Channel Myanmar

John Billingsley

The Shift (2023) 6
The Shift (2023) The Shift (2023)Arrow စီးရီးထဲမှာ ဒေမီယန်ဒါ့ခ်အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Neil McDonough နဲ့ LoTR သုံးကားမှာ ဆမ်ဝှိုက်ဂမ်ဂီးလုပ်ခဲ့သူ Sean Astin တို့ ပါဝင်ထားတဲ့ ဒီကားမှာတော့ God နဲ့ Devil ဘယ်သူ့ကိုးကွယ်မလဲဆိုတဲ့ ဘာသာရေးနဲ့ဆိုင်တဲ့ မက်ဆေ့ကို Sci-Fi ရုပ်ရှင်ထဲမှာ ပုံဖော်ထားပါတယ်။အဓိကဇာတ်လိုက်ဖြစ်တဲ့ ကယ်ဗင်ဟာ သူ့ဘဝခက်ခဲနေချိန်မှာ မော်လီဆိုတဲ့မိန်းကလေးနဲ့တွေ့ပြီး ချစ်ကြိုက်ခဲ့ပါတယ်။ သူတို့မှာ သားလေးပါရလာပြီး ပျော်ရွှင်နေခဲ့ရာကနေ တစ်နေ့မှာ သူတို့သားလေးပျောက်သွားပြီး တစ်စတစ်စနဲ့ သူတို့နှစ်ယောက်လည်း အဆင်မပြေတော့ပါဘူး။ တစ်ရက်မှာတော့ ကယ်ဗင် ကားထဲမှာ မော်လီနဲ့ ဖုန်းပြောနေတုန်းကားတိုက်ခံရပြီး ထူးဆန်းတဲ့နေရာကို ရောက်သွားပါတယ်။တကယ်တော့ အဲဒီကမ္ဘာကို Benefactor ဆိုတဲ့လူက ကယ်ဗင်ကို ပြန်ပေးဆွဲလာတာဖြစ်ပြီး ကယ်ဗင်ကို သူ့အလုပ်အတွက် ကမ်းလှမ်းချင်တာပါ။ သူက လူသားတွေကို ကိုယ်ပွား ကလုန်းတွေအများကြီးဖန်တီးပြီး Reality တစ်ခုကနေတစ်ခု လဲပေးနိုင်စွမ်းရှိပါတယ်။ ...
movie

The Shift (2023)

2023
A Cinderella Story(2004) 5.9
A Cinderella Story(2004) A Cindrella Story(2004)===============မရိုးနိုင်တဲ့ စင်ဒရဲလားဇာတ်လမ်းမြောက်များစွာထဲကမှရှေးခေတ်မူနဲ့မဟုတ်ဘဲ ခေတ်သစ်စင်ဒရဲလားဇာတ်လမ်းလေးနဲ့ CMပရိသတ်တွေကို မိတ်ဆက်ပေးပါရစေ။ Samဟာ အဖေနဲ့အတူ ပျော်ရွှင်ပြည့်စုံစွာနေခဲ့ရပေမဲ့ အဖေယူလိုက်တဲ့မိန်းမကတော့ Samကိုမကြည်လှပါဘူး။ အဖေဆုံးပါးသွားတဲ့နောက်မှာမိထွေးနဲ့ သူ့သမီးနှစ်ယောက်က အရာအားလုံးကိုအပိုင်စီးကာ Samကိုလည်း အစေခံတစ်ယောက်လိုခိုင်းပါတယ်။ Samနဲ့အတူ အွန်လိုင်းပေါ်က စကားပြောဖော်လေးတစ်ယောက်လည်းရှိပါသေးတယ်။ အဲဒီစကားပြောဖော်လေးနဲ့အတူ ကျောင်းကပွဲမှာ လူချင်းတွေ့ဖို့ ချိန်းဆိုထားပေမဲ့မိထွေးက လုံးဝမလွှတ်ဘဲ အလုပ်တွေပဲလုပ်ခိုင်းထားပါတယ်။Samဟာ ကပွဲကို ဘယ်လိုရောက်အောင်သွားမလဲသူ့မင်းသားလေးနဲ့ ဘယ်လိုတွေ့မလဲဆိုတာကိုတော့ကိုယ်တိုင် ကြည့်ရှုလိုက်ကြပါဦးနော်။ File size…2.48GB / 1.18GB / 771MB Quality…Blu-Ray 1080p5.1CH  / 720p / 480p Format…mp4 Duration….1h 35m Genre ..... Comedy , Family , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie

