Channel Myanmar

Joakim Skarli

The Son(2022) 6.7
The Son(2022) The Son(2022)************* Wolverine မင်းသားကြီး Hugh Jackman အဓိကပါဝင်သရုပ်ဆောင်ထားပြီးမိဘ‌တစ်ယောက်ရဲ့ ဘေးကျပ်နံကျပ်အခြေအနေတွေ၊ သားသမီးရဲ့စိတ်အပေါ် မိဘရဲ့အိမ်ထောင်ရေးကအများကြီးသက်ရောက်ကြောင်းဖော်ပြထားတဲ့ဇာတ်ကားကောင်းလေးပါပဲ။ Peter Millerဟာ အလုပ်နဲ့မအားလပ်တဲ့ဖခင်တစ်ယောက်ဖြစ်ပြီး လောလောလတ်လတ်လေးမှ ဒုတိယဇနီးဖြစ်သူနဲ့ကလေးမွေးထားသူပေါ့။ အရင်ပထမအိမ်ထောင်နဲ့တုန်းကလည်း အသက်17နှစ်အရွယ်သားတစ်ယောက်ကျန်ခဲ့ပြီးမိဘတွေရဲ့ အိမ်ထောင်ရေး အကွဲအပြဲကြောင့် စိတ်ဝေဒနာရနေသူပါ။ တစ်နေ့မှာတော့ ဒီသားဖြစ်သူဟာ ကျောင်းကိုတစ်လလုံး‌ ရောက်မလာကြောင်းကိုယခင်ဇနီးဖြစ်သူဆီကသိလိုက်ရတဲ့အခါမှာတော့.... Peter Miller ကိုယ်တိုင်ကလည်း ဖခင်ဖြစ်သူနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးရှိတာမဟုတ်တဲ့အတွက်သားဖြစ်သူအလှည့်ကျ ဖခင်ကောင်းဖြစ်ပေးမယ်ဆိုပြီး ကြိုးစားရင်း....File Size :(1.6GB) and (618 MB) Quality :WEB-DL 1080P5.1Ch, 720p Format…mp4 Duration…02:0300 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

The Son(2022)

22 July (2018) 7.2
22 July (2018) Utøya July 22===========IMDB 7.2/10 RT 83% Thriller Drama Narrativeအခုဇာတ်ကားရဲ့တည်နေရာကတော့ Norwayနိုင်ငံရဲ့Utøyaဆိုတဲ့ကျွန်းငယ်လေးအပြင်သူတွေအတွက်တော့အလွန်ကိုအေးချမ်းပြီးနေချင့်စဖွယ်ပေါ့။အခုလိုနိုင်ငံတခုဟာနိုင်ငံရေးကြောင့်၂၀၁၁ ခုနှစ်July ၂၂ရက်နေ့မှာပဲသွေးအစွန်းဆုံးအကြမ်းဖက်မှုနှစ်ခုကို ရင်ဆိုင်ခဲ့ရတယ်ဆိုတာစာဖတ်သူတို့ယုံနိုင်မလား?Kaja ဆိုတဲ့အမျိုးသမီးလေးဟာဒီအချိန်မှာညီမလေး Emillieနဲ့အတူတူ Utøya ကျွန်းပေါ်ကAUF နွေရာသီစခန်းကိုရောက်နေခဲ့တာပါ။ ပထမအကြိမ်အစိုးရရုံးတိုက်ခိုက်မှုကိုသိလိုက်ရချိန် အပြင်လောကကိုကျွန်းပေါ်ရောက်နေသူတိုင်းစိုးရိမ်နေချိန်မှာ ဒီထက်ဆိုးရွားတဲ့ကံကြမ္မာကြီးကသူတို့ကိုကျွန်း‌ပေါ်မှာစောင့်ကြိုနေခဲ့ပါတယ်။အကြမ်းဖက်သမားကသူတို့ကျွန်းကိုငရဲခန်းအသွင်စတင်ပစ်ခတ်ချိန်မှာKajaတယောက်ဘာဆက်ဖြစ်မလဲ။အဆက်အသွယ်မရကယ်သူမရှိ ရဲတွေလည်းမလာ သေနတ်သံကြားတိုင်းလူတွေအသတ်ခံနေရချိန်မှာkajaတယောက် ကိုယ့်အသက်လည်းကာကွယ်ရင်းညီမလေးကိုလည်းရှာရင်းဘယ်လိုရုန်းကန်သွားမလဲဆိုတာတွေကိုမြင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာဖန်တီးချက်သာဖြစ်သော်လည်းဖြစ်ရပ်မှန်မှအသက်ရှင်ကျန်ခဲ့သူများအပေါ်မူတည်ပြီးပြန်လည်တင်ဆက်ထားခြင်းဖြစ်ပါတယ်.... File Size : ( 2.11 GB ) and ( 1.00 GB)Quality : BluRay 1080p , 720pRunning Time : 1hr 33minFormat : Mp4Genre : Crime , Drama , HistorySubtitle : Myanmar Subtitle (Hard Sub)Translated by BrackmanEncoded by Min Wai
movie

