Channel Myanmar

John Sessions

Florence Foster Jenkins (2016) 6.8
Florence Foster Jenkins (2016) ဒီဇာတ်လမ်းမှာတော့ Florence Foster Jenkins ဆိုတဲ့ အမျိုးသမီးကြီးရဲ့ ဘဝဇာတ်ကြောင်းကိုတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။ ဂီတကို ရိုးသားစွာချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ ကိုယ်ပိုင်ဗာဒီကလပ် ကို တည်ထောင်ပြီး နယူးယောက်မြို့အတွက် ဂီတကို ပေးဆပ်သူအဖြစ် ခံယူထားခဲ့ပါတယ်။ဖလောရန့်စ်ဟာ ပထမအိမ်ထောင်ကကူးစက်လာတဲ့ ဆစ်ဖလစ်ရောဂါကို နှစ် (၅၀) ကြာခံစားလာခဲ့ရသူဖြစ်ပြီး သူ့ရဲ့ လက်ရှိအိမ်ထောင်လည်းဖြစ်၊ မန်နေဂျာလည်းဖြစ်တဲ့မစ္စတာစိန့်ကလဲရ်ဘေးဖီးဒ်နဲ့ နှစ်များစွာ လက်တွဲလာခဲ့ပါတယ်။ဂီတပွဲတစ်ခုအတွင်းက လီလီပွန်းစ်ရဲ့တင်ဆက်မှုကိုမစ္စတာဘေးဖီးဒ်နဲ့အတူ ကြည့်ရှုခဲ့ပြီးနောက်မှာတော့သူ့ရဲ့ သီချင်းဆိုလေ့ကျင့်ခန်းတွေကိုဆက်လက်ကြိုးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။စန္ဒရားဆရာဖြစ်သူကော့စမီးမက်မွန်း ကိုလည်း ငှားရမ်းပြီးတော့ ပင်တိုင်စန္ဒရားဆရာအဖြစ်အသုံးပြုခဲ့ပါတယ်။စိန့်ကလဲရ်အနေနဲ့ ပွဲငယ်လေးတစ်ခုစီစဉ်ပြီး ပရိသတ်တွေကိုလက်ရွေးစင်ရွေးချယ်ကာ သူ့မိန်းမဖလောရန့်စ်ကို သီချင်းဆိုကောင်းသူအဖြစ်ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ဂီတကိုရိုးသားစွာခုံမင်သူ ဖလောရန့်စ်အတွက်ကတော့သူ့ရဲ့ကမ္ဘာလေးက သူစိတ်တိုင်းကျ ဖြစ်လာခဲ့ပြီလို့ထင်ယောင်နေခဲ့ပါတယ်။ အမှန်တကယ်မှာတော့ သူ့ယောကျ်ားကိုယ်တိုင်ရဲ့စေတနာနဲ့လှည့်စားမှုအောက်မှာ ပရိသတ်ကိုလိမ်ညာသူ ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။စိန့်ကလဲရ်ဖန်တီးပေးထားတဲ့ အကဲဖြတ်ချက်ကောင်းတွေကိုယုံကြည်မိသူ မဒမ်ဖလောရန့်စ်အနေနဲ့ကော့စမီး မက်မွန်းနဲ့အတူ ကိုယ်ပိုင်သီချင်းတွေကိုပါဖန်တီးသီဆိုလာခဲ့ပြန်ပါတယ်။ သီချင်းတစ်ပုဒ်ပါရေဒီယိုမှာလွှင့်ခွင့်ရခဲ့တဲ့အချိန် ပရိသတ်တွေက ဟာသနဲ့ အပျော်သဘောတောင်းဆိုမှုတွေများလာခဲ့ပါတယ်။ မဒမ် ဖလောရန့်စ်အတွက် ကာနေဂီဟောလ်မှာ ဖျော်ဖြေဖို့အထိ အားအင်တွေရလာခဲ့ပြီး စိန့်ကလဲရ်အနေနဲ့ ကော့စမီးမက်မွန်းကိုပါ လေဒီဖလောရန့်စ်ကို ကူညီဖျော်ဖြေပေးဖို့တိုက်တွန်းခဲ့ရပါတယ်။ လူ ၃၀၀၀ ...
movie