A Cinderella Story(2004)

High Crimes (2002) 6.3
High Crimes (2002)    ကလဲရ် ကုဘစ်ဟာ သိပ်ကို တော်တဲ့ အမျိုးသမီး ရှေ့နေတစ်ယောက်ပါ။ သူ့ရဲ့ အမျိုးသား တွမ်နဲ့အတူ အေးအတူပူအမျှ နေထိုင်နေသူပေါ့။ ဒါပေမဲ့ တစ်နေ့မှာ အမေရိကန်စစ်တပ်ဟာ သူ့ရဲ့ အမျိုးသားကို ရုတ်ချည်း ဖမ်းဆီးခဲ့ပြီး သူ့အမျိုးသားဟာ တွမ် ကုဘစ်မဟုတ်ဘဲ။ ရွန် ချက်မန်းလို့ အမည်ရတဲ့ တပ်ပြေးတစ်ယောက်လို့ ဆိုလာပါတယ်။ပိုဆိုးတာက ရွန်ချက်မန်းဟာ လူအစုလိုက် အပြုံလိုက် သတ်မှုနဲ့ သေဒဏ်ကျမယ့် တရားခံဖြစ်နေတာပါပဲ။ သို့ပေမဲ့ ဒါတွေဟာ မဟုတ်မမှန် စွပ်စွဲချက်မှန်း သိလိုက်ရတဲ့အပြင် သူ့ရဲ့ အမျိုးသားကို တရားဆိုင်ဖို့ စစ်တပ်က အညတရ ရှေ့နေတစ်ယောက်သာ ချပေးထားတဲ့ အချိန်မှာ ကလဲရ်ဟာ ချာလီဆိုတဲ့ စစ်ထွက် တပ်သားဟောင်းကြီးရဲ့ အကူအညီနဲ့ စစ်တစ်တပ်လုံးနဲ့ မိန်းမတစ်ယောက် အကြိတ်အနယ် တရားရေးရာတွေ စတင်ပါတော့တယ်။ဒီဇာတ်လမ်းမှာ မင်းသမီး Ashley Jadd က ကလဲရ်၊ ...
movie

High Crimes (2002)

Out of Time (2003) 6.5
Out of Time (2003)    မီယာမီနားက ဘန်ယန်ကီးမြို့မှာ ရှိတဲ့ ရဲဋ္ဌာနအသေးလေးရဲ့ ခေါင်းဆောင်ဖြစ်သူ ဝှစ်လော့ခ် တစ်ယောက်က အိမ်ထောင်ရေးအဆင်‌မပြေမှုကြောင့် အန်မာရိုင်း ဟယ်ရီဆန်ဆိုတဲ့ အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးနဲ့ ကြိတ်ပုန်းခုတ်နေသူပါ အန်မာရိုင်းမှာလည်း ခရစ် ဟယ်ရီဆန်ဆိုတဲ့တရားဝင်ယောက်ျားတစ်ယောက်ရှိပါတယ် ဝှစ်လော့ခ်တို့ ရဲဋ္ဌာနမှာလည်း မူးယစ်ဆေးဝါးအမှုကဖမ်းဆီးရမိတဲ့ ဒေါ်လာငါးသိန်းနီးပါးကိုသိမ်းထားပါတယ် ‌ဝှစ်လော့ခ်တစ်ယောက် တိတ်တိတ်ပုန်းချစ်သူ အန်မာရိုင်းရဲ့ကင်ဆာကို ကုပေးဖို‌ ငွေအလွဲသုံးစားလုပ်ရင်း ဘယ်လိုမထင်မှတ်ထားတဲ့ထောင်ချောက်ထဲ ဘယ်လိုကျသွားမလဲဆိုတာ ကြည့်ရှုလိုက်ပါ ဟယ်ရီဆန်တို့ရဲ့ သရုပ်မှန်ကရော ဘာဖြစ်မလဲ ဝှစ်လော့ခ်တစ်ယောက် သားကောင်မဖြစ်ရအောင် ဘယ်လိုကြိုးစားရုန်းထွက်သွားမလဲဆိုတာ ရှုစားလိုက်ပါFile size…(2.42GB/(1.09GB)/(531GB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre...Crime   / Drama /  Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kevin 
movie

