Channel Myanmar

John Shaw

Little Women (1994) 7.3
Little Women (1994)   အမေရိကန်စာရေးဆရာမကြီး Louisa May Alcott ရဲ့ ဂန္ထဝင်လက်ရာ Little Women Novel ကို ရုပ်ရှင်အဖြစ် အကြိမ်ကြိမ်အသက်သွင်းခဲ့ဖူးပါတယ်။ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲကမှ ပရိတ်သတ်ကြီးတို့နဲ့ ရင်းနှီးနေလောက်မှာကတော့ ၂၀၁၉တုန်းကထွက်ခဲ့တဲ့ Timothée Chalamet တို့၊ Emma Watsonတို့ပါတဲ့ကားပေါ့။ အဲ့တုန်းကလည်း CM မှာ တင်ပေးပြီးပါပြီ။ အခုဒါကတော့ အဲ့ရှေ့က ၁၉၉၄ခုနှစ်မှာထွက်ခဲ့တဲ့ Little Women ပါ။Little Women Movie တွေထဲမှာ ဒီတစ်ခုကလည်းတကယ်ထိတ်ထိတ်ကြဲပါ။ IMDb 7.3နဲ့ Rotten Tomatoes 93%ရထားတဲ့အပြင် Cast တွေကိုပြေးကြည့်လိုက်ရင်လည်း ဘတ်မန်းမင်းသား Christian Baleက လော်ရီနေရာက၊ Stranger Things ထဲမှာJoyce Byersအဖြစ်ပါခဲ့တဲ့ မင်းသမီးWinona Ryderက ဂျို၊ စပိုက်ဒါမန်းထဲက MJ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kirsten Dunstက အေမီနေရာက ...
movie

Little Women (1994)

The Core (2003)
The Core (2003) ယခုတင်ဆက်ပေးမှာကတော့ အမေရိကန် ဟောလိဝုဒ်က ရိုက်ကူးတင်ဆက်ထားတဲ့ ကမ္ဘာပျက်ကားတစ်ခုဖြစ်ပါတယ်။ဟုတ်ပါတယ်။ ကမ္ဘာကြီးပျက်တော့မှာကို အမေရိကန်ပညာရှင်တွေကပဲ ဦးစွာသိပါတယ်။ သူတို့နဲ့ ကမ္ဘာပေါ်က ထိပ်တန်းပညာရှင်တွေပေါင်းပြီး ကမ္ဘာပျက်ကိန်းကို ဖြေရှင်းဖို့ အဖြေရှာကြပါတယ်။ အကောင်အထည်ဖော်တော့ အမေရိကန်ပညာရှင်က ပရောဂျက်ခေါင်းဆောင်ပေါ့လေ။ဒါတွေက မထူးခြားနားတဲ့ ဖန်တရာတေ မွဲပြာပုဆိုးတွေပါ။ ဒါပေမဲ့ ဖန်တရာတေဇာတ်ကားတွေကို မက်မက်မောမောကြည့်ကြတဲ့ အကြောင်းအရင်းကလည်း ရှိပါတယ်။ ဇာတ်လမ်းခိုင်မာတာ၊ ကမ္ဘာပျက်ရမယ့်အကြောင်းအရင်းက ယုတ္တိရှိပြီး စနစ်တကျ တွက်ချက်ထားတာ၊ ဇာတ်ကောင်စရိုက်ပီပြင်တာ၊ လူ့သဘော လူ့သဘာဝကို မီးမောင်းထိုးပြနိုင်တာ၊ အစရှိသဖြင့်ပေါ့‌လေ။ အသံစနစ်နဲ့ ရုပ်ထွက်ပိုင်း၊ ကွန်ပျူတာအထူးပြုလုပ်ချက်တွေကလည်း အစစ်လို့ မှတ်ထင်ခံစားသွားရလောက်အောင် ပြောင်မြောက်ပေတာကိုး။ကမ္ဘာကြီးက အူတိုင်မှာ လည်ပတ်နေတဲ့ သံချော်ရည်ပူကြီးကြောင့် လျှပ်စစ်သံလိုက်စက်ကွင်းဖြစ်တည်လာပြီး ကမ္ဘာကို ကာကွယ်ပေးထားပါတယ်။ သံလိုက်စက်ကွင်းက လူသားတွေ မခံနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ဖြစ်မလာနိုင်အောင် တားဆီးထားနိုင်သလို ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ လျှပ်စစ်ပစ္စည်း၊ လမ်းကြောင်းပြစနစ်တွေကလည်း အဲဒီသံလိုက်စက်ကွင်းကို မှီခိုနေရတာပါ။အူတိုင်မှာ ချော်ရည်တွေ စက်ဝိုင်းပုံလည်ပတ်နေတာ ...
movie

