Channel Myanmar

Jin Kyung

Slow Video (2014) 6.3
Slow Video (2014)  ၂၀၁၄ က ထွက်ရှိခဲ့တဲ့ ကိုးရီးယား ဟာသဒရာမာ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင် မင်းသားကအူကြောင်ကြောင် ဟာသ ဇာတ်ရုပ် တွေနဲ့ လူသိများတဲ့ ချာထယ်ဟွန်း ပါ၊ဒီဇာတ်ကားမှာဆိုရင် ဇာတ်ကောင်စရိုက်ကို အပိုလိုမရှိ ကွက်တိကျအောင်သရုပ်ဆောင်နိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဂျန်ဘူဆိုတဲ့ ကောင်လေးက ထူးဆန်းတဲ့ မျက်စိဝေဒနာ တစ်ခုကိုအသက် ဆယ်နှစ်သားအရွယ်မှာ စပြီး ခံစားခဲ့ရပါတယ်။ သူ့ဝေဒနာကအာရုံစိုက်ပြီး ကြည့်လိုက်တဲ့အခါမှာ ရုပ်ရှင် အနှေးပြကွက်လိုမျိုးမြင်ကွင်းတွေကို မြင်ရတာပါ။ သူ့ကို ငကြောင်ဆိုပြီး ကျောင်းမှာအနိုင်ကျင့်မှုတွေ ခံရပြီးနောက် အိမ်ထဲက အိမ်ပြင်မထွက်တော့ဘဲတီဗီဇာတ်လမ်းတွဲတွေ ကြည့်ပြီး အခန်းထဲမှာ အချိန်ကုန်ဆုံးခဲ့ပါတယ်။လူတွေနဲ့ အထိအတွေ့ သိပ်မရှိဘဲ အူကြောင်ကြောင်ငတိ ဂျန်ဘူကလုံခြုံရေး စီစီတီဗီတွေကို စောင့်ကြည့်ရတဲ့ ဌာနမှာ အချိန်ပိုင်းအလုပ်ရပြီးနောက် ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမလဲ။ကလေးဘဝက crush ခဲ့ရတဲ့ သူငယ်ချင်းမလေး ဆူမီနဲ့ လမ်းမှာပြန်တွေ့တဲ့အခါ ဘယ်လို အလွဲတွေ ဖြစ်ကြမလဲဆိုတာ ရယ်မောဖွယ်ဟာသလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ်။ File ...
movie

Slow Video (2014)

The Case of Itaewon Homicide (2009)
The Case of Itaewon Homicide (2009) The Case of Itaewon Homicide (2019)ဆိုးလ်မြို့ရဲ့ နိုင်ငံခြားသားများနဲ့ အစည်ကားဆုံး အီထယ်ဝန်မှာ ၁၉၉၇ ခုနှစ်က တကယ်ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုအပေါ် အခြေခံပြီး ရိုက်ကူးထားခြင်းဖြစ်ပါတယ်။တက္ကသိုလ်ကျောင်းသားလေး ဂျိုဂျွန်ဖီဟာ ရည်းစားဖြစ်တဲ့ကောင်မလေးနဲ့ date မယ်ဆိုပြီး အီထယ်ဝန်ကို ရောက်လာခဲ့ပါတယ်။ နောက်ကျနေပြီမလို့ အိမ်ပြန်ချင်နေပြီဖြစ်တဲ့ ကောင်မလေးကို အချိန်ဆွဲဖို့ သန့်​စင်​ခန်းဝင်မယ်ဆိုပြီး ဘာဂါဆိုင်တစ်ဆိုင်ရဲ့ သန့်စင်ခန်းထဲကို အမြန်ပြေးဝင်သွားပါတယ်။ ကံဆိုးချင်တော့ အဲဒီသန့်စင်ခန်းထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။အိမ်အခြေအနေက အဆင်မပြေပေမဲ့ အချိန်ပိုင်းအလုပ်လုပ်ကာ ကြိုးစားပညာသင်ယူနေတဲ့ ကျောင်းသားလေးရဲ့ သေဆုံးမှုအတွက် ရင်ကျိုးကျန်ခဲ့ရတဲ့ မိသားစုက ကိုရီးယားတရားရုံးမှာ အမှုစစ်ပေးမဲ့ အမှုစစ်ဘတ်ကို အားကိုးရှာတယ်။သံသယရှိသူ ၂ ဦးက နိုင်ငံခြားသားဆိုတော့ အမှုကို စီအိုင်ဒီဘက်က အရင်စစ်တယ်။ ပြီးတော့ မက္ကဆီကန်-ကိုရီးယားစပ် ပီအာဆန်ကို တရားခံလို့ သတ်မှတ်ပြီး ကိုရီးယားဘက်ကို လွှဲပေးတယ်။ အမှုစစ်ဘတ်က ဒီအမှုကို ကိုင်တော့ နောက်တစ်ဦး ကိုရီးယားလူမျိုး အမေရိကန်နိုင်ငံသားကိုပါ အမှုတွဲထဲ ထည့်ပြီး သေချာစစ်ဆေးမေးမြန်းတယ်။သူတို့ ၂ ဦးလုံးက ဂျိုဂျွန်ဖီသေဆုံးနေတဲ့ ...
movie

