Channel Myanmar

John Mayer

Get Hard(2015) 6.0
Get Hard(2015) Get Hard (2015)=============IMDb - 6.0ဟာသသရုပ်ဆောင် မင်းသားကြီး Will Ferrell နဲ့ Kevin Hart တို့ပါဝင်သရုပ်ဆောင်ထားပြီး 2015 တုန်းကထွက်ရှိခဲ့တဲ့ အခွီကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။R-rated ဖြစ်ပြီး 18+ အခန်းတချို့ပါဝင်တဲ့အပြင် ကြမ်တမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် မိသားစုနဲ့အတူတော့မကြည့်သင့်ပါဘူး။ဇာတ်လမ်းအကျဉ်းလေးကတော့ချမ်းသာတဲ့စီးပွားရေး မန်နေဂျာတယောက်ဖြစ်တဲ့ ဂျိမ်းစ်ကင်း(Will Ferrell) ဟာငွေကြေးအလွဲသုံးစားလုပ်မှု၊ လိမ်လည်မှုစတဲ့စွဲချက်တွေနဲ့ အဖမ်းခံလိုက်ရပြီး ထောင်ဆယ်နှစ်အချခံလိုက်ရပါတယ်။ထောင်ထဲကိုမဝင်ခင် ပြင်ဆင်စရာတွေပြင်ဆင်ဖို့ဆိုပြီး အချိန်ရက်သုံးဆယ်လည်းပေးလိုက်ပါတယ်။ သူ့ကိုယ်သူထောင်ထဲမှာ မိနစ်ပိုင်းတောင်မခံမှန်းသိနေတဲ့ ဂျိမ်းစ်တစ်ယောက်ကယောင်ခြောက်ခြားတွေဖြစ်နေတုန်းမှာ အင်မတန်ကိုဖြူစင်ပြီးကားပါကင်ဖြတ်ပိုင်းတောင်မရဖူးတဲ့ ဒါနဲလ် (Kevin Hart) နဲ့တွေ့ပြီး ဒါနဲလ်ကိုထောင်ထွက်လူမိုက်တယောက်လိုမျိုးအထင်မှားသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ထောင်ထဲမှာရှင်သန်နိုင်အောင်သင်ပေးဖို့အတွက် ဒါနဲလ်ကိုဆရာတင်ရင်း နှစ်ယောက်လုံးဘယ်လိုတလွဲတွေဖြစ်ကြမလဲ၊ သူက‌ရောငွေတွေကိုတကယ်လိမ်ခဲ့တာလား၊နောက်ကွယ်မှာရောဘယ်သူတွေရှိနေမလဲ၊ နှစ်ယောက်သားဘယ်လိုအရှုပ်တွေနဲ့ရင်ဆိုင်ကြရမလဲဆိုတာကို တချိန်လုံးခွီရင်းကြည့်ရမှာပါ။ဟာသကားကောင်းကြည့်ချင်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…2.3GB / 831MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Comedy , Crime Subtitle….Myanmar Subtitle (Hard ...
movie

Get Hard(2015)

