Channel Myanmar

John Leguizamo

Ice Age: A Mammoth Christmas (2011) 6.4
Ice Age: A Mammoth Christmas (2011) ဒီဇာတ်လမ်း​လေးက Ice ageရဲ့ခရစ္စမတ်အထူး ဇာတ်လမ်းတို​လေး ဖြစ်ပြီး ၂၀၁၁ခုနှစ်က ထွက်ရှိခဲ့တာပါ။ Ice Age 3 ပြီးတဲ့ကာလကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပြီး မန်နီနဲ့ အယ်လီတို့ရဲ့သမီး ပိချက်စ် စတင်ပါဝင်လာတဲ့ ဇာတ်လမ်း​လေးပါ။ခရစ္စမတ်အတွက် မန်နီတို့တ​တွေ ပြင်ဆင်​နေကြချိန် ထုံးစံအတိုင်း ဆစ်ဒ်​ကြောင့် ပြင်ဆင်ထားတာ​တွေ အကုန်ပျက်စီးသွားလို့ မန်နီက ​ဒေါသထွက်ပြီး ဆန်တာက​​လော့စ်ရဲ့ ခရစ္စမတ် လူဆိုးစာရင်းထဲမှာ ဆစ်ဒ်ပါသွားပြီဖြစ်​ကြောင်း ​ခြောက်လိုက်တာကို ဆစ်ဒ်ကတကယ် ထင်မှတ်ပြီး ​မြောက်ဝင်ရိုးစွန်းအထိသွားကာ ဆန်တာက​လော့စ်ကို ရှာဖို့ လုပ်ပါ​တော့တယ်။သူနဲ့အတူတူ ပိချက်စ်​အပြင် အက်ဒီနဲ့ ခရက်ပါ ပါသွားတာ​ကြောင့် မလွဲရရင် မ​နေနိုင်တဲ့ ဆစ်ဒ်ကို​ကြောက်တဲ့ မန်နီတို့တ​တွေပါ သူတို့ ​လေး​ယောက်ကို လိုက်ရှာရပါ​တယ်။ ​သူတို့ရဲ့ ဆန်တာရှာပုံ​တော်မှာ ဘယ်လိုအလွဲ​တွေ ဖြစ်ဦးမလဲဆိုတာ မိသားစုနဲ့အတူ ဒီပိတ်ရက်မှာ အပန်း​ဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်​ပေးလိုက်ပါတယ်။  File size…  655 MB Quality… Web-DL 1080p Format… mp4 Duration…. 26m Genre .....  Animation , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit ...
movie

Ice Age: A Mammoth Christmas (2011)

2011
Ice Age (2002) 7.5
Ice Age (2002) ဒီကားဟာ Ice Age franchiseရဲ့ ပထမဆုံးဇာတ်ကား ဖြစ်သလိုကျွန်​တော်တို့ ချစ်ရတဲ့ ဇာတ်​ကောင်​တွေကို ပထမဆုံး မြင်ဖူးခဲ့တဲ့Animationလည်း ဖြစ်ပါတယ်။ မန်နီ၊ ဒီ​ယေဂို၊ ဆစ်ဒ​နေ ​ဘော်ဒါသုံး​​ယောက်ဟာ အဖွဲ့မဖြစ်သေးပါဘူး။သူတို့ကိုဆုံ​စေခဲ့တဲ့ အဓိကအ​ကြောင်းရင်းက​တော့က​လေးတစ်​ယောက်ပါပဲ။ဒီ​ယေဂိုရဲ့ ကျားအုပ်က လူ​သားတွေကို တိုက်ခိုက်ရင်း ထွက်​ပြေးလွတ်​မြောက်လာတဲ့ မိခင်တစ်​ယောက်နဲ့ က​​လေးတစ်​ယောက်ကဆစ်ဒ် မန်နီတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့ပြီး မိခင်ဆုံးပြီး​နောက်ကျန်ခဲ့တဲ့ လူမမယ်က​လေး​​လေးကို သူ့ဖခင်လူသား​တွေဆီ ပြန်ပို့​ပေးဖို့က မန်နီတို့ရဲ့တာဝန် ဖြစ်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်းဒီ​ယေဂိုရဲ့ခေါင်း​ဆောင်ကျားက အဲဒီက​လေးကို အရှင်လတ်လတ်ပြန်ဖမ်း​ခေါ်လာဖို့ အမိန့်​ပေးထားလို့ ဒီ​ယေဂိုအ​နေနဲ့ မန်နီနဲ့ ဆစ်ဒနီ၂​​ကောင်ကြား ဝင်​ရောဖို့ ကြိုးစားရင်း အလွဲလွဲအ​ချော်​ချော်​​တွေ၊ပဋိပက္ခ​တွေ ​ပေါင်းစုံနဲ့ ဗရုတ်သုက်ခအဖွဲ့ကြီးရဲ့ မဟာစွန့်စားခန်းစတင်ခဲ့ပါ​တော့တယ်။  File size…  4.2 GB / 1.6 GB /  837 MB Quality… Web-DL  4K HDR /  1080p / 720p Format… ...
movie

Ice Age (2002)

