Channel Myanmar

John C. McGinley

Wall Street (1987 ) 7.3
Wall Street (1987 )  IMDb 7.3/10, Rt 73 % ရရှိထားတဲ့ Crime/Thriller ဇာတ်ကားဖြစ်ပြီး မင်းသားကြီး Michael Douglas က ဒီဇာတ်ကားမှာ အော်စကာဆုအပြင် Golden Globe နဲ့ အခြားဆု ၇ ဆုပါ ရရှိခဲ့ပါတယ်။ Hot Shots မင်းသားကြီး Charlie Sheen ကလည်း အပြိုင်သရုပ်ဆောင်ထားသေးတာမို့ ၂ နာရီစာ အချိန်ပေးရကျိုးနပ်မှာတော့ အသေအချာပါပဲ။ဒီကားက World of Wall Street (2013) မတိုင်ခင်ကားဖြစ်ပြီး သူ့ခေတ်သူ့အခါကတော့ အတော်လေးအောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ Wall Street ကားတွေဆိုရင် စတော့ရှယ်ယာလောကရဲ့ လောဘကိုအခြေခံထားတာ များတာနဲ့အညီ ဒီကားကလည်း လောဘကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ဖြတ်လမ်းကအောင်မြင်ချင်ပြီး ချမ်းသာချင်တဲ့ ဘတ်ဒ်ဖော့စ်ဆိုတဲ့ လူငယ်လေးက သူ့ရဲ့စံပြပုဂ္ဂိုလ်ကြီး ဂေါ်ဒန်ဂတ်ကိုအနား မရောက်ရောက်အောင်သွားကာ ဂတ်ကို့ဆီက ပညာသင်ရဖို့ ...
movie

Wall Street (1987 )

Se7en (1995) Seven 8.6
Se7en (1995) Seven "The world is a fine place and worth fighting for."Ernest HemingwayCM ပရိသတ်ကြီးရေ။ ဘဝမှာ ရုပ်ရှင်ဇာတ်ကားတစ်ကားကိုကြည့်ပြီး ဘယ်တော့မှမေ့ဖျောက်လို့ မရနိုင်တော့တဲ့ အဖြစ်မျိုးဖြစ်ဖူးပါသလားခင်ဗျာ။ ဖြစ်ခဲ့ဖူးတယ်ဆိုရင်တောင် အခုဇာတ်ကားကို ကြည့်လိုက်ရင် အရင်ကစွဲလန်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ မှေးမှိန်သွားနိုင်ပါတယ်။ အထူးသဖြင့်ကတော့ သည်းထိတ်ရင်ဖို ရုပ်ရှင်နှစ်သက်သူတွေပေါ့ဗျာ။IMDb 8.6/10 နဲ့ RT 80% ရထားခဲ့တဲ့ Se7en (1995) ဟာ သည်းထိတ်ရင်ဖိုရုပ်ရှင်အမျိုးအစားတွေထဲမှာ ဂန္တဝင်ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကို အညွှန်းရေးရင် ကျွန်တော် သတိအထားဆုံးအရာက Spoil လုပ်လိုက်မိမှာကိုပါ။ တချို့ဇာတ်ကားတွေမှာ ဒါက သိပ်မသိသာပေမယ့် အလှည့်အပြောင်း အဝေ့အဝိုက်များတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစားတွေမှာ အရမ်းသိသာပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားမှာဆို ပိုတောင်သိသာပါတယ်။ ဒါကြောင့် အညွှန်းကို သဘောလောက်ပဲ ရေးပေးပါရစေ။ ဇာတ်လမ်းကဒီလိုပါ..... ဝီလီယမ် ဆမ်မာဆတ်( Morgan Freeman)ဟာ ...
movie

Se7en (1995) Seven

4K HEVC
Alex Cross (2012) 5.2
Alex Cross (2012) ဒီရုပ်ရှင်ကတော့​ စာရေး​ဆရာ​ ဂျိမ်းစ်ပီတာဆင်ရဲ့ Cross​ ဝတ္ထု​များကို​ ပြန်လည်​ရိုက်ကူး​ထားတဲ့​ Action/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဝတ္ထု​ရဲ့အဓိကဇာတ်လိုက်ကတော့​ ဒေါက်တာ​ Alex Cross ဆိုတဲ့​ စိတ်ပညာရှင်နဲ့ ရဲစုံထောက်တစ်ဦးဖြစ်ပြီး ဒီဇာတ်ကောင်ကို​ Morgan​ Freeman ကလည်းသရုပ်ဆောင်ဖူးပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Alex Cross က​ ဇနီးဖြစ်သူ​ ကိုယ်ဝန်သည် မာရီယာ​နဲ့အတူ​ ဒီထရွိုက်မြို့မှာနေပါတယ်။ အဲဒီအချိန်မှာ အက်ဖ်ဘီအိုင်က သူတို့ရဲ့​ဝါရှင်တန်​ဒီစီကဌာနချုပ်မှာ​ တာဝန်​ထမ်းဆောင်​ပေးဖို့​ ကမ်းလှမ်းပါတယ်။ လက်ခံသင့်မခံသင့်​ စဥ်းစား​နေချိန်မှာပဲ​ လူချမ်းသာအမျိုးသမီးတစ်ဦးကို​ နှိပ်စက်​သတ်ဖြတ်​သွားတဲ့အမှုတစ်ခုဖြစ်သွားပါတယ်။ လူသတ်သမားဟာ​ အမျိုး​သမီးတင်မက​ သက်တော်စောင့်တွေကိုပါ တစ်ဦး​တည်းသတ်ဖြတ်သွားခဲ့တဲ့အပြင် အခင်း​ဖြစ်ပွား​ရာနေရာမှာတင် ပန်းချီတစ်ပုံရေးဆွဲပြီး ထားရစ်ခဲ့ပါသေးတယ်။ဒီလူသတ်သမားဟာ စိတ္တဇ​လူသတ်​သမားဖြစ်ရုံမက နောက်ထပ်​ကွင်းဆက်လူသတ်မှုတွေကိုပါ ထပ်မံ​ကျူးလွန်​ဖို့ရှိတယ်ဆိုတာကို Alex​ Cross​သိရှိ​သွားတဲ့အခါမှာတော့ လူသတ်သမားနဲ့ Alex အကြား​အားပြိုင်မှုစတင်ပါတော့တယ်။ လူသတ်​သမား​က​ Alex ရဲ့မိသားစုကိုပါ ထိပါးဖို့ကြိုးစားလာတဲ့အချိန်မှာတော့​ Alex တစ်ယောက်ဘယ်လိုတုံ့ပြန်မလဲ စနစ်တကျ​လေ့ကျင့်​ထားတဲ့လူသတ်သမားကိုယှဥ်ပြိုင်နိုင်ပါ့မလားဆိုတာ​ကို​ Action Thriller ...
movie

