Channel Myanmar
Jodhi May
The Warrior Queen of Jhansi (2019) 4.9
The Warrior Queen of Jhansi (2019) The Warrior Queen of Jhansi (2019) ==========================ဒီရုပ်ရှင်ကတော့ သမိုင်းကိုအခြေခံပြီးတော့ စိတ်ကူးယဥ်ဇာတ်လမ်း ဖန်တီးထားတာပါ။ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီ က အိန္ဒိပြည်ကနေ အကျိုးအမြက်တွေရရှိအောင် လုပ်နေတဲ့ကာလမှာပဲ ဂျန်စီပြည်နယ်ရဲ့ အုပ်စိုးသူဖြစ်နေတဲ့ ဘုရင်မရာနီက ပြည်နယ်ကို အလွယ်တကူအပ်ဖို့ ငြင်းဆိုခဲ့ပါတယ်။ နောက်ဆုံး အထိ သူဘယ်လိုခုခံသွားသလဲဆိုတာကို ကြည့်ရှုရမှာပါ။ဒီဇာတ်လမ်းမှာတော့ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီရဲ့အဲဒီခေတ်အခါက အ​ခြေအနေတွေကိုထင်ဟပ်အောင်ရိုက်ကူးထားပါတယ်။ ဒါရိုက်တာ Swati Bhise က ရိုက်ကူးထားပြီးတော့  VIWIFF ရဲ့ Impact Award ကို ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.7 GB) / (724 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 42Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Drama Translator.......Thy Santa Encoder..........SWM
movie
The Warrior Queen of Jhansi (2019)
2019
The Scapegoat (2012) 7.2
The Scapegoat (2012) The Scapegoat (2012) ================= IMDb Rating - 7.2/10ဂျွန်စတန်းဒင်းဆိုသူက ကျောင်း‌ဆရာအလုပ်ကထွက်ပြီး ခြေဦးတည့်ရာ သွားဖို့ စိတ်ကူးထားသူဖြစ်တယ်။ အလုပ်ထွက်ပြီးညမှာပဲ အရက်ဆိုင် တစ်ဆိုင်မှာ သူနဲ့ချွတ်စွပ်တူတဲ့ ဂျွန်နီစပန့်ဆိုတဲ့ သူဌေးသားတစ်ယောက်နဲ့ မထင်မှတ်ဘဲတွေ့မိပြီး စကားလက်ဆုံပြောဖြစ်ကြတယ်။ ‌ဂျွန်တစ်ယောက် နောက်နေ့မနက် အိပ်ရာကနိုးလာတဲ့အချိန်မှာ သူ့အဝတ်အပါအဝင် ပါလာ တဲ့ပစ္စည်းတွေအားလုံးအခိုးခံလိုက်ရတာကို သိလိုက်ရတယ်။အဲ့အချိန်မှာပဲ ဂျော့ဂ်ျဆိုတဲ့ ကားဒရိုင်ဘာက သူ့ကိုအိမ်ပြန်‌ပို့ပေးဖို့ ပြောလာ ပါတယ်။ ဘာမှမသိတဲ့ ဂျွန်တစ်ယောက် ဒရိုင်ဘာခေါ်သွားရာနောက်ကို လိုက် သွားပြီးနောက်မှာသိလိုက်ရတာက သူ့ကို သူဌေးသား ဂျွန်နီအဖြစ်အထင်မှား နေကြတယ်ဆိုတာပါပဲ။ အထင်မှားတဲ့လူတွေကတော့ အခြားတော့မဟုတ် စပန့်စံအိမ်ကြီးထဲက အိမ်သားတွေပဲဖြစ်တယ်။ ဘဝချင်းအလဲခံလိုက်ရတဲ့ ဂျွန်တစ်ယောက် စပန့်စ်စံအိမ်ကြီးထဲမှာ ဘယ်လိုရှင်သန်မလဲ၊ နောက်ပြီး အဲ့မိသားစုရဲ့စီးပွားရေးလုပ်ငန်းကို ဘယ်လိုဦးစီးပြီး သူ့နဂိုဘဝကိုပြန်သွားဖို့ ဘယ်လိုအဖြေရှာလဲဆိုတာကို ၁၉၅၇ ခုနှစ်တုန်းက ထုတ်ဝေခဲ့တဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ်ပုံဖော်ထားးတဲ့ ဒီရုပ်ရှင်မှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)File Size..........(1.42 GB) / (461 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 48Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Khant ...