The Case of Itaewon Homicide (2009)

Smugglers (2023) 6.8
Smugglers (2023) Smugglers (2023)အားလုံး တမျှော်မျှော်ဖြစ်နေခဲ့ကြတဲ့ Smugglers ရပါပြီ။Crime Action ကိုမှ ပင်လယ်ကိုအခြေပြုပြီး ဇာတ်အိမ်ဆန်းဆန်းလေး တည်ထားတာမို့ မတူညီတဲ့ ရသတစ်မျိုးကို ခံစားရမယ်လို့တော့ ထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ ငါးဖမ်းတဲ့ ရေငုပ်သမဘဝကနေ မှောင်ခိုပစ္စည်းတွေကို ရေငုပ်ပြီး လိုက်လံရှာဖွေကြရင်း မှောင်ခိုသမားတစ်မျိုး ဖြစ်သွားခဲ့ကြတဲ့ ဂျန်ဆုနဲ့ချွန်းဂျာတို့ သူငယ်ချင်းနှစ်ယောက်ရယ်၊ တစ်နိုင်ငံလုံးမှာ အတော်ဆုံး မှောင်ခိုဘုရင်လို့ တင်စားကြတဲ့ သူဌေးဂွမ်ရယ်၊ ဂွန်းချွန်းနယ်က မှောင်ခိုခေါင်းဆောင် ဂျန်ဒိုရီရယ်…။သူတို့တွေရဲ့ တရားမဝင်မှောင်ခိုလောက,က နောက်ကျောဓားနဲ့ထိုးမှုတွေ၊ သူငယ်ချင်းအချင်းချင်း အထင်အမြင်လွဲမှားမှုတွေ၊ လူတွေရဲ့ အပေါ်ယံမျက်နှာဖုံးနောက်ကွယ်က သရုပ်မှန်တွေအကြောင်းကို Crime Action genre လေးနဲ့ ခံစားကြည့်ရှုရမှာပါ။မင်းသားမင်းသမီးတွေကတော့ အထွေအထူး ညွှန်းနေစရာမလိုတဲ့ Jo In-Sung, Kim Hye-Soo နဲ့ Yum Jung-Ah တို့ဖြစ်တာမို့ အားလုံး ကျေကျေနပ်နပ်ကြီး ကြည့်ကြရမယ်လို့ ထင်ပါတယ်နော်။အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထဂးတာကတော့ Hmwe & Joyz ပဲ ဖြး်ပါတယ်။Genre..... ...
movie

Smugglers (2023)

2023
My Paparotti (2013) 7.1
My Paparotti (2013) My Paparotti (2013)ဒီကိုရီးယားရုပ်ရှင်ကိုတော့ Time to Huntတို့ Architecture 101 တို့လို ရုပ်ရှင်ကောင်းတွေနဲ့ Signal ,Taxi Driverဇာတ်လမ်းတွဲလို ဇာတ်လမ်းတွဲတွေရိုက်ခဲ့တဲ့ Lee Je-Hoon နဲ့ ရိုက်ထားသမျှ ရုပ်ရှင်၂၀လောက်အကုန်ကောင်းပြီး သရုပ်ဆောင်လည်းဂျွတ်တဲ့ Christmas in August တို့ Green Fish တို့ The Berlin Fileတို့မှာ သရုပ်ဆောင်ခဲ့တဲ့ Dr. Romantic , Tree With Deep Rootsတို့လို ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Han Suk-Kyuတို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါ။Signalမင်းသားကြီး Cho Jin-Woongကလည်း အားဖြည့်ထားပါသေးတယ်။ Cho Jin-Woongနဲ့ Lee Je-Hoonတို့ Signalမတိုင်ခင် တွဲသရုပ်ဆောင်ခဲ့တဲ့ကားဆိုလည်း မမှားပါဘူး။ Strangers Againတို့ Doctor Strangerတို့ထဲက ဆက်စီကျတဲ့မမ Kang So-Raလည်းပါပါတယ်။ဇာတ်လမ်းကတော့ တောဘက်က အနုပညာကျောင်းတစ်ကျောင်းမှာ စာသင်တဲ့ ...
movie

