Channel Myanmar

John Bennes

October Sky (1999) 7.8
October Sky (1999)  IMDb 7.8 နဲ့ Rotten Tomatoes 91%အထိရရှိခဲ့တဲ့ NASA legend ကြီးတစ်ဦးဖြစ်တဲ့ ဟိုမာဟစ်ကမ်ရဲ့ ငယ်ဘ၀အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။"ကမ္ဘာမြေကြီးအတွင်းဖက်ကို စိတ်မ၀င်စားဘဲ ကမ္ဘာ့အပြင်ဖက်ကိုပဲ စိတ်၀င်စားတဲ့ ဟိုမာဟစ်ကမ် သို့မဟုတ် အောက်တိုဘာကောင်းကင်ယံက ဆိုဗီယက်ဂြိုဟ်တုကိုငေးကြည့်ရင်း ဒုံးပျံအိပ်မက် မက်ခဲ့တဲ့ သတ္တုတူးသမားတစ်ဦးရဲ့ သား"အချိန်ကာလအားဖြင့် ၁၉၅၀ခုနစ်၊ ဟိုမာဟာ ကိုးလ်ဝုလို့ခေါ်တဲ့ ကျောက်မီးသွေးတူးတဲ့အလုပ်နဲ့အသက်မွေးကြတဲ့ မြို့ငယ်လေးက လူငယ်လေးတစ်ဦးဖြစ်တယ်။ ဟိုမာရဲ့အဖေဖြစ်သူက ကိုးလ်ဝုကျောက်မီးသွေးတွင်းရဲ့ပိုင်ရှင်တစ်ဦး။ ဟိုမာတို့မြို့ငယ်လေးမှာ ပညာရေးအတွက် ရွေးချယ်စရာများများစားစားမရှိ။ အထက်တန်းပြီးသွားရင် ပညာသင်ဆုနဲ့ မြို့ကြီးတွေမှာ ကောလိပ်သွားတက်ရင်တက် မတက်ရင်တော့ အများစုက ကိုးလ်ဝုရဲ့ကျောက်မီးသွေးတွင်းထဲမှာပဲ သတ္တုတူးသမားအဖြစ် ၀င်ရောက်လုပ်ကိုင်ကြတာများတယ်။ဒါပေမဲ့ တစ်နေ့မှာ နာဆာကိုရောက်မယ့် အင်ဂျင်နီယာလောင်းဟိုမာကတော့ သတ္တုတွင်းထဲမသွား၊ ကမ္ဘာမြေကြီးအတွင်းဖက်ကို စိတ်မ၀င်စားဘဲ ကမ္ဘာ့အပြင်ဖက်ကိုသာ စူးစမ်းချင်သူတစ်ဦး။ ဟိုမာဟာ ရေဒီယိုကနေ ဆိုဗီယက်ပြည်ထောင်စုရဲ့ စပတ်ခ်နစ်ခ်လို့အမည်ရတဲ့ ကမ္ဘာ့ပထမဆုံး လူလုပ်ဂြိုဟ်တုကို ...
movie

October Sky (1999)

I Know What You Did Last Summer (1997) 5.7
I Know What You Did Last Summer (1997) I know what you did last summer (1997) ========================အထက်တန်းကျောင်းပြီးသွားတဲ့ နွေရာသီကာလတစ်ခုမှာပေါ့...  သူငယ်ချင်းတစ်သိုက် ပါတီတွေလုပ်ကြတယ်။ ပျော်ကြတယ်။ မူးကြတယ်။ ကား လျှောက်ပတ်မောင်းကြတယ်။သူတို့ ကြိုမသိလိုက်တာက နောက်တစ်ချိန်မှာဖြစ်လာမယ့် သူတို့ရဲ့ အိပ်မက်ဆိုးတွေဟာ အဲဒီနွေညမှာပဲ စတင်ခဲ့တယ်ဆိုတာပဲ။ကားလျှောက်ပတ်မောင်းရင်း လူတစ်ယောက်ကို တိုက်မိတယ်။ ရဲတွေနဲ့ မပက်သက်ချင်၊ ဖြစ်လာမယ့် အရှုပ်အရှင်းတွေကိုလည်း ရင်မဆိုင်ချင်ကြတဲ့အဆုံးမှာတော့ အလောင်းဖျောက်ပစ်ဖို့ ကြိုးစားကြတယ်။ဒါကို သူတို့က မတော်တဆဖြစ်တာပါလို့ ကိုယ့်စိတ်ကိုယ် ပြန်ချော့တယ်။ဒါပေမယ့် တိုက်ခံရတဲ့သူဟာ မသေသေးဘူး။ သူတို့ ကြောက်ကြောက်လန့်လန့်နဲ့ ရေထဲချလိုက်မှ ဒါဟာ လူသတ်မှုဖြစ်သွားတာပဲ။ဒီကိစ္စကို ဘယ်သူ့မှမပြောကြေး၊ သေတဲ့အထိ လျှို့ဝှက်ထားကြမယ်ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် သစ္စာဆိုခဲ့ကြတယ်။ ဒါပေမယ့် နောက်နှစ် နွေရာသီကာလမှာ စာတစ်စောင်ရောက်လာတယ်။" မင်းတို့ မနှစ်နွေရာသီတုန်းက ဘာလုပ်ခဲ့လဲ ငါသိတယ် " ဆိုပြီးတော့ပေါ့။ အတိတ်ရဲ့ တစ္ဆေဟာ သူတို့ကို ပြန်ခြောက်ခဲ့ပြီ။~~~~ ~~~~ ~~~~ ~~~~ ~~~~ ~~~~နာမည်ကြီး လူသတ်ကားတစ်ကားဖြစ်တဲ့ ...
movie