22 July (2018)

2018
The Last Letter from Your Lover(2021) 6.7
The Last Letter from Your Lover(2021) The Last Letter from Your Lover(2021)*************************************"ဘာလို့လဲ အချစ်ရယ် မင်းမရှိတဲ့အချိန်တွေမှာ ကိုယ်ဟာ ဘာကြောင့်များအသက်မဲ့သလို ခံစားနေရတာလဲ" ====အန်းနက်စ်ဟယ်မင်ဝေး=== မင်းနဲ့ကိုယ်ဟာ အမှတ်မထင်တွေ့ဆုံခဲ့ရပြီး မင်းဟာ ကိုယ့်အတွက်မဟုတ်သလို ကိုယ်ဟာလောင်မြိုက်မှုတွေကြားမှာ နေသားတကျ။ အမည်တပ်မရတဲ့ ကိုယ်တို့ရဲ့ဆက်ဆံရေးတွေကိုတိတ်တခိုးပုံဖော်ရင်း ဆုပ်ကိုင်စရာ မယ်မယ်ရရမရှိတာကိုတောင်ကိုယ် လောဘကြီးချင်နေမိတယ်။ တားမြစ်ထားတဲ့ ကိုယ်တို့ရဲ့အချစ်ကိုမရမကတည်ဆောက်ရင်း မင်း ကိုယ့်ဆီရောက်လာလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ်စောင့်နေဆဲပါ။ သတင်းစာတိုက်တစ်ခုရဲ့ ဂျာနယ်လစ်ဖြစ်သူ အယ်လီဟာ အမျိုးသမီးအယ်ဒီတာတစ်ယောက်ဆုံးသွားလို့အဲဒီအယ်ဒီတာအကြောင်းဖော်ပြဖို့ သူချန်ထားခဲ့တဲ့စာတမ်းတွေကို လှန်လှောရင်း အမှတ်မထင်စာတစ်စောင်တွေ့လိုက်ရပါတယ်။ ထပ်ပြီးမွှေနှောက်ရင်း ဒီလိုပေးစားအများအပြားကိုထပ်တွေ့ခဲ့ရပြီး ဒီစာတွေထဲမှာ ၁၉၆၅ခုနှစ်က အချစ်ဇာတ်လမ်းတစ်ပုဒ်ကိန်းအောင်းနေတာသိလိုက်ရပါတယ်။ ဒီတော့ အယ်လီဟာ ဒီစာတွေရဲ့ပိုင်ရှင်တွေ ဘာဆက်ဖြစ်သွားလဲဆိုတာသိရှိဖို့ကြိုးစားပါတော့တယ်။ ဇာတ်လမ်းကိုပဲ ပါဝင်စီးမျောစေလိုတာကြောင့် ဒီလောက်ပဲ ပြောပြပါရစေခင်ဗျာ။ ဒီဇာတ်ကားရဲ့ မူရင်းဝတ္ထုဟာ Me Before Youရဲ့ စာရေးဆရာမဖြစ်တဲ့ Jojo Moyesပဲ ရေးသားထားတာကြောင့်အချစ်ဇာတ်လမ်းစစ်စစ်တစ်ပုဒ်ဆိုတာ ပြောဖို့လိုမယ် မထင်ပါဘူး။သရုပ်ဆောင်အတွေအနေနဲ့ကလည်း တေလာဆွစ်ရဲ့ London boyလေးJoe Alwyn၊ Fantastic ...
movie