Alex Cross (2012)

The Animal (2001)
The Animal (2001)  ပါးစပ်မစေ့ပဲနဲ့ ရယ်နေရမယ့် ဟာသကားလေး လာပါပြီဗျာတစ်ခုတော့ပြောမယ် IMDB Rating သွားမကြည့်လိုက်နဲ့ဒီကားမှာတော့ အဲဒီဟာ တကယ်မှားတယ်၊ ကြည့်ကြည့်လိုက်မင်းသား Rob Schneider ရဲ့ အဖောက်သရုပ်ဆောင်ချက်တွေနဲ့တင် တန်စေရမယ်။ ဇာတ်လမ်းအကျဉ်းလေးက ဒီလို ကိုယ်တွေဆရာသမားမာဗင်ဆိုတာ သောက်တလွဲကောင် အရှုံးသမား၊ အဖေကရဲဖြစ်ခဲ့လို့ ရဲဖြစ်ချင်ပေမဲ့ အရည်အချင်း မပြည့်မှီတဲ့ကောင်ရဲဖြစ်ဖို့ စာမေးပွဲ ဖြေတိုင်းလည်း အမြဲကျနေကြ၊ ကြိုက်တဲ့ဆော်လေးကလည်း သဘာဝထိန်းသိမ်းရေးနဲ့ တိရစ္ဆာန်ချစ်ဘာညာပေါ့ဗျာ။ စခန်းမှာလည်း အကုန်လုံး ဝိုင်းနှိမ်ခံထားရတော့တစ်ရက်ကျ တစ်စခန်းလုံး ဘောပွဲသွားနေကြတုန်း ဓားပြမှုဖုန်းဝင်လာတယ်၊ အရာရှိတွေ ဆက်မရတဲ့အဆုံး သူကိုယ်တိုင်သွားကယ်တင်ရာကနေ လမ်းမှာတင် ကားမှောက် ခွေးဖြစ်ပါလေရော သေလုနီးပါးပဲ။ ဒါပေမဲ့ နောက်နေ့ကျ ပြန်ကောင်းလာတယ်ထင်တာ တကယ်က မဟုတ်ဘူး သူပျောက်နေတာ ၈ ရက်လောက်ရှိနေပြီ နောက်ပြီး သူ ထူးဆန်းနေတယ် သတ္တဝါပေါင်းစုံလိုပြုမူနေပြီး ထိန်းချုပ်မှု လွတ်လွတ်သွားတယ်။ တကယ်တမ်းအဲဒီအတွက် အဖြေက သူ ကားမှောက်နေတဲ့အချိန် ...
movie

The Animal (2001)

42 (2013) 7.5
42 (2013) ဒီတစ်ခါ CM Fan တွေ အတွက် Black Panther ရုပ်ရှင်ကားနှင့်ပိုပြီးလူသိများ ကျော်ကြားခဲ့သော ကွယ်လွန်သွားပြီဖြစ်တဲ့မင်းသားChadwick Boseman ရဲ့ ရုပ်ရှင်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်၁၉၄၅ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးတော့အမေရိကန်နိုင်ငံရဲ့ ရှေ့တန်းထွက်နေရတဲ့သူအားလုံးအမိမြေကိုပြန်လာကြပါတယ်။အဲဒီမှာ အာဖရိကန်-အမေရိကန်လူမျိုးတွေလည်းပါပါတယ်။သူတို့ဟာ နာဇီစစ်တပ်ရဲ့လူမျိုးရေးခွဲခြားမှုကို တိုက်ခိုက်အနိုင်ယူခဲ့ကြပေမယ့်အမိမြေပြန်ရောက်တဲ့အချိန်မှာတော့ သူတို့အပေါ်လူမျိုးရေးခွဲခြားမှုကြီးက စောင့်ကြိုနေပါတယ်။သူတို့ဟာ လူဖြူတွေနဲ့ အိမ်သာအတူတူသုံးခွင့်မရှိဘူး၊ရေချိုးခန်းတစ်ခန်းထဲအတူသုံးခွင့်မရှိဘူး၊ ဟိုတယ်ထဲတည်းခွင့်မရှိဘူးစတဲ့ခွဲခြားမှုပေါင်းမျိုးစုံရှိနေတာပါ။ဒီလိုအဖြစ်မျိုးက အမေရိကန်တစ်နိုင်ငံလုံးမှာဖြစ်ပျက်နေတာပါ။ဘေ့စ်ဘောလောကမှာလည်း အတူတူပါပဲ။၁၉၄၆ ခုနှစ်မှာ စာရင်း၀င်ဘေ့စ်ဘောအသင်း ၁၆သင်းရှိခဲ့ပြီးစာရင်း၀င်ကစားသမား အယောက် ၄၀၀ရှိခဲ့ပါတယ်။အဲဒီအယောက် ၄၀၀လုံးကလည်း လူဖြူတွေပါ။ဒါပေမယ့် ၁၉၄၇ ခုနှစ်ရောက်တော့ ဘရွတ်ကလင်ဒေါ့ဂျာစ်အသင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့မစ္စတာရစ်ကီဟာ လူမည်းကစားသမား ဂျက်ကီရော်ဘင်ဆင်ကို ခေါ်ယူခဲ့ပါတယ်။ဒီလိုခေတ် ဒီလိုအခါမှာ လူမည်းကစားသမားကိုထခေါ်တော့ကန့်ကွက်သူပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပြီး ကျောနံပါတ်၄၂ ဂျက်ကီရော်ဘင်ဆင်ကလည်းကစားပွဲထဲမှာရော ကစားပွဲပြင်ပမှာပါလူမျိုးရေးခွဲခြားမှုတွေ၊ ခြိမ်းခြောက်စာမျိုးစုံကိုပါ ရခဲ့ပါတယ်။ဒါပေမယ့် သူတို့ဟာ ဒီခွဲခြားမှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီးအနိုင်ရဖို့ ကြိုးစားအားထုတ်ခဲ့ကြတာကိုတွေ့ရပြီးဘေ့စ်ဘောလောကကြီးက လူမျိုးရေးခွဲခြားမှုကိုဘယ်လိုမျိုးပြောင်းလဲခဲ့လဲဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…  1.82 GB /  894 ...
movie