Out of Time (2003)

The Glass House (2001) 5.8
The Glass House (2001) The Glass House (2001)Thriller/MysteryChannel Myanmar ရဲ့ပရိတ်သတ်တွေအတွက်ဟောင်းပေမယ့် ကောင်းဆဲဆိုတဲ့ ဒီလိုရုပ်ရှင်မျိုးတွေကို တစ်ဖန်ပြန်ပြီးတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ရုံတင်ငွေ 23.6 သန်းအထိရထားတဲ့ဒါရိုက်တာ Daniel Sackheim ရဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။Daniel Sackheim ဆိုရင် Game of thrones , The Walking Dead ဒီလိုဝက်ဝက်ကွဲအောင်မြင်တဲ့ရုပ်ရှင်တွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့တဲ့နာမည်ကြီးဒါရိုက်တာတစ်ယောက်ပါ။ ဒီတော့ The Glass House မှာလည်းဘယ်လိုလက်စွမ်းပြထားမလဲဆိုတာ ခံစားကြည့်လိုက်ပါဦးဗျာ။ဆယ်ကျော်သက်တို့ထုံးစံအတိုင်း ရူဘီဟာ သောက်စား ပျော်ပါးဘဝကိုပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေတဲ့ အထက်တန်းကျောင်းသူတစ်ယောက်ပါ။တစ်ရက်တော့ ဘဝဟာ ကံဆိုးမိုးမှောင်ကျပြီး မိဘနှစ်ပါးလုံးကို တစ်ပြိုင်တည်း ဆုံးရှုံးလိုက်ရပါတယ်။အဲဒီနောက်​တော့ ရူဘီနဲ့ သူ့မောင်လေး ရက်တ်ဟာ သူတို့ရဲ့ အိမ်နီးချင်းဟောင်းဂလပ်စ်တို့ လင်မယားဆီမှာ မွေးစားခံလိုက်ရပါတယ်။ပြီးတော့ ဂလပ်စ်တို့လင်မယားရဲ့ မယ်လ်ဘူက အိမ်ကိုပြောင်းရွေ့ခဲ့ကြတာပေါ့။ဂလပ်စ်တို့မိသားစုက ကြင်နာတတ်ပြီး ငွေကြေးဥစ္စာလည်း ကြွယ်ဝကြပါတယ်။ခိုးကိုးရာမဲ့နေတဲ့ မောင်နှမတွေအတွက်တော့ သူတို့က ဘုရားသခင်လိုပဲပေါ့။ဒါပေမယ့် ...
movie

The Glass House (2001)