The Last Letter from Your Lover(2021)

Spider-Man: Far From Home (2019) MCU 7.5
Spider-Man: Far From Home (2019) MCU Spider-Man: Far from Home (2019) IMDb - 7.5/10_____Rotten - 91%  (function(f,b,n,j,x,e){})();Endgame အပြီးမှာ ထွက်လာတဲ့ကားတွေကို ကြည့်ရတာ သိပ်အားရပါတော့မလားလို့ တွေးမိပေမယ့် မာဗယ်ကတော့ ပိုပိုကောင်းအောင် လုပ်ပြနိုင်တုန်းပါပဲ။ဒီစပိုက်ဒါမန်းကားကို အကြိုက်တွေ့ကြမှာပါ။ဇာတ်လမ်းအကျဉ်း…သားနို့စ်နဲ့တိုက်ပွဲအပြီးမှာ ကမ္ဘာကြီးဟာ အပြိုင်စကြဝဠာတွေနဲ့ ချိတ်ဆက်တဲ့ ဝင်ပေါက်တွေ ပေါ်လာခဲ့ပါတယ်။ ကမ္ဘာတစ်ခုက သူရဲကောင်း မစ်စ်တီးရီယိုဟာ သူ့ရဲ့ကမ္ဘာကို ဖျက်ဆီးသွားတဲ့ သတ္တဝါဆိုးတွေ လက်ရှိ စပိုက်ဒါမန်းတို့ ကမ္ဘာကို ရောက်လာတာကြောင့် လိုက်လံတိုက်ခိုက်ရင်း နစ်ခ်ဖြူရီ၊ စပိုက်ဒါမန်းတို့နဲ့ မိတ်ဆွေဖြစ်လာပါတယ်။စပိုက်ဒီနဲ့ မစ်စ်တီးရီယိုတို့ ပေါင်းပြီး ဒီအန္တရာယ်တွေကို ရင်ဆိုင်ရပါလိမ့်မယ်……(ဘာသာပြန်ပေးထားသူကတော့ Littleneo ပါ) File size…(5.7 GB)/(2.1 GB)/(1 GB) Quality….IMAX 4K HEVC/ DS4K 1080p / 720p Format…mkv/mp4 Duration….02:09:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Little Neo
movie

Spider-Man: Far From Home (2019) MCU

2019
4K HEVC IMAX
Last Night in Soho (2021) 7.5
Last Night in Soho (2021) ဒီရုပ်ရှင်ကတော့ rating အတော်မြင့်တဲ့ Horror ရုပ်ရှင်ပါပဲ။ ၁၉၆၀ အငွေ့အသက်တွေ အပြည့်ပါတယ်။ ရိုက်ချက်အလှအပတွေ အပြည့်ပါတယ်။ ခေါင်းဆောင်မင်းသမီး နှစ်ယောက်ကလည်း Anya Taylor-Joy နဲ့ Thomasin McKenzie ဆိုတဲ့ စတားလေး နှစ်ယောက်ဖြစ်နေတယ်။ အတော်ကို ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ အယ်လီဆိုတဲ့ ဆယ်ကျော်သက်လေးတစ်ယောက် နယ်မြို့လေးတစ်ခုကနေ လန်ဒန်မှာ ဖက်ရှင်ကျောင်းတက်ဖို့ ရောက်လာခဲ့တယ်။ သ လန်ဒန်မြို့ပေါ်က မြို့ကြီးသူတွေနဲ့ အံမဝင်တဲ့အခါ ကိုယ်ပိုင်အခန်းလေးတစ်ခု ငှားနေလိုက်မိတယ်။ သူက ၁၉၆၀ သီချင်းတွေ ဖက်ရှင်တွေကို ကြိုက်တတ်တဲ့သူတစ်ယောက်ပါ။ အဲဒီအခန်းလေးမှာနေရင်းနဲ့ ၁၉၆၀ တုန်းက အဖြစ်ဆိုးကြီးကြုံခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ကို ဆက်တိုက် မျက်စိထဲမှာမြင်လာတယ်။ သူ့ဘဝကို ကိုယ်တိုင်ခံစားနေရသလိုကို တွေ့လာတယ်။ အဲဒီလိုနဲ့ သူ ဆက်တိုက်မြင်ယောင်နေတဲ့ ကောင်မလေးအတွက် တရားမျှတမှုကို ရှာဖွေရင်းနဲ့ ကြောက်စရာ အဖြစ်မှန်တွေ ပေါ်ပေါက်လာတဲ့အခါ... File Size : (1.7 GB) & (900 Mb) Quality : Webrip HEVE, 1080p & 720p 5.1 CH Running Time ...
movie