movie
The Scapegoat (2012)
2012
Land of the Blind (2006) 6.4
Land of the Blind (2006) Land of the Blind (2006) =================== IMDb Rating - 6.4/10Land Of The Blind.2006 ဇာတ်ကားu နိုင်ငံရေး Drama ဇာတ်ကားပါ။ စာရေးဆရာက နိုင်ငံရေးအတွေအခေါ်ပေါ်အခြေပြုပြီးတော့ ဇာတ်လမ်းကို ဆင်ထားပါတယ်။ ကြည့်ရှုသူပရိတ်သတ်အနေနဲ့တော့ ဒါရိုက်တာတင်ပြထား တဲ့ရှုထောင့်ကပဲ တစ်သပ်မတ်တည်း ကြည့်ရှုခံစားပေးရမယ်လို့ မရှိဘဲ ဖြစ်နိုင် ခြေတွေကို ဒီဇာတ်လမ်းနှင့်အတူ ဝေဖန်သုံးသပ်ကြရမှာပါ။ပဒေသရာဇ်အစဥ်အလာတွေကို မင်းမဲ့ဝါဒရောနှောထားတဲ့ သမ္မတဂိုဏ်သား တွေက ဖြုတ်ချပယ်ဖျက်ပြီးနောက်မှာ သမ္မတဂိုဏ်းသားတွေကလည်း သူ့တို့ ဟစ်ကြွေးခဲ့တဲ့မူတွေအတိုင်း မနေနိုင်ကြတာကြောင့် သူတို့အရေးတော်ပုံမ အောင်မြင်တဲ့အကြောင်း တင်ဆက်ထားတာပါ။ ဒါပေမယ့် ဒီနေရာမှာ စဥ်းစား စရာတွေက သမ္မတဂိုဏ်းသားတွေ လုပ်ခဲ့တဲ့လုပ်ရပ်တွေနဲ့ နည်းနာတွေက တကယ် ပဲ သူတို့ဟစ်ကြွေးထားတဲ့အတိုင်းပဲ ဖြစ်နေသလား။ ဒါရိုက်တာရဲ့တင်ဆက်မှုမှာ ဘာတွေထပ်ပြီး သုံးသပ်လို့ရမလဲဆိုတာကိုတော့ ပရိတ်သတ်က ကြည့်ရှုရင်း ဆုံးဖြတ်ပေးရမှာပါ။ Best Narrative Features အပိုင်းမှာ ဆုအတွက် တင်သွင်း ခံရပြီးတော့ IMDb rating 6.4 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.77 ...
