Channel Myanmar

John Putch

Jaws 3-D (1983)
Jaws 3-D (1983) Jaws 3 ခေါ် 3-Dကတော့ မူလ ပရိုဂျူဆာတွေဆက်မထုတ်တော့ပါဘူး။ ဒီရုပ်ရှင်ကိုတော့ မူလ Jawsရဲ့ ပရိုဒတ်ရှင်း ဒီဇိုင်နာ , ဒုတိယ Jawsရဲ့ လက်ထောက်ဒါရိုက်တာလုပ်ခဲ့တဲ့ Joe Alvesက ရိုက်ထားတာပါ။ ဝေဖန်ရေးသမားတွေ ပျစ်ပျစ်နှစ်နှစ်ဝေဖန်တာခံခဲ့ရတဲ့ Jawsကားဆိုလည်း ဟုတ်ပါတယ်။ ငါးမန်းကို ကလေးကစားသလိုလုပ်သွားတာကြောင့်လည်း ပါကောင်းပါပါမယ်။ ဒီထဲက ငါးမန်းဟာ ပထမငါးမန်းတွေလို ရင်ဖိုထိတ်လန့်စရာအရသာမျိုး မပေးနိုင်တော့ပါဘူး။ ဆန်းသွားတာတွေလည်း ရှိတော့ရှိပါတယ်။ ဇာတ်ကတော့ ဘရိုဒီ့သားတွေရဲ့ ဇာတ်ဖြစ်သွားပါပြီ။ သူ့သား မိုက်နဲ့ ဆမ်ရဲ့ဇာတ်ပေါ့။ အဓိကကတော့ မိုက်ပါပဲ။ မိုက်က အဏ္ဏဝါအပန်းဖြေစခန်းတစ်ခုမှာ တည်ဆောက်ရေး အင်ဂျင်နီယာလုပ်နေတယ်။ သူ့ရည်းစားကတော့ အဲဒီမှာပဲ ဇီဝပညာရှင်လုပ်နေတယ်။ သူတို့အဏ္ဏဝါဥယျာဉ်ကို ပင်လယ်ထဲက ငါးမန်းတစ်ကောင်ရောက်လာတာကြောင့် နာမည်ကျော်စွန့်စားရေးသမား ဖီးလစ်နဲ့အတူတူ သူတို့ အဲဒီငါးမန်းကိုပါ ရှင်လျက်ဖမ်းပြီး ပြစားဖို့လုပ်ကြတယ်။ ဒါပေမဲ့ ဒီငါးမန်းနဲ့တင်ပြီးမသွားဘဲ နောက်ထပ်ပြဿနာတွေပေါ်လာတဲ့အခါ သူတို့ဘယ်လိုဖြေရှင်းကြမလဲ ကြည့်ရမှာပါ။ဒီမှာတော့ ...
movie

Jaws 3-D (1983)