42 (2013)

2013
Any Given Sunday (1999)
Any Given Sunday (1999) “အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ ...
movie

Any Given Sunday (1999)

Born on the Fourth of July(1989) 7.2
Born on the Fourth of July(1989) Born on the Fourth of July(1989)*******************************ဒီရုပ်ရှင်ဟာ အမေရိကန်ရဲ့လွတ်လပ်ရေးနေ့ဖြစ်တဲ့၊ ဂျူလိုင် ၄ရက်နေ့မှာမွေးဖွားခဲ့တဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူ အမေရိကန်-ဗီယက်နမ် စစ်ပြန်ကြီး Ron Kovicအကြောင်းဇာတ်အိမ်တည်ရိုက်ကူးထားတဲ့စစ်ဆန့်ကျင်ရေး အတ္ထုပတ္တိကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Ronရဲ့ငယ်စဥ်ကလေးဘဝဟာ ထိုခေတ်ထိုကာလကထုံးစံအတိုင်း စစ်ပွဲအောင်နိုင်မှုတွေအကြောင်း၊တိုင်းပြည်တာဝန်ထမ်းပြီး စစ်တိုက်ရတာမှဂုဏ်ရှိတယ်၊ ကွန်မြူနစ်ဝါဒကို တိုက်ဖျက်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်-ဗီယက်နမ်စစ်ပွဲဖြစ်တော့ သူကိုယ်တိုင်ရောသူငယ်ချင်းတွေပါစိတ်လိုလက်ရ မရိန်းတပ်ထဲဝင်ပြီး တိုက်ပွဲဝင်ပါတော့တယ်။ ဒီစစ်ပွဲအတွင်းမှာပဲ စစ်ပွဲရဲ့ခါးသီးမှုတွေကြုံခဲ့ရပြီး စိတ်ဝေဒနာလည်းရ အကြောပါသေ၊ မြုံတဲ့ဘဝ ဒုက္ခိတဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့အချိန်ထိ သူ့ရဲ့ စစ်ပွဲအပေါ်အယူအဆတွေက ပြောင်းလဲမသွားသေးပါဘူး။ စစ်ဆေးရုံကဆင်း မွေးရပ်ကိုပြန်ရောက်တော့မှ အဲ့ကာလမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊နိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုမြင်ရကြားရပြီး မျက်စိပွင့်နားပွင့်ဖြစ်လာကာ၊ ကိုယ်ကိုယ်တိုင်ကလည်း စစ်ပွဲနဲ့ပတ်သက်ပြီး စိတ်မလုံခဲ့သူမို့... Ron Kovidတစ်ယောက် စစ်တိုက်ရတာဂုဏ်ယူတဲ့လူငယ်လေးဘဝကနေစစ်ဆန့်ကျင်ရေးသမားကြီးဘဝကို ဘယ်လိုကံကြမ္မာတွေ၊ အဖြစ်အပျက်တွေကြောင့် ရောက်လာလဲဆိုတာ ရိုက်ကူးပြသထားတဲ့ anti-war movieလေးပါပဲ။File Size :(3.3GB)(1.3GB) and (714MB) Quality : BLU-RAY 1080P5.1Ch,720p Format…mp4 Duration…02:25:00 Genre : War, Biography , Drama Subtitle : Myanmar Subtitle ...
movie

Born on the Fourth of July(1989)