2002
4K HEVCHDR
Ice Age: The Meltdown (2006) 6.8
Ice Age: The Meltdown (2006) ဒီဇာတ်ကားက Ice age franchiseရဲ့ ဒုတိယဇာတ်ကား ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားက ဆင်ကြီးမန်နီရဲ့ emotional damageကို အဓိကဦးတည်ထားတာပဲ ဖြစ်ပါတယ်၊ အ​မွေးရှည် မန်းမွန့်ဆင်မျိုးစိတ်ထဲမှာ သူသာကျန်ခဲ့​တော့တယ်လို့ ယုံကြည်ထားတဲ့ ဆင်ကြီးမန်နီဟာ အထီးကျန်​ဝေဒနာကို ခံစားခဲ့ရ သလို သူငယ်ချင်း​တွေဖြစ်တဲ့ ဒီ​ယေဂိုနဲ့ ဆစ်ဒ်တို့ဟာလည်း သူ့ကို မ​ဖျောင်းဖြနိုင်ခဲ့ပါဘူး။အဲဒီအချိန်မှာ မန်နီ့ဘဝရဲ့ကံ​ကောင်းမှုအဖြစ် အယ်လီဆိုတဲ့မျိုးတူ ဆင်မ​လေးတစ်​ကောင်ဟာ သူ့ဘဝထဲကို ​ဆိုက်ဆိုက်မြိုက်မြိုက်ပဲ ​ရောက်လာခဲ့ပါတယ်။ ဖြစ်ချင်​တော့ အယ်လီက ငယ်ဘဝမှာထဲက မိဘ​တွေနဲ့ သင်းကွဲပြီး ကြွက်​မိသားစုရဲ့ ပျိုး​ထောင်မှု​​ကို ခံခဲ့ရလို့ သူ့ကိုယ်သူ ကြွက်လို့ထင်​​နေတာပဲ ဖြစ်ပြီး အက်ဒီနဲ့ ခရက်ရှ်ဆိုတဲ့ ​မောင်နှစ်​ယောက်ပါ ရှိ​နေပါ​သေးတယ်။ဒါ​ကြောင့် ဆင်ကြီးမန်နီအ​နေနဲ့ အယ်လီကို လူပျိုမလှည့်ခင် သူ့ရဲ့ ဘဝမှန်ကို အရင်သိ​အောင် ​​ရှင်းပြရသလို သူ့​မောင်နှစ်​ကောင်ကို စည်းရုံး​ရေးဆင်းရင်း ကြုံရမယ့်အလွဲ​​အမှားတွေကို ဟာသ​နှောပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ File size…  5.9 GB / 2.1 GB /  1 GB Quality… Web-DL  4K HDR ...
movie

Ice Age: The Meltdown (2006)

2006
4K HEVCHDR
Ice Age: Dawn of the Dinosaurs (2009) 6.9
Ice Age: Dawn of the Dinosaurs (2009) ဒီဇာတ်ကားက Ice age franchiseရဲ့ တတိယဇာတ်ကား ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီကားရဲ့အဓိကဇာတ်​ဆောင်က အချစ်​တော် ဆ​လော့တ် ဆစ်ဒနီပဲဖြစ်ပါတယ်။ ကမ္ဘာဦး​ရေခဲ​ခေတ် မှာ သူတို့မသိထားတဲ့ ​မြေ​အောက်ကမ္ဘာတစ်ခု ရှိ​နေခဲ့ပြီး တစ်​နေ့မှာ အဲဒီကမ္ဘာကို သွားတဲ့ဝင်​ပေါက်တစ်ခုကို ဆစ်ဒ်က ကံ​အား​လျော်စွာ ရှာ​တွေ့သွားခဲ့ပါတယ်။ မိသားစုရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ဆစ်ဒ်ဟာ သူငယ်ချင်း မန်နီရဲ့မိသားစုဘဝကို အားကျ​တာ​ကြောင့် ကိုယ်ပိုင် မိသားစုတစ်ခုကို လိုချင်​နေခဲ့တာပါ။ ဒါ​ကြောင့် မြေ​အောက်ကမ္ဘာ မှာ​ ​တွေ့ခဲ့တဲ့ဥသုံးလုံးကို ဘူမသိကိုးမသိ ​မြေ​ပေါ်ကမ္ဘာကိုယူလာပြီး သူ့က​လေး​တွေလို ​ပျိုး​ထောင်ဖို့ လုပ်ခဲ့ပါတယ်။ဖြစ်ချင်​တော့ အဲဒီဥ​တွေဟာ ဒိုင်နို​ဆောဥ​တွေဖြစ်​နေပြီး မိခင်ရင်း ဖြစ်သူ ဒိုင်နို​ဆောမကြီးက ​မြေ​ပေါ်အထိ တက်လာပြီး သူ့က​လေး​ ​တွေကို ပြန်လာ​ခေါ်ရင်း ဥ​တွေကိုယူသွားတဲ့ ဆစ်ဒ်ကိုပါ ဖမ်းသွား လို့ မန်နီ ဒီ​ယေဂိုနဲ့ ကိုယ်ဝန်အရင့်အမာကြီး ဖြစ်​နေတဲ့ အယ်လီတို့ တစ်သိုက်ခမျာ သူတို့မကျွမ်းဝင်တဲ့ ​မြေ​အောက် ဒိုင်နို​ဆောကမ္ဘာ အထိလိုက်ပြီး ဆစ်ဒ်ကိုကယ်ဖို့ ကြိုးစားရပါ​တော့တယ်။ File size…    7.3 GB /   2.4 GB ...
movie

Ice Age: Dawn of the Dinosaurs (2009)