Clear and Present Danger (1994) 6.9
Clear and Present Danger (1994) Clear and Present Danger (1994)~ IMDb - 6.9/10, Rotten Tomatoes - 81% ~ဒီဇာတ်ကားက Jack Ryan ရုပ်ရှင်တွဲ​တွေရဲ့တတိယကားဖြစ်ပြီး အက်ရှင်ခန်း​တွေလည်း ပိုကြမ်းလာပါတယ်။ ဒုတိယကားဖြစ်တဲ့ Patriot Games က မင်းသားကြီး Harrison Ford ပဲ ဂျက်ရိုင်ယန်အဖြစ် ပါဝင်ထားသလို မင်းသားကြီး Willem Dafoe ကလည်း အ​ရေးပါတဲ့​နေရာက ပါဝင်ထားပါတယ်။ဒီဇာတ်လမ်းက အ​မေရိကန်နဲ့ ​ကိုလံဘီယာ မူးယစ်ရာဇာ​​တွေကြား ပဋိပက္ခ​တွေကို ဇာတ်လမ်းဆင်ထားတာပါ။ အ​မေရိကန်သမ္မတရဲ့ နိုင်ငံ​ရေးမိတ်ဖက်တစ်ဦးကို မူးယစ်ရာဇာကြီး အက်စကို​ဘေတိုက သတ်ဖြတ်လိုက်တဲ့အတွက် အ​မေရိကန်အစိုးရဘက်က နိုင်ငံ​​တော်လုံခြုံ​ရေးကို ထိပါးမှုဆိုတဲ့ ​ခေါင်းစဉ်နဲ့ အဲဒီမူးယစ်ရာဇာနဲ့ ဂိုဏ်းကို ချေမှုန်းဖို့ လုပ်​ဆောင်ပါ​တော့တယ်။ဒါ​ပေမဲ့ ဒီဂိုဏ်းကို​ချေမှုန်းဖို့က တိုင်းတပါးမှာ လျှို့ဝှက်စစ်ဆင်​ရေးအဖြစ်နဲ့ပဲ ​ဆောင်ရွက်လို့ရတာ​ကြောင့် အစိုးရအ​နေနဲ့ သူတို့ဘက်ကို ပြန်အမှုမပတ်​အောင် ​ကြေးသားစစ်သား​တွေကို ...
movie

Clear and Present Danger (1994)

1994
City of Angels (1998) 6.7
City of Angels (1998) City of Angels (1998)အထိအတွေ့၊ အနံ့အသက်၊ အရသာ အစရှိတာတွေအပြင် နာကျင်ခြင်း ကြောက်ရွံ့ခြင်းကိုပါ ခံစားလို့မရတဲ့ နတ်သားတစ်ပါး...လူတွေသေဆုံးခါနီးတိုင်း သူသွားခေါ်ပေး နှစ်သိမ့်ပေးနေကျ...ဒါပေမယ့် တစ်ရက်မှာတော့ ဆေးရုံမှာ သူသွားခေါ်ရတဲ့ သေဆုံးခါနီးလူနာတစ်ယောက်ကြောင့် စိတ်ဓာတ်ကျပြီး ဝမ်းနည်းပူဆွေးသွားတဲ့ ခွဲစိတ်ဆရာဝန်မလေးကိုတွေ့လိုက်ရချိန်မှာတော့ နတ်သားလေးရဲ့ဘဝက လုံးဝကိုပြောင်းလဲသွားပါ​တော့တယ်...အချစ်ဆိုတာကို သူနားမလည်သေးပေမယ့် ကောင်မလေးနားမှာပဲ သူနေချင်တယ်၊ အကြောင်းအရာတွေကိုသိချင် စပ်စုချင်တယ်... ဒါပေမယ့် သူဟာ နတ်သားတစ်ပါးဖြစ်ပါတယ်ဆိုတာ ပြောပြဖို့ခက်ခဲနေခဲ့တယ်... အဲဒီလိုနဲ့ ဆေးရုံမှာ နတ်သားဘဝကနေ လူ့ပြည်ဆင်းလာပြီး ဘဝကို ဖြတ်သန်းနေတဲ့ လူတစ်ယောက်နဲ့တွေ့တဲ့အခါ နတ်သားလေးက ဆရာဝန်မလေးနဲ့ နီးစပ်ဖို့ ကြိုးစားပါတော့တယ်..."သူ့ကို မထိတွေ့ရတဲ့ ထာဝရဘုံမှာ နေမယ့်အစား သူ့ဆံနွယ်လေးကို တစ်ခါလေး ရှူရှိုက်ရဖို့ သူ့ နှုတ်ခမ်းလေးကို တစ်ခါလေး နမ်းရဖို့ သူ့လက်ကလေးကို တစ်ခါလေး ကိုင်ရဖို့အတွက် ငါ လုပ်မှာပါ" တဲ့...မင်းသားကြီး Nicolas Cage ဘယ်လိုတွေ ဘယ်လောက်အထိရိုမလဲ ...
movie

City of Angels (1998)

1998