Last Night in Soho (2021)

Black Widow(2021) 7.5
Black Widow(2021) Black Widow(2021)အညွှန်း************************IMDb...7.5(HEVC.1080P.5.1CHရပါပြီနော်...)ဘလက်ဝစ်ဒိုးအဖြစ် စကားလက် ဂျိုဟန်ဆန်နောက်ဆုံးသရုပ်ဆောင်တဲ့ ရုပ်ရှင်ကြီး ရပါပြီ။ဒီဇာတ်လမ်းကိုတော့ Civil War အပြီး ကာလမှာ တည်ဆောက်ထားတာပါ။ဆိုကိုဗီယားသဘောတူညီချက်ကို ချိုးဖောက်လို့ အဗန်ဂျာတွေ ပြိုကွဲပီးလိုက်ဖမ်းခံနေရပါတယ်။ကပ် နဲ့ နာတာရှာကတာ့ ဝရမ်းပြေးတွေပေါ့။ အဲဒီအချိန်မတိုင်ခင် Age of Ultron ရုပ်ရှင်မှာတုန်းက နာတာရှာရဲ့အတိတ်ကို ဖြတ်ခနဲ မြင်လိုက်ရသေးတယ်မဟုတ်လား။ လူသတ်သမား သူလျှိုတွေကို လေ့ကျင့်ပေးတဲ့ခန်းဆောင်နီဆိုတဲ့ အဖွဲ့အစည်းတစ်ခုပေါ့။ အခုရုပ်ရှင်မှာတော့ အဲဒီခန်းဆောင်နီနဲ့ ပတ်သက်တဲ့အတိတ်တွေကနောက်က လိုက်လာပြီး သူ့လိုပဲ ဝစ်ဒိုးတွေ အများကြီးနဲ့ ရင်ဆိုင်ရတော့မှာပါ။နောက်ပြီးတော့ ဘလက်ဝစ်ဒိုး အသစ်ဖြစ်လာမယ့်သူလည်း ပါသလို နောင်လာမယ့်ရုပ်ရှင်တွေနဲ့ ဆက်စပ်လို့ရမှာတွေကို ပြသွားပါတယ်။ ထုံးစံအတိုင်း စာတန်းထိုးပြီးရင် အပိုပါတဲ့တစ်ခန်းကိုကြည့်ဖို့တော့ မမေ့နဲ့ပေါ့ဗျာ....  File Size : (2.1 GB) ...
movie

Black Widow(2021)