Office Space (1999) 7.7
Office Space (1999) ဒီရုပ်ရှင်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က ထွက်ရှိခဲ့ပြီး ရုံးခန်းတွေ ကုမ္ပဏီတွေမှာ အလုပ်လုပ်ပုံတွေနဲ့ အမြင်တွေကိုပါ ပြောင်းလဲသွားစေခဲ့တဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဒီတစ်ခေါက်တော့ the old time ကိုပြန်လွမ်းဆွတ်သတိရမိစေမဲ့ 20th century fox productionက ထုတ်လုပ်ထားတဲ့ Office Space 1999က အားလုံးနဲ့ရင်းနှီးပီးသားဇာတ်ကားလေးတစ်ကားဖြစ်မှာပါဇာတ်လမ်းအစမှာ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ပီတာ ဆမီလ်နဲ့ မိုက်ကယ်တို့ ရုံးအလာကားလမ်းပိတ်ပီး ကိုယ်စီအခက်အခဲဖြစ်နေတာကိုတွေ့ရမှာပါ ပီတာတို့သူငယ်ချင်း ၃ယောက်က Initech လို့ခေါ်တဲ့ software ကုမ္ပဏီမှာ အလုပ်လုပ်ကြပါတယ် Boss ဖြစ်တဲ့ ဘီလ် လမ်ဘာ့ဂ်က အရမ်း bossy ဖြစ်တာကြောင့် ဝန်ထမ်းတွေလဲ လုပ်ရတဲ့အလုပ်ပေါ်မှာ မပျော်ရွှင်ကြပါဘူး တနေ့တော့ပီတာကအလုပ်လုပ်စရာမလိုပဲသူဌေးဖြစ်နိုင်မဲ့နည်းလမ်းတစ်ခုကိုရှာတွေ့သွားရာကနေ ဘယ်လိုတွေဆက်ဖြစ်ကြဦးမလဲဆိုတာ ဟာသလေးတွေနဲ့အလွဲတွေကိုကြည့်ရှုခံစားရမဲ့အပြင် ဝန်ထမ်းကိုယ်စီရဲ့ရှုထောင့်ကနေ မတူညီတဲ့ခံစားချက် ဝန်ထမ်းတို့ရဲ့ဘဝကို ရသမြောက်အောင်ဖော်ကျူးပေးနိုင်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်File size…(1.08GB)  / (630MB) / (282MB) Quality…. Web 1080P ...
movie

Office Space (1999)

Get Carter (2000) 5.1
Get Carter (2000) ဒီတစ်ခါမှာတော့ မင်းသားကြီး စတားလုံးရဲ့ ၂၀၀၀ ခုနှစ်မှာ ထွက်ရှိထားတဲ့ Get Carter ဆိုတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ။ ကာတာဆိုတာကတော့ သူ့မွေးရပ်မြေမြို့လေးကနေ ထွက်ပြီး အကြွေးလိုက်သိမ်းတဲ့ လူမိုက်တစ်ယောက်အဖြစ် လုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ အကြောင်းတစ်ခုကြောင့် သူ့မွေးရပ်မြေကို ပြန်လာခဲ့ပါတယ်။ အဲဒါကတော့ သူ့ညီလေး ရစ်ချီ သေဆုံးသွားခဲ့လို့ပါပဲ။ အကုန်လုံးကတော့ အမူးလွန်ကားမောင်းလို့ သေဆုံးသွားခဲ့ရတယ်လို့ ပြောခဲ့ကြပေမယ့် ကာတာတစ်ယောက်ကတော့ မယုံကြည်ခဲ့ပါဘူး။ ဒီလိုနဲ့ ရစ်ချီ သေဆုံးရတဲ့ အမှုမှန်ကို လိုက်တူးဖော်ရင်း ကာတာတစ်ယောက် သူ့မွေးရပ်မြေလေး‌ နောက်ကွယ်ကအရိပ်မည်းတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတော့တယ်။ File size…(2GB) / (1017MB) / (634MBMB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:42:00 Genre...Action / Crime / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Chuck
movie

Get Carter (2000)

Kid Cannabis (2014) 6.4
Kid Cannabis (2014) Kid Cannabis (2014)~ IMDb - 6.4/10, Rotten Tomatoes - 71% ~လောကမှာ ပိုက်ဆံတွေဒလဟောဝင်ဖို့ အကောင်းဆုံး စီးပွားရေးကဘာဖြစ်မလဲ...? သေချာပါတယ်... မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတာကလွဲပြီး တခြားမရှိနိုင်ပါဘူး။အမေရိကန်နိုင်ငံက ဆယ်ကျော်သက်ကောင်လေး၂ယောက်ဟာ သူတို့ရဲ့ အိပ်မက်တွေအမှန်တကယ်ဖြစ်ပေါ်လာဖို့ ဆေးခြောက်တွေရောင်းရင်း ချမ်းသာလာတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို Kid Cannabis ဆိုတဲ့ ရုပ်ရှင်ကားမှာကြည့်ရပါမယ်။ဖြစ်ရပ်မှန်အပေါ်အခြေခံထားတဲ့ ဒီရုပ်ရှင်ကားလေးမှာ ဆယ်ကျော်သက်ကလေးတွေဟာ သူတို့ဘဝချမ်းသာလာဖို့ ကနေဒါနိုင်ငံက ဆေးခြောက်တွေကို အမေရိကန်နိုင်ငံထဲ ခိုးသွင်းခဲ့ကြတယ်။ ကလေးတွေဆိုတော့ အားလုံး ကိုယ်ထူကိုယ်ထပါပဲ။ Cartel တွေလို အဆင့်မြင့်မြင့် မှောင်ခိုသွင်းကြတာမဟုတ်ဘဲ ကနေဒါ အောက်လမ်းကတဆင့် ခိုးကူးပြီးသွင်းကြရတာပေါ့။ အစပိုင်းမှာအဆင်ပြေသလို၊ အိပ်မက်တွေအကောင်အထည်ပေါ်လာသလိုဖြစ်ပေမယ့် လောကရဲ့ ဒုတိယဘုရားသခင်ဖြစ်တဲ့ ပိုက်ဆံပေါင်းမြောက်များစွာနဲ့ ထိတွေ့လာပြီးနောက်ပိုင်းမှာ သူငယ်ချင်းတွေကြားက အချင်းပွားမှုတွေ အဝေမတည့်တာတွေ မနာလိုသူရဲ့ တိုက်ခိုက်မှုတွေ စတင်ထိတွေ့လာခဲ့ရပါတယ်။အဓိကဇာတ်ဆောင်ကောင်လေး နိတ်တစ်ယောက် ဘယ်လိုနည်းလမ်း ဘယ်လိုလှည့်ကွက်တွေနဲ့ ...
movie

