Channel Myanmar

Joe Bellan

Hereafter (2010) 6.5
Hereafter (2010) Hereafter (2010)ဒီကားလေးကတော့ Fantasy Romance အမျိုးအစား ဒရာမာကားကောင်းလေးပါ။ Director ကလည်း စွယ်စုံရ အကျော်အမော်တစ်ပါးဖြစ်တဲ့ Clint Eastwood ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်ကလည်း Matt Damon ဖြစ်တဲ့အပြင်ကို အော်စကာမှာလည်း CGI ဆု ဆန်ခါတင်ဝင်ခဲ့သေးတာမို့ အရွေးမမှားစေမယ့်ကားကောင်းတစ်ကားပါပဲ။ဇာတ်လမ်းလေးက တမလွန်အကြောင်းကိုအခြေခံရိုက်ကူးထားတာပါ။ တမလွန်ဆိုတဲ့အရာကို လူတိုင်းပြောဖို့ကြောက်လန့်ကြတယ် ဆန့်ကျင်ကြတယ်တဲ့။ ဒီကားထဲမှာတော့ တမလွန်ကို ဆိတ်ငြိမ်အေးချမ်းတဲ့ ဗလာနယ်လို တင်ဆက်ထားပါတယ်။ဇာတ်လမ်းကိုတော့ တစ်နိုင်ငံစီမှာနေနေကြတဲ့ တမလွန်ကိုဆက်သွယ်နိုင်တဲ့အမေရိကန်တစ်ယောက်ရယ်၊ လတ်‌တလောမှ သေရွာကနေပြန်လာနိုင်ခဲ့တဲ့ ပြင်သစ်သတင်းကြေညာသူရယ်၊ အမြွာအစ်ကိုကိုဆုံးရှုံးထားခါစ လန်ဒန်ကကောင်လေးတစ်ယောက်ရယ် သူတို့သုံးယောက်ကိုအခြေတည်ထားပြီး မျဥ်းပြိုင်လိုဖြစ်နေတဲ့ သူတို့တွေရဲ့ဘ၀တွေက ဘယ်နေရာမှာဆုံစည်းကြမလဲ... ဘာအကြောင်းကြောင့်လဲ... ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.55GB, 1.2GB Quality - 1080p, 720p IMDb Rating - ...
movie

Hereafter (2010)

2010
Bicentennial Man (1999) 6.9
Bicentennial Man (1999) Bicentennial Man (1999)ဒီကားလေးကတော့ ၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ ခေတ်ဟောင်းစက်ရုပ်ကားလေးပါ။ အခုခေတ်ကားတွေလို စက်ရုပ်တွေ အကြမ်းဖက် လူသတ် ကမ္ဘာသိမ်းဇာတ်လမ်းမျိုးမဟုတ်ဘဲ စက်ရုပ်တစ်ရုပ်ရဲ့ ဘ၀ဇာတ်ကြောင်းကို အလွမ်းအဆွေး တွေးစရာတွေနဲ့တင်ဆက်ထားတာဖြစ်ပါတယ်။ ဟာသမင်းသားကြီး Robin Williams ရဲ့ အကောင်းဆုံးကားတစ်ကားလို့ရည်ညွှန်းကြတဲ့အတွက် အချိန်ပေးရတန်စေမယ့်ကား၊ သူ့အလွမ်းပြေကြည့်ရမယ့်ကားဆိုလည်း မမှားပါဘူး။မာတင်မိသားစုက မီးဖိုချောင်သုံးစက်ရုပ်တစ်ရုပ်ကို၀ယ်ခဲ့ပြီး အန်ဒရူးလို့နာမည်ပေးခဲ့ပါတယ်။ အန်ဒရူးက သာမန်စက်ရုပ်မဟုတ်ဘဲ ခံစားချက်တွေ ကိုယ်ရည်ကိုယ်သွေးတွေရှိနေတဲ့အချိန်မှာတော့ မာတင်မိသားစုက မီးဖိုချောင်မှာမခိုင်းတော့ဘဲ သိသင့်သိထိုက်တာတွေသင်ပေးပြီးတဲ့နောက်မှာတော့ အန်ဒရူးတစ်ယောက် စက်ရုပ်အဖြစ်ကနေမှ လူသားအဖြစ်ကို တဖြည်းဖြည်းပြောင်းလဲလာပြီး အချစ်ကိုထိတွေ့ခံစားမိပုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.9GB, 1.15GB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 12Min Genre - Drama, ...
movie

Bicentennial Man (1999)

1999
The Sweetest Thing (2002) 5.2
The Sweetest Thing (2002) Unicode Version============ခရစ်စတီးနား (Cameron Diaz) နဲ့ ကော့တ်နေး (Christina Applegate) တို့ဟာ ကိုယ့်အလုပ်နယ်ပယ်မှာအောင်မြင်ကြသလို ရုပ်ရည် စတိုင် ဒီဇိုင်း ကာလာ ဘာညာ တော်ကီ အနေအထားအရလဲထိပ်တန်းဖြစ်တယ်ဆိုတော့ ကြုံဖူးသမျှယောက်ျားတိုင်းက သူတို့ကို တန်းတန်းစွဲကြပါတယ်။(အခုခေတ်မှာတော့ ထက်မြက်တဲ့ မိန်းမတွေလို့ခေါ်မှာပေါ့) သူတို့ကတော့ ယောက်ျားတွေ မှန်သမျှကို ကစားစရာလို့ သဘောထားပုံပါပဲ။ဇာတ်ကားရဲ့ အဖွင့်ကို အဓိက ဇာတ်ကောင်ဖြစ်တဲ့ ခရစ်စတီးနား အသည်းခွဲတာခံရခဲ့ဖူးတဲ့ယောက်ျားတွေရဲ့ နာကျည်းချက်တွေကို အင်တာဗျူးပုံနဲ့စ ထားပါတယ်။ အချစ်ကို ကစားစရာလို့ ထင်ကြတဲ့ ခရစ်စတီးနားနဲ့ ကော့တ်နေးမှာ သိပ်ရိုးအေးပြီး အချစ်ကို ကိုးကွယ်တဲ့ ဂျိန်း( Selma blair) ဆိုတဲ့ သူငယ်ချင်းမလေးတစ်ယောက်ရှိသေးတယ်။ အဲ့ဒီကောင်မလေး ဘဲပစ်ခံရလို့ အသည်းကွဲနေတဲ့ အချိန်မှာ ထက်မြက်တဲ့ အပျိုကြီး နှစ်ယောက်က နင့်ကို လင်အသစ်ရှာပေးမှဖြစ်တော့မယ်ဆိုပြီး နာမည်ကြီး ကလပ်တစ်ခုကို ခေါ်သွားပါတယ်။ အသည်းကွဲနေတဲ့ ဂျိန်းကို ခရစ်စတီးနားက ...
movie

The Sweetest Thing (2002)

2002