movie
Land of the Blind (2006)
2006
Ginger & Rosa (2012) 6.2
Ginger & Rosa (2012) Ginger & Rosa (2012)~ IMDb - 6.2/10, Rotten Tomatoes - 78% ~ဆယ်ကျော်သက်လူငယ်ဘဝဆိုတာ လူကြီးတွေရဲ့ ပုံဖျက်စကားတွေနဲ့ ပြောင်စရာလိုလို လှောင်စရာလိုလိုဖြစ်နေတယ်လို့ ပြောရမလား။ သစ်ရွက်လှုပ်ရင် ရယ်တဲ့အရွယ်တဲ့။ ဒါပေမဲ့ သူ့ရင်ထဲမှာ သူ့အတွေးထဲမှာ သစ်ရွက်လေးတွေလှုပ်သွားတာထက် အဆအများကြီးပိုတဲ့အရာတွေ ရှိနေတယ်လေ။ မြီးကောင်ပေါက်မအရွယ်တဲ့။ လူပျိုပေါက်တဲ့။ ဒါပေမဲ့ သူတို့ရင်ထဲက အတွေး၊ ခံစားချက်နဲ့ သောက‌တွေက ဆန့်ကျင်ဘက်လိင်အတွက်ချည်းပဲ မဟုတ်ဘူးပေါ့လေ။ဒီလူငယ်တွေကပဲ ကမ္ဘာကို ကိုင်လှုပ်မယ့် လူကြီးတွေ ဖြစ်လာခဲ့တာပဲမဟုတ်လား။ သူတို့တွေရဲ့ စိတ်ခွန်အားနဲ့ စွမ်းဆောင်နိုင်ရည်တွေက အကန့်အသတ်မဲ့ပဲဗျ။ ကောင်းရင်လည်း ကမ္ဘာ့ရတနာတွေ ဖြစ်လာသလို ဆိုးပြီဆိုလည်း ကမ္ဘာကို မြေလှန်ပစ်မယ်တကဲကဲ လုပ်ကြပြန်ရော။ဟုတ်တာမဟုတ်တာတော့ အသာထား။ ဆယ့်သုံးနှစ်သမီးလေးတစ်ယောက်က နျူကလီယားစစ်ပွဲကြီးကို ရပ်တန့်ပစ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေလေရဲ့။ သူ့ရဲ့ ဖွားဖက်တော် သူငယ်ချင်းမလေးတစ်ယောက်ကလည်း သူ့ကိုယ်ပိုင်တည်ထောင်မယ့် အချစ်ကမ္ဘာကို အားလုံးနဲ့ဆန့်ကျင်ပြီး ...
movie
Ginger & Rosa (2012)
2012
The Silent Twins (2022) 5.9
The Silent Twins (2022) The Silent TwinsBlack Panther ထဲ shuri အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Letitia Wrightရဲ့ကားပါ။ နာမည်အတိုင်း စကားမပြောတဲ့ အမွှာနှစ်ယောက်အကြောင်း ရုပ်ရှင်ပါပဲ။သူတို့ဟာအပြင်မှာ တကယ်လည်းရှိခဲ့သလို ဒီဇာတ်လမ်းရဲ့ ကျောရိုးဖြစ်ရပ်တွေကလည်း တကယ်ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ကလေးဘဝက ဘူလီအလုပ်ခံရရာကနေ စိတ်ဒဏ်ရာရပြီး သူတို့အချင်းချင်းကလွဲ ဘယ်သူ့ကိုမှစကားမပြောတော့တဲ့ အမွှာ၂ယောက်ရဲ့ ဒုက္ခသုက္ခ လူတောမတိုးခြင်းတွေနဲ့ သူတို့စိတ်ရောဂါပိုဆိုးလာတဲ့အဆင့်အဆင့်တွေ သူတို့ဖြတ်သန်းခဲ့ရတဲ့ ဘဝအကြောင်းတွေပါပဲ။ စိတ်ရောဂါရှိနေပေမဲ့ တော်ကြတဲ့သူတွေဖြစ်ပြီး စာအုပ်တွေပါရေးသားခဲ့ပါသေးတယ်။ သို့ပေမဲ့ ကံအကြောင်းမလှတော့ ဆေးတွေ ရာဇဝတ်မှုတွေနဲ့ လမ်းမှားလိုက်မိပြီး ဆေးရုံမှာ အကျဉ်းချခံခဲ့ရတဲ့ တော်တော်သနားဖို့ကောင်းတဲ့ စိတ်ဝေဒနာရှင် လူမည်းညီအစ်မရဲ့ ဖြစ်ရပ်မှန်ကို ကျောရိုးပြုထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:53:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by ...