Kid Cannabis (2014)

2014
Platoon (1986) 8.1
Platoon (1986) Platoon (1986)[ Dir: Oliver Stone ]IMDb - 8.1/10, Rotten Tomatoes - 87% " ငါတို့တွေဟာ တိုက်လာတဲ့ စစ်ပွဲတိုင်း နိုင်ခဲ့ကြတာချည်းပဲလေ။ ဒီတစ်ပွဲတော့ရှုံးသင့်ပါတယ် " Sergeant Elias ကနေ ညတစ်ညမှာ တပ်သားလေး Chris ကိုပြောခဲ့တဲ့စကား။Platoon ဟာ Oliver Stone ရဲ့အအောင်မြင်ဆုံးဇာတ်ကားကြီးတွေထဲကတစ်ခုပေါ့။ သူ့အတွေ့အကြုံ သူ့ခံစားချက်တွေကို ချပြခဲ့တယ်။ Vietnam စစ်ပွဲမှာ အမေရိကန်တွေစစ်ရှုံးသွားပုံတွေပေါ့။ ပိုဆိုးတာက စိတ်ဓာတ်တွေပါ ဆုံးရှုံးသွားခဲ့ရတာ။=================Chris ရဲ့အဖိုးဟာ ပထမကမ္ဘာစစ်မှာ ဝင်ကြမ်းခဲ့တဲ့ သူရဲကောင်း။ အဖေက ဒုတိယကမ္ဘာစစ်မှာ အမေရိကန်တွေအတွက် ဂုဏ်ဆောင်ပေးခဲ့တဲ့သူ။ သူကိုယ်တိုင်ကရော ဒီ Vietnam စစ်ပွဲမှာ ဘာလုပ်ပေးနိုင်မလဲ?Chris ဟာတစ်ယောက်ထဲ စာရေးနေတတ်တယ်။ စကားတွေလဲပြောတတ်တယ်။ ဘယ်ကမှန်းမသိ ရှိလဲမရှိတဲ့ သူ့အဖွားဆီကိုပေါ့။ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပေမဲ့ ဒီ ဇာတ်လမ်းတစ်ခုလုံးက ...
movie

Platoon (1986)

1986
Point Break(1991)
Point Break(1991) Point Break(1991)အညွှန်း**********************IMDb....7.31991 မှာရိုက်ခဲ့တဲ့ Point Break ဇာတ်ကားမှာတော့ ငယ်ရွယ်ပျိုမြစ်တဲ့ Keanu Reeves ရဲ့ စွန့်စားခန်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်... အခုမှ အလုပ်ထဲ စဝင်ခါစ ... သင်တန်းသားဘဝမှာ အကောင်းဆုံးရမှတ်တွေနဲ့ အက်ဖ်ဘိီအိုင်အေးဂျင့်တယောက်ဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ဂျွန်နီယူတာ ဟာ ဘဏ်ဓားပြတိုက်မှုတွေကို စုံစမ်းတဲ့ ဌာနမှာ  စတင်တာဝန်ထမ်းဆောင်ရတယ်....အဲ့ဒီအချိန်တိုက်ဆိုင်တယ်ပဲပြောရမလားပဲ...အမေရိကန်သမ္မတဟောင်း မျက်နှာဖုံးတွေကို စွပ်ပြီး ဘဏ်တွေကို ဓားပြလိုက်တိုက်တဲ့  အကြီးစားအမှုကြီးဖြစ်ခဲ့တယ်....စနစ်ကျလွန်းတဲ့ လှုပ်ရှားမှုတွေနဲ့အတူ အတွေ့အကြုံတွေများလွန်းတဲ့ ဘဏ်ဓားပြအဖွဲ့ဟာအချိန်တိုအတွင်း လှုပ်ရှားနိုင်ခဲ့တာမို့ ရဲဌာနတစ်ခုလုံး ခေါင်းမီးတောက်နေတယ်...သဲလွန်စ ဆိုလို့လောက်လောက်လားလားမကျန်ခဲ့....ဒီအဖွဲ့ရေလွှာလှိုင်းစီးသမားတွေဖြစ်နိုင်တယ်ဆိုတဲ့ ထင်မြင်ချက်သဲ့သဲ့လေးပဲကျန်ခဲ့တယ်..အဲ့ဒီနောက် ဂျွန်နီယူတာဟာ ပင်လမ်းကမ်းခြေမှာ အသွင်ယူရင်း တစ်ဖွဲ့လုံးကို ဖမ်းဖို့ကြိုးစားပါတော့တယ်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwinပဲဖြစ်ပါတယ်...  File Size : (1.11GB) Quality : Blu-Ray 1080p 5.1CH, 720p Format…mp4 Duration…02:02:00 Genre :  Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Point Break(1991)