The Core (2003)

Three Wise Men and a Baby (2022) 7.6
Three Wise Men and a Baby (2022) Three Wise Men and a Baby (2022) ========================== IMDb Rating - 7.6/10ခရစ္စမတ်ရောက်ပြီမို့ CM ပရိတ်သတ်ကြီးတို့ကို ရယ်ရလည်းရယ်ရ၊ ကြည်လည်းကြည်နူးရမဲ့ ခရစ္စမတ်အငွေ့အသက်အပြည့်နဲ့ IMDb rating 7.6/10 ရတဲ့ဇာတ်ကားလေးတစ်ကားတင်ဆက်ပေးပါမယ်။ လုခ်၊ စတက်ဖင်နဲ့ တေလာတို့ဟာ သူတို့အဖေထွက်သွားကတည်းက အနေစိမ်းသွားတဲ့ ညီအစ်ကိုသုံးယောက်ဖြစ်ပါတယ်။ လုခ်က စော် ကြည်ဘဲမီးသတ်သမား၊ စတက်ဖင်က လူ့ဂွစာအိမ်မွေးတိကုထုံး ဆရာဝန်၊ တေလာကတော့ လောလောလတ်လတ် အလုပ်ပြုတ်လာ တဲ့ ဗီဒီယိုဂိမ်းဒီဇိုင်းဆွဲသူ။သူတို့အမေကတော့ ဒီနှစ်ခရစ္စမတ်ကို ငယ်ငယ်ကလိုမျိုး ညီအစ်ကို တွေစုံစုံညီညီနဲ့ ဖြတ်သန်းချင်နေရှာတာပါ။ ညီအစ်ကိုသုံးယောက်က တော့ မတူညီတဲ့စရိုက်တစ်မျိုးစီနဲ့ ခပ်တန်းတန်းဖြစ်နေကြသူတွေ ပေါ့။ ခရစ္စမတ်နားနီးမှ လုခ်အလုပ်လုပ်တဲ့ မီးသတ်စခန်းမှာ ကလေး တစ်ယောက်ကို စာတိုလေးတစ်ခုနဲ့ ခဏလာအပ်သွားပါတယ်။ ကလေး အမေဘယ်သူမှန်းမသိပေမဲ့ စာထဲမှာ လုခ်နာမည်ပါနေတော့ အဲဒီက လေးကို လုခ်က ခဏထိန်းပေးဖို့ဖြစ်လာပါလေရော။တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ဒေါ်လေးကျန်းမာရေးကြောင့် သူတို့အမေ က ဒေါ်လေးဆီ ညအိပ်သွားစောင့်ပေးဖို့ ဖြစ်လာတော့ လူပျိုညီအစ်ကို သုံးယောက်ဆီကို ကလေးထိန်းတာဝန်ကြီးပုံကျလာပါတော့တယ်။ ပေါက်စနတစ်ယောက်နဲ့ ညီအစ်ကိုသုံးယောက် ခရစ္စမတ်ရာသီမှာ ဘယ်လိုစခန်းသွားကြမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ...
movie

Three Wise Men and a Baby (2022)