movie
The Silent Twins (2022)
Prizefighter: The Life of Jem Belcher (2022) 5.4
Prizefighter: The Life of Jem Belcher (2022) Prizefighter: The Life of Jem Belcher (2022)နာမည်ကျော် လက်ဝှေ့သမား ဂျမ်ဘယ်ချာ အကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းသစ် ထွက်လာတာမို့ တင်ဆက်ပေးလိုက်ပါတယ်။ဂျမ်ဘယ်ချာ အနေနဲ့ သရုပ်ဆောင်ထားတာကတော့ မင်းသားကြီး Rusell Crowe ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ .... ၁၉ ရာစု အင်္ဂလန်မှာ လက်ဝှေ့အားကစားဟာ ခေတ်စားလာခဲ့တယ် ဂျမ်ဘယ်ချာဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ မျိုးဆက်လိုက် လက်ဝှေ့မှာ ပါရမီ ပါတဲ့သူတွေပါ သူက ငယ်စဥ်ကတည်းက အဖိုးဖြစ်သူ လက်ဝှေ့ထိုးလာတာကို ကြည့်ပြီး အားကျခဲ့ရတယ် အဖိုးဖြစ်သူဆီက ပညာသင်ယူချင်ပေမယ့် မိခင်ဖြစ်သူက အရက်သမားအဖိုးနား မနေခိုင်းခဲ့ပါဘူး အသက်ကြီးလာတော့ ဂျမ်က ပန်းပဲဖိုတစ်ခုမှာ အလုပ်လုပ်တယ် အလုပ်ကနေအပြန် လမ်းဘေးပွဲလေးတစ်ခုမှာ ပိုက်ဆံလိုလို့ဆိုပြီး ဝင်ထိုးတယ် အဲချိန်မှာ တစ်ချိန်က နာမည်ကြီးလက်ဝှေ့သမား ဘေလ်ဆိုသူက ပွဲကိုကြည့်နေတယ် ဘေလ်ကလည်း ဂျမ်ရဲ့ထိုးပုံတွေကို ကြိုက်တော့ သူ့ကို နည်းပြပေးဖို့ လုပ်လာခဲ့တယ် အဲမှာ ဘေလ်က ဂျမ်ကို အင်္ဂလန်ရဲ့ ချန်ပီယံဖြစ်အောင် ဘယ်လိုလုပ်ပေးမလဲ ဂျမ်ကလည်း ...
movie
Prizefighter: The Life of Jem Belcher (2022)
2022
The Invisible Thread (2022)
The Invisible Thread (2022) The Invisible Thread (2022)ဒီရုပ်ရှင်လေးကတော့ မကြာခင်ကမှ Netflix ကနေ ထွက်ရှိထားတဲ့ LGBT based Drama/Comedy ဇာတ်လမ်းကောင်းလေးပါပဲ။ ဇာတ်အိမ်တည်ရာဒေသကတော့ ဥရောပတောင်ဘက်ပိုင်းက အီတလီနိုင်ငံရောမမြို့လေးပါ။ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာ့အနောက်ခြမ်းဆိုတာက လူ့အခွင့်အရေးလှုပ်ရှားမှုတို့၊ ကျားမတန်းတူညီမျှမှု၊ LGBTQ Rights တွေအတွက်လှုပ်ရှားမှုတွေဆိုတာ အမြဲလိုလိုတွေ့နေခဲ့ရပြီး အဲ့ဒါတွေအတွက် အမှန်တကယ်လည်း ဥပဒေတွေချမှတ်နိုင်ခဲ့ကြတယ်။ တကယ်တမ်း တခြားနိုင်ငံတွေနဲ့ယှဉ်ကြည့်ရင်တော့ အီတလီက LGBT Rights နဲ့ပတ်သက်ပြီး တရားဝင်အသိအမှတ်ပြုခံရတာနောက်ကျပါတယ်။2000 ခုနှစ်ဝန်းကျင်အတွင်းမှာ အနောက်နိုင်ငံအတော်များများက Civil Union