Channel Myanmar
John Heard
The Great Debaters(2007) 7.6
The Great Debaters(2007) The Great Debaters(2007) IMDb.....7.6,,,,,Rotten....79% စကားလုံးတွေရဲ့စွမ်းအားက ဘယ်လောက်ကြီးကြောင်းကို အားလုံးလည်းသိပါတယ်.... ကျွန်တော်တို့ငယ်ငယ်ကဖတ်ဖူးခဲ့တဲ့ ခုံတော်မောင်ကျဘမ်းဆိုတာ စာပေကျမ်းဂန်မှာ နှံ့စပ်ကျွမ်းကျင်တဲ့သလို စကားအရာမှာလည်း တစ်ဘက်ကမ်းခတ်ကျွမ်းကျင် တဲ့အတွက်အကြောင့် ကျပန်းဆိုတာ သူ့ဆီကလာတာ အားလုံးလည်းသိမှာပါ... ကျွန်တော်ဘာလို့ ဒါတွေပြောနေရလဲ ဆိုတော့ ဒီကားရဲ့နာမည်ကိုက The Great Debaters ဆိုတော့ ခင်ဗျားတို့လည်းမှန်းမိလောက်မှာပါ.... ကျွန်တော်တို့ရဲ့ မင်းသားကြီး Denzel Washington က debate ပြိုင်ပွဲအတွက်လေ့ကျင့်ပေးရတဲ့ ပါမောက္ခအဖြစ်သရုပ်ဆောင်ထားတယ်.... သူကနေ့ဘက်ဆိုရင် ကျောင်းဆရာလုပ်ပြီးတော့ ညဘက်ဆိုရင်တော့  အလုပ်သမားလူတန်းစားအတွက် တက်ကြွလှုပ်ရှားသူဖြစ်တယ်... ဒီကားက ဖြစ်ရပ်မှန်အပေါ်အခြေခံရိုက်ကူးထားတာဖြစ်လို့  အဲ့ဒီ့အချိန်က အမေရိကန်ရဲ့ ခေတ်၊ စနစ်နဲ့ လူမှုဘဝကို လွဲမှန်းနေတဲ့ဟန်ပန်တွေ မြင်နေရလိမ့်မယ်...ဒီကားကိုကြည့်မယ်ဆိုရင်  debate ပွဲတွေများစွာကြည့်ရမယ့်အပြင် ဘယ်လိုယှဉ်ပြိုင်သင့်တယ်..ဘယ်လိုပြင်ဆင်သင့်တယ်..ဘယ်လိုယူဆထားသင့်တယ်ဆိုတာတွေလည်းတွေ့လိမ့်မယ်.. ခေတ်စနစ်ရဲ့ ဆိုးကျိုးတွေ...အဲ့ဒီအချိန်အခါက လွဲမှားနေတဲ့အယူအဆတစ်ချို့တွေ တွေ့ရလိမ့်မယ်... နောက်ပြီး Debate ရဲ့ ခမ်းနားကြီးကျယ်ခြင်းတွေကိုလည်း လေ့လာပြီးသားဖြစ်နေလိမ့်မယ်... ပြီးတော့ ဒီကားကြည့်နေစဉ်မှာ စကားလုံးတွေရဲ့ စွမ်းအားကိုသဘောကျလွန်းလို့ ခင်ဗျားဟာ ကျေနပ်ပီတိဖြစ်တဲ့အပြုံးတွေလည်း ဝေနေလိမ့်မယ်.... ဘာသာပြန်သူကတော့ Scarlett May ပဲဖြစ်ပါတယ်....   File Size : (1GB) Quality : Blu-Ray 720p Format…mp4 Duration…02:06:00 Genre : ...
