Channel Myanmar

John King

Red, White & Royal Blue (2023) 7.8
Red, White & Royal Blue (2023) Red, White, and Royal Blue (2023)2019 မှာ Casey McQuiston ရဲ့ Red, White, and Royal Blue ဝတ္ထုထွက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်ထဲက ရုပ်ရှင်အဖြစ်အသက်သွင်းဖို့ LGBTQ+ တွေ ပရိသတ်တွေအားလုံး အစောင့်စားရဆုံးဇာတ်လမ်းတွေထဲမှာ ဒီ Red, White, and Royal Blue ပါဝင်ခဲ့ပါတယ်။LGBTQ+ တွေရဲ့အချစ်ရေးက မဖြောင့်ဖြူးပါဘူး၊ လူတွေရဲ့ဝေဖန်မှုတွေကို သာမန်ထက်ပိုခံရပါတယ်ဆိုမှ ဒီအချစ်ရေးမှာပါဝင်နေသူတွေကသာ တကယ့်ထိပ်ခေါင်တွေဖြစ်နေကြရင်ရော။ သူတို့ကတော့ အမေရိကန်သမ္မတရဲ့သား အဲလက်စ်နဲ့ အင်္ဂလန်ရဲ့တော်ဝင်မင်းသား ဟင်နရီတို့ပါပဲ။ အဲလက်စ်က သမ္မတသားဆိုတော့ သူ့အမေပုံရိပ်အတွက် လိုအပ်တဲ့ပွဲတွေတက်၊ ဓာတ်ပုံတွေအရိုက်ခံပေါ့။ ဒါပေမဲ့သူကတကယ်တမ်းတော့ သူ့အမေအတွက်ကမ်ပိန်းမှာ အိုင်ဒီယာတွေပေး နိုင်ငံရေးကိုလေးလေးနက်နက်ပါဝင်ချင်တာပါ။ မင်းသားဟင်နရီကျတော့ တစ်မျိုး။ သူကတော်ဝင်ဘဝကြီးမှာ မွန်းကျပ် ငြီးငွေ့နေတာ။ သူတို့စိတ်နေစိတ်ထားတွေက တော်တော်တူပေမယ့်လဲ နားလည်မှုလွဲနေတာလေးတစ်ခုကြောင့် တစ်ယောက်ကိုတစ်ယောက် တစ်စက်မှကြည့်မရကြပါဘူး။ ဒါပေမဲ့ ဒီနှစ်ယောက််််သား နိုင်ငံရေးအရချစ်ကြည်မှုပြရင်း ခင်မင်မှုတွေချစ်ခြင်းတွေ တည်ဆောက်သွားတာကို တစ်ဆင့်ချင်းမြင်ကြရမှာပါ။ ဒီကားရဲ့ အကောင်းဆုံးအပိုင်းဆိုရင် Chemistry မိလွန်းတဲ့ မင်းသားနှစ်ယောက်လို့ပြောရမှာပဲ။ ရန်ဖြစ်စကားနိုင်လုချိန်မှာလဲ ...
movie

Red, White & Royal Blue (2023)

2023
Devotion (2023) 7
Devotion (2023) Devotion (2023)ဖြစ်ရပ်မှန်အခြေခံ စစ်ကားနောက်တစ်ကား လာပါပြီ။ Top Gun, Midway စတိုင် လေကြောင်းစစ်ပွဲကားပါပဲ။ စစ်ကားကောင်းတွေကလည်း ထွက်ဖို့ရှားတတ်ပြီး ပထမကမ္ဘာစစ် ဒုတိယကမ္ဘာစစ်တွေကလည်း ရိုက်စရာဇာတ်လမ်းကုန်နေပြီမို့ အက်မင်ဆိုတတိယကမ္ဘာစစ်တောင် မျှော်နေပါပြီ။ ဒီစစ်ကားကတော့ ကောင်းပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးတိုက်ပွဲကာလ၊ တောင်-မြောက်ကိုရီးယားနယ်စပ်တိုက်ပွဲမှာ ဝင်တိုက်ခဲ့တဲ့အမေရိကန်ရေတပ်လေယာဉ်မှူးတွေအကြောင်းပဲဖြစ်ပါတယ်။ သူရဲကောင်းဆုတွေရခဲ့ပြီး ယနေ့ထိ ထင်ရှားဆဲ လေယာဉ်မှူးတစ်ယောက်အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဒုတိယကမ္ဘာစစ်အပြီး စစ်ပွဲမတွေ့ဖူးတော့ဘဲ ကင်းထောက်ပျံလိုက် လေ့ကျင့်လိုက်လုပ်နေတဲ့ တိုက်လေယာဉ်အုပ်-၃၂ မှာ တစ်ဦးတည်းသော လူမည်းပိုင်းလော့ဖြစ်တဲ့ ဂျက်ဆီဘရောင်းလည်းပါဝင်ပါတယ်။ သူရဲ့ သူငယ်ချင်းကောင်းကတော့ တွမ် ဟက်ဒ်နာလို့ခေါ်တဲ့ ဗိုလ်လေးပဲဖြစ်ပါတယ်။ သူတို့တွေဟာ လေ့ကျင့်တဲ့အဆင့်ကနေ တောင်မြောက်ကိုရီးယားနယ်စပ်မှာဖြစ်လာတဲ့ စစ်ပွဲကို ကူညီဖို့အတွက် လေယာဉ်တင်သင်္ဘောတစ်စင်းနဲ့ ထွက်လာပြီးလေကြောင်းတိုက်ပွဲတွေဆင်နွှဲရပုံတွေကို ပြသထားတာပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, War Quality…. 1080p | 720p | 480p File size…2.1GB | 1GB | 491MB Format… mp4 Duration…. 2h 19min Subtitle…. Myanmar Subtitle ...
movie

Devotion (2023)

2023