Florence Foster Jenkins (2016)

2016
The Good Shepherd (2006) 6.7
The Good Shepherd (2006)  Robert De Niroက ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ၊ပရိုဂျူဆာအပြင် သရုပ်ဆောင်အနေနဲ့လည်းပါဝင်ထားပါတယ်။ Matt Damon၊ Angelina Jolieနဲ့ Eddie Redmayneတို့လည်း အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်ထားပါတယ်။ဇာတ်လမ်းက စီအိုင်အေအေးဂျင့်ဟောင်းတစ်ယောက်ရဲ့ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို အခြေခံပြီး စီအိုင်အေရဲ့ ကနဦး ၀ရုန်းသုန်းကားအခြေအနေတွေကို အေးဂျင့်တယောက်ရဲ့ဘ၀ကနေတဆင့် ရှုမြင်ရိုက်ကူးတင်ဆက်ထားတာပါ။စီအိုင်အေအကြီးတန်းအရာရှိ အက်ဒ်ဝက်ကူလန်တစ်ယောက် သူတို့ဌာနအတွင်းမှာ သူသျှိုရှိနေတာကို သိလိုက်ရပြီး အိမ်ကိုပြန်ရောက်တဲ့အချိန် သူ့အိမ်တံခါးမှာ အထုပ်တစ်ထုပ်တွေ့ခဲ့တယ်။ အထုပ်ထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့ အိပ်ရာပေါ်ကဓာတ်ပုံတွေရယ် အသံဖမ်းထားတဲ့တိပ်ခွေတွေကို တွေ့ရပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ မသဲကွဲခဲ့ပါဘူး။ဒီလို သူသျှိုဘယ်သူဘယ်ဝါမှန်းမသိတဲ့အချိန်မှာ ဇနီးဖြစ်သူနဲ့အဆင်မပြေ၊ သားဖြစ်သူကလည်း စီအိုင်အေထဲကို ဝင်ဖို့ဆုံးဖြတ်ပြီးပြီဆိုတဲ့ကြားမှာ အက်ဒ်ဝက်တစ်ယောက် မိသားစုနဲ့ အလုပ်ကြားကပြဿနာတွေကို ဘယ်လိုရင်ဆိုင်မလဲ။နောက်ပြီး သူ့အလုပ်မှာ သားဖြစ်သူက ဘယ်လိုပတ်သက်လာလဲဆိုတာရယ်ကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်။ File size…(1.9 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:47:00 Genre...Drama, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

The Good Shepherd (2006)

The Last Station (2009) 6.9
The Last Station (2009)  ၁၉၁၀ ခုနှစ်က နာမည်ကျော်စာရေးဆရာကြီး တိုစတွိုင်းနဲ့ သူ့ရဲ့ဇနီး ဆိုဖီယာဆို့ဟာ တိုစတွိုင်းရဲ့ စာပေအမွေနဲ့ ပတ်သက်ပြီးတော့ နားလည်မှုလွဲခဲ့ကြပါတယ်. ဆိုဖီယာက အဲဒီ့အမွေတွေကို သူ့ကို ပေးခဲ့သင့်တယ်လို့ ယူဆခဲ့ပေမယ့် တိုစတွိုင်းရဲ့ တပည့်ရင်းဖြစ်တဲ့ ချာ့ဖ်ကော့ဗ်ကတော့ ရုရှားပြည်သူတွေအတွက် ဖြစ်ရမယ်လို့ နားချဖို့ ကြိုးစားပါတော့တယ်. နောက်ဆုံးတော့ ချာ့ဖ်ကော့ဗ်က တိုစတွိုင်ရဲ့အိမ်ထဲကို သူလျှို တစ်ယောက်ထည့်ပြီး အဲဒီ့သူလျှိုက စာရေးဆရာကြီးရဲ့ သမီးတစ်ဦးနဲ့ မေတ္တာမျှကြတဲ့အခါ...ဖြစ်ရပ်မှန်အပေါ် အခြေခံထားပြီး နာမည်ကြီး Red Movie တွေမှာ Main role အနေနဲ့ပါဝင်ခဲ့တဲ့ မင်းသမီးကြီး Helen Mirren အပြင်, X-men Movie တွေရဲ့ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ James MaAvoy တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Michael Hoffman ရဲ့ လက်ရာဖြစ်ပါတယ်. File size…(1.8 GB)/(1 ...
movie