2009
4K HEVCHDR
Ice Age: Continental Drift (2012) 6.5
Ice Age: Continental Drift (2012) ဒီဇာတ်ကားက Ice age franchiseရဲ့ စတုတ္ထဇာတ်ကား ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းကြီးတစ်ခုလုံးမှာ အစကတည်းက ပါဝင်ခဲ့တဲ့ ဝက်သစ်ချသီးကိုမှ အရူးအမူးစွဲလမ်း ​နေတဲ့ ရှဉ့်​လေး​ကြောင့်ပဲ ဒီဇာတ်လမ်း မြစ်ဖျားခံလာခဲ့တယ်လို့ ​ပြောရမှာပါပဲ။ အမြဲတမ်း ကိုရီးယားကားလိုမျိုး တေ့လွဲလွဲ​နေတဲ့ ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း အဆိုပါရှဉ့်ဟာ ကမ္ဘာ့ဗဟိုချက် အူတိုင်ထဲကို ​ကျသွားပြီး သူ့ရဲ့ဂယက်​ကြောင့်ပဲ ကမ္ဘာဦး​ခေတ်ရဲ့ ကုန်း​မြေ​တွေ တစ်စစီပြိုကွဲသွားကာ ယ​နေ့​ခေတ် တိုက်ကြီး၇ခုရဲ့ ကနဦးဗားရှင်း​​တွေ ဖြစ်လာခဲ့ပါတယ်။ဒီသက်​ရောက်မှုကို အဓိကခံခဲ့ရတာက ​ကမ္ဘာပေါ်က တိရစ္ဆာန်​တွေ ဖြစ်ပြီး ​မြေလွှာပြတ်​ရွေ့မှု​တွေ​ကြောင့် ​​နေရပ်​ဌာနတွေ ပျက်စီးကာ မိသားစုပြိုကွဲမှု​တွေ ကြုံခဲ့ရပါတယ်။ အဲဒီထဲမှာ ဇာတ်လိုက်​ကျော် မန်နီတို့ မိသားစုလည်း ပါဝင်ခဲ့ပြီး ဇနီးအယ်လီ၊သမီးပိချက်စ်တို့ရဲ့ အ​ဝေးကိုရောက်သွားခဲ့တာ​ကြောင့် မိသားစုဆီပြန်ဖို့ မန်နီတို့အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှု​တွေ၊ ခရီးမှာကြုံရတဲ့ ဓါးပြ​အဖွဲ့ရဲ့ အန္တရာယ် ​တွေကို ​ကျော်ဖြတ်ဖို့ကြိုးစားမှု​တွေကို မြင်​တွေ့ရမှာပါ။ ဒီကားမှာ character အသစ်​တွေအဖြစ် ဒီ​ယေဂိုရဲ့ချစ်သူဖြစ်လာမယ့် ရှီရာ ဆိုတဲ့ ကျားမ​လေးနဲ့ ဆစ်ဒနီရဲ့ အဘွားဖြစ်သူပါ ပါလာတာ​ကြောင့် အလွဲအ​ချော်​တွေ၊ဟာသ​တွေနဲ့ Ice age​တွေရဲ့အရသာ မပျက်တဲ့ Animationဇာတ်ကား​ကောင်းပဲ ဖြစ်ပါတယ်။ File size…  ...
movie

Ice Age: Continental Drift (2012)

2012
4K HEVCHDR
Ice Age: Collision Course (2016) 5.7
Ice Age: Collision Course (2016) ဒီဇာတ်ကားက Ice age franchiseရဲ့ ပဥ္ဇမဇာတ်ကား ဖြစ်သလို ​နောက်ဆုံးဇာတ်ကားလည်း ဖြစ်ပြီး ၂၀၁၆နှစ်မှာ ထွက်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကလက်သည်ကလည်း ထုံးစံအတိုင်း ရှဉ့်​​လေး ဖြစ်ခဲ့ပြီး ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း ပန်းကန်ပြားပျံတစ်စင်း ​တွေ့ကာ အာကာသထဲ​ရောက်သွားရမှတဆင့် ဒီဇာတ်လမ်း စခဲ့ပါ တယ်။ သူ့ရဲ့ဂယက်​တွေ​ကြောင့်ပဲ ကမ္ဘာ​ပေါ်ကို ဥက္ကာခဲကြီးတစ်ခု ပြုတ်ကျလာပြီး အဲဒီဥက္ကာခဲက​နေတဆင့် ​​နောက်ထပ်ဥက္ကာခဲ​​တွေ တစ်လုံးပြီး တစ်လုံး ဆင့်ကျလာရင်း ကမ္ဘာပျက်မယ့်အ​ရေးအထိ ကြုံလာရပါ​တော့တယ်။ဒါ​ကြောင့် မန်နီ ဆစ် ဒီ​ယေဂိုတို့ သူငယ်ချင်း​တွေနဲ့ မိသားစုဝင်​တွေ Ice Age 3မှာ ပါဝင်ခဲ့တဲ့ ဘက်ခ်တို့ပါ ပြန်လည်ပါဝင်လာပြီး ကမ္ဘာ ပျက်မယ့်အ​ရေးကို ကာကွယ်ဖို့ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း မန်နီရဲ့သမီး​လေးပိချက်စ်မှာ ချစ်ရတဲ့သူရှိလာပြီး တစ်အိုးတစ်အိမ် ​ထူ​ထောင်ဖို့ ကြိုးစားလာတာ​ကြောင့် သမီးကို တုန်​နေ​အောင်ချစ်တဲ့ ဆင်ကြီးမန်နီခမျာ သမီးကိုလက်မလွှတ်နိုင်၊ နှ​မြောလည်းနှ​မြောပြီး သမီးဖြစ်သူရဲ့ ချစ်သူ သမက်​လောင်းကို ဘုကလန့်တိုက်ပုံ​တွေက အ​တော်​လေးရယ်ရပါတယ်။ ငယ်စဉ်ကတည်းက ကြည့်လာခဲ့ရတဲ့ Ice ageဆိုတဲ့အရသာကို sequel​တွေရဲ့ထုံးစံအတိုင်း အပြည့်အဝ မရနိုင်​ပေမဲ့ franchiseကြီးတစ်ခုလုံးကို အ​ကောင်းဆုံး ပိတ်သိမ်း ​ပေးနိုင်ခဲ့တဲ့၊ ကျွန်​တော်တို့ချစ်ခဲ့ရတဲ့ ဇာတ်​ကောင်​တွေကို ...
movie