My Paparotti (2013)

2013
Master(2016) 7.0
Master(2016) Master(2016)************Lee Byung-hun  အဓိက ပါဝင်ထားတဲ့ ဒီအက်ရှင်ကားကြီးဟာBO လည်း ဝင်ခဲ့သလို ဝေဖန်ရေးဆရာတွေရဲ့ ချီးမွှမ်းခြင်းတွေလည်း ရရှိခဲ့ပါတယ်.. ဂျင်ယောင်းဖီဆိုတဲ့သူဟာ ပိရမစ်စနစ်ဆိုတဲ့ ငွေစုစနစ်တစ်ခုကိုတည်ထောင်ပြီးတော့တစ်နိုင်ငံလုံးကပြည်သူတွေဆီကနေ ငွေသန်းပေါင်းများစွာလိမ်ယူနေတာပါ။ဒါကို စုံထောက်ဂင်ဂျယ်မြောင်းဆိုတဲ့သူကသိပြီးတော့ ဖမ်းဖို့သက်သေရှာနေပါတယ်။သက်သေရပြီး ဖမ်းမိခါနီးမှာပဲ ဂျင်ယောင်းဖီက ပိုက်ဆံတွေယူပြီး ကိုးရီးယားနိုင်ငံကနေထွက်ပြေးသွားတာမလို့ စုံထောက်အဖွဲ့အရေးနိမ့်သွားရပါတယ်။ဒါပေမဲ့ ရည်မှန်းချက်ကြီးတဲ့ စုံထောက်ဂင်ဂျယ်မြောင်းက လက်မလျော့ဘဲ ဂျင်ယောင်းဖီကိုဖမ်းဖို့အတွက် သူ့ကိုယ်ပိုင်အထူးအဖွဲ့ကိုဖွဲ့ခဲ့ပါတယ်။သူ့ရဲ့အဖွဲ့နဲ့အတူ ဖိလစ်ပိုင်မှာနောက်ထပ်လိမ်လည်မှုကျူးလွန်ဖို့ကြံစည်နေတဲ့ ဂျင်ယောင်းဖီကို ဘယ်လိုမိအောင်ဖမ်းမလဲ။ဉာဏ်အရမ်းထက်တဲ့ လူလိမ်ဂျင်ယောင်းဖီကရော ဘယ်လိုအကွက်တွေနဲ့လှည့်ထွက်ဦးမလဲဆိုတာကိုစိတ်ဝင်တစားစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။File Size :(2.6GB)(1.04GB) and (342MB) Quality :WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:23:00 Genre : Action, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie

Master(2016)

Yaksha: Ruthless Operations(2022) 7.5
Yaksha: Ruthless Operations(2022) Yaksha: Ruthless Operations(2022) ဇာတ်လမ်းအညွှန်း*************************************************ကိုရီးယားရဲ့ ဒိတ်ဒိတ်ကျဲသရုပ်ဆောင်တွေဖြစ်တဲ့ Sol Kyung-gu , Park Hae-soo , Hiroyuki Ikeuchi ပါဝင်ထားတဲ့ ဒီအက်ရှင်ကားဟာ ဘက်ဂျင်တွေအများကြီးအသုံးပြုထားတဲ့အတွက်တော်တော်ကြီ:ကိုမိုက်ပါတယ်...ကိုရီးယားနိုင်ငံ အမျိုးသားထောက်လှမ်းရေးရုံးရဲ့ နိုင်ငံခြားဌာနခွဲတစ်ခုမှ ဌာနမှူးKang-in ဟာ အကောင်းဆုံးအေးဂျင့်တွေစုစည်းထားတဲ့ Black Team ကိုဦးဆောင်ပြီးလျှို့ဝှက်မစ်ရှင်များကိုလုပ်ဆောင်ရမယ့် အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်.... Kang-in ဟာ သူလိုချင်တာရဖို့အတွက်ဆိုရင် ညှာတာမှုမရှိဘဲရက်စက်တတ်တဲ့သူဖြစ်တာကြောင့် "Yaksha" (လူတွေကိုဝါးမျိုသောဝိဉာဉ်) ဆိုပြီးနာမည်ဆိုးနဲ့ ကျော်ကြားပါတယ်... တစ်ရက်မှာ Black Team ကိုစစ်ဆေးရေးလုပ်ဖို့အတွက် ဌာနချုပ်ကနေ အမှုစစ် Ji Hoon ကိုစေလွှတ်ခဲ့ပါတယ်... ဒီ‌နေရာမှာ သူတို့ဆောင်ရွက်ရမယ့်စစ်ဆင်ရေးအစစ်ဟာအရှေ့အာရှတစ်ခွင်လုံးကို လှုပ်ခတ်သွားစေနိုင်မယ့်အမှုနဲ့ ပတ်သက်မှုရှိနေကြောင်း သိလိုက်ရတဲ့အခါမှာတော့...File Size :(0.9GB) and (346 MB) Quality :WEB-DL 720p Format…mp4 Duration…02:05:00 Genre : Crime , Drama, Action Subtitle : Myanmar Subtitle (Hard Sub) Translated by  Hnin ...
movie

