Channel Myanmar

Joel Kinnaman

Suicide Squad (2016) 6.0
Suicide Squad (2016) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Suicide Squad (2016)

2016
4K HEVC
Easy Money III: Life Deluxe (2013) 6.2
Easy Money III: Life Deluxe (2013)  Easy Money 3 (2013)IMDB - 6.2ဒီဇာတ်လမ်းကတော့ မူးယစ်ခေါင်းဆောင်ကြီး ရာဒိုဗန်ရဲ့ကျရှုံးခန်းပါ။ ဂိုဏ်းအဖွဲ့အချင်းချင်း ရန်ပွဲတွေကြောင့်ရာဒိုဗန်တစ်ယောက် လုပ်ကြံခံလိုက်ရတယ်။ကျည်ကာအင်္ကျီနဲ့ဆိုတော့ မသေပေမယ့် သူ့နိုင်ငံမဟုတ်တဲ့ဆွီဒင်နိုင်ငံမှာ ဒီလိုရန်ငြှိုးတွေက သူ့အတွက်ကြီးမားတဲ့အန္တရာယ်ဆိုတာသူနားလည်သွားတယ်။ကျန်တာကိုဂရုမစိုက်ပေမယ့် တစ်ယောက်တည်းကျန်ခဲ့မယ့်သူသမီးလေးကိုသူအရမ်းစိတ်ပူသွားတယ်။ သူ့သမီးနားမှာယုံကြည်ရတဲ့သူဖြစ်တဲ့ မာတင် ဆိုတဲ့လူငယ်ကိုထားခဲ့တယ်။မာတင်ဟာ ရဲအဖွဲ့ကလွှတ်ထားသူလျှိုဖြစ်ပြီး တစ်ချိန်ကရာဒိုဗန်ရဲ့လူဟောင်းဟောရုဟဲ အကူအညီနဲ့ အဖွဲ့ထဲကိုဝင်လာခဲ့ပါတယ်။တစ်ဖက်မှာလည်း ရာဒိုဗန်ရဲ့ မိသားစုအတွင်းကရာထူးအာဏာလိုချင်တဲ့ လက်ထောက်ကလည်းရှိနေတဲ့အခါမှာတော့ရာဒိုဗန်တစ်ယောက် ဘယ်လိုကျရှုံးသွားမလဲဆိုတာဆက်လက်ကြည့်ရှုပေးကြပါဦး... File size…1.78GB / 818 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 7m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Easy Money III: Life Deluxe (2013)

Easy Money: Hard to Kill (2012) 6.3
Easy Money: Hard to Kill (2012)  Easy Money 2 (2012) IMDB - 6.3ဒီကားမှာတော့ ရိုဟန် နဲ့ မာလ်ဒို တို့ကထောင်အတူတူကျနေတယ်။ လူမှုပြန်လည်ထူထောင်ရေးအဖွဲ့ကရိုဟန်ကိုကောင်းမွန်စွာနေထိုင်တဲ့အတွက် အုပ်ချုပ်မှုအောက်မှာယာယီလွှတ်ပေးလိုက်တယ်။ ထောင်ထဲမှာကနေ High frequency trading ကိုအနိုင်ယူမယ့်ဆော့ဖ်ဝဲကိုရေးပြီး အပြင်က သူငယ်ချင်းဖြစ်တဲ့နီပယ်နဲ့အတူကုမ္ပဏီတစ်ခုမှာရောင်းစားပြီးရတဲ့ပိုက်ဆံနဲ့ အေးအေးချမ်းချမ်းနေမယ်လို့တွေးထားခဲ့တယ်။ ဒါပေမယ့် သူထောင်ထဲမှာရောက်နေတာကိုအခွင့်အရေးယူပြီး နီပယ်ကကုမ္ပဏီတစ်ခုနဲ့စာချုပ်ချုပ်လိုက်တယ်။ရိုဟန်လည်းအပြင်ရောက်မှာသိလိုက်တဲ့အတွက်စိတ်ထိခိုက်သွားပြီး ထောင်ထဲ မာလ်ဒိုနဲ့ပြန်ဆက်သွယ်ပြီးဒီနိုင်ငံကထွက်ပြေးဖို့ကြံစည်တယ်။ မာလ်ဒို နဲ့ ရိုဟန်ကထွက်ပြေးဖို့အတွက်လိုအပ်တဲ့ပိုက်ဆံတွေကို ရာဒိုဗန်ဆီကနေခိုးဖို့ကြံစည်တဲ့အခါမှာတော့......  File size…1.66GB / 743MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Easy Money: Hard to Kill (2012)