Ice Age: Collision Course (2016)

2016
4K HEVCHDR
Die Hard 2 (1990) 7.2
Die Hard 2 (1990) ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie

Die Hard 2 (1990)

1990
4K HEVC
Kick-Ass 2 (2013) 6.5
Kick-Ass 2 (2013) Kick-Ass 2 (2013)IMDb Rating (6.5) / Rotten Tomatoes (32%)ဒီ Hero ကားလေးကတော့ ၂၀၁၀ က ထွက်ရှိခဲ့တဲ့ Kick Ass ရုပ်ရှင်ဇာတ်ကားရဲ့အဆက်အနေနဲ့ ၃ နှစ်အကြာမှာထပ်မံထွက်ရှိလာတဲ့ Kick Ass 2 ပဲဖြစ်ပါတယ်...ဇာတ်လမ်းကလဲ ဆက်စပ်ပြီးတော့ Kick Ass 2 ရဲ့အဓိကဗီလိန်ကတော့ Kick Ass 1 မှာ ပါဝင်ခဲ့တဲ့ Red Mist ဟာ Mother Fucker ဆိုတဲ့ နာမည်အဆန်းကြီးနဲ့ ပြန်လည်မွေးဖွားလာလို့ပါပဲ... (သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ...ဘာလို့လဲဆိုတော့ သူ့အမေကို မတော်တဆသတ်မိလိုက်လို့တဲ့ဗျာ....) သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်... သူ့အဖေကို ဘစူကာကြီးနဲ့မညှာမတာပစ်သတ်ခဲ့တဲ့ Kick Ass ကို မသေမချင်းပြန်သတ်ဖို့ပါပဲ... ဒါကြောင့် ကြေးစားလူမိုက်တွေအကုန်လိုက်စုစည်းပြီးတော့ အကြီးမားဆုံးရာဇဝတ်မှု့ကို ကျူးလွန်ကြတော့မှာပါ...ဒီ Kick Ass 2 မှာထူးခြားလာတာကတော့ Kick Ass တစ်ယောက်တည်း မျက်နှာဖုံးနဲ့မဟုတ်တော့ပါဘူး... Kick Ass 1 မှာကတည်းက Kick Ass ကိုသဘောကျထောက်ခံတဲ့လူတွေအများစုက သူ့တို့ကိုယ်တိုင်လည်းမျက်နှာဖုံးတွေဝတ်ပြီးတော့ မကောင်းမှုတွေကို လိုက်လံရှာဖွေနေကြတာကိုမြင်ရတော့မှာပါ... သူတို့ဟာ ဘာအစွမ်းအစမှမရှိပါဘူး...ဒါပေမယ့် ...
movie

Kick-Ass 2 (2013)

2013
4K HEVCHDR
Sisters (2015) 6.0
Sisters (2015) IMDB 6/10Rotten tomatoes 60% Mean Girls, Baby Mama တို့လိုဇာတ်ကားကြီးတွေတင်မကပဲOscars, Emmys, Golden Globesတို့လို ဆုပေးပွဲကြီးတွေမှာပါစင်ပေါ်တက်‌ပြောင် Hostလုပ်နေကြ Hollywood ရဲ့ အတွဲအညီဆုံးဟာသမင်းသမီးနှစ်‌ယောက်ဖြစ်တဲ့Tina Fey နဲ့ Amy Poehler တို့ရဲ့နောက်ထပ်ဟာသဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။Tina တဖြစ်လဲ ကိတ်ကတော့ အဲလစ်စ်ညီအစ်မမှာ အမဖြစ်တဲ့သူပေါ့။သမီးတယောက်ရှိနေတာတောင်မှ ဘာအသိတရားမှမ၀င် အလုပ်ကလည်းမမြဲဘ၀ကိုခပ်ပေါ့ပေါ့ပဲဖြတ်သန်းနေတဲ့သူ။ Amyတဖြစ်လဲ ‌မော်ရာကကြတော့ ညီမဖြစ်တဲ့သူကိုမှ အရမ်းစိုးရိမ်တတ် သူတပါးအလိုကိုပဲလိုက်တတ်တဲ့သူ။ အမဖြစ်သူ ကိတ်ရဲ့ ပြဿနာပေါင်းစုံကို နောက်ကလိုက်ရှင်းပေးရတာလည်းသူပါပဲ။ ဒီလိုနဲ့ပဲ တနေ့မှာ ကလေးဘ၀တုံးကအိမ်ကြီးကို မိဘတွေကမရောင်းခင် နောက်ဆုံးနှုတ်ဆက်တဲ့ပါတီတခုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတဲ့အချိန် ညီအစ်မနှစ်ယောက် ဘယ်လိုမျိုး တလွဲတွေဖြစ်ကြဦးမှာလဲ။ ဘယ်လိုပြဿနာတွေဖြစ်ကြဦးမှာလဲ။အဆုံးမှာ ညီအစ်မနှစ်ယောက်အတွက်မေ့‌မရတဲ့ ပါတီတခုဖြစ်ခဲ့မလားဆိုတာကို ရယ်မောခံစားရင်း ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။Maya Rudolph လိုမျိုးမင်းသမီးကြီးကလည်း ဒီဇာတ်ကားမှာ ၀င်ရောက်အားဖြည့်ပေးထားပြီးတော့ Tina နဲ့Amyတို့ရဲ့နောက်ထပ် တွဲချက်ညီညီ ပြက်လုံးတွေ သရုပ်ဆောင်မှုတွေကို CMပရိတ်သတ်ကြီးကလည်း ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ File size…  2.3 GB /  1.7 GB Quality… BluRay 1080p / ...
movie

