Channel Myanmar

John Boswall

Pirates of the Caribbean: Dead Man’s Chest(2006) 7.3
Pirates of the Caribbean: Dead Man’s Chest(2006) Pirates of the Caribbean: Dead Man's Chest(2006)အညွှန်း ************************************************** IMDb....7.3 ဒီတစ်ခါတော့ ကပ္ပတိန်ဂျက်စပဲရိုးတစ်ယောက် အကြွေးဆပ်ဖို့ အချိန်ကျပြီလို့ အသိပေးခံထားရပါပြီ.. ဘယ်သူ့ကို အကြွေးတင်နေတာလဲဆိုတော့ ငရဲက သင်္ဘောသားတွေနဲ့အတူ တစ္ဆေသင်္ဘောကို ရွက်လွှင့်နေတဲ့ ပင်လယ်သရဲကြီး ဒေဗီဂျုန်းဆီမှာပါ ဖျက်ထိုးဉာဏ်ကောင်းတဲ့ဂျက်တစ်ယောက် ပြေးလို့ မလွတ်တဲ့ အနေအထားရောက်နေတာပါ ဒီတော့ သူ့ကိုယ်သူ ကယ်တင်ဖို့ ဂျက်ကြံရဖန်ရပြန်ပါတယ်.. ဝေလ်တန်နာနဲ့ အဲလစ်ဇဘတ်သ်ဆွမ်းဆီကနေ မဖြစ်မနေအကူအညီ ယူမှရမှာပါ သူတို့ကရော ကြည်ကြည်ဖြူဖြူ ကူညီပါ့မလား ... ဒီကြားထဲ ဘယ်လိုအခက်အခဲတွေ ကြုံရလဲ ဂျက်ဘယ်လိုတွေ မဲဆွယ်လိုက်လဲဆိုတာတွေကတော့ ထုံးစံအတိုင်း ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် ဟာသကွက်လေးတွေ တိုက်ခန်းခိုက်ခန်းလေးတွေ ဝေဝေဆာဆာနဲ့ ကြည့်ရမှာပါ ... ဂျက်ရဲ့ အဓိက မစ်ရှင်ကတော့ ဒေဗီဂျုန်းရဲ့ ဖွက်ထားတဲ့ နှလုံးသားကို ရှာဖွေဖို့ပါ ဒေဗီဂျုန်းမှာလည်း နှလုံးသားရေးရာ လျှို့ဝှက်ချက်လေးတွေက ရှိနေပါသေးတယ်... ဒါ့အပြင် ဝေလ်တန်နာတစ်ယောက် ဂျက်နဲ့အတူ ထူးဆန်းပြီး ကြောက်စရာစွန့်စားခန်းကို လိုက်ပေးလိုက်ရတာကိုလည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ကြည့်ရှုရမှာပါ ဒေဗီဂျုန်းရဲ့ တစ္ဆေသင်္ဘောကြီးပေါ်မှာ ဘာတွေ ရှိနေတာလဲဆိုတာလည်း စိတ်ဝင်စားစရာမို့ ဇာတ်လမ်းလေးထဲမှာသာ ကြည့်လိုက်ပါတော့... ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် May Tharaphi ...
movie

Pirates of the Caribbean: Dead Man’s Chest(2006)