ရခဲ့ပေမယ့် အီတလီနိုင်ငံမှာတော့ 2016 June လမှာမှ Civil Union လို့ခေါ်တဲ့ လိင်တူပေါင်းဖက်ခွင့်ကို တရားဝင်အသိအမှတ်ပြုကြောင်း ဥပဒေက အသက်ဝင်လာခဲ့တယ်။ လိင်ကွဲပေါင်းဖက်မှု‌‌တွေနည်းတူ အခွင့်အရေးအားလုံးနီးပါး ရရှိနိုင်တယ်လို့ဆိုထားပေမယ့် တကယ်တမ်းမှာ child adoption နဲ့ပတ်သက်ပြီး ကန့်သတ်ထားတာတွေရှိနေဆဲပါ။ နောက်ပြီး လိင်တူပေါင်းစည်းခွင့်နဲ့ အတူပေါင်းသင်းနေထိုင်မှုကို ခွင့်ပြုထားပေမယ့် လက်ထပ်ထိမ်းမြားခွင့်ကိုကျတော့ တရားဝင်အသိအမှတ်မပြုထားတာ ယနေ့အထိပါပဲ။ဇာတ်လမ်းအကျဉ်းချုပ်ကတော့... လီယိုဆိုတဲ့ ဆယ်ကျော်သက်အရွယ်‌ကောင်လေးဟာ ကျောင်းနှစ်ကုန်ပရောဂျက်အဖြစ် ဗီဒီယိုမှတ်တမ်းတစ်ပုဒ်ရိုက်ကူးရမယ်ဆိုတဲ့အခါ သူ့မိသားစုအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဖခင်နှစ်ယောက်အကြောင်း၊ သူဘယ်လိုမွေးဖွားလာခဲ့တဲ့အကြောင်း၊ တခြားကလေးတွေလို ပုံမှန်ကြီးပြင်းလာခဲ့တဲ့အကြောင်း၊ မွေးစာရင်းမှာ ဖခင်နာမည်နှစ်ခုလုံးထည့်ချင်တဲ့အတွက် ကြိုးပမ်းခဲ့တာတွေ စသဖြင့်ရိုက်ကူးထားတယ်။သို့ပေမဲ့ ထူးဆန်းတာတစ်ခုက ...
movie
The Invisible Thread (2022)
Defiance (2008) 7.2
Defiance (2008) (Unicode)IMDB 7.2Rotten Tomatoes 57%Audience Score 72%ယနေ့ခေတ်လူငယ်တွေဟာ စစ်ရဲ့ဆိုးကျိုးတွေကို မခံစားခဲ့ဖူးပါဘူး ။ဒါကြောင့်လဲ အချို့နိုင်ငံရေး Post တွေမှာဆိုရင် ချပစ် သတ်ပစ် ဆိုတဲ့ Comments တွေကို အများဆုံးတွေ့ရလေ့ရှိပါတယ်။၁၉၄၁ခုနှစ် ဒုတိယ ကမ္ဘာစစ်အတွင်းမှာ ဟစ်တလာဟာ ဘီလိုရုရှားနိုင်ငံကို သိမ်းပိုက်ခဲ့ပါတယ် ။သူ့ရဲ့ အညိုးအတေးတွေကြောင့် ထုံးစံအတိုင်း နိုင်ငံတွင်းက ဂျူးလူမျိုးတွေမှန်သမျှကို တစ်ဖြည်းဖြည်းချင်းလူမျိုးတုန်းသတ်ဖြတ်လာတဲ့အခါမှာတော့.....တူဗီယာတို့ ညီအကိုတွေဟာ နာဇီတွေဝင်ရောက်မလာခင်ကတည်းက ပြစ်မှု့တစ်ခုကြောင့် တောထဲမှာထွက်ပြေးတိမ်းရှောင်နေရပါတယ်။အချိန်အကြာကြီးနေခဲ့တာကြောင့် တောကိုလည်း ကျွမ်းကျင်နေကြပါပြီ။စစ်ကြီးစဖြစ်တော့ အခြားသူတွေကလည်း သူတို့လို တောထဲကို ထွက်ပြေးတိမ်းရှောင်ကြပါတယ်။တူရာတူရာတွေ စုမိကြရင်း နောက်ဆုံး ရွာတစ်ရွာတည်နိုင်လောက်တဲ့အထိများပြားလာတဲ့အခါမှာတော့သူတို့ဟာ သူပုန်လိုလို တော်လှန်ရေးသမားတွေလိုလို ဖြစ်လာကြပါတော့တယ်။ဒီကားဟာ ဖြစ်ရပ်မှန်ဝတ္တုဖြစ်တဲ့ Defiance : ...