I Know What You Did Last Summer (1997)

1997
The Patriot (2000) 7.2
The Patriot (2000) ၁၇၇၆ခုနှစ် အင်္ဂလိပ်ကိုလိုနီ ခေတ်မှာနေထိုင်တဲ့ဘင်ဂျမင် မာတင်ဟာ French-Indian စစ်ပွဲမှာသူရဲ့ရက်စက်မူတွေနဲ့ နာမည်ကျော်ခဲ့ပြီး လက်ရှိအချိန်မှာသူ့ရဲ့အတိတ်ကအပြစ်တွေရဲ့ ခြိမ်းခြောက် မူ့ကနေ ဝေးဝေမှာနေလိုပြီးမိခင်မရှိတော့တဲ့ သူကလေး၇ယောက်ကိုပြုစုပျိုးထောင်နေပါတယ်။သို့သော်က မပါတ်သတ်လိုပေမယ့်ဂရိတ်ဗြိတိန်ရဲ့လက်အောက်ကနေ လွတ်လပ်ရေးကို ရယူဖို့တော်လှန်မူမှာ တောင်ကာရိုလိုင်နား က ဝင်ရောက်ပူပေါင်းခဲ့ရာမှာတော့သူရဲ့သားကြီး ဂေဘရီရယ်ဟာ သူရဲ့ခွင့်ပြုချက်မရပဲ စစ်ထဲကိုလိုက်သွားခဲ့ပါတယ်။တားမရတဲ့သားကို လက်လျှော့လိုက်ရပြီး ကျန်သားသမီးတွေကိုစောင့်လျှောက်နေရင်း တနေ့ သူအိမ်နားမှာဖြစ်တဲ့ပြည်ထောင်စုတပ်တွေနဲ့ ဗြိတိသျှတွေရဲ့တိုက်ပွဲမှာ/သားဖြစ်သူကဒဏ်ရာရလာခဲ့ပါတယ်။သားဖြစ်သူကို ဒဏ်ရာကို ကုသပေးပြီးနှစ်ဖက်ထိခိုက်သူတွေကို ပြုစုပေးနေချိန်ဗြိတိသျှ မြင်းစီးတပ်က သားသတ်သမားလို့ နာမည်ကြီးတဲ့ဗိုလ်မှူးကြီး တာပင်တန်ရဲ့လက်ချက်ကြောင် သူ့ရဲ့အစားထိုးမရတဲ့သားကိုဆုံးရှုံးပြီးတဲ့နောက်မှာ အင်မတန်ဒေါသကြီးပြီးရက်စက်တယ်လို့နာမည်ကြီးတဲ့ ဘင်ဂျမင်တယောက်တော်လှန်ရေးကြီးထဲပါဝင်လာရပြီး ပြည်ထောင်စုတခုဖြစ်ဖို့တပိုင်းတစကူညီရပါတော့တယ်။Mel Gibsonရဲ့ Brave Heart နဲ့ We were Soldierကြားကထွက်ခဲ့တဲ့ The Patriots ဟာ တခြားစစ်ကားတွေနဲ့မတူပဲတမူထူးခြားနေတာက နှစ်ဖက်စစ်တပ်တွေ မျက်နှာခြင်းဆိုင် တန်းစီပြီး တဖက်ကိုတလှည်စီ သေနတ်နဲ့ပစ် လှံစွပ်ထိုးတိုက်ပွဲတွေကအမြင်ဆန်းသစ်နေပါတယ်။နောက်တခုက ဂျိုကာပရိတ်သတ်တွေအတွက် ဂေဘရီရယ်အဖြစ်သရုပ်ဆောင်ထားတဲ့ Heath Ledger ကို အလွမ်းပြေကြည့်ရှူရမှာပါ။ဒီဇတ်ကားကို ...
movie

The Patriot (2000)

2000
HEVC 1080p 5.1