Channel Myanmar

Jody Wilson

Cape Fear (1991) 7.3
Cape Fear (1991)  သေသောသူကြာလျှင်မေ့ဆိုသလို ဟိုးအရင်တုန်းကတကယ်ကောင်းခဲ့တဲ့ဇာတ်ကားဟောင်းလေးတွေကို အခုအချိန်မှာမေ့နေကြလောက်မှာပါ။အဲ့ဒါကြောင့်မလို့ သည်းထိတ်ရင်ဖိုကြိုက်တဲ့လူတွေအတွက် 1991 ခုနှစ်ကထွက်ရှိခဲ့တဲ့ Cape Fear ဆိုတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 7.3 ရရှိထားပြီး သူ့ခေတ်သူ့အခါကအတိုင်းအတာနဲ့ဆိုရင်တော်တော်အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားလို့ပြောရပါမယ်။တရားဥပဒေလောကမှာ တကယ်တမ်းတရားမျှတမှုကိုရရှိနိုင်ဖို့အတွက်ဥပဒေဘောင်အပြင်က လုပ်လိုက်ရတဲ့အခိုက်အတန့်တွေရှိကြပါတယ်။ဒီကားထဲက ဆမ်ဘိုဒန်ဆိုတဲ့ရှေ့နေတစ်ယောက်ကလည်း သူ့ရဲ့အမှုသည်အတွက် တရားမျှတမှုစစ်စစ်ကိုရရှိနိုင်အောင် အချက်အလက်ထိမ်ချန်ပြီးဥပဒေဘောင်အပြင်ကနေ လုပ်ခဲ့ပါတော့တယ်။သူ့အမှုသည်ကတော့ မုဒိမ်းမှုကိုယ်ထိလက်ရောက် ရိုက်နှက်မှုတို့နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပြီး အမှုကနေလွတ်အောင်လုပ်ပေးချင်ရင် လုပ်ပေးလို့ရတယ်ဆိုပေမဲ့ ရက်စက်လွန်းတဲ့အမှုသည်အတွက် မထိုက်တန်ဘူးလို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီအမှုသည်ဖြစ်တဲ့ကေဒီက ၁၄ နှစ်အကြာမှာတော့ ထောင်ထဲကနေလွတ်လာပါတော့တယ်။ထောင်ထဲက လွတ်လာတာနဲ့ရှေ့နေဆမ်ဆီကို လက်စားချေဖို့ပြန်လာခဲ့ပါတော့တယ်။ဒါပေမယ့် သူ့ရဲ့လက်စားချေပုံက သတ်ဖြတ်တာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းနဲ့ ဆမ်ရဲ့မိသားစုကို လုံးပါးပါးအောင်ဉာဏ်သုံးပြီးလက်စားချေနေတာပဲဖြစ်ပါတယ်။ဒီတော့ ဆမ်တစ်ယောက် ကိုယ်လုပ်ခဲ့တဲ့အတိတ်က ကိုယ့်နောက်ကိုပြန်လိုက်လာတဲ့ အချိန်မှာတော့ ဘာတွေဘယ်လိုလုပ်ပြီး ဖြေရှင်းမလဲ။ကေဒီကရောဘယ်လိုနည်းလမ်းတွေသုံးပြီး သူတို့မိသားစုအပေါ်မှာ လက်စားချေမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size… 2.05 GB / 988 MB Quality… Blu-Ray 1080p  / 720p Format…mp4 Duration….2h 8m Genre …..  ...
movie

Cape Fear (1991)

My Girl (1991) 6.9
My Girl (1991) My Girl (1991)ဗေဒါလေးဟာ ငယ်ငယ်လေးနဲ့ အသိကြွယ် ဉာဏ်ပြေးတဲ့ ကလေးမလေးတစ်ယောက်ပါ။ ဗေဒါ့ဖေဖေက ဈာပနအခမ်းအနားတွေ တာဝန်ယူပြင်ပေးရတဲ့သူပေါ့...။သူ မသိတတ်ခင်ကတည်းက ဆုံးသွားတဲ့ မေမေ၊ အသိ သတိ မကောင်းတော့တဲ့ ဖွားဖွား၊ နေ့စဉ်နဲ့အမျှ ဝင်ချည်ထွက်ချည်မြင်နေရတဲ့ အလောင်းတွေနဲ့ ပူဆွေးတမ်းတသူတွေ...။ နေ့စဉ်ဘဝလိုဖြစ်နေတဲ့ သေခြင်းနဲ့ ရှင်ခြင်းကြားက မျဉ်းပါးပါးလေးကို ဗေဒါလေး ဘယ်လိုများ နားလည်ထားသလဲ။အဆိုးတွေချည်းပဲတော့ မဟုတ်ပါဘူး... ၁၁နှစ်ဆိုတဲ့ တစ်ဆယ်စွန်းစ ဆယ်ကျော်သက်မဖြစ်တစ်ဖြစ်ကလေးမှာ အနားက အရိပ်လိုလိုက်မယ့် သူငယ်ချင်းလေး တစ်ယောက်ရှိတယ်... ကဗျာရွတ်ပြတာတွေ ကြိတ်ကြွေနေရတဲ့ ကျောင်းဆရာတစ်ယောက်ရှိတယ်...။ နှာတစ်ဖျားအသာနဲ့လည်း ရွယ်တူတွေကို ဖျံကျတတ်တယ်။ဒါပေမဲ့လည်း အလောင်းတွေကြားမှာ ဘဝကို မြှုပ်နှံထားတဲ့ ဖအေဖြစ်သူရဲ့ အာရုံစိုက်ခံရဖို့ကိုတော့ ညစ်ကြယ်ကြယ် ဉာဉ်လေးနဲ့ နိစ္စဓူဝကြိုးစားရတုန်းပါပဲ...။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဗေဒါတို့ သားအဖဘဝထဲကို ရှယ်လီဆိုတဲ့ မိတ်ကပ်ဆရာမတစ်ဦး ပေါက်ချလာပါတော့တယ်...My Girl ဟာ နာမည်ကျော် ...
movie

My Girl (1991)

1991