7.6
IMDB: 7.6/10 52,901 votes
movie
The Great Debaters(2007)
2007
White Chicks(2004) 5.6
White Chicks(2004) White Chicks(2004) White Chick ဆိုတဲ့ ၂၀၀၄ ထွက် Crime, Comedy ဇာတ်ကားလေးနဲ့  ရယ်ကြရအောင်။ FBI အေးဂျင့် ညီအကို ၂ ယောက်ရှိတယ်...သူတို့ညီအကို ၂ ယောက်ဟာ ဒီအလုပ်ကိုတကယ်လည်း ၀ါသနာပါသလို အတတ်နိုင်ဆုံးအောင်မြင်အောင် ကြိုးစားလေ့ရှိတယ်... သို့ပေမယ့် အလွဲကြီးဆိုတဲ့စကားလုံးက သူတို့အလုပ်မှာ အမြဲကပ်ရက်ပါလေ့ရှိတယ်... ရှင်းလေရှုတ်လေဆိုတဲ့ညီအကို ၂ ယောက်ဆိုပါတော့... ဒါကြောင့်အလုပ်ကထွက်ရဖို့အကြောင်းဖန်လာတယ်... ကံကောင်းတာက သူတို့ ၂ယောက်ရဲ့ သိက္ခာကိုပြန်အဖတ်ဆယ်နိုင်မယ့် အခွင့်အရေးတစ်ခုရလာတယ်... ပြသနာတောထဲရောက်နေတဲ့ လူဖြူအမျိုးသမီးတစ်ယောက်ကို လေဆိပ်ကနေ Hamtonဆိုတဲ့နေရာကို ဘေးမသီရန်မခဘဲရောက်အောင်ပို့ပေးဖို့တာဝန်ပေးခြင်းခံရတယ်... ကဲ သူတို့ ညီအကို ၂ယောက် အောင်မြင်မလား...ဘယ်လိုအလွဲတွေဖြစ်မလဲ.... ပြန်ပေးသမားတွေရန်ကရော လွတ်အောင်ရုန်းနိုင်ပါ့မလား... ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့....   File Size : (859MB) and (375 MB) Quality : Blu-Ray 720p Format…mp4 Duration…01:49:00 Genre : Comedy.Crime Subtitle : Myanmar Subtitle (Hard Sub) Translated by d3mon Encoded by Phyo Pyae
5.6
IMDB: 5.6/10 119744 votes
movie
White Chicks(2004)
Awakenings(1990) 7.8
7.8
IMDB: 7.8/10 111,274 votes
movie
Awakenings(1990)
1990
The Tale(2018) 7.3
The Tale(2018)   The Tale (2018) IMDb....7.3              ဒီတစ်ခေါက်တော့Rating မြင့်မြင့်ဇာတ်လမ်းကောင်းလေးတွေကိုကြည့်ရှုချင်ကြတဲ့Channel Myanmar ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်တာကတော့The Tale (2018) ကားလေးပါ။Imdb Rating 7.3/10 Rotten Tomatoes 99% တောင်ရရှိထားတာပါ။HBO filmsကနေထုတ်လုပ်ရိုက်ကူးခထားတဲ့ဒီကားလေးဟာဖြစ်ရပ်မှန်တစ်ခုအပေါ်အခြေခံထားပါတယ်။Nominations တွေလဲအများကြီးဝင်ထားတာမလို့အထွေအထူးမညွှန်းတော့ပဲဇာတ်လမ်းကိုပဲညွှန်းပါတော့မယ်။               အသက်၄၈နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ဂျနီဖာဖောက်စ်ဟာအောင်မြင်တဲ့သတင်းသမား၊ပါမောက္ခတစ်ဦးဖြစ်သလိုချစ်ရတဲ့ချစ်သူနဲ့အတူတူဘဝကိုအောင်မြင်ပျော်ရွှင်စွာဖြတ်သန်းနေတဲ့အမျိုးသမီးတစ်ဦးပါ။တစ်နေ့မှာတော့မိခင်ဖြစ်သူဆီကမထင်မှတ်ပဲရောက်လာတဲ့ဖုန်းမက်ဆေ့တွေကနေဒီဇာတ်လမ်းဟာစတင်ခဲ့ပါတယ်။ဂျနီဖာအသက်၁၃နှစ်ကရေးထားခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကိုအမေဖြစ်သူကတွေ့ရှိသွားတာပါ။အဲဒီစာမှာပါတဲ့အကြောင်းအရာတွေအရငယ်စဉ်ကသူရင်းနှီးကျွမ်းဝင်ခဲ့တဲ့မစ္စဂျီနဲ့ဘီလ်ကိုပြန်ရှာဖွေဖို့အကြောင်းဖန်လာပါတော့တယ်။၁၃နှစ်အရွယ်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေဟာသူမသိလိုက်ခင်မှာပဲသူ့အပေါ်ကိုသက်ရောက်ရင်းအသက်၄၈အရွယ်ရောက်ချိန်မှာတော့ထိတ်လန့်စရာအဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့ပါပြီ။ရှာဖွေရင်းနဲ့မှသူကိုယ်တိုင်မေ့လျော့ထားခဲ့တဲ့ဇာတ်လမ်းတွေကိုမှတ်မိသိရှိလာချိန်မှာတော့သူမဘာဆက်လုပ်မယ်။ဘယ်လိုဖြေရှင်းမယ်ဆိုတာစိတ်ဝင်စားစရာပါ။ဒီကားကိုဘာကားရယ်လို့ခေါင်းစဉ်တပ်လိုက်မှာစိုးရိမ်မိတာကြောင့်အညွှန်းတောင်မရေးချင်ခဲ့ပါဘူး။မဖြစ်မနေရေးလာရတော့လဲအတတ်နိုင်ဆုံးအကျဉ်းချုံးထားတဲ့အတွက်အကျယ်တဝင့်ကိုတော့ဇာတ်လမ်းထဲမှာသာကြည့်ရှုခံစားဖို့ညွှန်းချင်ပါတယ်။ဇာတ်လမ်းနာမည်ကတော့The Tale (2018)ပါ။Channel Myanmarမှတင်ဆက်ပေးထားပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်... File Size : (1.1 GB) and (429 MB) Quality : Blu-Ray 720p, Format…mp4 Duration…01:54:00 Genre : Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Aye ...
