Channel Myanmar

John Ortiz

Miami Vice (2006) 6.0
Miami Vice (2006) Miami Vice(2006) IMDb...6.0 စုံထောက် ဆိုနီနဲ့ ရီကာဒိုတို့ဟာ ဖလော်ရီဒါက မူးယစ်ဆေးမှောင်ခိုအဖွဲ့ကို ဖမ်းဆီးနိုင်ရေးအတွပ် သူလျှိုလုပ်ခဲ့ကြပါတယ်.. မူးယစ်လောကဟာ သူတို့ထင်ထားတာထက်ရှုတ်ထွေးနေသလို လျှို့ဝှက်မှုတွေလည်းရှိနေခဲ့တယ်... ဒီကြားထဲ မှောင်ခိုမူးယစ်ခေါင်းဆောင်အမျိုးသမီးကလည်း လှသလောက် အလုပ်လုပ်တဲ့နေရာမှာတော်တယ်.... စုံထောက် ဆိုနီဟာ မှောင်ခိုဂိုဏ်းခေါင်းဆောင်ရဲ့ အမျိုးသမီးရဲ့အလှမှာ ယစ်မူးသွားခဲ့တယ်.... မူးယစ်ဆေးဝါးလောကရဲ့ အရှုပ်အထွေးတွေကြားမှာ စုံထောက်ဆိုနီနဲ့ ရီကာဒိုတို့  မူးယစ်အဖွဲ့ကို ဖမ်းဆီးနိုင်မလား.... အချစ်နွံထဲနစ်ပြီး ဆိုနီတစ်ယောက် ဗျာများနေမလား.... Action နဲ့ Crime ကြိုက်သူတွေအတွက်တော့ခံစားကြည့်လိုက်ပါဦး... Miami Vice(2006)ဇာတ်ကားမှာ မင်းသားCollin Farrellနဲ့ Jamie Foxxတို့အဓိကသရုပ်ဆောင်ထားပြီး တရုတ်မင်းသမီး ချောGaung Liလည်း ပါဝင်ထားပါတယ်... .ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် Hnin Amy Khineပဲဖြစ်ပါတယ်... File Size : (853 MB) and (364 MB) Quality : Blu-Ray 720p Format…mp4 Duration…02:14:00 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Amy Khine Encoded ...
6.0
IMDB: 6.0/10 99,878 votes
movie

Miami Vice (2006)