The Last Station (2009)

Scoop (2006) 6.6
Scoop (2006) Scoop (2006)မင်းသားကြီး Hugh Jackman နဲ့ မင်းသမီး Scarlett Johansson တို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ Crime Fantasy ကားလေးပါပဲ။ Hugh Jackmanရဲ့ ငယ်ရွယ်ခံညားမှုနဲ့အတူ Scarlett Johanssonရဲ့ မျက်မှန်လေးနဲ့ ကျောင်းသူပုံစံယဥ်ယဥ်လေးကို မြင်တွေ့ရမှာပါ။သူတို့နှစ်ယောက်ကြားဆက်သွယ်ချက်က ဘယ်လိုလဲဆိုတော့ မင်းသားက တော်ဝင်မျိုးနွယ်၊ ကျိကျိတက် ချမ်းသာတဲ့၊ ဂုဏ်သတင်းမွှေးတဲ့ နိုင်ငံရေးသမား ... မင်းသမီးကတော့ သတင်းစာပိုင်းအထူးပြုကျောင်းသူလေး ...ကံစပ်ချင်တော့ သေဆုံးပြီးသား ဝိညာဥ်တစ်ယောက်က မင်းသမီးကို ကွင်းဆက်လူသတ်သမားတစ်ယောက်အကြောင်း သတင်းလာပေးပါတယ်။ ဝိညာဥ်ကလာပြောတာဆိုတော့ ယုံရခက်ခက်ပေါ့။ သတင်းကလည်း လူရည်မွန်လေးဖြစ်တဲ့ မင်းသားကိုမှ လူသတ်သမားတဲ့။မင်းသမီးကလည်း သတင်းထောက်ဖြစ်ချင်သူပီပီ ဒီအကြောင်းကို အသွင်ယူစုံးစမ်းဖို့ မင်းသားနား ချဥ်းကပ်ရင်းက...တရားခံနဲ့မှ ချစ်မိသွားတဲ့ Scarlett Johanssonလေးရဲ့ သရုပ်ဆောင်ပုံကို တဝကြီးမြင်တွေ့ရမှာပါ။ ငယ်ရွယ်သူအချစ်က တကယ်မျက်ကန်းနိုင်ပါတယ်။ သို့ပေမဲ့ ချမ်းသာပြီး တော်ဝင်မျိုးနွယ် ဂုဏ်သရေရှိတဲ့ လူချောလေး Hugh Jackman ...
movie

Scoop (2006)