Sisters (2015)

2015
Righteous Kill (2008) 6.0
Righteous Kill (2008)    IMDB 6/10 ရရှိထားပြီး Al Pacino (The Godfather)နဲ့ Robert De Niro (Midnight Run) ဆိုတဲ့ မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Crime/Drama/Action အမျိုးအစား ကားလေးဖြစ်ပါတယ်။နယူးယော့ခ်ရဲဌာနက ဝါရင့်စုံထောက်ကြီးနှစ်ယောက်က အလုပ်လုပ်ရာမှာ တွဲဖက်ညီလှပြီး လုပ်သက်လည်းကြာမြင့်လှပြီဖြစ်လို့ အမှုလိုက်ရမှာ ကျွမ်းကျင်လှတဲ့သူနှစ်ဦးဖြစ်ပါတယ်။တစ်နေ့မှာတော့ မူးယစ်ဆေးအမှုတစ်ခုကို လိုက်ရင်း သံသယတရားခံကို စိတ်မထိန်းနိုင်ဘဲ ကိုယ်ထိလက်ရောက် ကန်ကျောက်မိရာကနေ သေနတ်ကိုင်ဖို့ သင့်မသင့် စိတ်ရောဂါကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရတဲ့အဆင့် ရောက်သွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ကွင်းဆက်လူသတ်မှုလို့ ယူဆရတဲ့ အမှုတွေ ပေါ်လာခဲ့တာမို့ တခြား လူငယ်စုံထောက်လေးနှစ်ယောက်နဲ့ အပြိုင် အမှုလိုက်ဖို့ဖြစ်လာတာ့တာပေါ့လေ။တခြားအမှုတွေနဲ့ မတူဘဲ ဒီကွင်းဆက်လူသတ်မှုရဲ့ ထူးခြားချက်ကတော့ တရားခံက လူသတ်ပြီးတိုင်း ကဗျာတစ်ပုဒ်ချန်သွားလေ့ရှိပြီး အသတ်ခံရသူတိုင်းကလည်း တရားဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး လွတ်သွားတဲ့ မကောင်းတဲ့ကောင်တွေဖြစ်နေတာပါပဲ။ ထူးခြားတဲ့ကွင်းဆက်လူသတ်မှုတွေကို ကြိုးစားစုံစမ်းကြရင်း အမှုကရုပ်လုံးပေါ်လာချိန်မှာတော့...တရားခံဘယ်သူလဲ.. ဘာလို့သတ်တာလဲ.. တရားခံကိုရော ...
movie

Righteous Kill (2008)

Titan A.E. (2000) 6.6
Titan A.E. (2000) Titan A.E. (2000)~ IMDb - 6.6/10, Rotten Tomatoes - 50% ~အဟောင်းထဲက ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Matt Damon နဲ့ Drew Barrymore တို့လို နာမည်ကြီးတွေ အသံသရုပ်ဆောင်ထားတဲ့ Animation ဇာတ်ကားကောင်းတစ်ခုပေါ့။ဂလက်ဆီ တစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့ ဒရက်ဂ်ျ ဆိုတဲ့ မျိုးနွယ်စုကြီးတစ်ခု ရှိပါတယ်။ 3028 ခုနှစ်မှာတော့ ကမ္ဘာမြေမှာ အရမ်းကို စွမ်းအားကြီးတဲ့ တိုက်တန် ပရောဂျက်တစ်ခုကို လူသားမျိုးနွယ်တွေ ပြင်ဆင်ထားခဲ့ပါတယ်။ ဒရက်ဂ်ျတွေဟာ ဒီတိုက်တန်ပရောဂျက်ကို တားဆီးဖို့အတွက် လူသားမျိုးနွယ်ကို မျိုးသုဉ်းဖျက်ဆီးပြီး ကမ္ဘာမြေကို ဖောက်ခွဲပစ်ခဲ့ပါတယ်။ တိုက်တန်ပရောဂျက်ရဲ့ အဓိက ခေါင်းဆောင် ဆမ်ဟာ လူမမယ်‌သားလေး ကေးလ်ကိုတော့ လွတ်မြောက်ရေးယာဉ်ထဲ ထည့်ပေးလိုက်ပြီး သူကတော့ ဒရက်ဂ်ျတွေနဲ့ ရင်ဆိုင်ခဲ့ပါတယ်။နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ အနည်းငယ်သာ ကျန်ရှိတော့တဲ့ လူသားမျိုးနွယ်စု ဆက်လက်ရှင်သန်ရေးက ...
movie

Titan A.E. (2000)