7.3
IMDB: 7.3/10 10,281 votes
movie
The Tale(2018)
2018
Assault on Wall Street (2013) 6.1
Assault on Wall Street (2013)   Assault On Wall Street ဇာတ်ကားကတော့ Director : Uwe Boll ရိုက်ကူးထားတဲ့ Action , Crime , Thriller အမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ IMDb Rating - 6.1/10 Rotten Tomatoes - 66% ဒီဇာတ်ကားထဲမှာဆိုရင် Action မင်းသားကြီး Dominic Purcell က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ***အညွှန်း*** New York မြို့သား Jim ဆိုသောသူရဲ့မိန်းမဖြစ်သူက ကလေးမရနိုင်သည့်အပြင် ကုသရခက်ခဲသော ရောဂါပါရှိနေပါတယ်။ ထိုရောဂါကို ကုသရန် ဆေးတစ်လုံးကပင် $300လောက်ကျမည်ဖြစ်တာကြောင့် သူစုဆောင်းထားသမျှကို ပိုတိုးပွားလာအောင် စတော့ရှယ်ယာတွင် ရင်းနှီးမြုပ်နှံလိုက်ပါတယ်။ သို့သော် စတော့ရှယ်ယာတစ်ခုလုံးပျက်သွားတာကြောင့် ပိုက်ဆံတွေအကုန်ဆုံးရှုံးကုန်ပါတယ်။ အလိမ်ခံရတယ်ဆိုတာသိတာကြောင့် ရှေ့နေ၊ရဲစခန်း၊စသည်တို့ကို သွားခဲ့သော်လည်း သူ့အတွက်ဘာမှမလုပ်ပေးခဲ့ပေ။ ထိုနေ့မှာပဲ သူ့မိန်းမဖြစ်သူက သူ့အတွက်နှင့် သူယောကျာ်းပိုက်ဆံတွေထပ်ကုန်ပြီး စိတ်သောကရောက်နေမှာ စိုးတာကြောင့် ကိုယ့်ကိုကိုယ်သတ်သေလိုက်ပါတယ်။ အရာရာကို ဆုံးရှုံးခဲ့ရပြီးနောက် Jimတစ်ယောက် သူ့ရဲ့ဆုံးရှုံးမှု့တွေအတွက် ဘယ်သူတွေ ဘယ်လို ပြန်ပေးဆပ်စေမလဲဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှု့စားကြပါတော့...။   File size…(900 MB) and (400 MB) Quality…BR-Rip 720p IMDb Rating... 6.1/10 Format…mp4 Duration….01:38:55 Type...Action,Crime,Thriller Subtitle….Myanmar Subtitle (Hardsub) Translated by TEAM Encoded by Naing Aung Latt
6.1
IMDB: 6.1/10 18,829 votes
movie
Assault on Wall Street (2013)
2013
Blu-Ray 720p
A Perfect Ending (2012) 5.9
A Perfect Ending (2012) A Perfect Ending ဇာတ်ကားကတော့ 2012ခုနှစ်မှာ DirectorးWriter : Nicole Conn ရိုက်ကူးထားတဲ့ 18+ ဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။   ဒီဇာတ်ကားထဲမှာဆိုရင်တော့ မင်းသမီး Barbara Niven,Jessica Clark တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။   အိမ်ထောင်ရေးတစ်ခုမှာ အချစ် သံယောဇဉ် သစ္စာတရားတို့က အရေးကြီးသလို