Channel Myanmar

Jody Quigley

Impuratus (2022)
Impuratus (2022)   အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ နိုင်ငံတကာရုပ်ရှင်ပွဲတော်များမှာ ဆုများစွာဆွတ်ခူးခဲ့တဲ့ horror movie ကောင်းလေးတစ်ကားဖြစ်ပါတယ်။ Saving Private Ryan, Heat အစရှိတဲ့ဇာတ်ကားများအပါအဝင် ဇာတ်ကားပေါင်းများစွာသရုပ်ဆောင်ဖူးခဲ့တဲ့ ဝါရင့်မင်းသားကြီး Tom Sizemore မှ အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားတဲ့ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ကြီး Clayton Douglas ဟာ သူ့အတွက် မကောင်းတဲ့အကြောင်းတွေနဲ့အမှတ်ရစရာနေ့မှာ စိတ်ရောဂါကုဆေးရုံကနေဖုန်းလက်ခံရခဲ့ပါတယ်။ သေကောင်ပေါင်းလဲဖြစ်နေတဲ့လူနာတစ်ယောက်က စုံထောက်ကြီးဆီကိုဝန်ခံချက်တစ်ခုပေးချင်လို့ပါဆိုပြီး နာမည်တပ်ခေါ်ခဲ့တာပါ။အဲဒါနဲ့ သမီးလေးမွေးနေ့ရှိလို့အိမ်ကိုပြန်နေတုန်း လမ်းမှာအဲ့ဒီဆေးရုံကိုဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကိုအယုံအကြည်မရှိတဲ့စုံထောက်ကြီးတစ်ယောက် ဖြစ်ရပ်ဆန်းတွေကြုံလာရပါတော့တယ်။ သူသွားတွေ့တဲ့လူနာက ဘယ်လိုထူးဆန်းမှုတွေနဲ့ပြည့်နှက်နေသလဲ၊ အဲ့ဒီလူနာက ဘာဖြစ်လို့ဒီစုံထောက်ကြီးကို နာမည်အတိအကျနဲ့ခေါ်ခဲ့တာလဲ၊ စုံထောက်ကြီးမှာရော သူ့ကိုယ်သူတောင်မသိထားတဲ့လျှို့ဝှက်ချက်တွေရှိနေမလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမဲ့ သရဲကားလေးတစ်ကားပါ။ သရဲကားဆိုပေမယ့် Jump scareတွေအများကြီးမပါဘဲ ချောက်ချားစရာဇာတ်ကွက်တွေနဲ့ဆွဲခေါ်သွားတဲ့ psychological thrillerဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်လို့ စိတ်ဝင်စားစရာလည်းကောင်းတဲ့ဇာတ်ကားလေးပါ။ File size…(1.1 GB)/(570 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre...Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar ...
movie

Impuratus (2022)

Wicked Blood (2014) 5.4
Wicked Blood (2014) Wicked Blood (2014) ဟာ IMDb Rating 5.4 ရရှိထားပြီးသရုပ်ဆောင် Abigail Bresln , Sean Bean , James Purefoy တို့ပါဝင်သရုပ်ဆောင်ထားသော Action , Crime , Dramaဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။Hannah နဲ့ Amber Baker တို့နှစ်ယောက်ဟာ အကြမ်းဖက်မှောင်ခိုမူးရစ်ဆေးဝါးနဲ့ မကောင်းမှု့မှန်သမျှလုပ်တဲ့တောင်ပိုင်းမြေအောက် မကောင်းမှု့ဒုစရိုက်ကမ္ဘာမှာပိတ်မိနေကြပါတယ်။သူတို့နှစ်ယောက် ထိုကဲ့သို့ ကြမ်းကြုတ်လှတဲ့ ရာဇ၀တ်ဂိုဏ်းရဲ့ခေါင်းဆောင်Uncle Frank ရဲ့လက်အောက်မှာ နေထိုင်ရတဲ့အခါမှာဆိုရင်ဘယ်လိုတွေရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကတော့ဇာတ်ကားထဲမှာကြည့်ရှု့လိုက်ကြပါခင်ဗျာ။(အညွှန်းရေးသားတာကတော့ Win Kyaw Thuဖြစ်ပါတယ်) File size__( 800 MB) and ( 350 MB) Quality__BR-Rip 720p IMDb Rating__5.4/10 Format__mp4 Duration__01:31:50 Type__Action , Crime , Drama Subtitle__Myanmar Subtitle (Hardsub) Translated by NAL Encoded by Naing Aung Latt 
movie

Wicked Blood (2014)

2014