Easy Money (2010) 6.7
Easy Money (2010) Easy Money 1 (2010) IMDB- 6.7Ratting ကောင်းတဲ့ ဆွီဒင်မူးယစ်ဂိုဏ်းဇာတ်လမ်းလေးအကြောင်းရိုက်ကူးထားတာပါ။ဇာတ်လမ်းအကျဉ်းကတော့ရိုဟန်ဆိုတဲ့ စီးပွားရေးကောလိပ်တက်နေတဲ့ကောင်းလေးတစ်ယောက်ကလူချမ်းသားအသိုင်းအဝိုင်းကြားမှာ နေထိုင်ရတဲ့အတွက်ပိုက်ဆံများများရနိုင်မယ့်အလုပ်ကိုရှာပြီးလုပ်နေရတယ်။သိကြတဲ့အတိုင်း ကိုကင်းတွေကိုလိုက်ပို့ပေးရတာပေါ့။တက္ကစီးအငှားကို ဟန်ပြမောင်းရင်းကိုကင်းတွေပို့ရတဲ့အလုပ်ကဝင်ငွေကောင်းတဲ့အပြင် လူချမ်းသာရွယ်တူသူငယ်ချင်းတွေရဲ့ ပရောဂျက်တွေကိုလုပ်ပေးရင်းနဲ့သူ့ကိုယ်သူလူချမ်းသာအသိုင်းအဝိုင်းထဲဝင်ဆံ့နိုင်အောင်ကြိုးစားနေတယ်။ တစ်နေ့သူအဖွဲ့က သူ့ကို ဟောရုဟဲဆိုတဲ့ထောင်ကထွက်ပြေးလာတဲ့အကျဉ်သားတစ်ယောက်ကိုသွားခေါ်ခိုင်းတယ်။သူ့ကို ရာဒိုဗန်ဆိုတဲ့ မူးယစ်ဂိုဏ်းအဖွဲ့ကလည်းလိုချင်နေတဲ့အခါမှာတော့.....  File size…2.44GB / 1.15GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 4m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Easy Money (2010)

[18+] Silent Night (2023) 5.8
[18+] Silent Night (2023) Silent Night (2023) ==============မင်းသားက ဇာတ်လမ်းစတာနဲ့ လည်ပင်းသေနတ်မှန်ပြီး အသံမထွက်နိုင်။ သူ့ကလေးကို သတ်သွားတဲ့ လူဆိုးတွေကို လိုက်သတ်။ စကားပြောချိန်တောင်မရဘဲ လူဆိုးတွေသေ။ Good။ တစ်ကားလုံး စကားအခွန်း ၁၀၀ မပြည့်ပါဘူး။R rated သွေးသံရဲရဲနဲ့ အက်ရှင်အကြမ်းစားအမျိုးအစားပါ။ ဒါရိုက်တာကတော့ Red Cliff ရဲ့ ဆရာကြီး John Woo ပါပဲ။ မင်းသားကတော့ Suicide Squad ထဲက Joel Kinnaman ပါပဲ။ (သွေးသံရဲရဲအခန်းတွေပါဝင်တာမို့ ကလေးသူငယ်များ နဲ့အတူ ကြည့်ရှုဖို့ မသင့်တော်ပါ။)(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(7.52 GB) / (2.34 GB) / (816 MB) Quality............WEB-DL 4K / 1080p / 720p Duration.........1Hr 44Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator.......Mr.Anderson Encoder..........SWM / Ka Naung
movie

[18+] Silent Night (2023)