Loving Vincent (2017) 7.8
Loving Vincent (2017) [Unicode]သက္ကရာဇ်ကာလအားဖြင့် ၁၈၈၀ကျော်.. ဒီကာလမှာ အပြောင်းအလဲတွေ အရမ်းများခဲ့တယ်။ သရုပ်မှန်ပန်းချီကနေ သင်္ကေတဗေဒ (symbolism) ဘက် အချို့တွေ ကူးပြောင်းလာကြတယ်...။ အရောင်အယူအဆ အသစ်တွေလည်း ပေါ်ပေါက်လာခဲ့တယ်။ ပန်းချီရဲ့ တော်လှန်ရေးကာလတစ်ခုလို့ ဆိုလို့ရတယ်။ဒါပေမဲ့ သရုပ်မှန်ကလည်း မပျက်သုဉ်းသေးပါဘူး။ မပျက်သုဉ်းသေးတဲ့အပြင် သရုပ်မှန်တွေပဲ ဈေးရတဲ့ ကာလဆိုရင်လည်း မမှားသေးပါဘူး။ယုံကြည်ချက် အနုပညာနဲ့ မသေရုံတမယ် ရှင်သန်ကြရတဲ့ခေတ်.. ဂေါ်ဂင် ဗန်ဂိုးတို့မှာ ဒုက္ခအနာတွေ ပင်လယ်ဝေ ခဲ့တဲ့ခေတ်..။ဒီခေတ်ကြီးမှာ အဆန်းသစ်ဆုံး အနုပညာအမြင်ရှိခဲ့တဲ့ ဗင်းဆင့်ကတော့ သူတို့ နားမလည်နိုင်တာကို မနှစ်မြို့ကြတဲ့ လူတကာရဲ့ တံတွေးခွက်မှာ ပက်လက်ကို မျောခဲ့ပါတယ် အရှုံးလဲများခဲ့ပါတယ်..ဗန်ဂိုးရဲ့ အနုပညာဟာ.. သူ့ခေတ်သူ့အခါနဲ့ဆို ကြောင်တောင်တောင်တွေပါပဲ။ ဒါပေမဲ့ အနုပညာတော့ စစ်မှန်ခဲ့တယ်။သူ့ခေတ် သူ့ ကာလအကြောင်းပြောပြီးတော့.. ဗန်ဂိုးဆိုတာကရော ဘယ်သူလဲ...ဝယ်သူမရှိတဲ့ ပန်းချီကားတွေအတွက် တပြားတစ်ချပ်မှ ဝင်ငွေမရပဲ ပန်းချီပစ္စည်းတွေအတွက် ငွေကုန်ပေါက် အပြည့်နဲ့ ပေမဲ့ သူချစ်တဲ့ အနုပညာကို ဆယ်နှစ်တိုင် သူသေသည်အထိ မစွန့်လွှတ်ခဲ့တဲ့ အခမ်းနားဆုံး အနုပညာရှင်....။ကိုယ့်နားရွက် ကိုယ်ဖြတ်ပြီး ပြည့်တန်ဆာမတစ်ယောက်ကို လက်ဆောင်ပေးခဲ့တဲ.. ကိုယ့်ကို သတ်သေခဲ့တဲ့ စိတ္တဇပန်းချီဆရာ..။" လက်ထဲ ငွေရှိရင် အရင်ဆုံး ဆာလောင်တာ အစာစားဖို့ မဟုတ်ပဲ ပန်းချီဆွဲဖို့ စာလောင်တယ်" ဆိုတဲ့ ပန်းချီဆရာ...ကိုးနှစ်တာ ပန်းချီဆွဲသက်အတွင်း ပန်းချီကား ၉၀၀ ပုံကြမ်းနဲ့ ရုပ်ပုံ ၁၁၀၀ နေ့မနား ညမနား ဆွဲသွားတဲ့ ...
movie

Loving Vincent (2017)