2001
20th Century Women (2016) 7.3
20th Century Women (2016) 20th Century Women (2016) ~IMDb - 7.3/10, RT - 88%, Meta - 83%~20th Century Women ရဲ့ အပေါ်ယံကြောကို ဖြတ်လျှောက်ကြည့်တဲ့အခါ အများအားဖြင့်တော့ ကောင်လေးတစ်‌ယောက်ရဲ့ Coming of Age အခြေအနေကို မြင်ရမှာပေမဲ့ ဒီရုပ်ရှင်ဟာ အဲဒီကောင်လေးကို ဗဟိုပြုပြီး ၂၀ရာစုမိန်းမသားသုံးယောက်ရဲ့ အရွယ်သုံးမျိုးကို ပုံဖော်သွားတယ်။သက်ကြီးပိုင်း ၂၀ရာစုမိန်းမသားတစ်ယောက်ရဲ့ အထီးကျန်ခြင်းတွေ၊ သက်လတ်ပိုင်း ၂၀ရာစု မိန်းမသားတစ်ယောက်ရဲ့ ဘဝဒဏ်တွေ၊ သက်ငယ်ပိုင်း ၂၀ရာစုမိန်းမသားတစ်ယောက်ရဲ့ လိုအင်တွေကို Coming of Age ဆန်ဆန် Vibe နဲ့ ချိတ်ဆက်ပုံဖော်ထားခဲ့တယ်။ နောက်ပြီး ဆယ်ကျော်သက်သား​လေး ဘဝရဲ့အချိုးအဆစ်အခက်အခဲတွေ၊ မိခင်တစ်‌ယောက်ရဲ့ အတွေးအမြင်တွေကိုင်တွယ်ပုံ​တွေ၊ အသက်ကြီးမှ ကလေးရတာမို့ generation gap ​ကြောင့် သားကို နားလည်​ပေးဖို့ ကြိုးစားတဲ့ သက်ကြီးပိုင်း ...
movie

20th Century Women (2016)

2016
2012 (2009) 5.8
2012 (2009)  လူသားတွေဟာ ကိုယ့်ရဲ့အသက် သေမလား ရှင်မလား မသေချာတော့တဲ့အချိန်မှာ အတ္တကင်းကင်းနဲ့ ဆောင်ရွက်နိုင်ပါ့မလားဆိုတဲ့မေးခွန်းကို လေးစားရတဲ့ စာရေးဆရာတစ်ယောက်ဆီ မေးမြန်းဖြစ်ခဲ့တဲ့ ဘူမိဗေဒဒေါက်တာ ဟမ်စလေကမ္ဘာ့အဆုံးသတ်ကို အစောဆုံးသိရှိသတိပေးခဲ့သော်လည်း ကိုယ်တိုင်မလွတ်မြောက်ခဲ့တဲ့ ရူပနက္ခတ္တဗေဒ ဒေါက်တာဆက်နမ်ပြိုကွဲသွားတဲ့မိသားစုလေးကို တစ်ဘဝစာ တာဝန်မကျေခဲ့ပေမယ့် ကမ္ဘာပျက်ကပ်မှာ အသက်ရှင်သန်နိုင်မှုကို ယူဆောင်‌ပေးနိုင်ခဲ့တဲ့ မအောင်မြင်တဲ့စာရေးဆရာ ကားတစ်၂၀၁၂ ကမ္ဘာကြီးရဲ့အဆုံးသတ်မှာ အသက်ရှင်ရပ်တည်ဖို့ ကြိုးစားခဲ့ကြတဲ့ လူ့အဖွဲ့အစည်းများ လူသားမျိုးနွယ်နဲ့ သက်ရှိမျိုးစိတ်များ အနုပညာလက်ရာများကိုပါ ဆက်လက်ရှင်သန်အောင် သူတို့ရဲ့အားထုတ်မှုက ဘယ်လိုပုံစံလဲ...ကယ်တင်မရနိုင်တဲ့လူတွေကို အေးစက်စက်နှလုံးသားနဲ့စတေးသွားကြသူတွေရယ် သူတို့နဲ့အတူ အဆုံးသတ်ရဲ့အ‌မှောင်ထဲကို ရဲရဲဝံ့ဝံ့ တိုးဝင်ခဲ့ကြသူတွေရယ်... 2012 ဆိုတဲ့ဇာတ်ကားကို 2009 ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး မေယာပြက္ခဒိန်ရဲ့ အယူအဆကို အခြေခံရိုက်ကူးသွားတဲ့ အကောင်းဆုံးကမ္ဘာပျက်ဇာတ်ကားတွေထဲက တစ်ခုပါ ကမ္ဘာ့အပေါ်လွှာမြေမာတွေ နေရာရွေ့ကုန်ပြီး ကုန်းပြင်တွေက ရေအောက်ရောက် ရေအောက်ကြမ်းပြင်တွေ မြေပေါ်တက်လာတဲ့ အခြေအနေမှာ ရှင်သန်ဖို့ကြိုးစားကြပုံတွေကို မြင်တွေ့ရမှာပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Are Khun Winchester ပါ ...
movie