လိင်ကိစ္စကလည်း အနည်းနဲ့အများတော့ အရေးပါ ပါတယ်။ လိင်ဆက်ဆံသူနှစ်ဦးမှာ တစ်ဦးကသားဆန္ဒပြီးမြောက်ပြီး ကျန်တစ်ဦးက မပြီးမြောက်စေခဲ့တာဟာ အချိန်ကြာလာတာနဲ့အမျှ အိမ်ထောင်ရေးဖောက်ပြန်မှု့ကို အနည်းငယ် လှုံ့ဆော်မှု့ပေးစေပါတယ်။   ဒီဇာတ်ကားထဲမှာဆိုရင်တော့ အသက်40ကျော်အရွယ် ကလေးများနှင့်အမေဟာ သူ့ဘ၀သက်တမ်းတစ်လျောက်မှာ တစ်ခါမှတောင် ဆန္ဒမပြီးမြောက်ခဲ့ဖူးပါဘူး။ ဒါကြောင့် သူဟာ အသက်40 အရွယ်ရောက်တာတောင် ဆန္ဒပြီးမြောက်ခြင်းအရသာကို မခံစားဖူးတာကြောင့် ယောကျာင်္းအပေါ်သစ္စာဖောက်ခြင်းလည်းမဖြစ်အောင် မိန်းမလိင်ဆက်ဆံဖော်ကို ငြားခဲ့ပါတယ်။ ဒါပေမယ့် သူ့ငြားခဲ့တဲ့ လိင်ဆက်ဆံဖော်က သူ့ထက်အသက်အများကြီးငယ်တဲ့သူ ဖြစ်နေတဲ့အခါမှာတော့ ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ ဇာတ်ကားလေးထဲမှာ ရှု့စားကြပါတော့.....။   ဒီဇာတ်ကားကို 18+အနေနဲ့မဟုတ်ဘဲ အိမ်ထောင်ရေးတစ်ခုအကြောင်းကို နားလည်သဘောပေါက်စေရန် တင်ဆက်ထားခြင်းဖြစ်ပါတယ်။   ဒီဇာတ်ကားကတော့ IMDb rating 5.8 ရရှိထားတဲ့ Drama,Romance ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။   File size…(999 MB) and (420 MB) Quality…BR-Rip 1080p Format…mp4 Duration….01:50:25 Subtitle….Myanmar Subtitle (Hardsub) Encoded by Naing Aung Latt
5.9
IMDB: 5.9/10 3,081 votes
movie
A Perfect Ending (2012)
2012
Big (1988) 7.3
Big (1988) Big (1988) IMDb (7.3)......Rotten Tomatoes (93%) ၁၉၈၈ ခုနှစ်မှာ မင်းသားကြီး Tom Hanks ဟာ အသက် ၃၂ နှစ်ပဲ ရှိပါသေးတယ်။ မင်းသားကြီးလည်း မဖြစ်သေးပါဘူး။ Big ဟာ Tom Hanks ကို အခုလို စူပါမင်းသားဖြစ်လာအောင် တွန်းပို့ပေးလိုက်တယ်ပြောလို့ရပါတယ်။ ဇာတ်လမ်းက ရှင်းရှင်းလေးပါပဲ။ ကျနော်တို့ ကလေး ဘဝတုန်းက လူတိုင်းလိုလို ခံစားဖူးခဲ့ကြတဲ့ "လူကြီးဖြစ်ချင်တယ်" ဆိုတဲ့ ခံစားချက်လေး အပေါ်မှာ ရေးဖွဲ့ထားတယ်။ ၁၃ နှစ်အရွယ်ကောင်လေးတစ်ယောက် ကလေးဘဝမှာ မနေချင်တော့ဘဲ လူကြီးဖြစ်ချင်တယ်ဆိုတဲ့ ဆုတောင်းလေးပြည့် သွားပြီး နေ့ခြင်းညခြင်းပဲ အသက် ၃၀ အရွယ် လူကြီးကြီး ဖြစ်လာတယ်။ ခန္ဓာကိုယ်ကသာ လူကြီး ဖြစ်လာပေမယ့် စိတ်ကတော့ ၁၃ နှစ်ပဲရှိသေးတာပေါ့။ ဒါပေမယ့် လူကြီးဘဝ ဟာ ထင်ထားသလို မဟုတ်ပဲ စိတ်ညစ်စရာတွေလည်းတွေ့လာ တော့ ...
7.3
IMDB: 7.3/10 167,976 votes
movie
Big (1988)
1988