2023
4K HEVC
Sympathy for the Devil (2023) 5.7
Sympathy for the Devil (2023) Sympathy for The Devil (2023)~ IMDb - 5.7/10, Rotten Tomatoes - 62% ~မင်းသားကြီး နီကိုလက်ကေ့ရဲ့ ရုပ်ရှင်အသစ်ပါ။ Suicide Squad ထဲက Rick Flag မင်းသား Joel Kinnaman နဲ့အတူ ပါဝင်ထားပါတယ်။ Action Thriller အမျိုးအစားဖြစ်ပြီး သို့လော သို့လောနဲ့ ကြည့်ရတဲ့ ကားမျိုးပါပဲ။ဒေးဗစ်ချိန်ဘာလိန်ဆိုတဲ့လူတစ်ယောက်ဟာ သူ့မိန်းမဆေးရုံမှာ ကလေးမွေးနေတာကို အမီသွားဖို့ ကားနဲ့ထွက်လာပါတယ်။ ဆေးရုံကိုအရောက်မှာပဲ ကားနောက်ခန်းထဲကို လူတစ်ယောက်ဝင်လာပြီး သေနတ်နဲ့ချိန်ထားပါတော့တယ်။ အဲဒီလူကပဲ သူ့ကို ဆေးရုံထဲကိုမဝင်ခိုင်းဘဲ ဘော့စတွန်အထိ မောင်းခိုင်းပါတော့တယ်။ လမ်းတလျှောက်မှာ ဒေးဗစ် လွတ်မြောက်ဖို့ကြိုးစားပေမဲ့ မအောင်မြင်ဘဲ လူတွေသာ တစ်ယောက်ပြီးတစ်ယောက် သေလာပါတော့တယ်။ သူတို့နှစ်ယောက် ကြောင်နဲ့ကြွက်လို လိုက်တမ်းပြေးတမ်း အသက်လုပြီးကစားရတဲ့ ရည်ရွယ်ချက်ကဘာလဲ... ရည်ရွယ်ချက်ရောရှိရဲ့လား... သူတို့အချင်းချင်းကရော ထင်ထားသလို ...
movie

Sympathy for the Devil (2023)

2023
4K HEVC
Knight of Cups (2015) 5.6
Knight of Cups (2015) Knight of Cups (2015) =================Terrence Malickကို ကောင်းကောင်းသိတဲ့ လူတွေအတွက်တော့ ဘယ်လိုရုပ်ရှင်ဆိုတာရှင်းပြစရာ မလိုပေမဲ့၊ ဒီရုပ်ရှင်ဟာ Fragmentation ဆန်ဆန် ဒိုင်ယာလော့တွေကို နာရေးတစ်ပြောပြီး ဘာမှမပြနေတာတွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ Christian Bale , Cate Blanchett, Natalie Portman, Ben Kingsley, Antonio Banderasတို့လို တန်းမြင့် သရုပ် ဆောင်တွေကို သုံးထားပါတယ်။Terrence Malickဟာ Tree of Lifeနဲ့ နာမည်အကျော်ဆုံး ရုပ်ရှင်ပွဲတော် ဖြစ်တဲ့ ကိန်းမှာ Palme d'Orရခဲ့သလို The Thin Redline, A hidden Life, Days oF Heaven လို မာစတာပိစ်ကားတွေလည်း ရိုက်ခဲ့ပါတယ်။Knight of Cupsမှာတော့ အခန်း၈ခန်းကို နောက်ဆုံးခန်းကလွဲ တားရော့ကတ် (၇)ခုနာမည်သုံး ပုံဖော်သွားခဲ့ပြီး baleကိုတော့ Knight of cupsအနေနဲ့ ပုံဖော် ထားပါတယ်။ ဘေးလ်တစ်ယောက် စိတ်ဓာတ်ကျပြီး ...
movie

Knight of Cups (2015)