2000
Doctor Dolittle (1998) 5.4
Doctor Dolittle (1998) Dr. Dolittle (1998) ==============နာမည်ကြီးမင်းသားကြီး Eddie Murphy ရဲ့ တော်တော်လေးကျော်ကြားခဲ့တဲ့ Dr. Dolittle ကို တင်ဆက်ပေးလိုက်ပါပြီ။ ငယ်စဉ်ကတည်းက တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်ပြီး ထူးထူးဆန်းဆန်း ကြောင်တောင်တောင်ကလေးလေးဖြစ်နေလို့ ပယောဂပါအနှင်ခံရမလိုဖြစ်ခဲ့တဲ့ Dolittle လေးတစ်ယောက် ဆရာဝန်ဖြစ်လာ ခဲ့ပါတယ်။ လူကြီးဖြစ်လာတဲ့ကာလတစ်လျှောက်မှာတော့ တိရစ္ဆာန်တွေရဲ့အသံကို မကြားနိုင်တော့သယောင်ဖြစ်နေခဲ့တာပေါ့။ တစ်နေ့... ကိုယ့်ကားနဲ့တိုက်မိမလို ဖြစ်သွားတဲ့ လမ်းဘေးခွေးက ပြန်ဆဲသွားတာကို ခံလိုက်ရပြီးနောက်မှာတော့ Dolittle ဟာ အရင်ကလို အကောင်ပလောင်တွေပြောသမျှ ပြန်ကြားနိုင်နေ မှန်း ကိုယ့်ကိုယ်ကိုသတိထားမိလာပါတော့တယ်။ဆရာဝန်အလုပ်စကတည်းက ပိုက်ဆံများများရှာရဖို့ကိုပဲ တစိုက်မတ်မတ်ဦး တည်ပြီး တည်တည်ကြည်ကြည် ကြိုးကြိုးစားစားအလုပ်လုပ်လာပြီးမှ ငယ် ငယ်ကလို လူထူးဆန်းဘဝပြန်ရောက်တော့မယ်ဆိုတော့ မခံချင့်မခံသာတွေ ဖြစ်ပြီး ဦးနှောက်ဓာတ်မှန်ရိုက်လိုက် ဘာလာလာမကြားယောင်ပြုလိုက်နဲ့ အရူးမီးဝိုင်းဖြစ်နေတာပေါ့။ ဒါပေမယ့် စိတ်ရင်းကောင်းတဲ့ Dolittle အတွက် တော့ အကူအညီလိုနေတဲ့ သတ္တဝါလေးတွေကို လျစ်လျူရှုဖို့က ထင်သလောက် လွယ်ကူမနေခဲ့ပါဘူး။ နယ်ရောက်တုန်း ဇီးကွက်တစ်ကောင်ကို ကူညီပေး အပြီးမှာတော့ Dr. Dolittle လည်း တစ်တောလုံးရဲ့ဆယ်လီဖြစ်သွားပါတော့ တယ်။ "ငါတို့ပြောတာတွေ နားလည်တဲ့ဆရာဝန်ဟေ့" ဆိုပြီး အိမ်တိုင်ရာ ရောက် အလုံးလိုက်အရင်းလိုက် အုပ်လိုက်ခဲလိုက်ရောက်ချလာပြီး ဆေးခန်း ထိုင်ခရော ...
movie

Doctor Dolittle (1998)

1998
Assault on Precinct 13(2005) 6.3
Assault on Precinct 13(2005) Assault on Precinct 13(2005)=======================ဒီဇာတ်ကားလေးကတော့ အက်ရှင်နဲ့ သည်းထိတ်ရင်ဖို ကြိုက်နှစ်သက်သူတွေအတွက်ဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ ရာဇဝတ်သားတွေကို ထောင်ပြောင်းဖို့သယ်ဆောင်လာတဲ့ကားက လမ်းခရီးလမ်းကြမ်းတာကြောင့်မကြာခင် ပိတ်တော့မယ် စခန်း အမှတ် ၁၃ မှာ ခရီးတစ်ထောက်နားဖို့ဖြစ်လာခဲ့ပါတယ်မင်းသားကတော့ အတိတ်က ဒဏ်ရာတွေကြောင့် အနာမကျက်သေးပဲဒီရာဇဝတ်သားတွေနဲ့ အတူပူးပေါင်းဖို့အကြောင်းပေါ်လာခဲ့ပါတယ်လူဆိုးတွေနဲ့ လူကောင်းတွေကြား မျဉ်းလေးနည်းနည်းပဲ ခြားတာကိုသေချာသရုပ်ဖော်ထားတာကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…1.23GB / 507MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 41m Genre ..... Crime , Drama , Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phone Myint Maw
movie

Assault on Precinct 13(2005)

Executive Decision(1996)
Executive Decision(1996)  Executive ရုပ်ရှင်ကားကို ၁၉၉၆ခုနှစ်ပြသခဲ့ပြီးတော့ ကျွန်တော်တို့ ငယ်ငယ်က အနည်းနဲ့အများ​ကြည့်ဖူးကြတဲ့ အက်ရှင်ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။ ဤရုပ်ရှင်မှာ မင်းသားကြီး Steven Seagal, Kurt Russelတို့သရုပ်ဆောင်ထားတဲ့အပြင် ထိုအချိန်က တက်သစ်စသရုပ်ဆောင်တွေဖြစ်တဲ့ John Leguizamo နဲ့ မင်းသမီး Halle Berry တို့ကလည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ Harrison Ford သရုပ်ဆောင်ထားတဲ့ Air Force One ရုပ်ရှင်ကိုကြည့်ဖူးရင် ဒီလိုဇာတ်လမ်းနဲ့ ရင်းနှီးနေမှာပါ။၁၉၉၀ ပြည့်နှစ်တွေတုန်းက အက်ရှင်ဇာတ်ကားအများစုရဲ့ ထုံးစံအတိုင်းပဲ အရှေ့အလယ်ပိုင်းက အစွန်းရောက်အကြမ်းဖက်သမားတွေဟာ ဒီရုပ်ရှင်ရဲ့ ဗီလိန်ပါပဲ။ ဒီအကြမ်းဖက်သမားတွေက ဂရိနိုင်ငံအေသင်မြို့ကနေ အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီကို ပျံသန်းနေတဲ့ လေယာဥ်တစ်စီးမှာ လိုက်ပါလာပြီးတော့ လမ်းခုလတ်မှာ လေယာဉ်ပြန်ပေးဆွဲစီးနင်းလိုက်ပါတော့တယ်။ သူတို့က အမေရိကန်စစ်တပ် ဖမ်းဆီးထားတဲ့ သူတို့ရဲ့ခေါင်းဆောင်ကို ပြန်လွှတ်ပေးဖို့ လေယာဥ်ကိုပြန်ပေးဆွဲတယ် ပြောပေမယ့် ထောက်လှမ်းရေးအရာရှိ ဒေးဗစ်ဂရန့်(Kurt Russel)ကတော့ အဲဒီလိုမထင်ခဲ့ပါဘူး။ အဲဒီမှာ ...
movie