2017
Gangs of New York(2002) 7.5
Gangs of New York(2002) Gangs of New York(2002) ကားဟောင်းအများစုဟာ ဇာတ်လမ်းပြသချိန်ရဲ့ ၃ပုံ ၁ပုံလောက်ထိ သီးခံပြီးကြည့်ရပါတယ်..ပြီးမှ ကားရဲ့ဆိုလိုရင်းနဲ့ ဇာတ်လမ်းဇာတ်ကွက်ကို အနည်းငယ်ရိပ်မိလာပါတယ်...ဒီလိုကားကောင်း ကားဟောင်းတွေကြားထဲမှာ Gangs of new york ကတော့ ဇာတ်လမ်းစစချင်းပဲ ခပ်သွက်သွက်နဲ့ မပျင်းမရိအောင်စထားတယ်... ပြီးတော့ မင်းသားတွေကလည်း နာမည်ကြီး Leonardo DiCaprioနဲ့ Daniel Day-Lewisတို့ဖြစ်တဲ့အပြင် မင်းသမီးကလည်း , Cameron Diaz, ဗျ... ဒီဇာတ်ကားဟာ အမေရိကန် ပြည်တွင်းစစ် ဖြစ်နေတုန်းအချိန်က ရှိခဲ့တဲ့ နယူးယောက်မြို့ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူး ထားခဲ့တာပါ။ နယူးယောက်ဟာ ဂိုဏ်းပေါင်းစုံ အဖွဲ့အသီးသီး နှင့် ရှိနေကြပြီး အဓိက ဂိုဏ်းကြီးနှစ်ခုဖြစ်သည့် ဒေသခံဂိုဏ်းနှင့် ယုန်သေဂိုဏ်းတို့ဟာ သမိုင်းကြွေးတွေ ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ခိုးဝင်လာတဲ့ အိုင်ရစ်တွေရဲ့ အရေးကလည်း ရှိပါသေးတယ်။ ဒါ့အပြင် ပြည်တွင်းစစ်အတွက် စစ်မှုမထမ်းမနေရ အမိန့်ကို မကျေနပ်တဲ့ သာမန်လက်လုပ်လက်စား ဆင်းရဲသား တွေကလည်း ရှိပါသေးတ ယ်။ ပြဿနာပေါင်းများစွာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ...
movie

Gangs of New York(2002)

2002
Mr. Holmes(2015) 6.9
Mr. Holmes(2015) Mr. Holmes(2015)IMDb....6.9ရာစုနှစ်တစ်စုနီးပါး အချိန်ကာလကိုဖြတ်သန်းလာခဲ့ရ၍ အသက်အရွယ်ကြီးရင့်လာသော ကျွနု်ပ်တို့မိတ်ဆွေကြီး မစ္စတာဟုမ်းစ်သည်လည်း ဇရာ၏နှိပ်စက်မှုဒဏ်ကိုကောင်းကောင်းကြီးခံစား နေရပြီဖြစ်သည်။ သို့သော်လည်း သူ့၏ ထက်မြက်မှုကိုကား ဇရာက အနိုင်မတိုက်နိုင်သေးသည်မှာထင်ရှားသည်။သို့သော် မစ္စတာ ဟုမ်းစ် စုံထောက်အလုပ်မှအနားယူလိုက်ရသည် အထိ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်စေရသော အကြောင်းမှာ မည်သို့မည်ပုံဖြစ်သည်ကိုIMDB Rating 6.9 ရရှိထားသော Mr.Holmes(2015) တွင် ဖော်ပြထားလေသည်။ အကျဉ်းမှာ ကျွနု်ပ်တို့မိတ်ဆွေကြီး မစ္စတာ ဟုမ်းစ်တစ်ယောက်သတိမေ့ရောဂါစွဲကပ်လာ၍ မိမိ၏နောက်ဆုံးအမှုမှ အဘယ်ကြောင့်အနားယူခဲ့သည်ကို မမှတ်မိသည်ကို ပြန်လည် အမှတ်ရအောင် ကြိုးစားရင်းနောက်ဆုံးမှာ မစ္စတာဟုမ်းစ်၏ အမှန်စင်စစ် နောက်ဆုံးအမှုကို မည်သို့မည်ပုံဖြေရှင်းခဲ့သည်ကို မိတ်ဆွေတို့ စိတ်ပါဝင်စားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Ko D3monပဲဖြစ်ပါတယ်...File Size : (900 MB) and (325 MB) Quality : Blu-Ray 720p Format…mp4 Duration…01:44:00 Genre :  Drama , Mystery Subtitle : Myanmar ...
movie

Mr. Holmes(2015)