2006
Blu-Ray 720p
Ransom(1996) 6.6
Ransom(1996) Ransom(1996) IMDb...6.6,,,Rotten...76% ဒီကားကိုကြည့်နေတဲ့ ခင်ဗျားဟာ  ဇာတ်လမ်းစပြီး မိနစ်(၂၀)လောက်မှာ တစ်ကားလုံးခြုံငုံသုံးသပ်မိသွားပြီ. ..ဘာလို့ဆို စစချင်း အဓိက သရုပ်ဆောင်ဖြစ်တဲ့ မဲလ်ဂစ်ဆင်ရဲ့ အကြောင်းကိုစပြတယ်.. သူဟာ လူချမ်းသာတစ်ဦးဖြစ်တယ် ချစ်စရာဇနီးလေးနဲ့ လိမ္မာတဲ့သားလေးတစ်ယောက်ရှိတယ်.. သိပ်မကြာဘူး သူ့ရဲ့သားကိုပြန်ပေးဆွဲတယ်..ပြန်ပေးဆွဲသူက ဒေါ်လာ သန်း(၂၀)နဲ့ကလေးကို လာရွေးဖို့ပြောတယ်... ကလေးကိုပြန်ရွေးဖို့ ရဲတွေနဲ့အလုပ်ရှုတ်ကြတယ်. ..ဒီမှာတင်ခင်ဗျားဟာ သမရိုးကျကားလို့ ဒီကားကို သုံးသပ်မိလိမ့်မယ်.. ..အဲ့အတွေးဟာ နောက်ပိုင်းမှားယွင်းကြောင်းတဖြည်းဖြည်းပြသွားလိမ့်မယ်.. .ဒါရိုက်တာဟာ ခင်ဗျားမမျှော်လင့်တဲ့ ဖြစ်ရပ်တွေ ခင်ဗျားမမြင်မိ မတွေးမိ တဲ့ ရှုထောင့်တွေကို တစ်စစီဆွဲထုတ်ပြလိမ့်မယ်.. . ဖခင်တစ်ယောက်ရဲ့နေရာမှာ ခင်ဗျားတို့ဆိုရင်ရော ဘယ်လိုလုပ်မလဲ..မဲလ်ဂစ်ဆင်ရဲ့လုပ်ရပ်တွေဟာ ဖြစ်သင့်လား .. .ဒါမှမဟုတ် ခင်ဗျားတို့ကရော သူ့လုပ်ရပ်ကိုထောက်ခံမှာလား. .. ကျွန်တော်တို့ လူငယ်တွေကြား ပြောတတ်တဲ့စကားလေးရှိတယ် ဒီကိစ္စက မင်းထင်သလောက်မရိုးရှင်းဘူးကွဆိုတဲ့စကားကို ဒီမှာလည်း ယူသုံးရမယ်ထင်တယ် . ..ဒီကားကလည်း ခင်ဗျားတို့ထင်သလောက်မရိုးရှင်းဘူးဗျ.... File Size : (900 MB) and (338 MB) Quality : Blu-Ray 720p Format…mp4 Duration…02:01:00 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Amy Khine Encoded ...
6.6
IMDB: 6.6/10 107,441 votes
movie

Ransom(1996)

1996
Blu-Ray720p
The Cloverfield Paradox (2018) 6.2
The Cloverfield Paradox (2018) Life (2017) ကဲ့သို့သောသည်းထိပ်ရင်ဖိုသိပ္ပံဇာတ်ကားကောင်းလေးတစ်ခုဖြစ်တဲ့ The Cloverfield Paradox နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်အိမ်လေးကို အနာဂတ်ခေတ်တွင်ဇာတ်အိမ်တည်ထားပြီး ခေတ်သစ်စွမ်းအင်ရှားပါးလာသည့် ပြဿနာကိုဖြေရှင်းနိုင်ရန်တွက် နိုင်ငံတကာအာကာသစခန်းတွင် ရုရှား၊ ဂျာမနီ၊ တရုတ် စသည့်အင်အားကြီးနိုင်ငံမှာ သိပ္ပံပညာရှင်၊အာကာသယာဉ်မှူးတွေပူးပေါင်းပြီး Renewable Energy Source ထုတ်လုပ်နိုင်ရန် ပူးပေါင်းလုပ်ဆောင်နေကြတာကို တွေ့ကြရမှာပဲဖြစ်ပါတယ်။ သို့ပေမဲ့ စမ်းသပ်မှုလုပ်ဆောင်နေစဉ်မှာပဲ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေနဲ့အတူ အဆိုပါပညာရှင်တစ်သိုက် အခြား Dimension ထဲကိုရောက်ရှိသွားနေပြီးနောက် အရာအားလုံးဟာ သည်းထိပ်ရင်ဖိုစရာတွေဖြစ်လာပါတယ်။ အဆိုပါ ပညာရှင်တစ်သိုက် အာကာသစခန်းယာဉ်ကြီးပေါ်တွင် ဘယ်လိုပူးပေါင်း အဖြေရှာကြမလဲ။ သူတို့ရဲ့ပုံမှန်ကမ္ဘာကြီးဆီပြန်သွားနိုင်ပါ့မလား။ ဘယ်လိုအနှောင့်အယှက်တွေ ကြုံတွေ့ရမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်ပါတယ်။ Scientific Fiction နဲ့ Horror တို့ပေါင်းစပ်ထားတဲ့တွက် စိတ်ဝင်စားဖို့ကောင်းပြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အဲတော့ Sci-Fi ပရိသတ်တွေရော Horror ပရိသတ်များအတွက်ပါ ကြည့်ရှုရကောင်းစေမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။   File Size : (800 MB) and (326 MB) Quality : WEBRip ...
6.2
IMDB: 6.2/10 10,552 votes
movie