movie
Defiance (2008)
2008
The Last of the Mohicans (1992) 7.7
movie
1992
Down a Dark Hall (2018) 5.1
Down a Dark Hall (2018) Down a Dark Hall (2018) IMDb - 5.1/10_____Rotten - 50%   Kit Gordy ဟာ ဆယ်ကျော်သက်အရွယ် အထက်တန်းကျောင်းသူလေးတစ်ယောက်။ကိုးနှစ်သမီးကတည်းက အရမ်းချစ်ရတဲ့အဖေဆုံးပါးသွားခဲ့ပြီးတော့ ဖတဆိုးလေးဖြစ်ခဲ့တာကြောင့် ကြီးလာတဲ့အခါမှာ ခပ်ဆိုးဆိုးခပ်ပေပေမိန်းကလေးတစ်ဦး ဖြစ်လာခဲ့ပါတယ်။အမေဖြစ်သူဟာ David ဆိုတဲ့လူနဲ့နောက်အိမ်ထောင်ပြုလိုက်တာကြောင့် Kit တစ်ယောက် ပထွေးနဲ့အတူနေဖို့အကြောင်းဖန်လာပါတော့တယ်။David ဟာလူကောင်းတစ်ယောက်ဖြစ်ပြီးတော့ Kit ကို ကိုယ့်သမီးအရင်းလိုစောင့်ရှောက်ပေးခဲ့ပေမယ့် Kit ရင်ထဲကကွက်လပ်ကြီးကိုတော့ မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။ဒါကြောင့်လည်း Kit ဟာဆိုးသွမ်းပျက်စီးနေတဲ့သူတစ်ဦးဖြစ်လာပါတော့တယ်။ဘယ်လောက်ဆိုးလိုက်သလဲဆိုရင် မီးရှို့မှုအပါအဝင်နဲ့တခြားအမှုတွေနဲ့ စွဲချက်တင်ခံရတဲ့အထိပါပဲ။Kit ကတော့ သူလုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပေမယ့်လည်း သက်သေအထောက်အထား ခိုင်ခိုင်လုံလုံမရှိခဲ့တာကြောင့် လက်ရှိတက်ရောက်နေတဲ့ကျောင်းကနေနားပြီး လူငယ်သင်တန်းကျောင်းဆန်ဆန် ကျောင်းတစ်ခုဖြစ်တဲ့ Blackwood အကယ်ဒမီကျောင်းကို ကျောင်းအိပ်ကျောင်းစားအဖြစ်နဲ့ အချိန်တစ်ခုထိ ပြောင်းရွှေ့တက်ရောက်ဖို့အတွက် သဘောတူလိုက်ရပါတော့တယ်။တကယ့်ဇာတ်လမ်းက ဒီမှာစတာပါပဲ။Blackwood လို့ခေါ်တဲ့ကျောင်းဟာ ကျောင်းလို့သာခေါ်တွင်ပေမယ့် အဆောက်အဦးက ရှေးဟောင်းအဆောက်အဦးတစ်ခုပဲ ဖြစ်ပါတယ်။အဆောက်အဦးအတွင်းက ပရိဘောဂအသုံးအဆောင်ပစ္စည်းတွေကလည်း အတော်ကိုရှေးကျပြီး အဆောက်အဦးတစ်ခုလုံးကိုထိန်လင်းနေအောင် ထွန်းပေးနိုင်မယ့် လျှပ်စစ်မီးသီးအလုံအလောက်မရှိတာကြောင့် အနည်းငယ်မှောင်မိုက်နေပြီး ...
movie
Down a Dark Hall (2018)
2018