Dragons: Rescue Riders: Secrets of the Songwing (2020) 6.1
Dragons: Rescue Riders: Secrets of the Songwing (2020) Dragons: Rescue Riders: Secrets of the Songwing (2020)========================================IMDb Rating - 6.1/10#Unicodeဒီတစ်ခေါက်တင်မယ့် ကားလေးက July 24  ရက်နေ့က Netflix မှာပြသခဲ့တဲ့ Animation ကားအသစ်စက်စက်လေးဖြစ်ပါတယ်။ဒီဇာတ်ကားကို Dream Works Studioကပဲထုတ်ထားပြီး How to train your dragon နဲ့ကျောရိုး အနည်းငယ်ဆင်ပါတယ်။ဗိုက်ကင်းလူမျိုးတွေဟာ သူတို့နဂါးလေးတွေနဲ့နေထိုင်နေရာမှာ သီချင်းနဂါး(Songwing) တစ်ကောင်ပေါ်လာပြီးပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တွေဟာ ဆက်တိုက်သလိုဖြစ်နေတာမို့ ဒီကိစ္စကိုအဖြေရှာရင်း သိရှိကြတဲ့အခါ နဂါးစီးဗိုက်ကင်းလူမျိုးတွေရဲ့ လှုပ်ရှားမှုတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ ဇာတ်လမ်းနဲ့ ဇာတ်ကောင် Characters လေးတွေဟာ အမတန်ချစ်စရာကောင်းပြီး . အိမ်က သားငယ်သမီးတွေကိုပါ ပြသလို့ရ ပြသလို့သင့်တဲ့ ဇာတ်လမ်းကောင်းလေးမို့ ခံစားကြည့်ရှုပေးကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့  Hnin Wut Yi ပဲဖြစ်ပါတယ်။)#Zawgyiဒီတစ်ခေါက်တင်မယ့် ကားလေးက July 24 ရက်နေ့က Netflix မှာပြသခဲ့တဲ့ ...
movie


2020
Wild Hogs(2007) 5.8
Wild Hogs(2007) Wild Hogs(2007)(zawgyi)"စစ်မှန်တဲ့ သူငယ်ချင်းတစ်ယောက်ဆိုတာ ကိုယ်နဲ့ နှစ်ကိုယ့်တစ်စိတ်ရှိနေသူပဲ"လို့ ဒဿနပညာရှင်ကြီး အရစ္စတိုတယ် ပြောဖူးပါတယ်။ ဒီရုပ်ရှင်ကတော့ ဘ၀တွေမတူ စိတ်အခြေအနေ‌တွေ မတူပေမယ့် ရူးသွပ်မှုခြင်း တူညီကြတဲ့ လူလတ်ပိုင်းအရွယ် သူငယ်ချင်းလေးယောက်ရဲ့ ဗရုတ်သုတ်ခတွေအကြောင်းပါ။အလုပ်သာ အဓိက ကျန်တာ သာမညထင်နေတဲ့ သွားဆရာဝန် တစ်ယောက် ။ ဘာမှအဖြစ်မရှိတဲ့ ကွန်ပျူတာပရိုဂရမ်မာ တစ်ယောက် ။ အိမ်သာဆေးရတဲ့အထိ အလုပ်ကြမ်းပေါင်းစုံ လုပ်ရတဲ့ စာ‌ရေးဆရာရူးလူမည်းတစ်ယောက်။ လေးယောက်မြောက်ကတော့ သူတို့ထဲက ကံအကောင်း‌ဆုံး တစ်ယောက်လို့ သူတို့ကိုယ်တိုင်ပြောကြတဲ့ ပိုက်ဆံချမ်းသာပြီး မော်ဒယ်မကို လက်ထပ်ထားတဲ့ ဝူဒီ။ သူတို့အားလုံးမှာ တူညီတာကတော့ အမဲရောင်ဂျာကင်‌တွေ ၀တ်ပြီး ဆိုင်ကယ်ပတ်စီးကြတဲ့ ဆိုင်ကယ်သမားတွေ ဖြစ်ချင်ကြတာပါပဲ။ မြို့ထဲပဲပတ်မောင်းနေရတဲ့ သူတို့ဆိုင်ကယ်သမားအဖွဲ့ကိုလည်း Wild Horse:လို့ သူတို့ဘာသာ နာမည်ပေးထားပါသေးတယ်။တစ်ရက်မှာတော့ သူတို့ထဲက ကံအကောင်း‌ဆုံးဝူဒီဟာ ဇနီးရယ်ကွာ အိမ်ရယ်က‌ဆုံး ပြီး တမုဟုတ်ချင်း ကံအဆိုးဆုံးတစ်ယောက်ဖြစ်သွားပါတယ်။ ဆန်အိုးသာကုန် မာန်မလျှော့သေးတဲ့ ဝူဒီဟာ ဒီအ‌ကြောင်းတွေကို သူငယ်ချင်းတွေကို မ‌ပြောဘဲ သူ့နောက်ဆုံး ပိုင်ဆိုင်မှုဖြစ်တဲ့ ဆိုင်ကယ်တစ်စီးနဲ့ မိုင်တစ်ထောင်ခရီးရှည်တစ်ခုထွက်ဖို့ ဆွယ်ပါတယ်။ နေရင်းထိုင်ရင်းတောင် ပြဿနာတက်နေကြတဲ့ Wild Hogs တွေဟာ ဒီခရီးရှည်ကြီးမှာ ပြဿနာကို ဘယ်လိုမီးခွက်ထွန်းရှာဦးမလဲ ဆိုတာ သဘာဝကျကျဟာသတွေနဲ့အတူ မြင်ကြရမှာပါ။ကျွန်တော်မြင်ဖူးသမျှ ရုပ်ရှင်တွေထဲ အပီအပြင်ကြမ်းပြနေကြ ဂျွန် ထရာဗိုကြီးဟာ လူပေါဇာတ်ရုပ်နဲ့လည်း ...
movie

Wild Hogs(2007)