2015
Child 44 (2015) 6.5
Child 44 (2015) ဒုတိယကမ္ဘာစစ်ရဲ့ စစ်ပြန် ဆိုဗီယက် သူရဲကောင်းလီယိုဒီမီဒေါ့ဟာ စစ်ကြီးအပြီးမှာတော့ နိုင့်ငံရဲ့ လျှိုဝှက်ထောက်လှမ်းရေးအဖွဲ့မှာ ရာထူးကြီးကြီးနဲ့ထမ်းဆောင်နေပြီး ဇနီးလှလှလေးရိုင်စာနဲ့ တိုက်ခန်းကောင်းကြီးမှာတူတူနေနေပါတယ်။စစ်အေးခေတ်ကြီးရဲ့မတည်ငြိမ်တဲ့အချိန်နဲ့ ဆိုဗီယက် ကွန်မြူနစ်စနစ် ရဲ့ဖိနှိပ်မှုတွေရှိနေတဲ့ကြားက လီယိုတယောက် ကလေးငယ်တွေကိုပဲ လိုက်သတ်နေတဲ့ စိတ္တဇ လူသတ်သမားကိုဖော်ထုတ်အရေးယူဖို့ဖြစ်လာရပါတယ်။ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့မနာလို၀န်တိုမှုတွေရှိနေတဲ့အပြင် ဇနီးသည်နဲ့ဆက်ဆံရေးကလည်းထင်သလိုရိုးရှင်းမှုမရှိပါဘူး။လီယိုအနေနဲ့ ဒီလိုအခက်အခဲတွေကြားက ဘယ်လိုရုန်းထွက်သွားမလဲ။နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Tom Hardy နဲ့ Noomi Rapace တို့ကခေါင်းဆောင်နေရာကပါ၀င်ပြီး ဇာတ်ပို့‌နေရာမှာလည်း Joel Kinnama n,Paddy Considine တို့အပြင် ဝါရင့်မင်းသားကြီး Gary Oldman တို့ပါ အားဖြည့်ထားပါတယ်။စုံထောက်ဇာတ်လမ်းတွေကြိုက်တဲ့အပြင် စစ်အေးခေတ်နိုင်ငံရေးကိုစိတ်၀င်စားသူ‌တွေအတွက် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ File size…(2.6 GB) / (1.3 Gb) / (600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:17:00 Genre...Crime, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sett ...
movie

Child 44 (2015)

The Suicide Squad (2021) 7.9
The Suicide Squad (2021) The Suicide Squad (2021)Superheroဆိုတာဂျိုနဲ့လားလို့ ​တွေ့သမျှလူတိုင်းကို Face to Face လိုက်​မေးမယ့် Harley Quinn ရဲ့ Suicide SqaudလာပါပြီMarvel ရဲ့ ဗရုတ်သုတ်ခအဖွဲ့ဖြစ်တဲ့ GOTGနဲ့​သောင်းကျန်းလို့အပြီးမှာ​တော့ ဒါရိုက်တာ James Gunnတစ်​​ယောက် DC universeရဲ့ ​မျောက်​​လောင်းအဖွဲ့ဖြစ်တဲ့ Suicide Squadဆီကိုပါ ​​ရောက်လာခဲ့ပါပြီIMDB rating - 7.9 နဲ့ Rotten Tomatoes rating - 95% ​တောင်ရထားတာမလို့ ​DCEU ရဲ့ ဇာတ်ကား​တွေထဲမှာ အမြင့်ဆုံး ratingလို့​​တောင် ပြောလို့ရပါတယ်U.S အစိုးရရဲ့ အရာရှိကြီး အမန်ဒါ​​ဝေါလ်လာတစ်​ယောက် Enchantressနဲ့ ရင်ဆိုင်အပြီးမှာ ​​နောက်ထပ်ကမ္ဘာပျက်မယ့်​ ဘေးအန္တရာယ်ကြီးတစ်ခုအတွက် အ​သေခံ Suicide Sqaud အသစ်တစ်ခုကို ထပ်ပြီးဖွဲ့စည်းရပြန်ပါပြီအဲ့ဒီအန္တရာယ်က​တော့ တောင်​အမေရိကကျွန်းငယ်နိုင်ငံ​လေးတစ်ခုကို အုပ်ချုပ်​နေတဲ့လူတစ်စုရဲ့ လက်ထဲကို​ရောက်ရှိ​နေတဲ့ Project Starfish လို့​ခေါ်တဲ့ ဒီကမ္ဘာပြင်ပကမျိုးစိတ်တစ်ခုပါအဲ့ဒီမျိုးစိတ်နဲ့သက်ဆိုင်တဲ့ စမ်းသပ်မှုလုပ်ငန်း​တွေကို အဲ့ဒီကျွန်းနိုင်ငံ​​လေးအထိ သွား​​ရောက်ဖျက်ဆီးရမှာက ဇာတ်လိုက်​ကျော် Suicide Sqaud ကြီးရဲ့တာဝန် ...
movie