HEVC 1080p 5.1
Enola Holmes (2020) 8.0
Enola Holmes (2020) ဒီကားလေးကို မျှော်နေတဲ့သူတွေ များမယ်ထင်ပါတယ်။ Stranger Things က အားလုံးရဲ့ အချစ်တော်လေးက ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ သူ့ရဲ့ ဇာတ်ကောင်နာမည်ကတော့ အန်နိုလာ ဟုမ်းစ် ပါပဲ။ မိုက်ခရော့ ဟုမ်းစ် နဲ့ ရှားလော့ဟုမ်းစ်တို့ရဲ့ ညီမဖြစ်ပါတယ်။ အင်နိုလာ နဲ့ သူ့ရဲ့ အမေဟာ အင်နိုလာရဲ့ အဖေသေဆုံးပြီး ညီအစ်ကိုနှစ်ယောက်လည်း မရှိတော့ချိန်မှာ အိမ်ကြီးတစ်ခုထဲမှာ နှစ်ယောက်ထဲနေထိုင်ပြီး အမေဖြစ်တဲ့ ယူဒိုရီရာဟုမ်းစ်က အင်နိုလာကို ပညာအစုံ သင်ပေးခဲ့ပါတယ်။ အင်နိုလာ ၁၆ နှစ်ပြည့်တဲ့နေ့မှာတော့ ယူဒိုရီရာဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲဒီကိစ္စကြောင့် ဟုမ်းစ်ညီအစ်ကို နှစ်ယောက်ပြန်ရောက်လာပြီး ရှားလော့က သူ့အမေကို ရှာဖို့ မိုက်ခရော့က အင်နိုလာကို ဘော်ဒါကျောင်းတစ်ခုကို ပို့ဖို့ စီစဉ်ပါတော့တယ်။ ဒါပေမယ့် အင်နိုလာက ထွက်ပြေးလာပြီး သူ့အမေကို ကိုယ်တိုင်ရှာဖို့ စွန့်စားခန်းတွေ ဖွင့်တဲ့အခါမှာ….    File Size -  1.74 gb Quality - web-dl 1080p Subtitle -   burmese Translator - Little Neo Encoder - Thit San Khant
movie

Enola Holmes (2020)

2020
The Snowman (2017) 5.2
The Snowman (2017) ဒါရိုက်တာ တိုမက်စ်အဲဖ ရက်ဆင်ရဲ့ လက်ရာဖြစ်ပြီး မိုက် ကယ်ဖက်စ်ဘန်ဒါ၊ ရီဘက်ကာ ဖာဂူဆန်၊ ရှားလက်ဂိန်းစ်ဘော့ဂ်၊ ဗယ်လ်ကစ်လ်မာ စတဲ့ သရုပ် ဆောင်တွေပါဝင်ထားတာပါ။နှင်းခဲလူရုပ်နဲ့ သဲလွန်စပေး ထားတဲ့ စိတ္တဇလူသတ်သမားကို စုံစမ်း ဖော်ထုတ်တဲ့အကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါ တယ်။ဆောင်းရာသီအစပထမဆုံး နှင်းကျတဲ့နေ့မှာ အမျိုးသမီးငယ် တစ်ယောက် သေဆုံးခဲ့ပြီး စုံ ထောက် ဟယ်ရီဟိုးလ်ကတော့ သာမန်အမှုအခင်းမဟုတ်တဲ့ လူ သတ်မှုဖြစ်တယ်လို့ ယုံကြည်ခဲ့ပါ တယ်။ ထူးခြားတာတစ်ခုက လူ သတ်သမားက သူ့ကိုယ်သူနှင်းခဲ လူရုပ်(The Snowman)လို့သုံး နှုန်းသလို နှင်းခဲလူရုပ်နဲ့လည်း သဲ လွန်စချန်ထားခဲ့လို့ပဲဖြစ်ပါတယ်။လူသတ်သမားက နှင်းကျတဲ့ အချိန်တွေကိုပဲ ပစ်မှတ်ထားလှုပ် ရှားတာမို့ စုံထောက်ဟယ်ရီတစ် ယောက် ရက်စက်တဲ့လူသတ်မှု တွေထပ်ပေါ်လာမှာကို စိုးရိမ်နေ ခဲ့ပါတယ်။ အဲဒါကြောင့် ဆိုးရွား တဲ့အဖြစ်အပျက်တွေ ထပ်မပေါ် လာခင်မှာ Snowman ကို ...
movie

The Snowman (2017)

2017