Yaksha: Ruthless Operations(2022)

Hard Hit (2021) 6.1
Hard Hit (2021)  Hard Hit (2021)အခုတစ်ခေါက်မှာတော့ တောင်းဆိုနေကြတဲ့ ပရိတ်သတ်ကြီးအတွက် ဂျွန်လ ၂၃ရက်ကမှ အသစ်စက်စက် ထွက်ရှိ ရုံတင်ထားတဲ့ ကိုရီးယား Action/Thriller ဇာတ်ကားကြီးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်IMDB 6.0/10 ရရှိထားတဲ့ကားကောင်းတစ်ကားဖြစ်ပြီးCast တွေအနေနဲ့ကတော့ နာမည်ကြီး အချစ်တော်မင်းသား Ji Chang-Wook နဲ့ Seo-book,Rampant အစရှိတဲ့ ဇာတ်ကားကြီးတွေမှာပါဝင်ဖူးတဲ့ ဝါရင့်သရုပ်ဆောင် Woo Jin-Joတို့က ပါဝင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Baro ဘဏ်မန်နေဂျာဖြစ်သူ လီဆောင်းဂူ ဆိုသူမှာ တစ်ရက် ကလေးတွေကို ကျောင်းလိုက်ပို့ဖို့လုပ်ရင်း ထူးဆန်းတဲ့ ဖုန်းတစ်ခုကို လက်ခံရရှိခဲ့ပါတယ်အဲ့ဖုန်းကိုဆက်တဲ့သူက ဘယ်သူဆိုတာမသိရဘဲ အဲဒီလူက လီဆောင်းဂူကားမှာ ဗုံးတပ်ဆင်ထားကြောင်း ပြောဆိုခဲ့ပြီး အဲ့ဗုံးက ကားပေါ်က သူဆင်းလိုက်တာနဲ့ ပေါက်မယ်ဆိုတဲ့အကြောင်းကိုလည်း ထိတ်လန့်ဖွယ် ပြောပါတယ် ကားပေါ်မှာ လီဆောင်းဂူနဲ့အတူ သူရဲ့သားဖြစ်သူ မင်ဂျွန်းနဲ့သမီးဖြစ်သူ အယ်အင်းတို့လည်း အတူရှိနေခဲ့ပါတယ် ကလေးနှစ်ယောက်နဲ့ ဗုံးတပ်ဆင်ထားတဲ့ကားပေါ်မှာ ရှိနေတဲ့အခါ ဘယ်လို လွတ်မြောက်အောင်ကြိုးစားမလဲ ဘယ်လိုအဆုံးသတ်မယ်ဆိုတာတော့ ရင်တမမနဲ့ ခံစားကြည့်ရှုရဦးမှာပါဒီကားထဲမှာ ဘဝအတွက် သင်ခန်းစာယူစရာတချို့လည်းရနိုင်လို့ အက်ရှင်ကားလည်းကြည့် အနှစ်သာရ အချို့လည်းခံစားနိုင်မယ့် ကားကောင်းလေးတစ်ကားဖြစ်ကြောင်း ...
movie

Hard Hit (2021)