The Suicide Squad (2021)

2021
4K HEVC
Brothers by Blood(2021) 6.0
Brothers by Blood(2021) Brothers by Blood(2021)အညွှန်း*****************************ဒုစရိုက်မှုတွေများပြားလှတဲ့ဖီလာဒဲလ်ဖီးယားမြို့နေ အိုင်းရစ်မာဖီးယားဂိုဏ်းခေါင်းဆောင်ရဲ့ သားဖြစ်သူ၈နှစ်သားပီတာက မိမိညီမဖြစ်သူရဲ့မတော်တဆသေဆုံးမှုကြောင့် စိတ်ဒဏ်ရာရခဲ့သလို မိသားစုလည်းပြိုကွဲခဲ့ရပါတယ်။ကြီးပြင်းလာတဲ့အချိန်မှာတော့ အကိုဝမ်းကွဲဖြစ်သူ မိုက်ကယ်က ဂိုဏ်းကိုဆက်လက်ဦးဆောင်နေပြီးအီတလီမာဖီးယားတွေနဲ့ စားကျက်လုရင်း ငြိကြပါတော့တယ်။ အကိုဝမ်းကွဲမိုက်ကယ်ရဲ့ တဇောက်ကန်းလုပ်ရပ်တွေအကြောင့်အခြေအနေတွေက ပိုဆိုးလာသလို၊ ပီတာ့ အနေနဲ့ မိမိဖခင်သေဆုံးခဲ့ရတဲ့ အဖြစ်မှန် ကိုသိရှိလာရမှာဖြစ်ပြီး၊ နောက်ဆုံးမှာ ပီတာ့အနေနဲ့ အန္္တရယ်တောထဲကိုဝင်ရောက်ဖြေရှင်းဖို့ဖြစ်လာတဲ့အခါမှာတော့....ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့ အက်ရှင်ကားကြိုက်သူတို့ကြည့်သင့်ပါကြောင်း....(ဒီဇာတ်လမ်းရဲ့ အညွန်းနဲ့ ဘာသာပြန်သူရေးသားပေးသူကတော့ Chokoပဲဖြစ်ပါတယ်။) File Size : (1.6GB) and (870 MB) Quality : WEB-DL.HEVC 1080p 5.1, 720p Format…mp4 Duration…01:45:00 Genre :  Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Choko Encoded by Phyo Pyae 
movie

Brothers by Blood(2021)

HEVC 1080p 5.1
The Secrets We Keep(2020) 6.5
The Secrets We Keep(2020) The Secrets We Keep(2020)************************** IMDb Rating             ........ 6.5/10Rotten Tomatoes    ......... 63%(Drama / Thriller) အချိန်အားဖြင့် ဒုတိယကမ္ဘာစစ်ပြီးကာလ... အမေရိကန်ပြည်ထောင်စုမှာ ခင်ပွန်းဖြစ်သူ ဒေါက်တာ လူး၀စ် နှင့်အတူ ရိုမေးနီးယန်း အမျိုးသမီးဖြစ်တဲ့ မာယာ ဟာ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းလျက်ရှိပါတယ်.... ခင်ပွန်းသည်ရဲ့ဆေးခန်းကိုကူညီပေးလိုက်…သားငယ်လေးကို ပြုစုလိုက်နဲ့ မာယာဟာ တကယ့်ကို ပြည့်စုံတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားပါတယ် ဒီလိုနဲ့တစ်ရက်မှာ မြို့ကိုအသစ်ရောက်လာတဲ့ လူစိမ်းတစ်ယောက်ကို တွေ့ပြီးတဲ့နောက်တည်ငြိမ်လှတဲ့ မာယာ တစ်ယောက် ..... ချက်ချင်းပဲ ဆောက်တည်ရာမရဖြစ်လာပြီး...လွန်ခဲ့တဲ့ ၁၅ နှစ်က အဖြစ်ဆိုးကြီးကို ပြန်မြင်ယောင်သွားကာ...အဲ့ဒီလူစိမ်းကို ပြန်ပေးဆွဲပြီး ဖမ်းဆီးထားလိုက်ပါတော့တယ်.... ဇာတ်လမ်းနာမည်ဖြစ်တဲ့ "The secrets we keep"ဆိုတဲ့အတိုင်း ဘယ်သူ့ကိုမှပြောမပြတဲ့ မာယာ ရဲ့ လျို့ဝှက်ချက်တွေကဘာဖြစ်မလဲ....လူစိမ်းတစ်ယောက်နဲ့ မာယာတို့မိသားစု ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာ ကိုတော့...ကိုယ်တိုင်ကြည့်ရှူခံစားလိုက်ကြပါဦးခင်ဗျာ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ...
movie