Executive Decision(1996)

Ride Along(2014) 6.2
Ride Along(2014) Ride Along(2014)===============ကယ်လ်ဗင်ဟာ့တ် လို့ပြောလိုက်တာနဲ့ မသိတဲ့သူတော့ ရှားမယ်ထင်ပါတယ်။ဒီတစ်ခါ ပရိတ်သတ်ကြီးအတွက် တကယ်ခွီရမယ့် 2014မှာ ထွက်ရှိခဲ့တဲ့ ရဲ အက်ရှင်ဟာသဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်ဘန်ဟာ စာသင်ကျောင်းတစ်ခုမှာ လုံခြုံရေးအဖြစ် အလုပ်လုပ်ပြီး သူ့ရဲ့အားလပ်ချိန်တွေမှာတော့ ဂိမ်းတွေဆော့ပြီး ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်သူတစ်ယောက်ပါ။ ဘန်မှာ သိပ်ချစ်ရတဲ့အန်ဂျလာလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်လည်းရှိပါသေးတယ်။ သူတို့နှစ်ဦးဟာ လက်ထပ်ဖို့ အဆင်သင့်ဖြစ်နေကြတဲ့ စုံတွဲဖြစ်ပါတယ် ဒါပေမယ့် ပြသနာကတော့ အန်ဂျလာရဲ့ အကို ဂျိမ်းစ်ပါ။ဂျိမ်းစ်ဟာ ရဲတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အလုပ်ကို တာဝန်ကျေအောင်လုပ်သူတစ်ယောက်ပါ။ အမှုတစ်ခုကို နှစ်နဲ့ချီပြီး လိုက်တဲ့အထိ ဂျိမ်းစ်ဟာ ဇွဲရှိသူတစ်ယောက်ပါ။ ဂျိမ်းစ်က သူ့ညီမဖြစ်သူ အန်ဂျလာကို အရမ်းချစ်ပြီး ယောက်ဖလောင်းဖြစ်သူ ဘန်ကိုတော့ ကြည့်မရလို သဘောလည်းမတူပါဘူးတစ်နေ့တော့ ဘန်တစ်ယောက် အတ္တလန်တာ ရဲသင်တန်းကျောင်းကို ဝင်ခွင့်ရသွားခဲ့ပါတယ်။ဒီအကြောင်းကို ဂျိမ်းစ်ကို ပြောပြလိုက်တဲ့အခါမှာတော့ ဂျိမ်းစ်ဟာ ဘန်ကိုရဲတစ်ယောက်ဖြစ်ရန် ထိုက်တန်သလားဆိုတာ ဆုံးဖြတ်ဖို့ သူကင်းလှည့်စဉ်မှာအကူအဖြစ်နဲ့ ခေါ်ဖို့ ...
movie

Ride Along(2014)

The Menu (2022) 7.5
The Menu (2022) The Menu (2022)~ IMDb - 7.5/10, RT - 89%, Meta - 71% ~ဒါရိုက်တာ Mark Mylod ရဲ့ ရုပ်ရှင်အသစ်ကြီး လာပါပြီ။ ဒီဒါရိုက်တာကိုတော့ အကောင်းဆုံးစီးရီးတွေဖြစ်တဲ့ Game of Thrones, Succession လို စီးရီးတွေမှာ ဝင်ပြီးရိုက်ကူးခဲ့တဲ့သူအဖြစ် လူသိများပါတယ်။ အခုရုပ်ရှင်ကတော့ Dark Comedy, Horror အမျိုးအစားပါပဲ။ အဓိက ဇာတ်ဆောင်အဖြစ် အေးစက်စက်နဲ့ ကြောက်စရာအခန်းတွေနဲ့အရမ်းလိုက်ဖက်တဲ့ Ralph Fiennes က သရုပ်ဆောင်ထားပါတယ်။ သူ့ကိုတော့ ရှင်းဒလားလစ်စ် တို့ ဂရန်းဘူဒါပက်စ်ဟိုတယ်တို့လို ရုပ်ရှင်တွေမှာ တွေ့ဖူးကြမှာပါ။ နောက်ထပ် ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသမီး အာညာတေလာဂျွိုင်း၊ Warm Bodies ရဲ့မင်းသား Nicholas Hoult တို့လည်းပါဝင်ထားပါတယ်။~ ဇာတ်လမ်းအကျဉ်း ~လူတစ်ယောက်ကို ...
movie

The Menu (2022)