2007
Identity(2003) 7.3
Identity(2003) Identity(2003) IMDb....7.3,,,,Rotten.....62% သရဲကားတော့မဟုတ်ပါဘူး ဒါပေမယ့် Thriller ပါ လုံးဝအာရုံအပြည့်အ၀စူးစိုက်ပြီးကြည့်ရလောက်အောင် ဆွဲခေါ်သွားမယ့်ဇာတ်ကားပါ... ဇာတ်လမ်းအကျဉ်းကတော့ Nevada မှာရှိတဲ့ Motel တစ်ခုမှာ မုန်တိုင်းဒဏ်ကြောင့် သောင်တင်ကြတဲ့ လူ ၁၀ယောက်ရှိပါတယ်... ဒါပေမယ့်အဲ့၁၀ယောက်အတွက် ကပ်ဆိုးကြီးတစ်ခုက ဆိုက်ရောက်လာတယ်... အဲ့ဒါကတော့ ထူးဆန်းစွာပဲ၁ယောက်ပြီး၁ယောက်အသတ်ခံရတာပါ... ခင်ဗျားတို့ကိုယ်တိုင် ဘယ်သူသတ်တယ် ...ဘယ်သူက ကြံစည်နေတယ်ဆိုတာကိုတော့ အဖြေရှာကြည့်လိုက်ပါ..... Spoiler ဖြစ်သွားမှာစိုးလို့ဆက်ပဲကြည့်ကြပါလို့ အဲပြီးတော့တစ်ခုလောက်ပြောပြဦးမယ် "As I was walking up the stairs, I met a man who wasn't there. He wasn't there agian today. I wish, I wish he'd go away." ဒီစာသားလေးကအခုနေမြင်ရဖတ်ရတာတော့သာမန်လိုပဲဖြစ်နေပေမယ့် တကယ်တမ်းကတော့ ဒီစာသားက Canda ရဲ့ Antigonish Nova Scotia မြို့လေးမှာရှိတဲ့ သရဲခြောက်တဲ့အိမ်ကြီးထဲက လှေကားနားက လူတစ်ယောက်အကြောင်းကို William Hughes Mearns ရေးသားထားတဲ့ နာမည်ကြီးကဗျာထဲကစာသားလေးပါ... ဒီဇာတ်ကားကိုကြည့်ပြီးသွားတဲ့အခါ သာမန်ကဗျာစာသားကနေ ဒီစကားကိုကြားတိုင်းကြားတိုင်း ကျောချမ်းလောက်တဲ့အထိကိုဖြစ်စေတာပါ... ဇာတ်ကားကြည့်ပြီးခံစားနေတုန်းခပ်ကြမ်းကြမ်းနှလုံးခုန်သံတွေထွက်ပေါ်လာတာကို နှစ်ခြိုက်သူတွေအတွက်  ထွေးပွေ့ထားသင့်တဲ့ Thriller ကားပါ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့  ညီမငယ် JtheKoala  ...
movie

Identity(2003)

2003
Battle of the Sexes (2017) 7.0
Battle of the Sexes (2017) ဒီကားကတော့ ၂၀၁၇ခုနှစ်ထွက်Biography/Comedy-Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ဒီကားလေးဟာ ၁၉၇၃ခုနှစ် အမေရိကန်ပြည်ထောင်စုတွင် ဟိုးလေးတကျော်ဖြစ်ကာ ပြောစမှတ်တွင်ရလောက်တဲ့အထိ ဖြစ်ပွားခဲ့တဲ့ တင်းနစ်ပြိုင်ပွဲအကြောင်းပါပဲ။ဒီတင်းနစ်ပြိုင်ပွဲဟာ သာမန်ပြိုင်ပွဲတွေနဲ့မတူပါဘူး။ထိုခေတ်ကာလတွင်း အမျိုးသမီးတင်းနစ်ကစားသမားများဟာ အမျိုးသားများနှင့် တန်းတူရပိုင်ခွင့်တွေ ခံစားခွင့်မရကြပါဘူး။ဒါကြောင့် ကမ္ဘာ့နံပါတ်တစ် အကောင်းဆုံးအမျိုးသမီးတင်းနစ်ကစားသမားဖြစ်တဲ့ ဘီလီဂျင်းကင်းဟာ အဲဒီအတွက်ကနေဦး တောင်းဆိုဆန္ဒပြခဲ့တဲ့ ပထမဦးဆုံး အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတစ်ယောက်ဖြစ်လာပါတယ်။အဲဒီကနေစပြီး အမျိုးသမီးများ အမျိုးသားများနှင့်တန်းတူညီမျှအခွင့်အရေးခံစားခွင့်ရှိခြင်း၊ လိင်တူရပိုင်ခွင့်များနှင့် လူ့အခွင့်အရေးဆိုတာတွေ ဆက်လက်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်း ဘီလီဂျင်းကင်းကိုပါရမီဖြည့်ပေးရှာသည့်သူကတော့ ဘော်ဘီရစ်ခ်ျဆိုတဲ့ နာမည်ကျော်တင်းနစ်ကစားသမားတစ်ယောက်ပါ။သူ့ရဲ့ဝါသနာက လောင်းကစားလုပ်ခြင်းပါပဲ။အခွင့်အရေးတွေကိုချောင်းနေတဲ့ဘော်ဘီတစ်ယောက် ဘီလီကင်းကိုမျက်စိကျသွားပါတော့တယ်။သူ့ရဲ့အတိတ်ကရွှေရောင်နေ့ရက်တွေကိုပြန်လည်ရယူရင်း လောင်းကစားပါလုပ်လို့ရမည့်အကွက်ကို တွေ့သွားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဘီလီဂျင်းကင်းကိုစိန်ခေါ်ပြီး တင်းနစ်ကစားပွဲပြုလုပ်ကာ အမျိုးသမီးတွေဟာ တန်းတူအခွင့်အရေးရသင့်ကြောင်း သက်သေပြရအောင်ဖန်တီးပါတော့တယ်။အဲဒီပြိုင်ပွဲဟာ တင်းနစ်အားကစားသမိုင်းတစ်လျှောက်တွင် လူကြည့်အများဆုံးသော ကစားပွဲဖြစ်ခဲ့တာဖြစ်ပြီး ဘီလီဂျင်းကင်းနဲ့ ဘော်ဘီရစ်ခ်ျတို့ရဲ့ အပြိုင်အဆိုင် စကားနာထိုးမှုတွေ၊ အားပြိုင်မှုတွေဟာ ကစားကွင်းမတိုင်ခင်ကတည်းက ပုဂ္ဂိုလ်ရေးဆိုင်ရာအရရော၊ အခြားသော ...
movie