2021
Assassination (2015) 7.3
Assassination (2015)   [Unicode] IMDb Rating (7.3/10) နဲ့ Rotten Tomatoes (86%) ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ တောင်ကိုရီးယားမှာ ဇူလိုင် ၂၂ ရက်နေ့က ရုံတင်ခဲ့ပြီး သြဂုတ် ၁၅ ရက်ထိ လက်မှတ်စောင် ရေ ၁၀ သန်းကျော်ရောင်းချနိုင်ခဲ့တဲ့ အောင်ပွဲခံဇာတ်ကားဆိုလည်း မမှားပါဘူး။ ဂျပန်ခေတ်နောက်ခံဇာတ်လမ်းဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်များဆီက ဂျပန်လက်အောက်ခံဖြစ်နေတဲ့ ကိုရီးယားနိုင်ငံရဲ့ အခြေအနေကို မြင်တွေ့ရမှာဖြစ်ပြီး ကိုရီးယားတော်လှန်ရေးသမားတွေဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း မန်ချူးရီးယားမှာ အခြေစိုက်ပြီး ပုန်းခိုနေခဲ့ရပါတယ်။ ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်ကို ကျရောက်ခဲ့စဉ် အပြစ်မဲ့တဲ့ ပြည်သူများစွာဟာ ရက်စက်စွာ အစုလိုက် အပြုံလိုက်အသတ်ခံခဲ့ရပါတယ်။ လွတ်လပ်ရေး လှုပ်ရှားသူတွေက ဒီသတ်ဖြတ်မှုမှာ ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်မှူးနဲ့ ဂျပန် အလိုတော်ရိ တစ်ယောက်ကို လုပ်ကြံဖို့ စီစဉ်ကြတယ်။ စနိုက်ပါသမား အန်းအို့ယွန်း စက်သေနတ်သမား ချူဆန်းအို့ ဖောက်ခွဲရေးသမား ဟွမ်ဒေါဆန်းတို့ ၃ ယောက်ပါဝင်တဲ့ လုပ်ကြံသူအဖွဲ့ ဖွဲ့ခဲ့ပြီးနောက်... သစ္စာဖောက်တစ်ယောက်ကြောင့် သူတို့ရဲ့ အစီအစဉ် ကျရှုံးသွားတဲ့အခါ... ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ...
movie

Assassination (2015)

2015
Sunkist Family (2019) 6.5
Sunkist Family (2019) [Unicode]ဂျင်ဟယ်တို့ မိသားစုလေးက အရမ်းကိုပျော်ရွှင်ကြတဲ့မိသားစုလေးပေါ့အမေရယ် အဖေရယ် အစ်ကိုရယ် အစ်မရယ် တစ်ယောက်တစ်မျိုးစီ ပုံစံရှိကြပေမယ့် အဖေနဲ့အမေကတော့ အရမ်းချစ်ကြတာပေါ့တစ်နေ့မှာတော့ မင်ဟီးလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက် အိမ်ဘေးကိုပြောင်းလာခဲ့ပါတယ်အဲ့မိန်းကလေးက ဂျင်ဟယ်အဖေနဲ့အရင်ကသိတဲ့လူပေါ့ အရမ်းလည်းလှတယ်သူကပန်းချီဆရာမ တစ်ယောက်ဖြစ်တာမို့ ဂျင်ဟယ်အဖေကို မော်ဒယ်လ်လုပ်ဖို့အကူအညီတောင်းပါလေရောအဲ့လိုနဲ့ ဂျင်ဟယ် အဖေတစ်ယောက် သူ့မိန်းမ မသိအောင်မော်ဒယ်လ်လုပ်ပေးရာက အထင်လွဲတာလေးတွေဖြစ်ပြီး ပြဿနာတွေတက်ပါတော့တယ်မိသားစုတွေကြားထဲမှာလည်း ဘာမဟုတ်တာလေးတွေနဲ့ အထင်တွေလွဲနေကြပြီး စိတ်ဆိုးလိုက်ပြန်ချော့လိုက် ရယ်လည်းရယ်တဲ့ကားလေးမို့ ကြည့်လိုက်ကြပါဦးနော်...။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) [Zawgyi]ဂျင်ဟယ်တို့ မိသားစုလေးက အရမ်းကိုပျော်ရွှင်ကြတဲ့မိသားစုလေးပေါ့အမေရယ် အဖေရယ် အစ်ကိုရယ် အစ်မရယ် တစ်ယောက်တစ်မျိုးစီ ပုံစံရှိကြပေမယ့် အဖေနဲ့အမေကတော့ အရမ်းချစ်ကြတာပေါ့တစ်နေ့မှာတော့ မင်ဟီးလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက် အိမ်ဘေးကိုပြောင်းလာခဲ့ပါတယ်အဲ့မိန်းကလေးက ဂျင်ဟယ်အဖေနဲ့အရင်ကသိတဲ့လူပေါ့ အရမ်းလည်းလှတယ်သူကပန်းချီဆရာမ တစ်ယောက်ဖြစ်တာမို့ ဂျင်ဟယ်အဖေကို မော်ဒယ်လ်လုပ်ဖို့အကူအညီတောင်းပါလေရောအဲ့လိုနဲ့ ဂျင်ဟယ် အဖေတစ်​ယောက် သူ့မိန်းမ မသိအောင်မော်ဒယ်လ်လုပ်ပေးရာက အထင်လွဲတာလေးတွေဖြစ်ပြီး ပြဿနာတွေတက်ပါတော့တယ်မိသားစုတွေကြားထဲမှာလည်း ...
movie