The Secrets We Keep(2020)

The Informer (2019) 6.5
The Informer (2019) ဒီကားကတော့ မူးယစ်အရောင်းအဝယ်ခေါင်းဆောင်ကိုဖမ်းဖို့အကွက်ချရာကFBIနဲ့NYPDရဲ့အရှုပ်ထဲမှာပိတ်မိသွားတဲ့ထောင်ထွက်လူသတ်သမားရဲ့အကြောင်းကိုရိုက်ကူးထားတာပါကိုစလိုဆိုတဲ့သူဟာလူသတ်မှုနဲ့ထောင်နှစ်နှစ်ဆယ်ကျနေပေမယ့်FBIကသူ့ကိုထောင်ကနေထုတ်ပေးပြီးဘိန်းအရောင်းအဝယ်ခေါင်းဆောင်ကြီးကိုဖမ်းဖို့သူလျှိုအဖြစ်စေလွှတ်ပါတော့တယ်ဒါပေမယ့်လည်းသူသူလျှိုအဖြစ်လုပ်နေတုန်းမှာပဲNYPDရဲတွေဘက်ကလည်း သူလျှိုတစ်ယောက်လွှတ်ရင်းအဲဒီရဲအသတ်ခံလိုက်ရတာနဲ့ပဲ ကိုစလိုတစ်ယောက်အမှုပတ်ပါတော့တယ်သူ့ကိုဘိန်းခေါင်းဆောင်ကသူနေခဲ့တဲ့ထောင်ထဲပြန်ပို့ပြီးဘိန်းအရောင်းအဝယ်တွေလုပ်ခိုင်းလိုက်တယ်အဲဒါကိုFBIကလည်း မကူညီပဲထောင်ထဲထိသွားခိုင်းပြီးအဲဒါတွေဖြန့်ဖြူးတဲ့လူတွေကိုပါထပ်ရှာခိုင်းတော့တယ်တစ်ဖက်မှာလည်း NYPDဘက်ကသူတို့ရဲအသတ်ခံလိုက်ရတာနဲ့ပတ်သက်ပြီးကိုစလိုနောက်ကိုလိုက်နေတဲ့အချိန်ဖြစ်နေတယ်ကိုစလိုတစ်ယောက်ထောင်ထဲပြန်ဝင်ခဲ့ရပြီးFBIခိုင်းသလိုလုပ်ပေးခဲ့ပေမယ့်FBIဘက်က ကတိပေးထါးတဲ့အတိုင်းကိုစလိုကိုထောင်ကပြန်ထုတ်မပေးတဲ့အခါကိုစလိုတစ်ယောက်ထောင်ထဲကလူမိုက်တွေရောNYPDဘက်ကလွှတ်တဲ့လူတွေရောတစ်ဖက်မှာလည်းမိန်းမနဲ့ကလေးကိုတွေ့ရဖို့ ထောင်ကနေထွက်ဖို့ရောဘယ်လိုတွေရင်ဆိုင်မလဲဆိုတာကိုကြည့်ရမယ့်တကယ့်ဇာတ်ကားကောင်းတစ်ကားပါIMDb6.5ရထားတဲ့အပြင် ဇာတ်ကားကလည်းတစ်ကားလုံးဇာတ်ရှိန်ကျမသွားတဲ့တကယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် File Size : ( 1 GB , 391 MB )Quality :  WEB-DL 720pRunning Time : 1 hr 53 minFormat : Mp4Genre : Crime , DramaSubtitle : Myanmar Subtitle (Hard Sub)Translated ...
movie