2006
4K HEVC
Nineteen Eighty-Four (1984) 7.1
Nineteen Eighty-Four (1984) 1984(1984) ======== IMDb Rating .... 7.1/101984ရုပ်ရှင်ဟာ စာအုပ်ကိုအရမ်းသစ္စာရှိတဲ့ ရုပ်ရှင်လို့ဆိုကြတော့ နိုင်တီးအိတ်တီဖိုးရဲ့ မူလစာရေးဆရာဖြစ်တဲ့ ဂျော့အော်ဝဲလ် အကြောင်းပြောတာပဲ ပိုကောင်းပါမှာပါပဲ။ ဂျော့အော်ဝဲလ်ဟာ မြန်မာပြည်မှာ နေသွားဖူးခဲ့တဲ့ ကမ္ဘာကျော်ဂန္တဝင် စာရေးဆရာ၊ မြန်မာပြည်နဲ့ပက်သက်တဲ့ Burmese Daysလို့ခေါ်တဲ့စာအုပ်ကိုလည်း ရေးခဲ့ဖူးတယ်။ ပဝေဏသီကတည်းက သခင်ဘသောင်းဘာသာပြန်ထားတဲ့ ဂျော့အော်ဝဲလ်ရဲ့ ခြေလေးချောင်းတော်လှန်ရေးခေါ် Animals Farmကို စာပေနဲ့မစိမ်းတဲ့သူတွေ ဖတ်ဖူးကြမှာပါပဲ။ ထိုစာအုပ်မှာလည်း အော်ဝဲလ်ဟာ လက်ဝဲစနစ်ထဲက လျှိုဝင်လာတဲ့ အာဏာရှင်ဝါဒကို သရော်စာဆန်ဆန် ပုံဖော်ထားခဲ့တယ်။ ဒီ1984ကတော့ သူ့ရဲ့Classicတန်းဝင်လက်ရာ မာစတာပိစ်တစ်ပုဒ်ကို ပြန်ရိုက်ထားတာပါ။၁၉၈၄ဟာ ကမ္ဘာကြီးကိုပြောင်းလဲစေခဲ့တဲ့ စာအုပ်တစ်အုပ်လို့လည်းဆိုကြတယ်။ ဒီရုပ်ရှင်ဟာလည်း စာအုပ်ကိုသစ္စာရှိစွာနဲ့ ရိုက်ထားတယ်လို့ ဝေဖန်ရေးသမားများက ဆိုပါတယ်။ ဂျော့အော်ဝဲလ်ဟာ ဆိုရှယ်လစ်တစ်ယောက်ပေမဲ့ သူ့စာတွေဟာ သူပြောသလို အနုပညာရော နိုင်ငံရေးရော ပါဝင်နေတဲ့ အကောက်အယူလွဲကြတဲ့အခါ သူ့စာတွေကို ဆိုရှယ်လစ်ကိုဖိနှိပ်ဖို့ အသုံးခံခဲ့ရတဲ့အထိဖြစ်ခဲ့တယ်။ သူ့တစ်ချို့စာတွေဟာ ခေတ်ရှေ့ပြေးလွန်းတာကြောင့် ဖော်ပြဖို့ငြင်းခဲ့တဲ့သူတွေတောင် နောက်ပိုင်းနှစ်အတော်ကြာမှာ ပြန်တောင်းပန်ခဲ့ရတယ်။ သူဟာ နိုင်ငံရေးရည်မှန်းချက်နဲ့ အနုပညာရည်မှန်းချက်ကို ပေါ်လွင်အောင်ရေးချင်ခဲ့တဲ့သူပါ။ ၁၉၃၆ခုနှစ်ကတည်းကစ သူအလေးအနက်ရေးတာမှန်သမျှဟာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ အကြွင်းမဲ့အာဏာရှင်စနစ်ကို ဆန့်ကျင်တာနဲ့ ဒီမိုကရက်တစ်ဆိုရှယ်လစ်စနစ်ဘက်က ...
movie

Nineteen Eighty-Four (1984)

The Messenger: The Story of Joan of Arc (1999) 6.4
The Messenger: The Story of Joan of Arc (1999) The Messenger: The Story of Joan of Arc (1999)ဒီကားလေးဟာ ပြင်သစ်တော်လှန်ရေးကားလို့ပြောလို့ရသလို ဘာသာရေးအစွန်းရောက်သူတွေ အစွန်းရောက်မှုတွေကို ပြသတဲ့ကားလို့လဲ ​ပြောလို့ရပါလိမ့်မယ်။နန်းတွင်းကား၊ ရှေးခေတ်စစ်ကားတို့ရဲ့ ထုံးစံအတိုင်း တိုက်ပွဲတွေကို ကြည့်ရမှာဖြစ်သလို ပိုပြီးထူးဆန်းတာက ဒါဟာ သမိုင်းဝင်ဖြစ်ရပ်ကို အခြေပြုပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။မင်းသမီးဂျန်းဟာ ဘုရားသခင်ရဲ့ တမန်တော်လို့ဆိုပြီး ပြင်သစ်အတွက် အင်္ဂလန်ကနေ လွတ်လပ်ရေး တိုက်ပွဲတွေ အနိုင်ဆောင်ကျဉ်းပေးခဲ့သူဖြစ်ပါတယ်။ သူဟာ တကယ်ပဲ ဘုရားသခင်ရဲ့ တမန်တော်လား၊ တိုက်ရည်ခိုက်ရည်ကျွမ်းကျင်လို့ပဲလား၊ ဒါမှမဟုတ် ကံကောင်းလို့ပဲ တိုက်ပွဲတွေနိုင်ခဲ့တာလားဆိုတာကိုတော့ ဘယ်သူမှ အသေအချာမသိခဲ့ကြပါဘူး။ ဒါပေမယ့်လည်း တိုက်ပွဲတွေကြားထဲ သစ္စာဖောက်မှုတွေ၊ ဘာသာရေးအစွန်းရောက်မှုတွေ လွှမ်းမိုးလာတဲ့အချိန်မှာတော့ ဘုရားသခင်ရဲ့ တမန်တော်၊ သူတော်စင်ဂျန်းဟာလည်း လူတွေရဲ့ ဓါးစာခံဖြစ်သွားရရှာပါတယ်။မင်းသမီး Milla Jovovich ဦးဆောင်ပါဝင်တဲ့ ဇာတ်ကားဟာ စိတ်လှုပ်ရှားစရာအပြည့်နဲ့ အပီအပြင်ခံစားလို့ရမယ့်ကား​လေးဖြစ်တာမို့ အား​​ပေးကြည့်ရှုလိုက်ကြပါဦး...(ဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ...
movie

The Messenger: The Story of Joan of Arc (1999)

1999