Battle of the Sexes (2017)

2017
The Belko Experiment(2016) 6.1
The Belko Experiment(2016) The Belko Experiment ဆိုတဲ့ ဒီကားလေးဟာ ၂ဝ၁၆ခုနှစ်က ထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘယ်လ်ကို အမည်ရှိ ကော်ပိုရေးရှင်းကုမ္ပဏီတစ်ခုဟာ ဝန်ထမ်းတွေကို လစာကောင်းကောင်းပေးခန့်ထားသလို ဝန်ထမ်းတွေအတွက် လုပ်ပိုင်ခွင့်တွေ ရပိုင်ခွင့်တွေအပြည့်အဝပေးထားပါတယ်.......တစ်နေ့တော့ ဝန်ထမ်းတွေဟာ ခမ်းနားတဲ့ရုံးအဆောက်အဦးကြီးထဲမှာ ပိတ်လှောင်ခံလိုက်ရတယ်....ထွက်ဖို့ဝန်ထမ်းအားလုံးကကြိုးစားပေမဲ့ အဆောက်အဦးရဲ့လုံခြုံရေးစနစ်က အရမ်းကိုမြင့်မားနေပြီ ဟာကွက်မရှိသလိုဖြစ်နေတယ်....နောက်ပိုင်းဝန်ထမ်းအားလုံးဟာ အကွက်ချပြီး အချင်းချင်းသတ်ဖြတ်ခိုင်းခြင်း ခံရပါတယ် ......ဒါကြောင့် ဝန်ထမ်းတွေ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ကြခြင်းများ၊ ကော်ပိုရေးရှင်းမှ ခြိမ်းခြောက်သတ်ဖြတ်မှုများကို သည်းထိတ်ရင်ဖို ခံစားရ မည်ဖြစ်ပါသည်။ ဒီကားက ရိုက်ချက်တွေအတော်လန်းသလို ကြည့်ရတာအတော်လေးမိုက်တယ် သည်းထိတ်ရင်ဖို အက်ရှင်ကားကောင်း ကြိုက်နှစ်သက်သည့် ပရိသတ်များ လက်လွတ်မခံဘဲ ကြည့်သင့်သည့် ဇာတ်ကားပဲဖြစ်ပါတယ်။IMDB..6.1 ဆိုတော့ကြည့်ရကြိုးနပ်ပါလိမ့်မယ်..... File Size : (826 MB) and (240 MB) Quality :  720p Running Time : 1hr 27min Format : Mp4 Genre :  Action,Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

The Belko Experiment(2016)

2016
The Rock (1996) 7.4
The Rock (1996) The Rock (1996) IMDb (7.4/10)...Rotten Tomatoes (66%) Unicodeမင်းသားကြီးရှောင်ကွန်နရီ နဲ့ နီကိုလပ်ကေ့ချ် တို့အဓိကပါဝင်ထားတဲ့ ဒီဇာတ်ကားကြီးဟာ Armageddon,Transformers ဇာတ်ကားတွေကို ဖန်တီးသူ ဒါရိုက်တာ Michael Bay ရဲ့ နောက်ထပ်လက်ရာကောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။တိုင်းပြည်ရဲ့ လျှို့ဝှက်စစ်ဆင်ရေးတိုက်ပွဲတွေမှာ အသက်စွန့်ခဲ့ရပေမယ့် ဘာဂုဏ်ပြုမှတ်တမ်းမှ မရေးထိုးပေးဘဲ ချောင်ထိုးခံလိုက်ရတဲ့ ကျဆုံးစစ်သည်နဲ့ မိသားစုတွေအတွက်  ရင်နင့်နေတဲ့ အမေရိကန်ဗိုလ်ချုပ်ဖရန့်ဟမ်းမဲလ်....ဘယ်သူမှဖဖောက်နိုင်တဲ့ထောင်ကို ဖောက်ထွက်ပြေးခဲ့ဖူးတဲ့ နာမည်ကြီးထောင်ဖောက်သမားကြီး ဂျွန်မေဆင်....FBI ဌာနရဲ့ ဓါတုဗေဒ ပညာရှင် ဂွတ်စပိဒ်....ဒီလိုထိပ်တန်းလူသုံးယောက် ကိုယ့်ခံယူချက် ယုံကြည်ချက်အတွက် တိုက်ပွဲဝင် ထိပ်တိုက်တွေ့ဆုံရာဝယ်.............။ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်....မင်းသားကြီးတွေရဲ့ သရုပ်ဆောင်မှုတွေ အသောအထေ့တွေက အသက်ဝင်လွန်းပါတယ်။နီကိုလပ်ကေ့ချ်ကို ငယ်ရွယ်နုပျိုစွာမြင်ရတာကလဲ အတော်ပဲ ကြည့်ပျော်မှာပါ။ (Myo Min Aung မှခံစားတင်ထားပါတယ်။) --------------------------------------------------------------------- Zawgyiမင်းသားကြီးရှောင်ကွန်နရီ နဲ့ နီကိုလပ်ကေ့ခ်ျ တို့အဓိကပါဝင်ထားတဲ့ ဒီဇာတ်ကားကြီးဟာ Armageddon,Transformers ဇာတ်ကားတွေကို ဖန်တီးသူ ဒါရိုက်တာ Michael Bay ရဲ့ နောက်ထပ်လက်ရာကောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။တိုင်းပြည်ရဲ့ ...
movie

The Rock (1996)

1996