The Informer (2019)

The Girl with the Dragon Tattoo (2011) 7.8
The Girl with the Dragon Tattoo (2011) The Girl with the Dragon Tattoo (2011) IMDb - 7.8/10_______Rotten - 86% Won 1 Oscar. Another 26 wins & 91 nominations    ငယ်စဉ်ကစပြီး ကြမ်းတမ်းတဲ့ဘဝတစ်ခုမှာနေထိုင်ဖြတ်သန်းလာရတဲ့နဂါးရုပ်ပုံဆေးမင်ကြောင်နဲ့ မိန်းကလေးတစ်ယောက်ဟာ မိသားစုမရှိ အုပ်ထိန်းသူမရှိပဲ တိုင်းပြည်ရဲ့ထောက်ပံမှုနဲ့ ဘဝကိုဆိုးပေတေရင်း ဖြတ်သန်းနေခဲ့ပြီးတစ်ဖက်မှာတော့သူဟာ ထက်မြက်တဲ့စုံစမ်းရေးစိတ်ကို ပိုင်ဆိုင်ထားတဲ့ အလွတ်စုံထောက်တစ်ဦးဖြစ်ပါတယ်ဂျာနယ်လစ်မီကယ်ဘလွန်းကစ်အဖြစ် သရုပ်ဆောင်ထားတဲဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရိတ် ကတော့ဒီဇာတ်လမ်းမှာ နိုင်ငံရဲ့အကြီးမားဆုံးငွေကြေးအလွဲသုံးစားလုပ်မှုကို သက်သေမခိုင်ပဲဖော်ထုတ်မိလို့ အသရေဖျက်မှုနဲ့ရင်ဆိုင်နေရသူတစ်ဦးဖြစ်ပါတယ် ကျွန်းတစ်ကျွန်းပေါ်မှာနေထိုင်တဲ့ ဆွီဒင်ရဲ့အချမ်းသာဆုံးမိသားစုတစ်ခုက သူဋ္ဌေးကြီးတစ်ယောက်ဟာ လွန်ခဲ့တဲ့အနှစ်၄၀ကဖြစ်ပွားခဲ့တဲ့ လက်သည်မပေါ်ခဲ့တဲ့မိသားစုအတွင်းလူသတ်မှုတစ်ခုကို သူ့ဘဝလက်ကျန်အချိန်တွေမှာအဖြေသိရဖို့ မီကယ်ဘလွန်းကစ်ကိုငြင်းဆန်လို့မရတဲ့ကမ်းလှမ်းမှုနဲ့ အဖြေရှာပေးဖို့ ကမ်းလှမ်းလိုက်ပါတော့တယ် ထိုအမှုဟာ ဘလွန်းကစ်ရဲ့ဂုဏ်သိက္ခာကိုပြန်လည်ဆယ်ယူဖို့ တိုင်းပြည်ရဲ့အကြီးမားဆုံး ငွေကြေးအလွဲသုံးစားလုပ်မှုတို့နဲ့ ပတ်သက်နေခဲ့ပြီး ဘလွန်းကစ်နဲ့အတူ နဂါးရုပ်ဆေးမင်ကြောင်နဲ့မိန်းကလေးပါ စုံစမ်းရေးထဲကို ပါဝင်လာတဲ့အခါမှာတော့.... Millennium Trilogy ရဲ့အောင်မြင်ခဲ့တဲ့ပထမဆုံးဝတ္တု ဖြစ်တဲ့ The girl with the dragon tattoo ဝတ္တု ကိုရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာလည်းအောင်မြင်ခဲ့ပြီး IMDb7.8နဲ့ RT86%ရရှိထားတဲ့ crime flim ...
movie

The Girl with the Dragon Tattoo (2011)