Sunkist Family (2019)

Beasts Clawing at Straws(2020) 7.1
Beasts Clawing at Straws(2020) Beasts Clawing at Straws(2020)IMDb...7.1ဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေတဲ့အောက်ခြေဝန်ထမ်းတစ်ယောက်.. ချို့တဲ့ပြီး အရာရာအဆင်မပြေတဲ့မိသားစုကိုဦးဆောင်နေတဲ့သူ.. တစ်နေ့ဆိုင်ပိတ်ချိန် လော်ကာတွေကို ဧည့်သည်ပစ္စည်းကျန်မကျန်စစ်တော့ အိပ်ကြီးတစ်လုံးနဲ့ ငွေထုပ်ကြီးသွားတွေ့တယ်... သိမ်းထားပေးပေမဲ့ ငွေထုပ်ကိုလာစုံစမ်းတဲ့သူမရှိဘူးဖြစ်နေတယ်... သူဘယ်လိုဆက်လုပ်မလဲ.... တစ်ဆက်ထဲမှာပဲ မိန်းမတစ်ယောက်ဟာ သူ့ချစ်သူ အရာရှိတစ်ယောက်ရဲ့နာမည်နဲ့ ငွေတွေလူဆိုးအဖွဲ့ဆီကနေချေးရင် ထွက်ပြေးသွားတယ်.. ဒီအရာရှိဟာ လည်ပင်းနစ်နေတဲ့အကြွေးတွေနဲ့ ပြန်မဆပ်နိုင်ရင် သူ့ကလီဇာတွေထုပ်ပြီး အစိမ်းစားဖို့ဝန်မလေးတဲ့ လူဆိုးအဖွဲ့နဲ့ ဇောချွေးပြန်နေတယ်...သူတို့ဘယ်လိုဆက်ရုန်းကန်လှုပ်ရှားကြမလဲဆိုတာ ခံစားကြည့်ကြပါ... Money Is The Second God ..ဆိုတာမျိုးက တစ်ချို့ယုံကြည်ကြတယ်.... ယုံရလောက်အောင်လည်း ငွေရှိရင် အတော်များများ အဆင်ပြေနေတာကိုး..... ဒါ့ကြောင့် ငွေနောက်ကို လိုက်ရင်း အလိုက်မတတ်တော့ ကိုယ်က သားကောင်ပြန်ဖြစ်သွားကြတဲ့ သူတွေဒုနဲ့ဒေး..... ဒီကားက နည်းနည်းတော့ သွေးပျက်ချင်စရာကောင်းတယ်... အဓိကမင်းသားကတော့ The King ,Steel Rain,The Divine Move,Cold Eyes တို့နဲ့မြန်မာပရိတ်သတ်တွေလူသိများတဲ့ ကိုရီးယားရဲ့အထင်ကရမင်းသား Woo-sung Jung သရုပ်ဆောင်ထားတယ်....File Size : (947 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Thriller , ...
movie

Beasts Clawing at Straws(2020)

Unbowed (2011) 6.7
Unbowed (2011) တက္ကသိုလ် ဝင်ခွင့်စာမေးပွဲမှာမေးခွန်းမှားယွင်းထုတ်ခဲ့တာကြောင့် ကျောင်းသိက္ခာမကျစေရန် ကျောင်းဘက်ကကာကွယ်မှုဟာ ကျောင်းသားတွေအတွက် နစ်နာမှုရှိတယ်လို့ အမှန်တရားဘက်က ရပ်တည်ချင်နေတဲ့ ပါမောက္ခဂင်ယောင်းဟို ... ကျောင်းသိက္ခာဆယ်ဖို့အတွက် အမှန်တရားကိုမျက်ကွယ်ပြုပြီး ပါမောက္ခဂင်ယောင်းဟိုကို ရာထူကနေပယ်ချခဲ့ပါတယ်။ ရာထူးပြန်ရဖို့တရားစွဲဆိုခဲ့ပေမဲ့ တရားသူကြီးဘတ်ဘုံးဂျူက ကျောင်းနဲ့ပူးပေါင်းပြီး ဂင်ယောင်းဟိုရဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးခဲ့ပါတယ်။ ဒါကြောင့်မကျေနပ်စိတ်နဲ့ဘတ်ဘုံးဂျူကိုသွားရောက်တွေ့ခဲ့တဲ့အခါမှာတော့ ဘတ်ဘုံးဂျူနဲ့ခိုက်ရန်ဖြစ်ပွားခဲ့တဲ့အတွက် ဘတ်ဘုံးဂျူမှတရားစွဲဆိုခဲ့ပါတယ်။ တရားခွင်တောက်လျှောက်သက်သေအလိမ်အညာတွေနဲ့ တရားသူကြီးရဲ့ဘက်လိုက်ပြီးနိုင်ထက်စီးနင်းပြုမူတာတွေပါတွေ့မြင်ရမှာပါ။ ထိုအမှုကိုပါမောက္ခဘက်ကရှေ့နေလိုက်ပေးတဲ့ရှေ့နေဘတ်ဂျွန်ကရော အမှုနိုင်အောင်စွမ်းဆောင်နိုင်ပါ့မလား ... ဘတ်ဘုံးဂျူကနစ်နာသူအစစ်အမှန်လား ... ပါမောက္ခကတကယ်ပြစ်မှုကျူးလွန်ခဲ့တာလား ... နောက်ဆုံးစီရင်ချက်ကရော ဘယ်လိုထွက်လာမလဲဆိုတာ လှည့်ကွက်မျိုးစုံနဲ့တွေ့မြင်ရမှာပါ ။ ဒီရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Myat Noe MN ဖြစ်ပါတယ်
movie

