Channel Myanmar

Joe Dallesandro

Cry Baby (1990) 6.5
Cry Baby (1990) IMDB (6.5) / Rotten Tomatoes (73%)အလီဆင်ဟာ ရှေးရိုးစွဲ (စကွဲ) လို့ခေါ်ကြတဲ့ မိသားစု ဝန်းကျင်ကနေဆင်းသက်လာတဲ့ မိန်းမလှလေးတစ်ယောက်၊ တစ်သက်လုံး လိမ်မာခဲ့ရတာ စိတ်ကုန်လှပါပြီလို့ ဆုံးဖြတ်မိရာကနေ ခရိုင်းဘေဘီဝေါလ်ကာ ဆိုတဲ့ ဆန့်ကျင်ဘက် ဒရိတ်ပ် ခေါ် ဆိုးသွမ်းလူငယ်အဖွဲ့ တစ်ဖွဲ့ရဲ့ခေါင်းဆောင် ခပ်မိုက်မိုက်ဂေါ်ဘဲတစ်ပွေနဲ့ ချစ်ကျွမ်းဝင်မိပါတယ်။ မျိုးနွယ်ချင်း ခံယူချက်ချင်း ယဉ်ကျေးမှုချင်း တောင်နဲ့မြောက် အရှေ့နဲ့အနောက်လို ကွာခြားချက် အစစအရာရာတွေကိုဆန့်ကျင်ပြီး သူတို့ဇာတ်လမ်းမှာ ကြုံရမယ့် အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ဖြတ်ကျော်မလဲဆိုတာကို ဂီတတွေနဲ့ မြူးမြူးကြွကြွပုံဖော်ထားတဲ့ Comedy, Musical ကိုမှ ဂန္ဓဝင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အဲလ်ဗစ်ပရက်စလေရဲ့ ရုပ်ရှင်တွေ ၁၉၅၀ ဝန်းကျင်က ဆိုးသွမ်းလူငယ်တွေအကြောင်းနာမည်ကျော် ရုပ်ရှင်တွေကို တစ်စိတ်တစ်ပိုင်းသရော်လှောင်ပြောင်ထားတာဖြစ်တဲ့အတွက် သူတို့ ရဲ့ ရုပ်တည်ကြီးနဲ့ ခံစားချက်အပြည့်နဲ့အမူအယာတွေဟာ အတည်ပေါက်နဲ့ခွီရမယ့်အကွက်တွေပါပဲ။ ခရိုင်းဘေဘီရဲ့ ဇာတ်ကောင်နေရာနဲ့ကိုက်ညီတဲ့ လူငယ်မင်းသား ရှာဖို့ ဒါရိုက်တာဟာ ဆယ်ကျော်သက် မဂ္ဂဇင်းတွေကို အဲ့ဒီခေတ်က ဒေါ်လာ သုံးဆယ်ဖိုးဝယ်ယူခဲ့ပြီး မျက်နှာဖုံးအားလုံးဟာ ၁၉၈၇ က 21 Jump ...
movie

Cry Baby (1990)

The Limey (1999) 7.1
The Limey (1999) The Limey(1999) IMDb…7.1——Rotten….93 ထောင်က လွတ်လာတာ မကြာသေးတဲ့ ထောင်ထွက်တစ်ယောက်.. သူ့မှသမီး​လေးတစ်​​ယောက်​ရှိတယ်​ ….. သက်​တမ်​းတစ်​ဝက်​​လောက်​​ထောင်​ထဲမှာ​နေရပြီး ​အပြင်​​ရောက်​ရင်​သမီး​လေး​နဲ့​တွေ့ဖို့​ ရည်​စူးခဲ့​ပေမယ်​့ သူ့သမီး​လေးဟာ အသတ်​ခံလိုက်​ရတယ်​…သူ့သမီးကို ဘယ်သူသတ်ခဲ့လဲ သိဖို့အတွက် အခင်​းဖြစ်​ပွားရာ LA ကို သွားခဲ့တယ်ဒါပေမယ့် သူတွေ့နေရတဲ့အခြေအနေတွေကို သူဘယ်လိုမှ နားမလည်နိုင်မှန်း ချက်ချင်းဆိုသလို သိသွားတယ်…သူ့ရဲ့ စုံစမ်းမှုကို နောက် ထောင်ထွက်တစ်ယောက်က ကူညီတယ်သူတို့နှစ်ယောက်အတူ စုံစမ်းလိုက်တော့ သူ့သမီးဟာ ပရိုဂျူဆာ တစ်ယောက်နဲ့ ဇာတ်လမ်းရှုပ်နေတယ်ဆိုတာ သိလိုက်ရတယ် အဲဒီပရိုဂျူဆာက လက်ရှိ တစ်ခြား ခပ်ငယ်ငယ်မိန်းခလေးတစ်ယောက်နဲ့လည်း ခပ်ရှုပ်ရှုပ်ပဲ သူ့သမီးဟာ လူဆိုး​တွေ လူမိုက်​​တွေရဲ့အရှုတ်​အ​ပွေ​တွေကြားမှာလည်​း ပြသနာအကြီးကြီးတက်​ခဲ့ပုံ​ပေါ်ပါတယ်​…File Size…(900MB)And(386MB)Quality…720pFormat…mp4Duration…01:29:00Subtitle…Myanmar Subtitle(Hardsub)Translated by Honest AbeEncoder…Phyo Pyae 
movie

The Limey (1999)

1999