2011
Run All Night (2015) 6.6
Run All Night (2015) Run All Night (2015)IMDb - 6.6/10_____Rotten - 59%   2015 မှာ ထွက်ရှိထားတဲ့ Run All Night ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ် အားလုံးစောင့်မျှော်နေတဲ့ဇာတ်ကားလို့ထင်ပါတယ်..ကျွန်တော်တို့အသည်းစွဲကြိုက်ခဲ့တဲ့ Taken ဇာတ်ကားမှာ သရုပ်ဆောင်ထားတဲ့မင်းသားကြီး Liam Neeson သရုပ်ဆောင်ထားပါတယ်.. IMDb Rating 6.6 ရရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်..မကြည့်ခင် Movie Review လေး အရင်ခံစားကြည့်လိုက်ရအောင် :) ဇာတ်လမ်းလေးကတော့ ဖခင်တစ်ယောက်ရဲ့မေတ္တာအကြောင်းပါ... မိုက်ကယ်ကတော့ လူကောင်းလေးပါ သမ္မာအာဇီဝအလုပ်နဲ့အသက်မွေးဝမ်းကျောင်းလုပ်ပေမဲ့ သူ့အဖေကတော့ အရင်တုန်းက သူ့သူငယ်ချင်းနဲ့တူတူ ဘိန်းအရောင်းဝယ်လုပ်ရင်း တချိူ့သော သူငယ်ချင်းတွေကိုတောင် သတ်ခဲ့ပါတယ် တနေ့တော့ သူ့သူငယ်ချင်းသားဒန်နီက လူသတ်တာကို မိုက်ကယ်မြင်သွားလို့ဆိုပီး မိုက်ကယ်ကိုသတ်ဖို့လုပ်တယ် အဲဒါကို သူ့အဖေက အရင်လက်ဦးပီး ဒန်နီကို သတ်လိုက်ပါတယ် အဲဒီမှာ သူနဲ့သူ့သူငယ်ချင်း ရန်ဘက်ဖြစ်သွားတော့ပါတယ် သူ့သူငယ်ချင်းက ပြန်လက်စားချေပုံ သူကလဲ သူ့သားကို ဖခင်တစ်ယောက်အနေနဲ့ အသက်စွန့်ကာကွယ်ပုံတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်  Filesize : 655 MB Quality : 720p Format: mp4 Running Time : 1h 54m IMDb ...
movie

Run All Night (2015)

2015
RoboCop(2014) 6.2
RoboCop(2014) RoboCop(2014)=============ဒီကားက RoboCop remake သာမဟုတ်ခဲ့ရင် အရမ်းကောင်းတဲ့ စက်ရုပ်ကားတစ်ကားဖြစ်မှာဖြစ်ပြီး နာမည်ကြောင့် လူတွေ စိတ်ပျက်တာဖြစ်ပါတယ်။ လူတိုင်းကြိုက်ခဲ့တဲ့ RoboCop ကို ယူပြီး ဇာတ်လမ်းလုံးဝပြောင်းလိုက်တာကလည်း ပရိတ်သတ်ကို ဒေါသထွက်စေပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ခေတ်က RoboCop က Made in USA ဖြစ်ပြီး ဒီ RoboCop ကတော့ Made in China ဖြစ်ပါတယ်။ အဲ့ဒီလောက်ထိ ဒီဘက်ခေတ်နဲ့ လျှော်ညီအောင် ရိုက်ကူးထားနိုင်သလို ဇာတ်လမ်းအားဖြင့်လည်း အထူးကောင်းမွန်ပါတယ်။ စက်ရုပ်နဲ့ လူနဲ့ တွဲထားပြီး စက်ရုပ်လိုပဲ လိုသလို ထိမ်းခြုပ်နိုင်အောင်ကြိုးစား ပေမယ့် လူဦးနှောက်နဲ့ နှလုံးသားက အထိန်းအချုပ်မခံ ပဲ Program ကို Override လုပ်တာမျိုး တွေက ဒီဘက်ခေတ် စက်ရုပ်အက်ရှင်ကား တစ်ကားအနေနဲ့ အထူးကောင်းမွန် ပါတယ်။ ဒါပေမယ့် RoboCop Remake ဆိုတာတစ်ခုတည်းနဲ့တင် RoboCop fan တွေ ကလက်မခံ ချင်ကြပါဘူး။အားလုံးခြုံပြောရရင် ဇာတ်ကားကောင်းတစ်ကားပါ။ ...
movie

RoboCop(2014)