2022
Violent Night (2022)
Violent Night (2022) Dead Snow တို့ Hansel & Gretel: Witch Hunters တို့လို အက်ရှင်ဟာသတွေ ရိုက်ခဲ့တဲ့ ဒါရိုက်တာ Tommy Wirkola ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ မင်းသားကတော့ Stranger Things မှာ အားလုံးချစ်တဲ့ ရဲမှူးကြီး David Harbour ပါပဲ။ ရုပ်ရှင်ကတော့ ဟာသ အက်ရှင်အမျိုးအစားဖြစ်ပြီး အသတ်အဖြတ်တွေ ကြမ်းတာကိုတော့ သတိပေးထားချင်ပါတယ်။ဇာတ်လမ်းအကျဉ်းဆန်တာကလောက်ဟာ ဆန်တာမဖြစ်ခင်က အတိုက်အခိုက်အသတ်အဖြတ်ကြမ်းတဲ့ စစ်သည်တော်ကြီးဖြစ်ခဲ့ပါတယ်။ အများသိတဲ့မူရင်းဆန်တာပုံပြင်နဲ့တော့ မတူဘူးပေါ့။ အခုတော့ ဆန်တာကလောက်ဟာ နှစ်ပေါင်းများစွာ ခရစ္စမတ်လက်ဆောင်တွေပေးလာရင်း တဖြည်းဖြည်း လောဘကြီးလာ ပျက်စီးလာတဲ့ ကမ္ဘာကြီးနဲ့ သူ့အလုပ်ကို စိတ်ကုန်လာပါပြီ။ နို့နဲ့ကွတ်ကီးအစား အိမ်ထဲဝင်ရင် အရက်ပုလင်းရှာမော့တဲ့အဆင့်ဖြစ်နေပြီး ခရစ္စမတ်ရဲ့ ကောင်းခြင်းတွေကိုလည်းအယုံအကြည်မရှိတော့ပါဘူး။ ဒါပေမဲ့ တာဝန်အရ လိမ္မာတဲ့ကလေးစာရင်းမှာပါတဲ့ ကလေးမလေး ထရူဒီရဲ့အိမ်ကို လက်ဆောင်ပေးဖို့ ရောက်လာပါတယ်။ ထရူဒီရဲ့မိသားစုဟာ သန်းကြွယ်သူဌေး ...
movie

Violent Night (2022)

Out for Justice(1991) 7.0
Out for Justice(1991) Out for Justice(1991)*******************90s kid တို့ရဲ့ အသည်းကျော် Steven Segal ရဲ့ အက်ရှင်ကားကြမ်းကြမ်းကြီး တင်ဆက်ပေးလိုက်ပါတယ်..၂၀ ရာစုတလျှောက် ဘရွတ်ကလင်မြို့မှာ ဂိုဏ်းစတားတွေကိုယ့်နယ်နမိတ်နဲ့ကိုယ် ကြီးစိုးကျင်လည်ကြတဲ့အချိန်ပေါ့ဂျီနိုဆိုတဲ့ကောင်လေးဟာ သူ့အဖေကိုသိပ်အားကျတဲ့သူ...တစ်ရက်မှာ သူ့အဖေဟာ စတိုးတစ်ခုထဲက သူခိုးတစ်ယောက်ကို အပြင်ဆွဲခေါ် ထိုးကျိတ်ပြီး သူ့မျက်စိရှေ့တင်ပဲ သူတို့ကားနောက်ဖုံးထဲ ထည့်ပိတ်ထားလိုက်တယ်...ပြီးတော့ သူ့သားကို ဒီကားနဲ့ပဲ ရုပ်ရှင်ရုံခေါ်သွားပြီး ရုပ်ရှင်ပြသတဲ့.. .ရုပ်ရှင်ပြီးတဲ့အချိန်ကျမှ ဂျီနိုလေးကို ကားသော့ပေးလိုက်ပြီး မင်းလုပ်စရာရှိတာလုပ်လို့ ပြောတယ်...ဂျီနိုကလည်း ကားနောက်ဖုံးဖွင့်ပြီး စကားတွေနဲ့ခြိမ်းခြောက်ပြလိုက်တာ သူခိုးလည်း တချိုးတည်းပြေးပါရောလား...သူက အဲဒီကတည်းက သူ့အဖေလို လူမိုက်ဖြစ်ချင်တာ. ..တကယ်တမ်းကြီးလာတော့ ဒီကောင် ရဲဖြစ်သွားတယ်...လူမိုက်တွေနဲ့ပေါင်းခဲ့တဲ့ ဂျီနိုဟာ ရဲဖြစ်သွားတဲ့အချိန် သူ့ရဲ့သူငယ်ချင်းတစ်ယောက်ကလက်ခံနိုင်စရာမရှိတဲ့ပြစ်မှုကို ကျူးလွန်လိုက်တဲ့အချိန်မှာတော့...File Size : (1.8GB)(580 MB) and (230 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:31:00 Genre : Action , Crime ,Drama Subtitle : Myanmar ...
movie

Out for Justice(1991)

John Wick: Chapter 2(2017) 7.5
John Wick: Chapter 2(2017) ဂျွန်ဝစ်ခ် ၂ မှာတော့ သူ့ရဲ့ကားကို လူဆိုးဂိုဏ်းဆိုကနေ မရရအောင် ပြန်လိုက်ယူတာကနေ စပါတယ်။ကားပြန်ယူအပြီးမှာတော့ မူလရည်ရွယ်ချက်အတိုင်း အနားယူဖို့ အိမ်ပြန်လာပါတော့တယ်။ဒါပေမယ့် အနားယူချိန်ဟာ မကြာခဲ့ပါဘူး။ သူအတိတ်က အနားယူခွင့်ရဖို့ လုပ်ပေးခဲ့တဲ့နာက်ဆုံးအလုပ်ကို ကူညီပေးခဲ့တဲ့သူက သူ့အတွက် အလုပ်လုပ်ပေးဖို့အကြွေးပြန်လာတောင်းပါတော့တယ်။ ဂျွန်ဝစ်ခ်ကို အကြပ်ကိုင်ပြီးလူသတ်ခိုင်းတဲ့အပြင် အလုပ်အပြီးမှာ ရှင်းပစ်ဖို့ပါ ကြိုးစားခဲ့ပေမယ့်ပြန်လွတ်မြောက်သွားတဲ့ အချိန်မှာတော့ သိတဲ့အတိုင်းပဲ အဲ့ဘဲ အကြောင်း...... :3 :3 :3(ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်)File Size :(2.2GB) (962MB) Quality : Blu-Ray  720 P Format…mp4 Duration…02:02:00 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Phyo Pyae
movie

John Wick: Chapter 2(2017)

2017