Unbowed (2011)

2011
The Witness(2018) 5.5
The Witness(2018) The Witness(2018) IMDb....5.5 ဟန်ဆောင်းဟွန်းတစ်ယောက် အလုပ်တစ်ခု အောင်မြင်တာနဲ့ လုပ်ဖော်ကိုင်ဘက်တွေကို အရက်တိုက်ရ ပြုစုရဆိုတော့ အိမ်ပြန်နောက်ကျနေတယ်... အိမ်ပြန်ရောက်တော့ မနက် ၁ နာရီပတ်ဝန်းကျင်ဆိုတော့ မိန်းမနဲ့ သမီးလေးကလည်း အိပ်နှင့်နေပြီ... ထုံးစံအတိုင်း ချက်ချင်းမအိပ်သေးဘဲ ဘီယာလေးကိုမြုံနေလိုက်သေးတယ်...အဲ့ဒီအချိန်မှာပဲ  တိတ်ဆိတ်တဲ့မနက်ခင်း တစ်နာရီကို ထွင်းဖောက်ပြီး မိန်းကလေးတစ်ယောက်ရဲ့ ကြောက်လန့်တကြားအော်သံကို သူကြားလိုက်ရတယ်.... ဒါကြောင့် ပြတင်းပေါက်ကနေ အသံကြားရာဆီကို သူလှမ်းကြည့်တော့  တစ်ကိုယ်လုံးအနက်ရောင် ၀တ်ဆင်ထားတဲ့ လူတစ်ဦးက  မိန်းကလေးတစ်ယောက်ကို မသေမချင်းခေါင်းကို ထုရိုက်သတ်နေတာသူတွေ့လိုက်ရတယ်... ရဲကိုဖုန်းခေါ်မလို့ပြင်ပြန်တော့ ကြောက်လွန်းလို့တုန်နေတဲ့သူ့လက်ကြောင့် ဖုန်းလည်း လွတ်ကျတဲ့အပြင် မိန်းမကတစ်ရေးနိုးတော့ မီးဖွင့်တာကြောင့် လူသတ်သမားက သူတို့တိုက်ခန်းကို သတိထားမိသွားလေရဲ့........ စိတ္တဇ ဆန်ဆန် လူသတ်သမား..မျက်မြင်သက်သေတစ်ဦး....လူနေအဆောက်အဦးရှေ့မှာရက်ရက်စက်စက်အသတ်ခံရတဲ့ အလောင်းတစ်လောင်း.. အမှုလိုက်ရဲအရာရှိတွေ..... ကိုင်းရှေ့ဆက်ဖြစ်မယ်ဟာတွေကိုတော့ ဇာတ်ကားကြည့်ရင်းသာခံစားကြပေရော.... ဒီကားက IMDb 5.5ကို သံသယဖြစ်နေရင် သို့မဟုတ် တခြားတစ်ယောက်က မကောင်းလောက်ဘူး ထင်တယ်လို့ပြောလာခဲ့ရင် ခင်ဗျားသာ Crime ဇာတ်ကားကောင်းကောင်းနှစ်သက်တတ်တဲ့သူတစ်ယောက်ဖြစ်နေပါက လာပြောတဲ့သူကို ဒိုးလိုက်တော့လို့ ခွန်းတုံပြန်ပြီး နင်းကန်သာဒါင်းကြည့်လိုက်ပါ... ပြီးတော့ ဒီကားက hero ဆန်ဆန်ကြီးမပါတဲ့အပြင် တကယ့် Realism  ဆန်ဆန်လေးရိုက်ထားတာတွေ့ရလိမ့်မယ်.. လူအချို့ရဲ့ စိတ်သဘောထားတွေ ကျဉ်းထဲကြတ်ထဲရောက်ရင်ရင် ရင်ဆိုင်ဖြေရှင်းပုံတွေကို ပုံစံအမျိုးမျိုးတွေ့ရလိမ့်မယ်..အကယ်၍များ ဟန်ဆောင်းဟွန်း နေရာမှာ ...
movie