2023
Killers of the Flower Moon (2023) 8.0
Killers of the Flower Moon (2023) Killers of the Flower Moon (2023) ========================= IMDb Rating - 8.0/10အိုဆေ့လူသတ်မှုများအကြောင်း ဖြစ်ရပ်မှန်ကို ဒါရိုက်တာ မာတင်စကော်ဆဲဆီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒါရိုက်တာမာတင်ရဲ့လက်စွဲတော် ရောဘတ် ဒနီရိုနဲ့ လီယိုနာဒိုတို့ ပါဝင်ထားပါတယ်။ ၃ နာရီ ၂၆ မိနစ်အထိ ရိုက်ကူးထားပေမဲ့ ရုံမှာအချိန်အပြည့်တင်ခွင့်ရတဲ့ ကားပါပဲ။ IMDb 8.0 ရရှိထားပါတယ်။ စာရေးဆရာ David Grann ရဲ့ ဖြစ်ရပ်မှန်အပေါ် အခြေခံထားတဲ့ ဇာတ်လမ်းကို ပြန်လည်ရိုက် ကူးထားတာ ဖြစ်ပါတယ်။သမိုင်းအကျဉ်း ------------------ 1907 မှာ အိုကလားဟိုးမားကို ပြောင်းရွှေ့တည်ထောင်ခဲ့တဲ့ အိုဆေးမျိုးနွယ်စုဝင်တွေ အကြောင်းဖြစ်ပါတယ်။ အမေရိကန်တွေဟာ အင်ဒီယန်းတွေကို သူတို့နေရာတွေကနေ ပြောင်းရွှေ့စေပြီး သူတို့မြေတွေကို သိမ်းပိုက်ခဲ့တဲ့နောက်မှာ မျိုးနွယ်စုတွေကို ကိုယ်စီ အခြေချစေဖို့ နယ်မြေလေးတွေ ပြန်ပေးထားတာရှိပါတယ်။ အိုဆေ့ပြည်နယ်ကတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရေနံတွေ ဒလဟောထွက်ပြီးနောက်မှာ အစိုးရနဲ့ သဘောတူညီချက် အရ အကျိုးအမြတ်မျှဝေခံစားခွင့်ရရှိပြီး မျိုးနွယ်စုတစ်ခုလုံး ကျိကျိတက် ချမ်းသာလာ ကြပါတယ်။ တစ်ဦးချင်းချမ်းသာသူ ကမ္ဘာ့အများဆုံးပြည်နယ်ဖြစ်လာခဲ့ပါတယ်။လက်ရှိငွေဈေးနဲ့ဆိုရင် သူတို့မျိုးနွယ်ပိုင်ဆိုင်မှုက သန်း ...
movie

Killers of the Flower Moon (2023)

2023
4K HEVCHDR
Watchmen (2009) 7.6
Watchmen (2009) ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စူပါဟီးရိုးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Watchmen ကို ဘာသာပြန်၊ ကွာလတီ အကုန်စိတ်ကြိုက်ပြင်ပြီး ပြန်တင်ပေးထားပါပြီ။ Watchmen ဟာ Version ၃ မျိုးရှိပြီး ခုတင်ဆက်လိုက်တဲ့ Ultimate Cut ကတော့ အရှည်ဆုံး Cut ဖြစ်တဲ့ ၃ နာရီ ၃၅ မိနစ်ကျော်ကြာမြင့်တဲ့ Version ဖြစ်တာမလို့ အပြည့်စုံဆုံး Version ပါပဲ။Watchmen ရုပ်ရှင်ဟာ နောက်ပိုင်း မာဗယ်နဲ့ဒီစီနှစ်ခုလုံးမှာထွက်နေတဲ့ပေါ့ပေါ့ပါးပါးနဲ့ ဘဝအမောပြေစေတဲ့ကားမျိုးမဟုတ်လို့ စူပါဟီးရိုးရုပ်ရှင် မှောင်မှောင်လေးကြိုက်သူတွေကြည့်သင့်ပါတယ်။ Watchmen ဆိုတဲ့နာမည်ဟာ ရောမစာရေးဆရာ ဂျဗီနယ် ၁ ရာစုလောက်မှာ ရေးသားခဲ့တဲ့ နာမည်ကြီး လက်တင်ကဗျာထဲကနေ ဆင်းသက်လာတာပါ။noui consilia et ueteres quaecumque monetis amici, "pone seram, cohibe". sed quis custodiet ipsos custodesငါ့မိတ်ဆွေတွေ အမြဲပြောနေတဲ့ စည်းကမ်းထိန်းသိမ်းရေး၊ မိန်းမတွေကို စည်းကမ်းတင်းကြပ်ထားဆိုတာ၊ ဒီကင်းသမားတွေကို ဘယ်သူကင်းပြန်စောင့်မလဲ ဆိုတဲ့ ကဗျာပါ။ ရောမခေတ်ရဲ့ အမျိုးသမီးဖိနှိပ်မှုတွေကိုထောက်ပြထားတာဖြစ်ပြီး အာဏာပိုင်တွေကို ဘယ်သူက ထိန်းကျောင်းမလဲဆိုပြီး ...
movie

