Channel Myanmar

John Terry

Nine Dead (2009)
Nine Dead (2009)  2010 ခုနှစ်ထွက်ရှိခဲ့တဲ့ ဒီ Horror/Thriller ဇာတ်ကားက သရဲကားမဟုတ်ဘဲ အသည်းတအေးအေးနဲ့ ကြည့်ရမယ့် စိတ်ဝင်စားစရာ ဇာတ်လမ်းကောင်းတစ်ခုပါ။ဇာတ်လမ်းအစကို ပြန်ပေးဆွဲမှုတွေ များစွာနဲ့ စတင်ထားပါတယ်။ ပြန်ပေးဆွဲသမားဟာ သူစိမ်း ၉ယောက်ကို အခန်းတစ်ခုထဲမှာ သံတိုင်တွေနဲ့ လက်ထိပ်တွေခတ်ထားပြီး ဖမ်းဆီးထားပါတယ်။ သူတို့ ၉ယောက်ကို ဘာလို့ ဖမ်းဆီးခဲ့ရသလဲဆိုတဲ့ အဖြေကို ရှာနိုင်ရင် အသက်ရှင်ခွင့်ရှိမှာပါ။ဒါပေမယ့် ၁၀မိနစ်ပြည့်တိုင်း ပြန်ပေးသမားက ဝင်လာပြီး ဘာလို့ ဒီကိုရောက်နေရသလဲ ဆိုတဲ့ မေးခွန်းကို မဖြေနိုင်ကြရင် တစ်ယောက်ချင်းစီကို သတ်သွားမှာပါ။ မသိဖူး မဆုံဖူးကြတဲ့ လူ၉ယောက်ဟာ သူတို့တွေ ဘာကြောင့် အဖမ်းခံထားရလဲ သူတို့ဘဝမှာ ဘယ်လိုအမှားကြီးကြီးတွေ ကျူးလွန်မိခဲ့ကြရလဲ အတူတူ အဖြေရှာကြရပါတော့တယ်။ File size…(688 MB) Quality…. 720p Format…mp4 Duration….01:32:00 Genre...Crime, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie
movie

Nine Dead (2009)

Of Mice and Men (1992) 7.5
Of Mice and Men (1992) Of Mice and Men (1992)~ IMDb - 7.5/10, Rotten Tomatoes - 97% ~အမေရိကန်စာရေးဆရာကြီး ဂျွန်စတိုင်းဘတ် (John Steinbeck) ရဲ့ ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Of Mice and Men ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ရှေးတစ်ခေတ်က အမေရိကန်ကျောမွဲလယ်လုပ်သားတွေရဲ့ဘဝကို ပုံဖော်ထင်ဟပ်ထားတဲ့ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့ဆီမှာလည်း လယ်ပိုင်နွားပိုင်မရှိတဲ့ စာရင်းငှား(သူရင်းငှား) လယ်ကူလီလို့ခေါ်ကြတဲ့ လူတန်းစား ရှိတာပါပဲ။ ၁၉၂၀ ဝန်းကျင်လောက်က အမေရိကန်နိုင်ငံမှာလည်း ကိုယ်ပိုင်မြေမရှိ၊ အနာဂတ်မရှိ လယ်တောခြံတစ်ခုကနေတစ်ခု ပြောင်းရွှေ့ပြီး အလုပ်လုပ်ကြရတဲ့ လယ်လုပ်သားတွေ ရှိခဲ့ပါတယ်။ဂျော့ နဲ့ လန်နီ တို့ဟာ အဲဒီလို ရွှေ့ပြောင်းလယ်လုပ်သားနှစ်ယောက်ပါ။ ဂျော့ က ပညာမတတ်ပေမယ့် ထက်ထက်မြက်မြက်ရှိသူတစ်ယောက်။ လန်နီကတော့...လန်နီကတော့ ထွားကျိုင်းသန်စွမ်းလှတဲ့သူဖြစ်ပေမယ့် ပြောရရင် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းတယ် လို့ ဆိုရမလား၊ ကျပ်မပြည့်ဘူးလို့ပဲ မညှာမတာပြောရမလား ...
movie

Of Mice and Men (1992)