The Witness(2018)

2018
Cold Eyes (2013) 7.2
Cold Eyes (2013) ဇာတ်​ကားအစ​က​​နေအဆုံးအထိဇာတ်​ရှိန်​​ကောင်း​ကောင်းနဲ့​ခေါ်သွားမယ့်​ကားကိုကြည့်​ချင်​ပါသလားဒီကားကိုကြည့်​လိုက်​ပါ လုံးဝအာမခံပါတယ်​ IMDB rating 7.2ရထားတဲ့ကား​လေးပါအဓိကပါဝင်​သရုပ်​ထားတဲ့လူ​တွေက​တော့ ကိုရီးယားနိုင်​ငံရဲ့နာမည်​ကြီးသရုပ်​​ဆောင်​ woo sung jungဒီကားမှာ​တော့ဗီလိန်​​နေရာက​ပေါ့​နောက်​ထပ်​သရုပ်​​ဆောင်​မင်းသမီး​ချော​လေးက​တော့ Hyo Joo Han​နောက်​ထပ်​တစ်​​ယောက်​က​တော့ဝါရင့်​သရုပ်​​ဆောင်​Kyung gu Sol တို့ပါဝင်​သရုပ်​​ဆောင်​ထားပါဇာတ်​လမ်းအစမှာဘဏ်​​ကိုဓားပြတိုက်​တဲ့အခန်းကတဖြည်းဖြည်း​ဇာတ်​ရှိန်​မြှင့်​​အောင်​​ခေါ်သွားမှာပါဘဏ်​ကိုဓားပြတိုက်​​ထဲမှာပါတဲ့သူတစ်​​ယောက်​ကိုကင်​မရာက​တွေ့လိုက်​ပြီးမှုခင်းစုံစမ်းစစ်​​ဆေး​ရေး​ခေါင်းး​ဆောင်​ဝမ်​နဲ့သူ့လူ​တွေကမြို့ထဲမှာရက်​​တော်​​တော်​ကြာ​အောင်​လိုက်​ရှာပြီးတရားခံ​တွေ့သွားတယ်​​တွေ့သွား​တော့တရားခံရဲ့တိုက်​ခန်းမှာကင်​မရာ​တွေတပ်​ပြီး​စောင့်​ကြည့်​ပြီးတရားခံအားလုံးရဲ့​ခေါင်း​ဆောင်​ကိုအမိဖမ်းဖို့လိုက်​စုံးစမ်းပါ​တော့တယ်​​ခေါင်း​ဆောင်​ဝမ်​တို့က​ထောက်​လှမ်း​ရေးသာလုပ်​ရတဲ့အတွက်​ရန်​သူ​ခေါင်း​ဆောင်​ကို​တွေ့​ပေမယ်​ဖမ်းလို့မရဘူး​ပေါ့ရန်​သူဘက်​ကလဲတိကျ​စေ့စပ်​တာလဲပါတာ​ပေါ့တစ်​ဖက်​ကဦး​ဆောင်​တဲ့လူကလဲ​နောက်ဆုံးအလုပ်​ကိုလက်​ခံပြီးကိုရီးယားက​နေထွက်​​ပြေး​တော့မယ်​အချိန်​မှာကံမ​ကောင်းအ​ကြောင်းမလှဘဲသူ့အလုပ်​လာ​ပေါက်​ကြားပြီး​နောက်​ဆုံးမှာဖမ်းမိသွားပါ​တော့တယ်​ရန်​သူဘက်​ကဗျူဟာ​တွေနဲ့ရဲဘက်​​ထောက်​လှမ်း​ရေးဗျူဟာ​တွေကိုကြည့်​ရှုခံရမယ့်​ကား​ကောင်း​လေးတစ်​ကားမို့လို့တင်​​ပေးလိုက်​ပါတယ်​ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုတင်မျိုးလွင်ပါ) File Size : (900 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 59min Format : Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-WiKi Translated by Tin Myo Lwin Encoded by Thanhtike Zaw
movie

Cold Eyes (2013)

2013