2012 (2009)

The Man from Earth: Holocene (2017) 5.3
The Man from Earth: Holocene (2017) The Man from Earth: Holocene (2017)_______IMDb - 5.3/10The Man From Earth: Holocene (2017)2007က Man From Earthရဲ့ ဆယ်နှစ်အကြာမှာထပ် ထွက်ခဲ့တဲ့Sequelကားဖြစ်တဲ့ Holoceneမှာ ရေခဲခေတ်နှောင်းကနေ ယနေ့အထိနှစ်ပေါင်း ၁၁၀၀၀ ရှည်တဲ့ကာလ ဘူမိဗေဒအခေါ်အဝေါ်အရ Holoceneခေတ်အကုန်မှာတော့ နှစ်ပေါင်း ၁၄၀၀၀လုံး အသက်ကြီးမလာခဲ့တဲ့ Johnဟာ အိုမင်းတဲ့လက္ခဏာတွေ စပြလာခဲ့ပါတယ်။ John Oldmanမဟုတ်တော့ပဲ John Youngဆိုတဲ့ နာမည်နဲ့ Johnဟာ Chicoမှာ ဘာသာတရားနှိုင်းယှဉ်လေ့လာရေး ပါမောက္ခလုပ်နေပါတယ်။ ပထမကားက အကြောင်းအရာတွေကို ရှေးဟောင်းသုတေသနပညာရှင် Artက The Longest Night အမည်နဲ့ စာအုပ်တစ်အုပ် ရေးသားထုတ်ဝေခဲ့ပြီး ဒီစာအုပ်ရဲ့ လက်မခံနိုင်စရာတွေကို ဖြစ်ရပ်မှန်လို့ဝန်ခံထားခြင်းကြောင့် ဝေဖန်ရှုပ်ချခံအလုပ်ပြုတ်ခဲ့ရပါတယ်။သူ့အတန်းသားတစ်စုဟာ သူ့ဆီက Artရဲ့ စာအုပ်ကို ဖတ်မိရာကနေ John Youngဟာ John Oldman ဆိုတာကို သတိပြုမိပြီး သက်သေပြဖို့ ကြိုးစားရာကနေ John ဟာ အဲ့ဒီမြို့ကနေ ထွက်ခွာဖို့ဖြစ်လာခဲ့ပါတယ်။သူ့ကိုယ်သူ ယေရှု့ပါလို့ ဆိုထားတဲ့ အသက်တစ်သောင်းလေးထောင်ရှည်တဲ့ လူသားတစ်ယောက်ရယ်... ခရစ်ယာန်ဘာသာရေး အစွန်းရောက်ကျောင်းသားတစ်ယောက်ရယ် သက်သေပြချင်တဲ့ကျောင်းသားတစ်စုရယ်ကြားမှာ ဖြစ်မဲ့ အရှုပ်အထွေးတွေကိုတော့ အနက်ရောင်ဖန်သားပြင်ထက်မှာ ကိုယ်တိုင်ပဲခံစားကြည့်ကြပါ။Rating နည်းပေမဲ့လည်း the ...
movie

The Man from Earth: Holocene (2017)