Watchmen (2009)

2009
4K HEVC
If I Stay (2014) 6.7
If I Stay (2014) If I Stay (2014) IMDb-6.7/10အထက်တန်းကျောင်းပြီးသွားလို့ ကောလိပ်ရွေးချယ်ရတော့မဲ့ဆယ်လိုပညာရှင် ဆယ်ကျော်သက်မလေး မီယာဟော တစ်ယောက်သူ့ရဲ့ အချစ်ဆုံးကောင်လေးဖြစ်သူအဒမ်နဲ့ အတူဆက်ရှိ‌နေမလား၊ ဒါမှမဟုတ်သူ့အိပ်မက်ဖြစ်တဲ့ ဂီတလမ်းကြောင်းကို ရွေးချယ်ဖို့ မွေးရပ်မြေနဲ့ မိုင်သုံးထောင်ကျော်ဝေးတဲ့နယူးယော့ခ်မြို့မှာ ကောလိပ်တက်ရမလားဆိုပြီးရွေးချယ်ဖို့ ခက်ခဲနေခဲ့ပါတယ်။တစ်ဖက်မှာလည်း ဂျူးလိယက်ကောလိပ်ဝင်ခွင့် ရ၊ မရစာကရောက်လာတော့မှာဖြစ်လို့ မီယာတစ်ယောက်ပိုလို့တောင် စိတ်တွေရှုပ်ထွေးနေခဲ့ပါပြီ။ ကောလိပ်ဝင်ခွင့်စာရောက်လာမဲ့နေ့မှာ ဆီးနှင်းတွေကျနေတာကြောင့်မီယာတို့မိသားစုလည်း မိတ်ဆွေတွေဆီအလည်သွားကြရင်းလမ်းချော်ပြီး ကားမှောက်သွားခဲ့ပါတယ်။မတော်တဆမှုကြောင့် မီယာရဲ့ ခန္ဓာကိုယ်က ကိုမာဝင်သွားခဲ့ပြီးသတိရှိမနေပေမဲ့ မသိစိတ်ဝိဉာဉ်ကတော့ ဝိဉာဉ်အနေနဲ့ခန္ဓာကိုယ်အပြင်ဘက်ရောက်သွားပြီး လောကကြီးမှာ ဆက်ရှင်သန်မလား၊ ဒါမှမဟုတ်ဒီတိုင်းလက်လျော့ပြီး သေဆုံးလိုက်မလားဆိုတာကိုတော့မီယာတစ်ယောက်ရွေးချယ်ရပါတော့မယ်။ 2014 ခုနှစ်မှာထွက်ရှိခဲ့ပြီး Kiss Ass (2010) မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့မင်းသမီးချော Chloë Grace Moretz ကဇာတ်လိုက်အနေနဲ့ သရုပ်ဆောင်ထားတဲ့စိတ်ကူးယဉ် ဒရာမာကားကောင်းလေးဖြစ်တာမို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။  File size…  829 mb /  684 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre .....  ...
movie

If I Stay (2014)

