Channel Myanmar

Jodie McNee

Agatha and the Midnight Murders (2020) 6.4
Agatha and the Midnight Murders (2020) Agatha and the Midnight Murders (2020)================================IMDb Rating - 6.4/10#Unicodeကမ္ဘာပေါ်မှာအအောင်မြင်ဆုံးစုံထောက်ဝတ္ထုတွေကိုရေးခဲ့တဲ့ စာရေးဆရာမကြီးအဂ္ဂသာခရစ်စတီးကိုဇာတ်အိမ် တည်ပြီး ရိုက်ကူးထားတဲ့ လျှို့ဝှက်မှုခင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဒီကားလေးမှာ စာရေးဆရာမကြီးခရစ်စတီးဟာ စီးပွားရေးပျက်လုနီးပါးဖြစ်ပြီး အခွန်အကြွေးတွေပါပေးစရာရှိတာကြောင့် သူ့ရဲ့နာမည်ကျော်ဇာတ်ကောင်ပွိုင်ရော့(Poirot)ကို သေခိုင်းလိုက်တဲ့ ဝတ္ထုတစ်ပုဒ်ကိုရေးခဲ့ပါတယ်။ အဆိုပါဝတ္ထုရဲ့လက်ရေးမူကို သူ့ရဲ့အမာခံပရိသတ်တစ်ဦးထံ ရောင်းချဖို့လုပ်ခဲ့ပါတယ်။ ရောင်းချဖို့အတွက်တွေ့ဆုံနေကြတုန်းမှာ ဂျာမာန်တွေရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ကြုံရလို့ မြေအောက်ခန်းမှာရှောင်ပုန်းနေခဲ့ရပါတယ်။မြေအောက်ခန်းထဲမှာပုန်းနေတုန်း သူ့ရဲ့ဝတ္ထုလက်ရေးမူကအခိုးခံလိုက်ရသလို လာဝယ်တဲ့လူကလည်းရုတ်တရက်သေဆုံးခဲ့ပါတော့တယ်။ ဒီလောက်အထိပဲ ဇာတ်လမ်းအညွှန်းကိုပြောပြချင်ပါတယ်၊ စိတ်ဝင်စားစရာကောင်းတဲ့လှည့်ကွက်လေးတွေနဲ့ ဇာတ်အိမ်ကိုရိုက်ပြသွားတာလေးက အတော်ကိုသေသပ်ပါတယ်။Mystery ကားတွေကြိုက်သူများအဖို့အတွက်တော့ ကြည့်သင့်တဲ့ရုပ်ရှင်ကားကောင်းတစ်ကားလို့ ညွှန်းဆိုရင်း တင်ဆက်ပေးလိုက်ပါရစေ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) #Zawgyiကမာၻေပၚမွာအေအာင္ျမင္ဆုံးစုံေထာက္ဝတၳဳေတြကိုေရးခဲ့တဲ့ စာေရးဆရာမႀကီးအဂၢသာခရစ္စတီးကိုဇာတ္အိမ္ တည္ၿပီး ႐ိုက္ကူးထားတဲ့ လွ်ိဳ႕ဝွက္မႈခင္းဇာတ္လမ္းေလးပဲျဖစ္ပါတယ္။ ဒီကားေလးမွာ စာေရးဆရာမႀကီးခရစ္စတီးဟာ စီးပြားေရးပ်က္လုနီးပါးျဖစ္ၿပီး အခြန္အေႂကြးေတြပါေပးစရာရွိတာေၾကာင့္ သူ႔ရဲ႕နာမည္ေက်ာ္ဇာတ္ေကာင္ပြိဳင္ေရာ့(Poirot)ကို ေသခိုင္းလိုက္တဲ့ ဝတၳဳတစ္ပုဒ္ကိုေရးခဲ့ပါတယ္။ အဆိုပါဝတၳဳရဲ႕လက္ေရးမူကို သူ႔ရဲ႕အမာခံပရိသတ္တစ္ဦးထံ ေရာင္းခ်ဖို႔လုပ္ခဲ့ပါတယ္။ ေရာင္းခ်ဖို႔အတြက္ေတြ႕ဆုံေနၾကတုန္းမွာ ဂ်ာမာန္ေတြရဲ႕ေလေၾကာင္းတိုက္ခိုက္မႈနဲ႔ႀကဳံရလို႔ ေျမေအာက္ခန္းမွာေရွာင္ပုန္းေနခဲ့ရပါတယ္။ေျမေအာက္ခန္းထဲမွာပုန္းေနတုန္း သူ႔ရဲ႕ဝတၳဳလက္ေရးမူကအခိုးခံလိုက္ရသလို လာဝယ္တဲ့လူကလည္း႐ုတ္တရက္ေသဆုံးခဲ့ပါေတာ့တယ္။ ...
movie