2017
The Man from Earth (2007) 7.9
The Man from Earth (2007) The Man from Earth (2007)_______IMDb - 7.9/10   ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ John Oldmanလို့ခေါ်တဲ့ ပါမောက္ခတစ်ယောက်... ကျောက်ခေတ်ဦးကနေ ယနေ့ခေတ်ထိ နှစ်တွေသန်းနဲ့ချီရှင်သန်နေတဲ့ လူတစ်ယောက်အကြောင်းပါ။ သူက ကျောက်လက်နက်တွေနဲ့ အမဲလိုက်ဖူးတဲ့ လူ.... သူက ဗုဒ္ဓနဲ့ တွေ့ဖူးတဲ့လူ.... သူကိုယ်တိုင်ကို ယေရှု့လို့သတ်မှတ်ခံရဖူးခဲ့တဲ့လူ ဗင်းဆင့်ဗန်ဂိုးရဲ့ သူငယ်ချင်းဖြစ်ဖူးတဲ့လူ.... ပညာရပ်အဖုံဖုံရဲ့ ပါမောက္ခဖြစ်ဖူးတဲ့လူ... သူချစ်တဲ့လူတွေရဲ့ သေဆုံးခြင်းကို ရင်နင့်ကြေကွဲဖူးတဲ့လူ... သမိုင်းဖြတ်သန်းမှု အဆက်ဆက်ထဲမှာ စီးမျောဖူးတဲ့လူ..။ ဒီရုပ်ရှင်မှာ သူ့ရဲ့ အတွေးအခေါ်တွေကို မြင်ရမှာပါ။ မှန်သည်မှားသည်ကတော့ ကိုယ်တိုင်ပဲချင့်ချိန်ကြပါ။ ဒီဇာတ်လမ်းဟာ သူ အလုပ်ထွက်ပြီး ထွက်သွားမဲ့အချိန်မှာ သူငယ်ချင်း ပါမောက္ခတွေနဲ့ အနုပညာ ချစ်ခြင်းမေတ္တာ ရှင်သန်ရပ်တည်မှု ဘာသာရေးစသဖြင့် အကြောင်းအရာအစုံကို ဆွေးနွေးခဲ့ကြတဲ့ ညတစ်ညအကြောင်းပါပဲ....။လူူသားတစ်ယောက်ဟာ သက်တမ်းအနေနဲ့ သက္ကရာဇ်တွေ ဘယ်ရွေ့ဘယ်မျှပဲရရ ဒီကမ္ဘာပေါ်က မြေမှုန်တစ်ပွင့်ထက် မပိုခဲ့ပါဘူး။သူ့ အသက် ၁၄၀၀၀ နဲ့တောင်မှပဲပေါ့... အသိတရားတွေလည်း အများကြီး မရခဲ့ပါဘူး။"ဒုက္ခနဲ့တစ်ခါ ရင်ဆိုင်တွေ့တိုင်း ချစ်သူ လက်ကလေး တစ်ခါကိုင်ချင်တယ်"ဆိုတဲ့ အိုမာခယမ် ကဗျာကလေးလို လူတွေမှာတွယ်တာရာ ရည်ရွယ်ရာတွေနဲ့ လောကဓံတွေကို ရင်ဆိုင်နေကြရတာ များပါတယ်။ အချိန်တွေ အကြာကြီး ရှင်သန်ရင်း... ဆုံးရှုံးခဲ့ရတာတွေသိပ်များလာတဲ့အခါမှာ "ဆုံးရှုုံးကြရမဲ့အတူတူတော့ ဘာတွေကိုများ အများကြီး ဆုပ်ကိုင်ထားကြဦးမလဲ" တွေးမိကြမှာပေမဲ့ တက်နိုင်သရွေ့တော့ တွယ်ညှိနေကြဦးမှာပါ လူတွေဟာ အမှန်တရားထက်ပိုပြီး ...
movie

The Man from Earth (2007)

2007