The Cloverfield Paradox (2018)

2018
American Gangster(2007) 7.8
American Gangster(2007) IMDB...7.8 Rotten...87% American Gangster ဟောလိဝုဒ်ရဲ့အကောင်းဆုံးရုပ်ရှင်စာရင်းထဲမှာ ထည့်ကိုထည့်ရမယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အမေရိကန် ဗီယက်နမ် စစ်ပွဲကာလအတွင်းက အမေရိကန် နိုင်ငံရဲ့ ကာလကို အခြေတည်ရိုက်ထားတဲ့ ဒီဇာတ်ကားက သုံးနာရီနီးနီးလောက်ကြာမြင့်ပေမယ့် ဘယ်လိုမှငြီးငွေ့မသွားအောင် ဖမ်းစားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် မင်းသားကြီး Denzel Washingtonရဲ့  အန္တိမ သရုပ်ဆောင်ချက်တွေသာ မပြောင်မြောက်ခဲ့ရင်ဒီဇာတ်ကားကြောင်းကို ပြန်တင်ပြစရာအကြောင်းမရှိပါဘူး။စုံထောက်တစ်ယောက်အဖြစ် မင်းသားကြီး Russell Croweကလည်း အကောင်းဆုံး တင်ဆက်သွားခဲ့ပေမယ့် Denzelနဲ့ယှဉ်လိုက်ရင်တော့ အနည်းငယ်မှေးမှိန်သွားရပါတယ်။ 1969ဝန်းကျင်အမေရိကန်နိုင်ငံက လာဘ်စားမှု တွေ ဒုစရိုက်မှု တွေ မူးယစ်ဆေးဝါး ဘိန်းစတဲ့ မကောင်းမှု တွေနဲ့ ရှု ပ်ထွေးပွေလီနေပါတယ်။ ဟားလမ်းဆိုတာကလည်း ဒုစရိုက်မှု တွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုပါ။အဲဒီနေရာမှာ Frank Lucas(Denzel)ရဲ့ ဆရာက သြဇာအာဏာရှိပြီး အားလုံးရဲ့ လေးစားမှု ကို ခံရတဲ့သူတစ်ဦးပါ။သူက Frankကို တပည့်ရင်းတစ်ဦးအဖြစ်ထားရှိပြီး သူသေသွားရင် သူ့နေရာမှာ လျာထားဖို့ ရည်ရွယ်ထားသူပါ။Frank မှာ ရိုးသားခြင်း သစ္စာရှိခြင်း ကတိတည်ခြင်း ရဲရင့်ခြင်း ပါးနပ်ခြင်းစတဲ့ ယောက်ျားကောင်းတစ်ဦးမှာရှိထိုက်တဲ့အရည်အသွေးတွေအကုန်ရှိပါတယ်။အဲဒါကို ...
7.8
IMDB: 7.8/10 343,561 votes
movie

American Gangster(2007)