2014
Tully (2018) 7.0
Tully (2018) Tully (2018) IMDb - 7.0/10_____Rotten - 87%   ကဲ အခုမိတ်ဆက်ပေးမှာကတော့ Mad Max, Atomic Blonde, Snow White and the Huntsman တို့အပြင် Fate of the furious အစရှိတဲ့ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Charlize Theron အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားတဲ့ Drama ကားအသစ်လေးပါအကြမ်းအရမ်းပိုင်တဲ့ ထိုမင်းသမီးဟာ ဒရမ်မာကိုလည်း ရှယ်ပိုင်နိုင်တာကို တွေ့ရမှာဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့မာလိုတို့ မိသားစုလေးမှာ ရှစ်နှစ်အရွယ် သမီးကြီးဆယ်ရာရယ်အော်တစ်ဇင်ဖြစ်နိူင်ချေရှိတဲ့ သားလတ် ဂျိုနာရယ်အလုပ်အမြဲရှုပ်ပြီး ခရီးတွေခဏခဏထွက်ရတဲ့ ခင်ပွန်းသည်ဒရူးတို့ပါဝင်ပါတယ်မရည်ရွယ်ပဲ တတိယကိုယ်ဝန်ရရှိပြီး သမီးထွေးလေး မီယာကို မွေးဖွားပြီးတဲ့အခါမှာတော့ မာလိုတစ်ယောက် နေ့တိုင်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရရှာပါတယ်...မာလိုရဲ့ မောင်ပေးတဲ့ အကူအညီနဲ့အတူ တယ်လီလို့ အမည်ရတဲ့ ညကလေးထိန်းတစ်ယောက် သူတို့အိမ်ကိုရောက်လာတဲ့အခါမှာတော့...အမြဲတမ်းပျော်ရွှင်တက်ကြွပြီး ဗဟုသုတကြွယ်တဲ့ တယ်လီကြောင့် မာလို့ဘဝလေး ပြန်စိုပြေလာပါတော့တယ်..ဒါပေမယ့် တယ်လီဆိုတာက...Plot Twist အကြီးကြီးပါဝင်ပြီး မိခင်တစ်ယောက်ရဲ့ဘဝဟာ ...
movie

Tully (2018)

2018
The Core (2003) 5.5
The Core (2003) မိတ်ဆွေတို့ မင်းသားကြီး Bruce Willis ရဲ့ Armageddon ဇာတ်ကားကို ကြိုက်နှစ်သက်ခဲ့ကြပါသလား။ ဒါဆိုရင်တော့ ဒီဇာတ်ကားကို ဒုတိယ Armageddon လို့ပဲ ညွှန်းပေးပါရစေ။ ဒီဇာတ်ကားကလည်း ကမ္ဘာကြီးကို ကယ်တင်ဖို့ အသက်စွန့်ပြီး စွန့်စားခန်းဖွင့်ကြတဲ့ သူရဲကောင်းတစ်စုအကြောင်း ရိုက်ထားတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားပါပဲ။ ဒါပေမယ် ဒီတစ်ခါ သွားတဲ့နေရာကတော့ ကမ္ဘာအပြင်ဖက်မဟုတ်ပါဘူး၊ ကမ္ဘာ့အလယ်ဗဟိုထဲကိုပါ။ ဇာတ်လမ်းရဲ့ သီအိုရီအရ ကမ္ဘာအလယ်ဗဟိုက အူတိုင်မှာ သံရည်ပူတွေဟာ တစ်စက္ကန့်ကို မိုင်ပေါင်းများစွာအမြန်နှုန်းနဲ့ လည်ပတ်နေပါတယ်။ အဲဒီအရည်လည်ပတ်မှုကထွက်ပေါ်လာတဲ့ သံလိုက်စက်ကွင်းတွေဟာ ကမ္ဘာတောင်/မြောက်ဝင်ရိုးစွန်းတွေနဲ့ ဟန်ချက်ညီအောင် ထိန်းသိမ်းပေးထားရင်း နေရောင်ခြည်ရဲ့လောင်ကျွမ်းမှုကို ကာကွယ်ပေးထားတာပါ။ အဲဒီအချိန်မှာတော့ အဲဒီလည်ပတ်မှုကြီးရပ်ဆိုင်းသွားတဲ့အတွက် ကမ္ဘာကြီးပျက်စီးရတော့မယ် အခြေအနေရောက်လာပါပြီ။ အဲဒီအခြေအနေကို ကာကွယ်ဖို့ သက်ဆိုင်ရာနယ်ပယ်မှာ အတော်ဆုံးပညာရှင်တွေနဲ့ မိုင်ပေါင်းများစွာသော မြေထုနဲ့အလွှာမျိုးစုံကို ဖောက်ဝင်ပြီး ကမ္ဘာ့အလယ်ကိုသွားရောက်ဖို့ ကြုံလာရတဲ့အခါ.....ဒီကားဟာလည်း rating နည်းပါတယ်။ 5.5 ပါ။ အကြောင်းရင်းကတော့ ...
movie

The Core (2003)