2015
Vengeance (2022) 7.0
Vengeance (2022) Vengeance (2022) ============== IMDb Rating - 7.0/10ဟာသ ဆန်းကြယ် သည်းထိတ်ရင်ဖို အမျိုးအစားရုပ်ရှင်ပါ။ ဘီဂျေ နိုဗက်က ကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ် မင်းသားလုပ်ပြီး ရိုက်ကူးထားတာပါ။ ဒဿနဆန်ဆန်ကားမျိုးပေါ့။ အစပိုင်းတော့ အတော်ကိုရယ်ရပါတယ်။နာမည်ကြီး ပေါ့ကတ်စ် ဂျာနယ်လစ် စာရေးဆရာ ဘန် ဟာ အချစ်ကို အယုံအကြည်မရှိဘဲ မိန်းကလေးတွေအများကြီးကို အပျော်တွဲတတ်တဲ့ လူတစ်ယောက်ပါ။ တစ်နေ့တော့ ညဘက်ကြီးသူ့ဆီကို ဖုန်းဝင်လာတယ်။ မင်းရဲ့ ရည်းစား အက်ဘ်လင်းသေပြီ ဈာပနကို လာပေးပါဆိုပြီး အက်ဘ် လင်းဆိုတဲ့မိန်းကလေးရဲ့အစ်ကိုက ဖုန်းဆက်လာတာပါ။ ဘန်က အက်ဘ် လင်းနဲ့ ၃ခါလောက်ပဲချိန်းဖူးတာဖြစ်ပြီး စိတ်ထဲတောင် သိပ်အမှတ်တရ မရှိလှပါဘူး။ဒါပေမဲ့ အက်ဘ်လင်းရဲ့မိသားစုက သူ့ကို အရေးကြီးပုဂ္ဂိုလ်လို အရေးတကြီး ဖိတ်နေတဲ့အတွက် လိုက်သွားလိုက်ပါတယ်။ နေရာက‌တော့ တက္ကဆက် ပြည်နယ်ထဲကိုမှ အတော်ခေါ်တဲ့ နေရာပါပဲ။ အဲဒီဈာပနအပြီးမှာတော့ အက်ဘ်လင်းအစ်ကိုက သူ့ညီမသေတာဟာ လူသတ်ခံရတာဖြစ်နိုင်တယ်၊ လူသတ်တရားခံကို အတူရှာပြီးလက်စားချေဖို့ ဘန့်ကိုပြောပါတယ်။ ဘန်ကတော့ ဒီမိသားစုရဲ့ အူကြောင်ကြောင် ရိုးရှင်းပုံကိုသာ ဇာတ်လမ်းအသံ ဖမ်းပြီး ပေါ့ကတ်စ်လွှင့်လိုက်ရရင် အရမ်းပေါက်မှာပဲဆိုပြီး လူသတ်မှုဆိုတာ မယုံပေမဲ့ အလိုက်သင့်လိုက်စုံစမ်းလိုက်ပါတယ်။အဲဒီမှာ သူသိလိုက်ရတာက ...
movie

Vengeance (2022)

2022
Travis Scott: Look Mom I Can Fly (2019) 6.3
Travis Scott: Look Mom I Can Fly (2019) Travis Scott: Look Mom I Can Fly (2019) ============================IMDB 6.3/10Music, DocumentaryTravis Scott ဆိုတာဒီနေ့ခေတ် Hip-Hop ရေစီးကြောင်း တစ်လျှောက်မှာ အအောင်မြင်ဆံုးRapper တွေထဲကတစ်ယောက်ဆိုရင်မမှားပါဘူး။ ၂၀၂၀ ခုနှစ်ထဲမှာပဲ Nike,PS5,Fornite,McDonald တို့နဲ့ Collabပေါင်းများစွာလုပ်ထားပြီး သန်းချီချမ်းသာနေပေမယ့်Low Profile ပဲနေတတ်တဲ့လူပါ။ ဒီလိုအောင်မြင်မှုရအောင် Astroworld ဆိုတဲ့အယ်ဘမ်တစ်ချပ်က သူ့ရဲ့ Career ကို Next level‌အထိဆွဲတင်ပေးခဲ့တာပါ။ Astroworldဆိုတာ Travis အတွက်တော့ အယ်ဘမ်တစ်ချပ်ဆိုတာထက် Childhood memoriesတွေနဲ့အတူငယ်ငယ်က ဟူစတင်မြို့မှာ ဖျက် သိမ်းခဲ့တဲ့ ပွဲတော်တစ်ခုကို Inspirationယူထားတဲ့ Masterpiece တစ်ခုပါ။ဒီ Documentry မှာ အဲ့ဒီ Astroworld albumကို ဘယ်လိုဖန်တီးခဲ့တယ်ဆိုတာတွေ... စတိတ်စင်နောက်ကွယ်က ဖြစ်ရပ်တွေ အင်တာဗျူးတွေ၊ ငယ်ဘ၀ footage videoတွေကို တစ်၀ကြီးကြည့်ရမှာပါ။ သင်က ...
movie

Travis Scott: Look Mom I Can Fly (2019)

2019