2007
Going in Style (2017) 6.8
Going in Style (2017)   ဒီကားလေးကဘယ်လိုကားလေးလဲဆိုတာမမေးခင်ပါဝင်သရုပ်ဆောင်ထားတဲ့သူတွေကိုပဲအရင်ကြည့်လိုက်ပါ။ စိတ်ဝင်စားစရာဖြစ်မယ်ဆိုတာသိသာပါတယ်ဗျာ။ Now You See Meဇာတ်ကားတွေမှာအပြင်ဇာတ်ကားတော်တော်များများမှာပါဝင်တဲ့ဝါရင့်သရုပ်ဆောင်ကြီးMorgan Freeman၊ အဲဒီNUSMကားထဲမှာပဲMorganနဲ့အတူပါဝင်ခဲ့တဲ့Micheal Caineနှင့် နောက်ထပ်ဝါရင့်သရုပ်ဆောင်Alan Arkinတို့ပါဝင်ပါတယ်။ အဖိုးကြီးသုံးယောက်ပေါင်းလောင်းကျော်ပွဲကြမ်းထားကြတဲ့2017ထွက်ဟာသကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကြောင်းလေးကတော့အသက်အရွယ်ထောက်လာပြီဖြစ်တဲ့ဝီလီ၊ဂျိုးနဲ့အယ်ဘာ့တ်တို့ သူငယ်ချင်းတတွေငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်လာရပြီးဘဏ်တွေရဲ့နှိပ်စက်မှုတွေကိုခံနေရပါတယ်။ အဲဒီနောက်သူတို့နှစ်ပေါင်းများစွာအလုပ်လုပ်ပေးခဲ့တဲ့companyဟာပိုင်ရှင်အသစ်လက်ထဲရောက်ပြီးနောက် သူတို့ခံစားနေရတဲ့ပင်စာလစာလေးတွေကိုပါဖျက်သိမ်းတော့မယ်လို့သိလိုက်ရတဲ့အခါမှာတော့ သူတို့ချစ်တဲ့မိသားစုတွေအပေါင်းအသင်းတွေဒုက္ခနဲ့လှလှနဲ့တွေ့ရတော့မယ်ဆိုတာသဘောပေါက်လာကြပါတယ်။ အဲဒီတော့အဖိုးကြီးသုံးယောက်သားဘဏ်ကိုဓါးပြတိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အသက်အရွယ်တွေကြီးနေကြပြီဆိုပေမယ့် သုံးယောက်သားဘယ်လိုအချက်ကျကျသေချာစီစဉ်ပြီးပွဲကြမ်းကြမလဲဆိုတာကတော့စိတ်ဝင်စားစရာပါပဲ။ အဲတော့သူတို့သုံးယောက်ဘယ်လိုအခက်အခဲတွေကိုတူတူရင်ဆိုင်ကြမလဲ။ ဘယ်လိုဖြေရှင်းကြမလဲ။ သူတို့လုပ်ဆောင်မယ့်အကြံအစည်တွေအောင်မြင်ပါ့မလား။ ရဲတွေစုံ​ထောက်​တွကိုဘယ်လိုနှစ်ကျပ်ကွက်နင်းသွားမလဲဆိုတာကိုဟာသအမြူးလေးတွေနဲ့ရှုစားရမှာဖြစ်ပါတယ်။ တကယ်ကြည့်လို့ကောင်းပြီးစိတ်အမောပြေစေမယ့်ကားကောင်းလေးဖြစ်မယ်ဆိုတာအသေအချာပဲဖြစ်တာမို့ လက်မလွတ်စေဖို့တိုက်တွန်းချင်ပါတယ်။ Ratingအနေနဲ့လဲ6.7ထိရထားပြီးရုံဝင်ငွေဒေါ်လာ82.1သန်းထိရရှိထားတဲ့ကားလေးဖြစ်ပါတယ်။ ကဲအဖိုးကြီးတွေလေးတေးတေးနဲ့ဘယ်လိုလက်စွမ်းပြကြမလဲဆိုတာတော့ရယ်ရင်းမောရင်းကြည့်လိုက်ရအောင်ဗျာ။     (ဘာသာပြန် သူကတော့ May Tharaphi Twinlay ပါ)     File Size : (700MB) and (320 MB) Quality : Webrip 720p Running Time : 1hr 36minutes Format : Mp4 Genre : Comedy,Crime Translated By May Tharaphi Twinlay Encode By Thanhtike Zaw
6.8
IMDB: 6.8/10 9,903 votes
movie

Going in Style (2017)

2017

Genres