားလဲ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရလဲ ဆိုတာကိုတော့ ဒီကားက အတော်လေးရယ်ရတယ် ဟာသလေးတွေနှောပြီး message လေးတွေပေးသွားတယ် ဒီကားထဲက လူကြမ်းကြီးက ကျွန်တော်တို့လျစ်လျူရှုထားတဲ့ ...
movie

Munna Bhai M.B.B.S. (2003)

2003