Agatha and the Midnight Murders (2020)

2020
The Physician (2013) 7.2
The Physician (2013) (Unicode)ကမ္ဘာကြီးက အပြားကြီးလို့ပြောရင် ကားစင်ပေါ်တင်ပြီး အသတ်ခံရတဲ့ ၁၁ရာစုခေတ်မှာဒီနေရာမှာ နှလုံးရှိတယ် ဒီနေရာမှာ ကျောက်ကပ်ရှိတယ်လို့ သွားပြောရင် ဘာတွေဆက်ဖြစ်လာမယ် ထင်ပါသလဲ။ဘာသာရေးအပေါ် Serious ဖြစ်လွန်းတဲ့ ခေတ်ကြီးထဲမှာ ရောဘ်ကိုးလ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ အင်္ဂလန်နိုင်ငံမှာ မွေးဖွားလာခဲ့ပါတယ်။သူဟာ လူတစ်ယောက်ကို ကိုင်ကြည့်လိုက်တာနဲ့ ဒီလူသေတော့မယ် မသေဘူးဆိုတာ တပ်အပ်သိနိုင်တဲ့ အစွမ်းရှိသူတစ်ယောက်ပါ။အမေကလည်း ကပ်ရောဂါနဲ့သေ မိသားစုတွေကလည်း တစ်ကွဲတစ်ပြားဖြစ်ပြီးနောက်ပိုင်း ဘာဘာလို့ခေါ်တဲ့ နယ်လှည့်ဆေးရောင်းတဲ့ လူကြီးနောက်ကို လိုက်သွားခဲ့ပါတယ်။တစ်ရက်မှာ ဘာဘာကြီးရဲ့မျက်လုံးကို သွားဆေးကုရာကနေ ပါရှားဖက်က ဆေးတက္ကသိုလ်ကြီးအကြောင်းကိုဂျူးတွေဆီက ကြားပြီးနောက်ပိုင်း ပညာသွားသင်လိုစိတ်တွေ တဖွားဖွားဖြစ်ပေါ်လာခဲ့ပါတယ်။သို့ပေမယ့် ပါရှားနယ်ဖက်ဆိုတာ သူတို့လို ခရစ်ယာန်ဘာသာဝန်တွေကို ကန့်သတ်ထားတဲ့နယ်မြေဖြစ်တာကြောင့် ဂျူးလူမျိုးယောင်ဆောင်ပြီး သွားရပါတော့တယ် ။ဒီကားဟာ စာရေးဆရာကြီး Noah Gordon ရဲ့ El médico ဆိုတဲ့ဝတ္တုကို ပြန်အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Kiwi ပါ)(Zawgyi)ကမာၻႀကီးက အျပားႀကီးလို႔ေျပာရင္ ကားစင္ေပၚတင္ၿပီး အသတ္ခံရတဲ့ ၁၁ရာစုေခတ္မွာဒီေနရာမွာ ...
movie

The Physician (2013)

2013