2015
The Iron Lady (2011) 6.4
The Iron Lady (2011) The Iron Lady (2011) IMDb - 6.4/10_____Rotten - 52% Won 2 Oscars. Another 23 wins & 47 nominations.     ဒီရုပ်ရှင်ကား ဇာတ်ကားက တော့ ဖြစ်ရပ်မှန် ကိုပြန်ရိုက်ကူးထားတယ့် ကားဖြစ်ပါတယ်။ ဗြိတိန် သမိုင်း ကိုတစ်ဆစ်ချိုးပြောင်းလဲ ခဲ့ပြီး ရာဇဝင်တွင်ကျန်နေခဲ့တယ့် ဗြိတိန် နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ခဲ့တယ့် မာဂရက်သက်ချာ အကြောင်းဖြစ်ပါတယ်။ သက်ချာလို့ပြောလိုက်ရင် လူခွန်တောင်ကောက် တယ့်သူဆိုပြီး တစ်ချို့ ကြားဖူးကြပါလိမ့်မယ်။ ဒီဇာတ်ကားက Biography/Drama အမျိုးအစားဖြစ် ပြီး IMDb Rating 6.4 ၊ Rotten Tomatoes 52% ၊ Roger Ebert 2 /4 ရရှိထားပါတယ်။ တစ်ကားလုံးကြာမြင့်ချိန် ၁၀၄ မိနစ်ရှိ ပြီးတော့ Budget ၈.၂ မီလီယံဒေါ်လာနဲ့ရိုက်ကူး ထားပြီး Box Office မှာ ၁၁၅ မီလီယံပြန်လည် ရှိရှိခဲ့ပါတယ်။ 20th Century Fox က ဖြန့်ချီထားပါတယ်။ အဓီက ...
movie

The Iron Lady (2011)

2011
Legend (2015) 6.9
Legend (2015) 2015 ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.ဒီဇာတ်ကားဟာ IMDb Rate လည်း 7.0 ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်...Brian Helgeland ရိုက်ကူးတင်ဆက်ပြီး ရိုက်ကူးပြီးရုံတင်တဲ့အခါမှာလည်း USD 41.6 Million ပြန်လည်ရရှိခဲ့ပါတယ် ဇာတ်ကားအမျိုးအစားကတော့ Biography , Drama , Crime အမျိုးအစားဖြစ်ပါတယ်1960 ဝန်းကျင်ခေတ်ကိုအခြေခံထားပြီး ဒီဇာတ်ကားဟာ ဗြိတိသျှတို့ရဲ့ရာဇဝတ်မှုသမိုင်းက အဆိုးဝါးဆုံး ညီအကိုနှစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ထားပါတယ်...သဘောကျမိတဲ့ ဇာတ်ကားလေးဖြစ်သလို CM ပရိတ်သတ်တွေလည်း သဘောကျနှစ်သက်လိမ့်မယ် လို့ထင်ပါတယ်..ဆက်လက်ကြည့်ရှုပါ ---------------------------------------------------------- 2015 ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.ဒီဇာတ်ကားဟာ IMDb Rate လည်း 7.0 ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်...Brian Helgeland ရိုက်ကူးတင်ဆက်ပြီး ရိုက်ကူးပြီးရုံတင်တဲ့အခါမှာလည်း USD 41.6 Million ပြန်လည်ရရှိခဲ့ပါတယ် ဇာတ်ကားအမျိုးအစားကတော့ Biography , Drama , Crime အမျိုးအစားဖြစ်ပါတယ်1960 ၀န်းကျင်ခေတ်ကိုအခြေခံထားပြီး ဒီဇာတ်ကားဟာ ဗြိတိသျှတို့ရဲ့ရာဇ၀တ်မှုသမိုင်းက အဆိုးဝါးဆုံး ညီအကိုနှစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ထားပါတယ်...သဘောကျမိတဲ့ ဇာတ်ကားလေးဖြစ်သလို CM ပရိတ်သတ်တွေလည်း သဘောကျနှစ်သက်လိမ့်မယ် လို့ထင်ပါတယ်..ဆက်လက်ကြည့်ရှုပါFilesize : 720 MB Quality : WEBRip720p Format : mp4 Run Time : ...
movie

Legend (2015)