1992
[James Bond] The Living Daylights (1987)
[James Bond] The Living Daylights (1987)  ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.org/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Timothy Dalton ရဲ့ ပထမဆုံး ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်..Timothy Dalton အနေနဲ့ ဘွန်းဇာတ်ကား (၂) ကားသာ ရိုက်ကူးခဲ့ရပြီးသူ့ရဲ့ ဘွန်းဇာတ်ကောင်ဟာ ထူးခြားပါတယ်...မကြိုက်သူတွေက လုံးဝခံစားပေးလို့မရသလိုဂျိမ်းစ်ဘွန်းကို အိလေးဆွဲမမြင်ချင်တဲ့လူတွေကျတော့လည်း သူ့ရဲ့ဘွန်းဇာတ်ရုပ်ကို ပိုပြီးကြိုက်နှစ်သက်ကြပါတယ်...သူကတော့ ဘွန်းတွေထဲမှာ ရုပ်တည်ကြီးနဲ့ အပိုဆာဒါးသိပ်မလုပ်ဘဲသရုပ်ဆောင်တတ်တဲ့ ခပ်တန်းတန်းဘွန်းအဖြစ် အားလုံးက မျက်မှန်းတန်းမိကြပါတယ်။ဒီဇာတ်ကားက IMDb Rating (6.7/10) နဲ့ Rotten Tomatoes (73%) ရရှိထားပါတယ်…။  File size…(2.9 GB) and (1.6 GB) Quality….BluRay 1080p and 720p (HEVC ...
movie

[James Bond] The Living Daylights (1987)

HEVC 1080p 5.1
Zodiac (2007) 7.7
Zodiac (2007) ဒီဇာတ်လမ်းကတော့ ၁၉၆၈ လောက်မှာဖြစ်ခဲ့တဲ့ အတွဲလိုက်လူသတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ ဇိုဒီရက်ခ် ဆိုတဲ့ လူသတ်သမားအကြောင်း ရိုက်ကူးထားသော ဖြစ်ရပ်မှန် မှုခင်းကားတစ်ကားဖြစ်ပါတယ်။အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုခရိုနီကယ် သတင်းစာကို တစ်နေ့မှာ စာတစ်စောင်ရောက်လာခဲ့တယ်..ဒီစာထဲမှာ လူတစ်ယောက်က သူအရင်နှစ်တွေတုန်းက ဘယ်နေရာမှာဘယ်လို လူတွေသတ်ခဲ့တယ်ဆိုတာကို ရေးထားတယ်…ဒီတော့သတင်းစာက လူတွေလည်းခေါင်းခြောက်ပြီး ရဲစခန်းကိုဖုန်းဆက်စုံစမ်းကြည့်တဲ့အခါ စာထဲမှာ ရေးသားထားတဲ့အမှုတွေဟာ အဲ့ဒီနေ့အထိ တရားခံမပေါ်သေးတဲ့ လူသတ်မှုတွေဖြစ်နေတယ်…အဲ့ဒီအချိန်ကစပြီး ရဲတွေလည်းခြေရာခံရင်း သတင်းထောက်တွေကလည်းခြေရာခံရင်း လူသတ်သမားကလည်းလူတွေသတ်ရင်း တရားခံကို လက်ပူးလက်ကြပ်မဖမ်းနိုင်လောက်အောင် သက်သေတွေ သဲလွန်စတွေ အမှုကွင်းဆက်တွေ ပျောက်သွားရင်းနဲ့ နှစ်ပေါင်း ၃ဝကျော်ကြာတဲ့အထိ အမှုဟာ သို့လော သို့လောနဲ့ဖြစ်နေခဲ့တယ်..ဒီဇာတ်ကားဟာ တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာပါ..ပါဝင်တဲ့မင်းသားတွေ နာမည်ကြီးသလောက် ဇာတ်လမ်းဟာလည်း အစကနေအဆုံးတိုင်အောင် ကောင်းမွန် ရှည်လျားလှပါတယ်…၁၉၇၀ ခုနှစ်ဝန်းကျင် နည်းပညာတွေ သိပ်မဖွံ့ဖြိုးသေးခင် အမေရိက ဆန်ဖရန်စစ္စကိုမှာ ရဲတပ်ဖွဲ့ဘယ်လိုအမှုလိုက်တယ်ဆိုတာကို ဒီဇာတ်လမ်းထဲမှာ မြင်တွေ့ရမှာပါ…Rating တွေကတော့ …IMDb- 7.7/10, Rotten tomatoes ...
movie

Zodiac (2007)

2007